La Liga Premier League Serie A Transfer News

MEDICAL: ဖယ္ရန္ ေတာရက္စ္ကို အစ္တီဟတ္မွာ ယေန႔ ေဆးစစ္အတည္ျပဳဖို႔ ရွိေန

မန္ခ်က္စတာစီးတီးအသင္းရဲ႕ ေတာင္ပံနဲ႔ တုိက္စစ္ကို အစားထုိးအားျဖည့္ေခၚယူမွဳျဖစ္တဲ့ ဗလင္စီယာေတာင္ပံကစားသမား ဖယ္ရန္ ေတာရက္စ္ကို ဒီေန႔ အဂၤါေန႔မွာ အစ္တီဟတ္ကြင္းက ေဆးကုသမွဳစင္တာမွာ ေဆးစစ္သြားဖို႔နဲ႔ အၿပီးသတ္လုပ္ငန္းစဥ္ေတြ လုပ္ေဆာင္ဖို႔ စီစဥ္ေနတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

စာခ်ဳပ္သက္တမ္း တစ္ႏွစ္က်န္ မက္စတဲလားကေန ထြက္ခြာဖို႔ ဆုံးျဖတ္ခဲ့တဲ့ အသက္ ၂၀ အရြယ္ စပိန္ေတာင္ပံကစားသမားအတြက္ မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ဒီေန႔ေခတ္မွာ ေဈးေပါေပါလို႔ ဆုိရမယ့္ ေပါင္ ၂၀.၉ သန္း (ယူ႐ို ၂၃ သန္း)သာ က်သင့္ခဲ့တာျဖစ္ၿပီး အသင္းက ထြက္ခြာသြားတဲ့ လီရြဳိင္း ဆာေနးရဲ႕ေနရာကို ျဖည့္ဆည္းႏုိင္မွာလည္းျဖစ္ပါတယ္။

နည္းျပ ပက္ပ္ ဂြါဒီယိုလာနဲ႔ မန္စီးတီးနည္းစနစ္အဖြဲ႕ရဲ႕ စိတ္ႀကဳိက္ကစားသမားတစ္ဦးျဖစ္တဲ့ ေတာရက္စ္ဟာ သာမန္ေတာင္ပံကစားသမားတစ္ဦးထက္ ျမင့္မားတဲ့ အရပ္အေမာင္းနဲ႔အတူ နည္းစနစ္ပုိင္း ကၽြမ္းက်င္မွဳအရ တုိက္စစ္မွဴးေနရာမွာပါ ကစားႏုိင္သူျဖစ္လို႔ အသင္းအေနနဲ႔ ဆာဂ်ီယို အေဂြ႐ိုနဲ႔ ဂါဘရီယယ္လ္ ေဂ်ဆူးစ္တို႔ကို ဆက္လက္ထိန္းသိမ္းထားၿပီး ခံစစ္အတြက္ ပိုမိုေငြသုံးစြဲႏုိင္ခြင့္ကိုလည္း ရရွိသြားမွာျဖစ္ပါတယ္။

အဂၤလန္လိဂ္ဖလားခ်န္ပီယံအသင္းအေနနဲ႔ ဥေရာပပြဲပယ္ျပစ္ဒဏ္က လြတ္ေျမာက္လာခ်ိန္မွာပဲ ေတာရက္စ္အတြက္ ေဒါ့မြန္၊ ရီးရဲလ္မက္ဒရစ္၊ အက္သလက္တီကို မက္ဒရစ္နဲ႔ ဂ်ဴဗင္တပ္စ္တုိ႔ကို ေနာက္ေကာက္ခ်ၿပီး ငါးႏွစ္စာခ်ဳပ္ခ်ဳပ္ဆုိဖို႔ သေဘာတူညီႏုိင္ခဲ့တာျဖစ္ၿပီး ဒီေန႔မွာေတာ့ ေဆးစစ္မွဳနဲ႔ အၿပီးသတ္လုပ္ငန္းစဥ္ေတြ ေဆာင္ရြက္မွာလည္းျဖစ္ပါတယ္။

မန္စီးတီးအသင္းအေနနဲ႔ ၿပီးခဲ့တဲ့ ရာသီမွာ ပရီးမီးယားလိဂ္ကို လက္လႊတ္ခဲ့ရေစတဲ့ ေနာက္တန္းကိုလည္း အားျဖည့္ဖို႔ လုပ္ေဆာင္ေနၿပီး ဘုန္းေမာက္ရဲ႕ နာသန္ ေအကီကို ေပါင္သန္း ၄၀ နဲ႔ ေခၚယူဖို႔ သေဘာတူညီထားခဲ့သလို နာပုိလီရဲ႕ ခါလီဒူး ကူလီေဘလီကိုလည္း လက္ရွိဆုိေဈး ေပါင္သန္း ၈၀ ထက္ ဆစ္လို႔ရမယ္ဆိုရင္ ထပ္မံေခၚယူဖို႔ စိတ္ဝင္စားေနေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာစီးတီးအသင်းရဲ့ တောင်ပံနဲ့ တိုက်စစ်ကို အစားထိုးအားဖြည့်ခေါ်ယူမှုဖြစ်တဲ့ ဗလင်စီယာတောင်ပံကစားသမား ဖယ်ရန် တောရက်စ်ကို ဒီနေ့ အင်္ဂါနေ့မှာ အစ်တီဟတ်ကွင်းက ဆေးကုသမှုစင်တာမှာ ဆေးစစ်သွားဖို့နဲ့ အပြီးသတ်လုပ်ငန်းစဉ်တွေ လုပ်ဆောင်ဖို့ စီစဉ်နေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

စာချုပ်သက်တမ်း တစ်နှစ်ကျန် မက်စတဲလားကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တဲ့ အသက် ၂၀ အရွယ် စပိန်တောင်ပံကစားသမားအတွက် မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီနေ့ခေတ်မှာ ဈေးပေါပေါလို့ ဆိုရမယ့် ပေါင် ၂၀.၉ သန်း (ယူရို ၂၃ သန်း)သာ ကျသင့်ခဲ့တာဖြစ်ပြီး အသင်းက ထွက်ခွာသွားတဲ့ လီရွိုင်း ဆာနေးရဲ့နေရာကို ဖြည့်ဆည်းနိုင်မှာလည်းဖြစ်ပါတယ်။

နည်းပြ ပက်ပ် ဂွါဒီယိုလာနဲ့ မန်စီးတီးနည်းစနစ်အဖွဲ့ရဲ့ စိတ်ကြိုက်ကစားသမားတစ်ဦးဖြစ်တဲ့ တောရက်စ်ဟာ သာမန်တောင်ပံကစားသမားတစ်ဦးထက် မြင့်မားတဲ့ အရပ်အမောင်းနဲ့အတူ နည်းစနစ်ပိုင်း ကျွမ်းကျင်မှုအရ တိုက်စစ်မှူးနေရာမှာပါ ကစားနိုင်သူဖြစ်လို့ အသင်းအနေနဲ့ ဆာဂျီယို အဂွေရိုနဲ့ ဂါဘရီယယ်လ် ဂျေဆူးစ်တို့ကို ဆက်လက်ထိန်းသိမ်းထားပြီး ခံစစ်အတွက် ပိုမိုငွေသုံးစွဲနိုင်ခွင့်ကိုလည်း ရရှိသွားမှာဖြစ်ပါတယ်။

အင်္ဂလန်လိဂ်ဖလားချန်ပီယံအသင်းအနေနဲ့ ဥရောပပွဲပယ်ပြစ်ဒဏ်က လွတ်မြောက်လာချိန်မှာပဲ တောရက်စ်အတွက် ဒေါ့မွန်၊ ရီးရဲလ်မက်ဒရစ်၊ အက်သလက်တီကို မက်ဒရစ်နဲ့ ဂျူဗင်တပ်စ်တို့ကို နောက်ကောက်ချပြီး ငါးနှစ်စာချုပ်ချုပ်ဆိုဖို့ သဘောတူညီနိုင်ခဲ့တာဖြစ်ပြီး ဒီနေ့မှာတော့ ဆေးစစ်မှုနဲ့ အပြီးသတ်လုပ်ငန်းစဉ်တွေ ဆောင်ရွက်မှာလည်းဖြစ်ပါတယ်။

မန်စီးတီးအသင်းအနေနဲ့ ပြီးခဲ့တဲ့ ရာသီမှာ ပရီးမီးယားလိဂ်ကို လက်လွှတ်ခဲ့ရစေတဲ့ နောက်တန်းကိုလည်း အားဖြည့်ဖို့ လုပ်ဆောင်နေပြီး ဘုန်းမောက်ရဲ့ နာသန် အေကီကို ပေါင်သန်း ၄၀ နဲ့ ခေါ်ယူဖို့ သဘောတူညီထားခဲ့သလို နာပိုလီရဲ့ ခါလီဒူး ကူလီဘေလီကိုလည်း လက်ရှိဆိုဈေး ပေါင်သန်း ၈၀ ထက် ဆစ်လို့ရမယ်ဆိုရင် ထပ်မံခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.