La Liga Premier League Transfer News

ေကာ္တင္ညဳိကို ေငြသားေပါင္ကိုးသန္းနဲ႔ အာဆင္နယ္ကို ေခၚယူႏုိင္ခြင့္ေပးလိုက္တဲ့ ဘာစီလိုနာ

ဘာစီလိုနာအသင္းအေနနဲ႔ အာဆင္နယ္အသင္းကေန ကာလၾကာရွည္ စိတ္ဝင္စားေနခဲ့တဲ့ သူတုိ႔ရဲ႕ ဘရာဇီးလ္ကြင္းလယ္လူ ဖလိပီ ေကာ္တင္ညဳိအတြက္ ေငြသားသက္သက္ ေပါင္ ၉ သန္း အသုံးျပဳ႐ုံနဲ႔ ေခၚယူႏုိင္မယ့္ အခြင့္အေရးကို အဆုိျပဳလုိက္တယ္လို႔ ၿဗိတိန္သတင္းေတြမွာ ေဖာ္ျပခဲ့ၾကပါတယ္။

ေကာ္တင္ညဳိရဲ႕ တစ္ပတ္ကို ေပါင္ႏွစ္သိန္းခြဲ လုပ္ခေငြကို ထမ္းပုိးထားရတဲ့ ဘာစီလိုနာအသင္းအေနနဲ႔ ဘယ္လိုပဲျဖစ္ျဖစ္ ဒီပမာဏကို ေလွ်ာ့ခ်ခ်င္ေနတာျဖစ္ၿပီး လက္ရွိမွာေတာ့ အာဆင္နယ္အသင္းအေနနဲ႔ သူ႕ကို ေခၚယူမယ္ဆုိရင္ ျပင္သစ္ကြင္းလယ္လူ မက္တီယို ဂန္ဒူဇီနဲ႔ ေပါင္ ၉ သန္းကို ေပးေခ်ႏုိင္တယ္လုိ႔ အခြင့္အေရးေပးလုိက္တာလည္းျဖစ္ပါတယ္။

ဘာစီလိုနာအသင္းအေနနဲ႔ အသက္ ၂၈ ႏွစ္အရြယ္ ဘရာဇီးလ္ကြင္းလယ္လူကို ရွင္းထုတ္ဖို႔ အာဆင္နယ္အသင္းအျပင္ ေျမာက္လန္ဒန္ဒါဘီ ၿပဳိင္ဘက္ ေတာ့တင္ဟမ္ ေဟာ့စပါးစ္အသင္းကိုလည္း ကမ္းလွမ္းခဲ့တယ္လို႔ သိရၿပီး သူတုိ႔စိတ္ဝင္စားေနတဲ့ ကစားသမားရွိတဲ့ အမ္းမရိတ္သားေတြနဲ႔ေတာ့ ပုိၿပီး အလုပ္ျဖစ္ခ်င္ေနပုံရွိတယ္လုိ႔လည္း ဆုိပါတယ္။

ၿပီးခဲ့တဲ့ လပိုင္းအတြင္းကစလို႔ ေကာ္တင္ညဳိကို တစ္ရာသီအငွားနဲ႔ ေခၚယူဖို႔ ဘာစီလိုနာနဲ႔ အာဆင္နယ္ႏွစ္သင္းၾကား ေဆြးေႏြးခဲ့ေပမယ့္ အငွားေျပာင္းေရႊ႕ေၾကးနဲ႔ လုပ္ခက်ခံမွဳအတြက္ ညႇိႏွဳိင္းလုိ႔ မရခဲ့လို႔ အဆင္မေျပခဲ့ခ်ိန္မွာ ဒီတစ္ခါမွာေတာ့ ဘုိင္ယန္က ျပန္လာမယ့္ သူတုိ႔ကစားသမားကို အၿပီးသတ္ေရာင္းခ်ဖို႔ကိုပါ ကာတာလန္အသင္းဘက္က ဦးတည္လာခဲ့တာလည္းျဖစ္ပါတယ္။

လက္ရွိေဈးကြက္ေပါက္ေဈး ယူ႐ိုသန္း ၆၀ ထက္ မပိုတဲ့ ဘရာဇီးလ္သားရဲ႕ ေအးဂ်င့္ဟာ အာဆင္နယ္နဲ႔ ပလဲနံပသင့္တဲ့ အီရန္သားသူေဌး ကီရာ ေဂ်ာ္ရက္ဘ္ခ်ီယန္လည္းျဖစ္ေနလို႔ အသင္းႏွစ္သင္းအတြက္ေတာ့ Win-Win Situation ကို လုပ္ေဆာင္ႏုိင္မွာလား ေစာင့္ၾကည့္ရမွာျဖစ္ၿပီး ကစားသမားရဲ႕ လစာေငြအတြက္ကိုေတာ့ ေျမာက္လန္ဒန္သားေတြအေနနဲ႔ ေခါင္းစားရဖြယ္ရွိေၾကာင္းလည္း သုံးသပ္ေဖာ္ျပလုိက္ရပါတယ္။

REF: DAILY MAIL & INDEPENDENT
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ဘာစီလိုနာအသင်းအနေနဲ့ အာဆင်နယ်အသင်းကနေ ကာလကြာရှည် စိတ်ဝင်စားနေခဲ့တဲ့ သူတို့ရဲ့ ဘရာဇီးလ်ကွင်းလယ်လူ ဖလိပီ ကော်တင်ညိုအတွက် ငွေသားသက်သက် ပေါင် ၉ သန်း အသုံးပြုရုံနဲ့ ခေါ်ယူနိုင်မယ့် အခွင့်အရေးကို အဆိုပြုလိုက်တယ်လို့ ဗြိတိန်သတင်းတွေမှာ ဖော်ပြခဲ့ကြပါတယ်။

ကော်တင်ညိုရဲ့ တစ်ပတ်ကို ပေါင်နှစ်သိန်းခွဲ လုပ်ခငွေကို ထမ်းပိုးထားရတဲ့ ဘာစီလိုနာအသင်းအနေနဲ့ ဘယ်လိုပဲဖြစ်ဖြစ် ဒီပမာဏကို လျှော့ချချင်နေတာဖြစ်ပြီး လက်ရှိမှာတော့ အာဆင်နယ်အသင်းအနေနဲ့ သူ့ကို ခေါ်ယူမယ်ဆိုရင် ပြင်သစ်ကွင်းလယ်လူ မက်တီယို ဂန်ဒူဇီနဲ့ ပေါင် ၉ သန်းကို ပေးချေနိုင်တယ်လို့ အခွင့်အရေးပေးလိုက်တာလည်းဖြစ်ပါတယ်။

ဘာစီလိုနာအသင်းအနေနဲ့ အသက် ၂၈ နှစ်အရွယ် ဘရာဇီးလ်ကွင်းလယ်လူကို ရှင်းထုတ်ဖို့ အာဆင်နယ်အသင်းအပြင် မြောက်လန်ဒန်ဒါဘီ ပြိုင်ဘက် တော့တင်ဟမ် ဟော့စပါးစ်အသင်းကိုလည်း ကမ်းလှမ်းခဲ့တယ်လို့ သိရပြီး သူတို့စိတ်ဝင်စားနေတဲ့ ကစားသမားရှိတဲ့ အမ်းမရိတ်သားတွေနဲ့တော့ ပိုပြီး အလုပ်ဖြစ်ချင်နေပုံရှိတယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ လပိုင်းအတွင်းကစလို့ ကော်တင်ညိုကို တစ်ရာသီအငှားနဲ့ ခေါ်ယူဖို့ ဘာစီလိုနာနဲ့ အာဆင်နယ်နှစ်သင်းကြား ဆွေးနွေးခဲ့ပေမယ့် အငှားပြောင်းရွှေ့ကြေးနဲ့ လုပ်ခကျခံမှုအတွက် ညှိနှိုင်းလို့ မရခဲ့လို့ အဆင်မပြေခဲ့ချိန်မှာ ဒီတစ်ခါမှာတော့ ဘိုင်ယန်က ပြန်လာမယ့် သူတို့ကစားသမားကို အပြီးသတ်ရောင်းချဖို့ကိုပါ ကာတာလန်အသင်းဘက်က ဦးတည်လာခဲ့တာလည်းဖြစ်ပါတယ်။

လက်ရှိဈေးကွက်ပေါက်ဈေး ယူရိုသန်း ၆၀ ထက် မပိုတဲ့ ဘရာဇီးလ်သားရဲ့ အေးဂျင့်ဟာ အာဆင်နယ်နဲ့ ပလဲနံပသင့်တဲ့ အီရန်သားသူဌေး ကီရာ ဂျော်ရက်ဘ်ချီယန်လည်းဖြစ်နေလို့ အသင်းနှစ်သင်းအတွက်တော့ Win-Win Situation ကို လုပ်ဆောင်နိုင်မှာလား စောင့်ကြည့်ရမှာဖြစ်ပြီး ကစားသမားရဲ့ လစာငွေအတွက်ကိုတော့ မြောက်လန်ဒန်သားတွေအနေနဲ့ ခေါင်းစားရဖွယ်ရှိကြောင်းလည်း သုံးသပ်ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL & INDEPENDENT
PHOTOS CREDIT TO OWNERS
SPORTS A2Z.