Premier League Transfer News

ေဈးက်လာတဲ့ ဇာဟာကို အာဆင္နယ္တုိ႔ ျပန္လည္ႀကဳိးစားေတာ့မလား

အာဆင္နယ္အသင္းအေနနဲ႔ သူတုိ႔ရဲ႕ ၿပီးခဲ့တဲ့ ရာသီက မေခၚယူျဖစ္ခဲ့တဲ့ ေတာင္ပံကစားသမားပစ္မွတ္ ဝီလ္ဖရီးဒ္ ဇာဟာကို ျပန္လည္ေခၚယူေတာ့မလားလို႔ သူတို႔ပရိသတ္ေတြရဲ႕ ေမးခြန္းသံေတြ ဆူညံေနၿပီး ခရစၥတယ္လ္ပဲေလ့စ္ဘက္က ေဈးႏွဳန္းေလ်ာ့ခ်လိုက္ျခင္းနဲ႔အတူ လူမွဳစာမ်က္ႏွာမွာ ခန္႔မွန္းမွဳေတြ ျပည့္ႏွက္ေနခဲ့တယ္လို႔ ဆုိပါတယ္။

မန္ခ်က္စတာယူႏုိက္တက္ကေန ေျပာင္းေရႊ႕လာခဲ့အၿပီး ၇ ႏွစ္တာကာလအတြင္း အေနာက္လန္ဒန္ရဲ႕ ဆဲလ္ဟာ့စ္ပါ့ခ္မွာ ေျခစြမ္းျပမွဳေတြနဲ႔အတူ အသင္းႀကီးေတြရဲ႕ စိတ္ဝင္စားမွဳကို ရရွိခဲ့တဲ့ ဇာဟာအတြက္ ပဲေလ့စ္ဘက္က မျဖစ္ႏုိင္တဲ့ တန္ေၾကးသတ္မွတ္မွဳေတြေၾကာင့္ ေခၚယူလုိတဲ့သူေတြနဲ႔ ကစားသမားကိုယ္တုိင္လည္း စိတ္ပ်က္ခဲ့ရတာ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ရာသီက မန္ခ်က္စတာယူႏုိက္တက္ရဲ႕ ေျပာင္းေရႊ႕ေၾကးထဲက ၂၅ ရာခိုင္ႏွဳန္း ျပန္လည္ေပးေခ်ဖို႔ သေဘာတူညီမွဳကို ကာကြယ္ဖုိ႔ ေပါင္သန္း ၈၀ အထိ ေတာင္းဆုိခဲ့တာကေတာ့ အားလုံးရဲ႕ ရယ္စရာျဖစ္ခဲ့ရသလုိ ကစားသမားအတြက္လည္း အသင္းနဲ႔အတူ ေျခစြမ္းျပႏုိင္မွဳအေပၚ သက္ေရာက္မွဳရွိေစခဲ့ၿပီး ဒီရာသီမွာေတာ့ ေပါင္သန္း ၃၀ တည္းနဲ႔ ေရာင္းထုတ္သြားဖို႔ ရွိေနတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ၾကပါတယ္။

လာမယ့္ ႏိုဝင္ဘာလမွာ အသက္ ၂၈ ႏွစ္ျပည့္မွာျဖစ္တဲ့ အုိင္ဗရီကို႔စ္ေတာင္ပံကစားသမားအတြက္ေတာ့ ပဲေလ့စ္နဲ႔ သုံးႏွစ္စာခ်ဳပ္သာ က်န္ခ်ိန္မွာ ဘယ္သူ႕အတြက္မွ အက်ဳိးမရွိဘဲ အေျပာင္းအေရႊ႕မျဖစ္ႏုိင္တဲ့ ေဈးႏွဳန္းေတြအစား လက္ေတြ႕က်တဲ့ ေဈးႏွဳန္းနဲ႔ ေရာင္းခ်ၿပီး ကစားသမားရဲ႕ ဆႏၵကို လုိက္ေလ်ာဖို႔နဲ႔ ဒီေငြေၾကးကို ျပန္လည္ရင္းႏွီးျမႇဳပ္ႏွံဖို႔ နည္းျပ ရြဳိင္းေဟာ့ဆန္ကပါ တုိက္တြန္းခဲ့တယ္လို႔ ဆုိပါတယ္။

ဒါေၾကာင့္ လက္ရွိေဈးႏွဳန္းအရေတာ့ သူ႕ကို အလိုရွိေနခဲ့တဲ့ အာဆင္နယ္အသင္းကို တပ္လွန္႔လုိက္သလိုလည္းျဖစ္ခဲ့ၿပီး အီရန္ေငြေၾကးေတြ ရွိေနတဲ့ အဲဗာတန္ကလည္း စိတ္ဝင္စားေနသလို ခ်ဲလ္ဆီးကေတာ့ တျခားဘက္မွာ ေငြသုံးရဦးမွာျဖစ္လို႔ ေခၚယူႏုိင္ေျခ နည္းပါးေနတယ္လို႔ ခန္႔မွန္းရၿပီး မန္ခ်က္စတာယူႏုိက္တက္အသင္းဘက္ကေတာ့ သူ႕ကို ျပန္လုိခ်င္တယ္ဆိုရင္ ေပါင္ ၂၂.၅ သန္းနဲ႔ ေခၚယူခြင့္ရွိမွာျဖစ္ေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ ပြီးခဲ့တဲ့ ရာသီက မခေါ်ယူဖြစ်ခဲ့တဲ့ တောင်ပံကစားသမားပစ်မှတ် ဝီလ်ဖရီးဒ် ဇာဟာကို ပြန်လည်ခေါ်ယူတော့မလားလို့ သူတို့ပရိသတ်တွေရဲ့ မေးခွန်းသံတွေ ဆူညံနေပြီး ခရစ္စတယ်လ်ပဲလေ့စ်ဘက်က ဈေးနှုန်းလျော့ချလိုက်ခြင်းနဲ့အတူ လူမှုစာမျက်နှာမှာ ခန့်မှန်းမှုတွေ ပြည့်နှက်နေခဲ့တယ်လို့ ဆိုပါတယ်။

မန်ချက်စတာယူနိုက်တက်ကနေ ပြောင်းရွှေ့လာခဲ့အပြီး ၇ နှစ်တာကာလအတွင်း အနောက်လန်ဒန်ရဲ့ ဆဲလ်ဟာ့စ်ပါ့ခ်မှာ ခြေစွမ်းပြမှုတွေနဲ့အတူ အသင်းကြီးတွေရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့တဲ့ ဇာဟာအတွက် ပဲလေ့စ်ဘက်က မဖြစ်နိုင်တဲ့ တန်ကြေးသတ်မှတ်မှုတွေကြောင့် ခေါ်ယူလိုတဲ့သူတွေနဲ့ ကစားသမားကိုယ်တိုင်လည်း စိတ်ပျက်ခဲ့ရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီက မန်ချက်စတာယူနိုက်တက်ရဲ့ ပြောင်းရွှေ့ကြေးထဲက ၂၅ ရာခိုင်နှုန်း ပြန်လည်ပေးချေဖို့ သဘောတူညီမှုကို ကာကွယ်ဖို့ ပေါင်သန်း ၈၀ အထိ တောင်းဆိုခဲ့တာကတော့ အားလုံးရဲ့ ရယ်စရာဖြစ်ခဲ့ရသလို ကစားသမားအတွက်လည်း အသင်းနဲ့အတူ ခြေစွမ်းပြနိုင်မှုအပေါ် သက်ရောက်မှုရှိစေခဲ့ပြီး ဒီရာသီမှာတော့ ပေါင်သန်း ၃၀ တည်းနဲ့ ရောင်းထုတ်သွားဖို့ ရှိနေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။

လာမယ့် နိုဝင်ဘာလမှာ အသက် ၂၈ နှစ်ပြည့်မှာဖြစ်တဲ့ အိုင်ဗရီကို့စ်တောင်ပံကစားသမားအတွက်တော့ ပဲလေ့စ်နဲ့ သုံးနှစ်စာချုပ်သာ ကျန်ချိန်မှာ ဘယ်သူ့အတွက်မှ အကျိုးမရှိဘဲ အပြောင်းအရွှေ့မဖြစ်နိုင်တဲ့ ဈေးနှုန်းတွေအစား လက်တွေ့ကျတဲ့ ဈေးနှုန်းနဲ့ ရောင်းချပြီး ကစားသမားရဲ့ ဆန္ဒကို လိုက်လျောဖို့နဲ့ ဒီငွေကြေးကို ပြန်လည်ရင်းနှီးမြှုပ်နှံဖို့ နည်းပြ ရွိုင်းဟော့ဆန်ကပါ တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။

ဒါကြောင့် လက်ရှိဈေးနှုန်းအရတော့ သူ့ကို အလိုရှိနေခဲ့တဲ့ အာဆင်နယ်အသင်းကို တပ်လှန့်လိုက်သလိုလည်းဖြစ်ခဲ့ပြီး အီရန်ငွေကြေးတွေ ရှိနေတဲ့ အဲဗာတန်ကလည်း စိတ်ဝင်စားနေသလို ချဲလ်ဆီးကတော့ တခြားဘက်မှာ ငွေသုံးရဦးမှာဖြစ်လို့ ခေါ်ယူနိုင်ခြေ နည်းပါးနေတယ်လို့ ခန့်မှန်းရပြီး မန်ချက်စတာယူနိုက်တက်အသင်းဘက်ကတော့ သူ့ကို ပြန်လိုချင်တယ်ဆိုရင် ပေါင် ၂၂.၅ သန်းနဲ့ ခေါ်ယူခွင့်ရှိမှာဖြစ်ကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.