Ligue1

စထရာဘိုးနဲ့ပွဲမှာ မက်ဆီကို ဂိုးသွင်းခွင့်မပေးခဲ့လို့ ပရိသတ်တွေဆဲတာခံနေရတဲ့ အမ်ဘာပေ

ပီအက်စ်ဂျီ ပရိသတ်တွေဟာ စထရာဘိုးနဲ့ ကစားခဲ့တဲ့ လိဂန်းပွဲစဉ်မှာ လီယွန်နယ် မက်ဆီကို ဘောလုံးမပေးခဲ့တဲ့ ခီလီယန် အမ်ဘာပေကို တကိုယ်ကောင်းသမားလို့ စွပ်စွဲခဲ့ကြပါတယ်။

အဲဒီဖြစ်စဉ်ဟာ တစ်ဖက် ၃ ဂိုးစီ သရေရလဒ်နဲ့ ပွဲပြီးဆုံးစေမယ့် နောက်ကျ ချေပဂိုးကို ပီအက်စ်ဂျီအသင်းက ခွင့်မပြုရခင်မှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်စဉ်ဖြစ်ပြီး လိဂန်းချန်ပီယံဟာ စထရာဘိုးအိမ်ကွင်းမှာ နောက်ထပ် အဝေးကွင်းနိုင်ပွဲကို ရရှိဖို့ လက်တစ်ကမ်းအလိုမှာ ရှိနေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ၉၂ မိနစ်မှာ အန်သိုညီ ကက်ဆီ သွင်းယူခဲ့တဲ့ ချေပဂိုးကြောင့် ပီအက်စ်ဂျီအသင်းဟာ စထရာဘိုးအသင်းဆီကနေ သရေ ၁ မှတ်သာ ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီဟာ ပွဲအစောပိုင်းကာလမှာပဲ အိမ်ရှင်အသင်းရဲ့ အဖွင့်ဂိုးကြောင့် အံ့အားသင့်တုန်လှုပ်ခဲ့ရတာဖြစ်ပြီး ပြီးတဲ့နောက်မှာ အမ်ဘာပေရဲ့ သွင်းဂိုး ၂ ဂိုး၊ ဟာကီမီရဲ့ သွင်းဂိုးတွေကြောင့် ပိုချက်တီနိုရဲ့ အသင်းဟာ ယခုရာသီ လိဂန်း ၂၅ ပွဲမြောက် နိုင်ပွဲကို ရရှိတော့မယ့်ပုံ ပေါ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဗာရက်တီရဲ့ ပွဲပြီးခါနီး ၁၅ မိနစ်မှာ ပေးခဲ့ရတဲ့ ကိုယ့်ဂိုးကိုယ်ပြန်သွင်းမိခဲ့တဲ့ ဂိုးကြောင့် စထရာဘိုးအသင်းဟာ မျှော်လင့်ချက် ရောင်ခြည်သန်းလာခဲ့တာဖြစ်ပါတယ်။

ပီအက်စ်ဂျီကြယ်ပွင့် တိုက်စစ်မှူး ခီလီယန် အမ်ဘာပေဟာ နာကျင်အချိန်ပိုမှာ စထရာဘိုး ဂိုးသမားနဲ့ တစ်ဦးချင်း ရင်ဆိုင်တွေ့ရတဲ့ အနေအထားရှိခဲ့ပြီး ပွဲကို အဆုံးသတ်နိုင်ဖို့အတွက် အခွင့်အရေး ရရှိခဲ့တာဖြစ်ပါတယ်။

အမ်ဘာပေဟာ ဂိုးကို ကိုယ်တိုင်မကန်သွင်းရင်တောင် ညာဘက်မှာ လွတ်နေတဲ့ လီယွန်နယ် မက်ဆီကို ဘောလုံး ထိုးပေးလိုက်ရင် အာဂျင်တီးနားကြယ်ပွင့်က အသာအယာ ပိတ်သွင်းယူသွားနိုင်တဲ့ အနေအထားမှာ ရှိနေခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အမ်ဘာပေက အဲဒီလို လုပ်ရမယ့်အစား တကိုယ်ကောင်းဆန်ပြီး ကိုယ်တိုင် ဂိုးကန်သွင်းခဲ့ပြီး ဘောလုံးက ဂိုးဘားတန်းပေါ် တော်တော်လေး ကျော်တက်သွားခဲ့တာဖြစ်ပါတယ်။ အဲဒီ ဖြစ်စဉ်အပြီး သိပ်မကြာခင်မှာပဲ အိမ်ရှင် စထရာဘိုးဟာ ပီအက်စ်ဂျီအသင်းကို ငုတ်တုတ်မေ့စေမယ့် နောက်ကျ ချေပဂိုးကို သွင်းယူသွားခဲ့ပြီး ပီအက်စ်ဂျီပရိသတ်တွေဟာ မက်ဆီကို ဘောလုံးမပေးခဲ့တဲ့ ပြင်သစ်တိုက်စစ်မှူးကို ဒေါသတကြီးနဲ့ လူမှုကွန်ရက်ပေးမှာ ပြစ်တင်ဝေဖန်ခဲ့ကြတာဖြစ်ပါတယ်။

“အမ်ဘာပေက ကမ္ဘာပေါ်က အကောင်းဆုံးကစားသမားဆိုတာ ငြင်းစရာမရှိဘဲ ကွဲပြားခြားနားတဲ့ အဆင့်အတန်းမျိုး ရှိခဲ့သူပါ။ ဒါပေမယ့် လူတွေက သူ့ရဲ့ တခြားတစ်ဖက်ကို မမြင်ခဲ့ကြဘူး။ သူက အသင်းကို သူ့အတွက်ပဲ ဖြစ်စေချင်တယ်။ ရိုးရှင်းတဲ့ ပေးပို့မှုတွေကို ပြုလုပ်ဖို့ လွယ်ကူတဲ့အခွင့်အရေးတွေရှိခဲ့ပေမယ့် သူပဲ သူရဲကောင်းလုပ်ဖို့ ရွေးချယ်ခဲ့တယ်။ အမ်ဘာပေသာ လောဘမကြီးဘူးဆိုရင် ဒီထက်အများကြီး ပိုကောင်းမွန်မှာပါ”လို့ ပရိသတ်တစ်ဦးက ရေးသားခဲ့ပြီး “တကိုယ်ကောင်းအဆန်ဆုံးကစားသမားက အမ်ဘာပေပဲ။ ဂိုးရဖို့ သေချာတဲ့ မက်ဆီကို ဘောလုံးပေးခဲ့ရမယ့်အစား ဟက်ထရစ်သွင်းဂိုး ရဖို့ပဲ ကြိုးပမ်းနေခဲ့တယ်။ လခွီးတဲ့မှပဲ”လို့ အခြားတွစ်တာအသုံးပြုသူတစ်ဦးကလည်း မှတ်ချက်ပေးခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ပီအက္စ္ဂ်ီ ပရိသတ္ေတြဟာ စထရာဘိုးနဲ႔ ကစားခဲ့တဲ့ လိဂန္းပြဲစဥ္မွာ လီယြန္နယ္ မက္ဆီကို ေဘာလုံးမေပးခဲ့တဲ့ ခီလီယန္ အမ္ဘာေပကို တကိုယ္ေကာင္းသမားလို႔ စြပ္စြဲခဲ့ၾကပါတယ္။

အဲဒီျဖစ္စဥ္ဟာ တစ္ဖက္ ၃ ဂိုးစီ သေရရလဒ္နဲ႔ ပြဲၿပီးဆုံးေစမယ့္ ေနာက္က် ေခ်ပဂိုးကို ပီအက္စ္ဂ်ီအသင္းက ခြင့္မျပဳရခင္မွာ ျဖစ္ပ်က္ခဲ့တဲ့ ျဖစ္စဥ္ျဖစ္ၿပီး လိဂန္းခ်န္ပီယံဟာ စထရာဘိုးအိမ္ကြင္းမွာ ေနာက္ထပ္ အေဝးကြင္းနိုင္ပြဲကို ရရွိဖို႔ လက္တစ္ကမ္းအလိုမွာ ရွိေနခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ၉၂ မိနစ္မွာ အန္သိုညီ ကက္ဆီ သြင္းယူခဲ့တဲ့ ေခ်ပဂိုးေၾကာင့္ ပီအက္စ္ဂ်ီအသင္းဟာ စထရာဘိုးအသင္းဆီကေန သေရ ၁ မွတ္သာ ရယူနိုင္ခဲ့တာ ျဖစ္ပါတယ္။

ပီအက္စ္ဂ်ီဟာ ပြဲအေစာပိုင္းကာလမွာပဲ အိမ္ရွင္အသင္းရဲ့ အဖြင့္ဂိုးေၾကာင့္ အံ့အားသင့္တုန္လႈပ္ခဲ့ရတာျဖစ္ၿပီး ၿပီးတဲ့ေနာက္မွာ အမ္ဘာေပရဲ့ သြင္းဂိုး ၂ ဂိုး၊ ဟာကီမီရဲ့ သြင္းဂိုးေတြေၾကာင့္ ပိုခ်က္တီနိုရဲ့ အသင္းဟာ ယခုရာသီ လိဂန္း ၂၅ ပြဲေျမာက္ နိုင္ပြဲကို ရရွိေတာ့မယ့္ပုံ ေပၚခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဗာရက္တီရဲ့ ပြဲၿပီးခါနီး ၁၅ မိနစ္မွာ ေပးခဲ့ရတဲ့ ကိုယ့္ဂိုးကိုယ္ျပန္သြင္းမိခဲ့တဲ့ ဂိုးေၾကာင့္ စထရာဘိုးအသင္းဟာ ေမၽွာ္လင့္ခ်က္ ေရာင္ျခည္သန္းလာခဲ့တာျဖစ္ပါတယ္။

ပီအက္စ္ဂ်ီၾကယ္ပြင့္ တိုက္စစ္မႉး ခီလီယန္ အမ္ဘာေပဟာ နာက်င္အခ်ိန္ပိုမွာ စထရာဘိုး ဂိုးသမားနဲ႔ တစ္ဦးခ်င္း ရင္ဆိုင္ေတြ႕ရတဲ့ အေနအထားရွိခဲ့ၿပီး ပြဲကို အဆုံးသတ္နိုင္ဖို႔အတြက္ အခြင့္အေရး ရရွိခဲ့တာျဖစ္ပါတယ္။

အမ္ဘာေပဟာ ဂိုးကို ကိုယ္တိုင္မကန္သြင္းရင္ေတာင္ ညာဘက္မွာ လြတ္ေနတဲ့ လီယြန္နယ္ မက္ဆီကို ေဘာလုံး ထိုးေပးလိုက္ရင္ အာဂ်င္တီးနားၾကယ္ပြင့္က အသာအယာ ပိတ္သြင္းယူသြားနိုင္တဲ့ အေနအထားမွာ ရွိေနခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အမ္ဘာေပက အဲဒီလို လုပ္ရမယ့္အစား တကိုယ္ေကာင္းဆန္ၿပီး ကိုယ္တိုင္ ဂိုးကန္သြင္းခဲ့ၿပီး ေဘာလုံးက ဂိုးဘားတန္းေပၚ ေတာ္ေတာ္ေလး ေက်ာ္တက္သြားခဲ့တာျဖစ္ပါတယ္။ အဲဒီ ျဖစ္စဥ္အၿပီး သိပ္မၾကာခင္မွာပဲ အိမ္ရွင္ စထရာဘိုးဟာ ပီအက္စ္ဂ်ီအသင္းကို ငုတ္တုတ္ေမ့ေစမယ့္ ေနာက္က် ေခ်ပဂိုးကို သြင္းယူသြားခဲ့ၿပီး ပီအက္စ္ဂ်ီပရိသတ္ေတြဟာ မက္ဆီကို ေဘာလုံးမေပးခဲ့တဲ့ ျပင္သစ္တိုက္စစ္မႉးကို ေဒါသတႀကီးနဲ႔ လူမႈကြန္ရက္ေပးမွာ ျပစ္တင္ေဝဖန္ခဲ့ၾကတာျဖစ္ပါတယ္။

“အမ္ဘာေပက ကမၻာေပၚက အေကာင္းဆုံးကစားသမားဆိုတာ ျငင္းစရာမရွိဘဲ ကြဲျပားျခားနားတဲ့ အဆင့္အတန္းမ်ိဳး ရွိခဲ့သူပါ။ ဒါေပမယ့္ လူေတြက သူ႔ရဲ့ တျခားတစ္ဖက္ကို မျမင္ခဲ့ၾကဘူး။ သူက အသင္းကို သူ႔အတြက္ပဲ ျဖစ္ေစခ်င္တယ္။ ရိုးရွင္းတဲ့ ေပးပို႔မႈေတြကို ျပဳလုပ္ဖို႔ လြယ္ကူတဲ့အခြင့္အေရးေတြရွိခဲ့ေပမယ့္ သူပဲ သူရဲေကာင္းလုပ္ဖို႔ ေရြးခ်ယ္ခဲ့တယ္။ အမ္ဘာေပသာ ေလာဘမႀကီးဘူးဆိုရင္ ဒီထက္အမ်ားႀကီး ပိုေကာင္းမြန္မွာပါ”လို႔ ပရိသတ္တစ္ဦးက ေရးသားခဲ့ၿပီး “တကိုယ္ေကာင္းအဆန္ဆုံးကစားသမားက အမ္ဘာေပပဲ။ ဂိုးရဖို႔ ေသခ်ာတဲ့ မက္ဆီကို ေဘာလုံးေပးခဲ့ရမယ့္အစား ဟက္ထရစ္သြင္းဂိုး ရဖို႔ပဲ ႀကိဳးပမ္းေနခဲ့တယ္။ လခြီးတဲ့မွပဲ”လို႔ အျခားတြစ္တာအသုံးျပဳသူတစ္ဦးကလည္း မွတ္ခ်က္ေပးခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.