Analysis Premier League

လီဗာပူးလ် ထိပ်ရောက်နိုင်တဲ့ EPL ပွဲစဉ် ၃၁ အတွက် ပေါလ်မာဆန်ရဲ့ ခန့်မှန်းချက်များ

လီဗာပူးလ်-ဝတ်ဖို့ဒ်
နှစ်သင်းစလုံးအတွက် အရေးကြီးတဲ့ ပွဲစဉ်ဖြစ်ပြီး ဒီပွဲနိုင်ရင် လီဗာပူးလ်တို့ အမှတ်ပေးဇယားထိပ်ကို ပြန်ရောက်နိုင်မှာဖြစ်လို့ မန်စီးတီးတို့ ဘန်လေနဲ့ မကန်ခင် ကြိုးစားသွားရဖို့ ရှိနေတာပါ။ ဝတ်ဖို့ဒ်ကတော့ ရွိုင်းဟော့ဆန် လက်ထက်မှာ ခံစစ်ကြမ်းကြမ်း တိုက်စစ်ကြမ်းကြမ်းနဲ့ ကစားနေခဲ့ပြီး အင်္ဂလိပ်ရှေးရိုးအသင်းပုံစံမျိုးဖြစ်သွားခဲ့ချိန်မှာ တိုက်စစ်ပိုင်းက ကူချို ဟာနန်ဒက်ဇ်ကတော့ သူတို့အတွက် ဘုရားပေးတဲ့ လက်ဆောင်ပါပဲ။ လီဗာပူးလ်တို့ အနေနဲ့ တိုက်စစ်ကို ယုံကြည်လို့ ရပေမယ့် ခံစစ်ကတော့ ပေါ့ဆလို့ မဖြစ်နိုင်ချိန်မှာ ခြေစစ်ပွဲပြုတ် ဆာလား၊ လူးဝစ် ဒီယက်ဇ်နဲ့ ခြေစစ်ပွဲအောင် မာနေး၊ ဂျိုတာ၊ ဖာမီနိုတို့ ဘယ်သူပို ခြေစွမ်းပြမလဲ စောင့်ကြည့်ရပါလိမ့်မယ်။ (လီဗာပူးလ် 2-0 ဝတ်ဖို့ဒ်)

ဘရိုက်တန်-နော့ဝစ်ချ်စီးတီး
ဘရိုက်တန်က ရာသီအစပုံစံနဲ့ တခြားစီဖြစ်သွားပြီး လက်ထဲက ဇာတ်ညွှန်းပြောင်းသွားတာလား မေးရမယ့်အချိန်မှာ နော့ဝစ်ချ်ကလည်း အခွင့်အရေးမှန်သမျှ လွှင့်ပစ်နေပြီး တန်းဆင်းဇုန်က လွတ်ဖို့ ယုံမပေးနိုင်အောင်ဖြစ်နေတာပါ။ ဂရေဟမ် ပေါ့တာရဲ့ လူတွေ ဘယ်တော့မှ ခြေမှန်နဲ့ နိုင်ပွဲကို ပြန်ရမလဲဆိုတာက ခေါင်းစားဖို့ ကောင်းလွန်းသလို ဒင်းန် စမစ်ရဲ့ လူတွေကရော အဝေးကွင်းမှာ အခွင့်အရေးရှိပါ့မလားဆိုတာက ခက်ခဲတဲ့ ပုစ္ဆာတစ်ပုဒ် ဖြစ်နေပါတယ်။ ဒီပွဲမှာ ဘရိုက်တန်တို့ နိုင်ပွဲ ပြန်ရမယ်လို့ ခန့်မှန်းရပြီး နော့ဝစ်ချ်ရဲ့ ဈာပနမှာ ကခုန်နိုင်ကြမယ် ထင်ပါတယ်။ (ဘရိုက်တန် 2-1 နော့ဝစ်ချ်)

ဘန်လေ-မန်ချက်စတာစီးတီး
တန်းဆင်းဇုန် ရုန်းနေတဲ့ ဘန်လေတို့အဖို့ မျှော်လင့်ချက်က ရှိမလိုလိုဖြစ်ပြီးမှ အနိုင်ရသင့်တဲ့ ပွဲတွေမှာ ခြေချော်ခဲ့အပြီးမှာ အသင်းကြီးတွေနဲ့ တွေ့ဆုံဖို့ ဖြစ်လာခဲ့ပါတယ်။ သေရေးရှင်ရေးအတွက် လက်ကျန်ပွဲတွေမှာ အဲဗာတန်၊ နော့ဝစ်ချ်၊ ဝတ်ဖို့ဒ်တို့ သုံးသင်းကိုသာ နိုင်ဖို့ မျှော်လင့်နိုင်မယ့် အချိန်မှာ ရှောင်ဒိုက်ချ်ကတော့ အိမ်ကွင်းမှာ အာဆင်နယ်၊ စပါးစ်နဲ့ လီဗာပူးလ်တို့ကို လုပ်သလိုမျိုး ပိတ်ကစားသွားဦးမှာပါ။ လီဗာပူးလ်က ကျော်တက်တော့မယ့် အန္တရာယ်က အနီးဆုံးကို ရောက်နေချိန်မှာ ပိတ်ကစားရင် ဘောလုံးပိုင်ဆိုင်မှု ၇၅ ရာခိုင်နှုန်းနဲ့ ဂိုးမသွင်းတတ်တဲ့ မန်စီးတီးတို့အတွက် ချန်ပီယံဖြစ်ဖို့ ဘန်လေစာမေးပွဲက ခက်ဦးမှာဖြစ်ပါတယ်။ တိုက်စစ်မှူးမပါဘဲ ကစားခဲ့ရင်တော့ မန်စီးတီးတို့ နိုင်ပွဲဆင်ဖို့ ဖြစ်နိုင်မှာပါ။ (ဘန်လေ 0-2 မန်စီးတီး)

ချဲလ်ဆီး-ဘရန့်ဖို့ဒ်
ဘရန့်ဖို့ဒ်တို့ကတော့ တန်းမဆင်းရဖို့ လိုအပ်တဲ့ အမှတ်တွေကို စုဆောင်းနေခဲ့ပြီး လက်ကျန်ပွဲတွေမှာ ၁၀ မှတ်လောက်ကို ရှာဖွေနိုင်ဖို့ ဖြစ်လာနိုင်ပါတယ်။ ဒီအချိန်မှာ ချဲလ်ဆီးတို့အနေနဲ့ ဖီဆန်မှု မများနိုင်တဲ့ အသင်းငယ်ကို တွေ့ခွင့်ရတာက လွယ်ကူတဲ့ နိုင်ပွဲ ရှာဖွေဖို့ လမ်းကြောင်းပေါ်မှာ ရှိနေခဲ့တာပါ။ အဲရစ်ဆန်နဲ့ ဘရန့်ဖို့ဒ်တို့က ပရိသတ်တွေကို ကြည်နူးစေနိုင်ပေမယ့် အဝေးကွင်းမှာ တူဟယ်လ်ရဲ့ လူတွေကို အခက်အခဲတွေ့အောင်တော့ တိုနီ၊ အမ်ဘူးမို၊ ဝစ်ဆာတို့နဲ့အတူ ကြံစည်နိုင်ကြမယ် မထင်ပါဘူး။ ချဲလ်ဆီးတို့ရဲ့ ဂိုးပြတ်နိုင်ပွဲကိုပဲ တွေ့မြင်ရပါလိမ့်မယ်။ (ချဲလ်ဆီး 3-0 ဘရန့်ဖို့ဒ်)

လိဒ်စ်ယူနိုက်တက်-ဆောက်သမ်တန်
ဂိုးများတဲ့ သရေပွဲမျိုးဖြစ်မယ်လို့ မြင်မြင်ချင်းကို မသိစိတ်ထဲက ခန့်မှန်းပြီးသွားပါပြီ။ လိဒ်စ်တို့က ဂျက်ဆီ မာ့ရှ်လက်အောက်မှာ ကစားပုံ ပြန်တက်လာပေမယ့် ခံစစ်ပိုင်းကတော့ လူမစုံနိုင်သေးသလို ဒဏ်ရာတွေက ပြန်မလာနိုင်ကြသေးပါဘူး။ ဆောက်သမ်တန်တို့ကတော့ ခြေစွမ်းပြနေပေမယ့် မန်စီးတီးကို အက်ဖ်အေမှာ လေးဂိုး-တစ်ဂိုးနဲ့ ရှုံးခဲ့ရတာက စိတ်နာစရာဖြစ်နေခဲ့ပါတယ်။ ဘမ်ဖို့ဒ်က ရာသီကုန်အထိ နားသွားခဲ့ချိန်မှာ ရာဖင်ညာက ရီးရဲလ်၊ ဘာဆာတို့နဲ့ အာရုံများနေတာက လိဒ်စ်တို့အတွက် မကောင်းချိန်မှာ အရှုံးအတွက် ပေါက်ကွဲလာမယ့် ဆောက်သမ်တန်ရဲ့ ရုန်းအားကို ကြည့်ရပါလိမ့်မယ်။ ဂိုးများတဲ့ သရေပွဲအဖြစ် နှစ်ဂိုးစီလောက်ဆို မရိုင်းနိုင်ပါဘူး။ (လိဒ်စ် 2-2 ဆောက်သမ်တန်)

ဝုလ်ဗာဟမ့်ပ်တန်-အက်စ်တန်ဗီလာ
အက်စ်တန်ဗီလာတို့ကတော့ ရှုံးပွဲတွေကို ရပ်တန့်နိုင်ခဲ့ချိန်မှာ အာဆင်နယ်တို့ကို အိမ်ကွင်းမှာ ရှုံးခဲ့တာကတော့ ပေါက်ကွဲအားတွေကို ဖိနှိပ်ပြီး သည်းခံရသလိုဖြစ်နေခဲ့တာပါ။ ဝုလ်ဗ်စ်တို့ကတော့ မလိုအပ်တဲ့ ကစားပုံနဲ့ ရာအူးလ် ဟီမီနက်ဇ် ပွဲပယ်ခံထားရချိန်မှာ သူတို့တိုက်စစ်ပိုင်းအတွက် အဖြေက နည်းပါလာနိုင်ပါတယ်။ နီတို၊ ပိုဒင့်စ်နဲ့ ထရင်ကာအိုတို့ ဘယ်လောက်ကောင်းကောင်း အထောင်မှာ ဦးဆောင်မယ့်သူက ဟွမ်းဟီးချန်း၊ ဖာဘီယို ဆေးလ်ဗားတို့လောက်နဲ့တော့ ဗီလာခံစစ်ကို ကျော်လွန်ဖို့ ခက်ပါလိမ့်မယ်။ ကော်တင်ညို၊ ဒန်နီအင်းစ်၊ ဝပ်ကင်းစ်တို့ရဲ့ တိုက်စစ်ပိုင်းကပဲ ဂိုးပြတ်မလား ကပ်နိုင်မလား ကြည့်ရမှာပါ။ (ဝုလ်ဗ်စ် 1-2 ဗီလာ)

မန်ချက်စတာယူနိုက်တက်-လက်စတာစီးတီး
မန်ချက်စတာယူနိုက်တက်ကို ကြည့်ရတာကတော့ သူနဲ့ တွေ့တဲ့အသင်း ဘာရလဒ်ထွက်မလဲလို့ ခန့်မှန်းဖို့ ခက်နေသလိုပါပဲ။ အကောင်းဆုံးတွေ ဖြစ်နိုင်သလို အဆိုးဆုံးတွေလည်း ဖြစ်သွားနိုင်ပါတယ်။ အသင်းကြီးတွေနဲ့ ချန်ပီယံလိဂ် ဝင်တိုးဖို့ မဖြစ်နိုင်လို့ ယူရိုပါလိဂ်ကိုသာ ရည်မှန်းရမယ့် လက်စတာ မြေခွေးတွေအနေနဲ့တော့ အရင်ကထက် ရုန်းအားလျော့ကျသွားနိုင်တာက အိမ်ရှင်တွေအတွက် သက်သာခွင့် ရှိနိုင်တဲ့ အရာပါ။ ဘရူနို ဖာနန်ဒက်စ် ခြေစွမ်း ပြနေပြီး ရော်နယ်လ်ဒိုကတော့ နည်းနည်း ပြန်အသွားချိန်မှာ ရန်းနစ်ခ်အနေနဲ့ ဘယ်သူ့ကို အဓိက ဆုံချက်အဖြစ် ပွဲထုတ်မလဲပဲ စောင့်ကြည့်ရပါလိမ့်မယ်။ မန်ချက်စတာယူနိုက်တက်နိုင်ဖို့ပဲ ခန့်မှန်းလိုက်ပါတယ်။ (မန်ယူနိုက်တက် 2-1 လက်စတာ)

ဝက်စ်ဟမ်းယူနိုက်တက်-အဲဗာတန်
ဝက်စ်ဟမ်း၊ ဘန်လေတို့နဲ့ လေးရက်အတွင်း အဝေးကွင်းနှစ်ပွဲဆက်တိုက်တွေ့ရမယ့် အဲဗာတန်တို့အတွက်တော့ အိပ်မက်ဆိုးမက်သလိုပါပဲ။ ဖရန့် လမ်းပတ်အနေနဲ့ သူနဲ့ အခုထိ အသားမကျသေးတဲ့ လူစာရင်းကို ရုပ်ထွက်အောင် သနပ်ခါးလိမ်း၊ ပန်းပန်နိုင်မလားဆိုတာက သံသယဖြစ်စရာပါ။ ပဲလေ့စ်နဲ့ ပွဲကလို လေးဂိုး-ဂိုးမရှိနဲ့ ရုပ်ပျက်ဆင်းပျက် ရှုံးတာမျိုးတော့ ပရီးမီးယားလိဂ်မှာ သိပ်မဖြစ်နိုင်ပေမယ့် ဒေးဗစ်မွိုက်စ်ရဲ့ လူတွေကို ယှဉ်နိုင်ပါ့မလားဆိုတာက ပရိသတ်တွေ မယုံကြည်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ ယူရိုပါလိဂ်ရဲ့ နောက်အဆင့်တွေမှာ အလုပ်များရဦးမယ့် ဝက်စ်ဟမ်းတို့ အာရုံနောက်မခံဘဲ စောစော တွေ့တဲ့ကောင်ကို သေချာအောင် အိမ်ရှေ့မှာ တူနဲ့ အပိုင်ထုထားပါလိမ့်မယ်။ အဲဗာတန်တို့အတွက်တော့ ဒီပွဲက ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ (ဝက်စ်ဟမ်း 2-0 အဲဗာတန်)

တော့တင်ဟမ်ဟော့စပါးစ်-နယူးကာဆယ်လ်ယူနိုက်တက်
ဟာရီကိန်း ခြေစွမ်းပြရင် စပါးစ်တို့ နိုင်တယ်ဆိုတာက လက်ခံရမယ့် ပုံသေနည်းတစ်ခုပါ။ နယူးကာဆယ်လ်ကတော့ လူသစ်တွေနဲ့ ခြေက ကောင်းတစ်လှည့်ဆိုး တစ်လှည့်ဖြစ်နေပြီး ချဲလ်ဆီးနဲ့ပွဲက ခြေစွမ်းကို ထိန်းနိုင်ခဲ့ရင် အဲဗာတန်ကို ရှုံးဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပေမယ့် လက်တွေ့မှာတော့ နောက်ဆုံးမိနစ်မှာ ရှုံးနိမ့်ထားခဲ့ပါတယ်။ စပါးစ်နည်းပြ ကွန်တီအတွက်တော့ ပိုင်ရှင်တွေကို ကျေနပ်အောင် လုပ်ပြချင်နေတဲ့ အက်ဒီဟောင်းရဲ့ တုံ့ပြန်မှုတွေက ခက်ခဲလာဖို့ ရှိပါတယ်။ ဒီအသက်ဒီအရွယ်မှ အမိုက်ခံပြီး အသင်းပြောင်းမယ်လို့ မထင်ရတော့တဲ့ ဟာရီကိန်းတစ်ယောက် ဝှိုက်ဟတ်လိန်းပရိသတ်တွေ ကျေနပ်အောင် ဂိုးတွေ သွင်းပြဖို့ပဲ ရှိတော့လို့ အိမ်ရှင်တွေ အနိုင်ပါပဲ။ (စပါးစ် 2-1 နယူးကာဆယ်လ်)

ခရစ္စတယ်လ်ပဲလေ့စ်-အာဆင်နယ်
ပထမအကျော့ကတောင် နောက်ဆုံးမိနစ်မှာမှ သရေကျတဲ့ ပွဲကို အာဆင်နယ်တို့ အဝေးကွင်းမှာ လွယ်ကူဖို့က မဖြစ်နိုင်ပါဘူး။ သူ့ကို ကျော်ပြီး အာတီတာကို အလုပ်ခန့်ခဲ့တဲ့ အာဆင်နယ်ကို တကယ့်အောင်မြင်မှုတွေအတွက် ခေါင်းဆောင်ခဲ့တဲ့ ဗီယာရာကရော စိတ်နာမနေနိုင်ဘူးလား။ ဒါမှ မဟုတ် အသင်းဟောင်းရဲ့ ဥရောပဝင်ခွင့်အတွက် မျက်စိတစ်ဖက်မှိတ်ပြသွားမှာလား၊ စဉ်းစားရတော့ တော်တော်ကျပ်နေပါတယ်။ ပဲလေ့စ်တိုက်စစ်သမားတွေမှာ ဒဏ်ရာများနေပုံအရတော့ အာဆင်နယ်တို့ရဲ့ ကောင်းမွန်တဲ့ ခံစစ်ကို အလေးပေးရမှာပါ။ ပွဲရဲ့ အဖြေကတော့ လက်ရွေးစင် ပူပူနွေးနွေးတွေနဲ့ အိမ်ရှင်တွေရဲ့ ခံစစ်ကို အာဆင်နယ်ရဲ့ လူငယ်တွေ ထိုးဖောက်နိုင်ပါ့မလားဆိုတဲ့အပေါ်မှာ မူတည်ပြီး သုံးမှတ်အတွက်တော့ မျှော်လင့်ချင်ပါတယ်။ (ပဲလေ့စ် 1-2 အာဆင်နယ်)

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လီဗာပူးလ္-ဝတ္ဖို႔ဒ္
ႏွစ္သင္းစလုံးအတြက္ အေရးႀကီးတဲ့ ပြဲစဥ္ျဖစ္ၿပီး ဒီပြဲႏိုင္ရင္ လီဗာပူးလ္တို႔ အမွတ္ေပးဇယားထိပ္ကို ျပန္ေရာက္ႏိုင္မွာျဖစ္လို႔ မန္စီးတီးတို႔ ဘန္ေလနဲ႔ မကန္ခင္ ႀကိဳးစားသြားရဖို႔ ရွိေနတာပါ။ ဝတ္ဖို႔ဒ္ကေတာ့ ႐ြိဳင္းေဟာ့ဆန္ လက္ထက္မွာ ခံစစ္ၾကမ္းၾကမ္း တိုက္စစ္ၾကမ္းၾကမ္းနဲ႔ ကစားေနခဲ့ၿပီး အဂၤလိပ္ေရွး႐ိုးအသင္းပုံစံမ်ိဳးျဖစ္သြားခဲ့ခ်ိန္မွာ တိုက္စစ္ပိုင္းက ကူခ်ိဳ ဟာနန္ဒက္ဇ္ကေတာ့ သူတို႔အတြက္ ဘုရားေပးတဲ့ လက္ေဆာင္ပါပဲ။ လီဗာပူးလ္တို႔ အေနနဲ႔ တိုက္စစ္ကို ယုံၾကည္လို႔ ရေပမယ့္ ခံစစ္ကေတာ့ ေပါ့ဆလို႔ မျဖစ္ႏိုင္ခ်ိန္မွာ ေျခစစ္ပြဲျပဳတ္ ဆာလား၊ လူးဝစ္ ဒီယက္ဇ္နဲ႔ ေျခစစ္ပြဲေအာင္ မာေနး၊ ဂ်ိဳတာ၊ ဖာမီႏိုတို႔ ဘယ္သူပို ေျခစြမ္းျပမလဲ ေစာင့္ၾကည့္ရပါလိမ့္မယ္။ (လီဗာပူးလ္ 2-0 ဝတ္ဖို႔ဒ္)

ဘ႐ိုက္တန္-ေနာ့ဝစ္ခ်္စီးတီး
ဘ႐ိုက္တန္က ရာသီအစပုံစံနဲ႔ တျခားစီျဖစ္သြားၿပီး လက္ထဲက ဇာတ္ၫႊန္းေျပာင္းသြားတာလား ေမးရမယ့္အခ်ိန္မွာ ေနာ့ဝစ္ခ်္ကလည္း အခြင့္အေရးမွန္သမွ် လႊင့္ပစ္ေနၿပီး တန္းဆင္းဇုန္က လြတ္ဖို႔ ယုံမေပးႏိုင္ေအာင္ျဖစ္ေနတာပါ။ ဂေရဟမ္ ေပါ့တာရဲ႕ လူေတြ ဘယ္ေတာ့မွ ေျခမွန္နဲ႔ ႏိုင္ပြဲကို ျပန္ရမလဲဆိုတာက ေခါင္းစားဖို႔ ေကာင္းလြန္းသလို ဒင္းန္ စမစ္ရဲ႕ လူေတြကေရာ အေဝးကြင္းမွာ အခြင့္အေရးရွိပါ့မလားဆိုတာက ခက္ခဲတဲ့ ပုစာၦတစ္ပုဒ္ ျဖစ္ေနပါတယ္။ ဒီပြဲမွာ ဘ႐ိုက္တန္တို႔ ႏိုင္ပြဲ ျပန္ရမယ္လို႔ ခန႔္မွန္းရၿပီး ေနာ့ဝစ္ခ်္ရဲ႕ ဈာပနမွာ ကခုန္ႏိုင္ၾကမယ္ ထင္ပါတယ္။ (ဘ႐ိုက္တန္ 2-1 ေနာ့ဝစ္ခ်္)

ဘန္ေလ-မန္ခ်က္စတာစီးတီး
တန္းဆင္းဇုန္ ႐ုန္းေနတဲ့ ဘန္ေလတို႔အဖို႔ ေမွ်ာ္လင့္ခ်က္က ရွိမလိုလိုျဖစ္ၿပီးမွ အႏိုင္ရသင့္တဲ့ ပြဲေတြမွာ ေျခေခ်ာ္ခဲ့အၿပီးမွာ အသင္းႀကီးေတြနဲ႔ ေတြ႕ဆုံဖို႔ ျဖစ္လာခဲ့ပါတယ္။ ေသေရးရွင္ေရးအတြက္ လက္က်န္ပြဲေတြမွာ အဲဗာတန္၊ ေနာ့ဝစ္ခ်္၊ ဝတ္ဖို႔ဒ္တို႔ သုံးသင္းကိုသာ ႏိုင္ဖို႔ ေမွ်ာ္လင့္ႏိုင္မယ့္ အခ်ိန္မွာ ေရွာင္ဒိုက္ခ်္ကေတာ့ အိမ္ကြင္းမွာ အာဆင္နယ္၊ စပါးစ္နဲ႔ လီဗာပူးလ္တို႔ကို လုပ္သလိုမ်ိဳး ပိတ္ကစားသြားဦးမွာပါ။ လီဗာပူးလ္က ေက်ာ္တက္ေတာ့မယ့္ အႏၲရာယ္က အနီးဆုံးကို ေရာက္ေနခ်ိန္မွာ ပိတ္ကစားရင္ ေဘာလုံးပိုင္ဆိုင္မႈ ၇၅ ရာခိုင္ႏႈန္းနဲ႔ ဂိုးမသြင္းတတ္တဲ့ မန္စီးတီးတို႔အတြက္ ခ်န္ပီယံျဖစ္ဖို႔ ဘန္ေလစာေမးပြဲက ခက္ဦးမွာျဖစ္ပါတယ္။ တိုက္စစ္မႉးမပါဘဲ ကစားခဲ့ရင္ေတာ့ မန္စီးတီးတို႔ ႏိုင္ပြဲဆင္ဖို႔ ျဖစ္ႏိုင္မွာပါ။ (ဘန္ေလ 0-2 မန္စီးတီး)

ခ်ဲလ္ဆီး-ဘရန႔္ဖို႔ဒ္
ဘရန႔္ဖို႔ဒ္တို႔ကေတာ့ တန္းမဆင္းရဖို႔ လိုအပ္တဲ့ အမွတ္ေတြကို စုေဆာင္းေနခဲ့ၿပီး လက္က်န္ပြဲေတြမွာ ၁၀ မွတ္ေလာက္ကို ရွာေဖြႏိုင္ဖို႔ ျဖစ္လာႏိုင္ပါတယ္။ ဒီအခ်ိန္မွာ ခ်ဲလ္ဆီးတို႔အေနနဲ႔ ဖီဆန္မႈ မမ်ားႏိုင္တဲ့ အသင္းငယ္ကို ေတြ႕ခြင့္ရတာက လြယ္ကူတဲ့ ႏိုင္ပြဲ ရွာေဖြဖို႔ လမ္းေၾကာင္းေပၚမွာ ရွိေနခဲ့တာပါ။ အဲရစ္ဆန္နဲ႔ ဘရန႔္ဖို႔ဒ္တို႔က ပရိသတ္ေတြကို ၾကည္ႏူးေစႏိုင္ေပမယ့္ အေဝးကြင္းမွာ တူဟယ္လ္ရဲ႕ လူေတြကို အခက္အခဲေတြ႕ေအာင္ေတာ့ တိုနီ၊ အမ္ဘူးမို၊ ဝစ္ဆာတို႔နဲ႔အတူ ႀကံစည္ႏိုင္ၾကမယ္ မထင္ပါဘူး။ ခ်ဲလ္ဆီးတို႔ရဲ႕ ဂိုးျပတ္ႏိုင္ပြဲကိုပဲ ေတြ႕ျမင္ရပါလိမ့္မယ္။ (ခ်ဲလ္ဆီး 3-0 ဘရန႔္ဖို႔ဒ္)

လိဒ္စ္ယူႏိုက္တက္-ေဆာက္သမ္တန္
ဂိုးမ်ားတဲ့ သေရပြဲမ်ိဳးျဖစ္မယ္လို႔ ျမင္ျမင္ခ်င္းကို မသိစိတ္ထဲက ခန႔္မွန္းၿပီးသြားပါၿပီ။ လိဒ္စ္တို႔က ဂ်က္ဆီ မာ့ရွ္လက္ေအာက္မွာ ကစားပုံ ျပန္တက္လာေပမယ့္ ခံစစ္ပိုင္းကေတာ့ လူမစုံႏိုင္ေသးသလို ဒဏ္ရာေတြက ျပန္မလာႏိုင္ၾကေသးပါဘူး။ ေဆာက္သမ္တန္တို႔ကေတာ့ ေျခစြမ္းျပေနေပမယ့္ မန္စီးတီးကို အက္ဖ္ေအမွာ ေလးဂိုး-တစ္ဂိုးနဲ႔ ရႈံးခဲ့ရတာက စိတ္နာစရာျဖစ္ေနခဲ့ပါတယ္။ ဘမ္ဖို႔ဒ္က ရာသီကုန္အထိ နားသြားခဲ့ခ်ိန္မွာ ရာဖင္ညာက ရီးရဲလ္၊ ဘာဆာတို႔နဲ႔ အာ႐ုံမ်ားေနတာက လိဒ္စ္တို႔အတြက္ မေကာင္းခ်ိန္မွာ အရႈံးအတြက္ ေပါက္ကြဲလာမယ့္ ေဆာက္သမ္တန္ရဲ႕ ႐ုန္းအားကို ၾကည့္ရပါလိမ့္မယ္။ ဂိုးမ်ားတဲ့ သေရပြဲအျဖစ္ ႏွစ္ဂိုးစီေလာက္ဆို မ႐ိုင္းႏိုင္ပါဘူး။ (လိဒ္စ္ 2-2 ေဆာက္သမ္တန္)

ဝုလ္ဗာဟမ့္ပ္တန္-အက္စ္တန္ဗီလာ
အက္စ္တန္ဗီလာတို႔ကေတာ့ ရႈံးပြဲေတြကို ရပ္တန႔္ႏိုင္ခဲ့ခ်ိန္မွာ အာဆင္နယ္တို႔ကို အိမ္ကြင္းမွာ ရႈံးခဲ့တာကေတာ့ ေပါက္ကြဲအားေတြကို ဖိႏွိပ္ၿပီး သည္းခံရသလိုျဖစ္ေနခဲ့တာပါ။ ဝုလ္ဗ္စ္တို႔ကေတာ့ မလိုအပ္တဲ့ ကစားပုံနဲ႔ ရာအူးလ္ ဟီမီနက္ဇ္ ပြဲပယ္ခံထားရခ်ိန္မွာ သူတို႔တိုက္စစ္ပိုင္းအတြက္ အေျဖက နည္းပါလာႏိုင္ပါတယ္။ နီတို၊ ပိုဒင့္စ္နဲ႔ ထရင္ကာအိုတို႔ ဘယ္ေလာက္ေကာင္းေကာင္း အေထာင္မွာ ဦးေဆာင္မယ့္သူက ဟြမ္းဟီးခ်န္း၊ ဖာဘီယို ေဆးလ္ဗားတို႔ေလာက္နဲ႔ေတာ့ ဗီလာခံစစ္ကို ေက်ာ္လြန္ဖို႔ ခက္ပါလိမ့္မယ္။ ေကာ္တင္ညိဳ၊ ဒန္နီအင္းစ္၊ ဝပ္ကင္းစ္တို႔ရဲ႕ တိုက္စစ္ပိုင္းကပဲ ဂိုးျပတ္မလား ကပ္ႏိုင္မလား ၾကည့္ရမွာပါ။ (ဝုလ္ဗ္စ္ 1-2 ဗီလာ)

မန္ခ်က္စတာယူႏိုက္တက္-လက္စတာစီးတီး
မန္ခ်က္စတာယူႏိုက္တက္ကို ၾကည့္ရတာကေတာ့ သူနဲ႔ ေတြ႕တဲ့အသင္း ဘာရလဒ္ထြက္မလဲလို႔ ခန႔္မွန္းဖို႔ ခက္ေနသလိုပါပဲ။ အေကာင္းဆုံးေတြ ျဖစ္ႏိုင္သလို အဆိုးဆုံးေတြလည္း ျဖစ္သြားႏိုင္ပါတယ္။ အသင္းႀကီးေတြနဲ႔ ခ်န္ပီယံလိဂ္ ဝင္တိုးဖို႔ မျဖစ္ႏိုင္လို႔ ယူ႐ိုပါလိဂ္ကိုသာ ရည္မွန္းရမယ့္ လက္စတာ ေျမေခြးေတြအေနနဲ႔ေတာ့ အရင္ကထက္ ႐ုန္းအားေလ်ာ့က်သြားႏိုင္တာက အိမ္ရွင္ေတြအတြက္ သက္သာခြင့္ ရွိႏိုင္တဲ့ အရာပါ။ ဘ႐ူႏို ဖာနန္ဒက္စ္ ေျခစြမ္း ျပေနၿပီး ေရာ္နယ္လ္ဒိုကေတာ့ နည္းနည္း ျပန္အသြားခ်ိန္မွာ ရန္းနစ္ခ္အေနနဲ႔ ဘယ္သူ႔ကို အဓိက ဆုံခ်က္အျဖစ္ ပြဲထုတ္မလဲပဲ ေစာင့္ၾကည့္ရပါလိမ့္မယ္။ မန္ခ်က္စတာယူႏိုက္တက္ႏိုင္ဖို႔ပဲ ခန႔္မွန္းလိုက္ပါတယ္။ (မန္ယူႏိုက္တက္ 2-1 လက္စတာ)

ဝက္စ္ဟမ္းယူႏိုက္တက္-အဲဗာတန္
ဝက္စ္ဟမ္း၊ ဘန္ေလတို႔နဲ႔ ေလးရက္အတြင္း အေဝးကြင္းႏွစ္ပြဲဆက္တိုက္ေတြ႕ရမယ့္ အဲဗာတန္တို႔အတြက္ေတာ့ အိပ္မက္ဆိုးမက္သလိုပါပဲ။ ဖရန႔္ လမ္းပတ္အေနနဲ႔ သူနဲ႔ အခုထိ အသားမက်ေသးတဲ့ လူစာရင္းကို ႐ုပ္ထြက္ေအာင္ သနပ္ခါးလိမ္း၊ ပန္းပန္ႏိုင္မလားဆိုတာက သံသယျဖစ္စရာပါ။ ပဲေလ့စ္နဲ႔ ပြဲကလို ေလးဂိုး-ဂိုးမရွိနဲ႔ ႐ုပ္ပ်က္ဆင္းပ်က္ ရႈံးတာမ်ိဳးေတာ့ ပရီးမီးယားလိဂ္မွာ သိပ္မျဖစ္ႏိုင္ေပမယ့္ ေဒးဗစ္မြိဳက္စ္ရဲ႕ လူေတြကို ယွဥ္ႏိုင္ပါ့မလားဆိုတာက ပရိသတ္ေတြ မယုံၾကည္တဲ့ အရာတစ္ခုျဖစ္ပါတယ္။ ယူ႐ိုပါလိဂ္ရဲ႕ ေနာက္အဆင့္ေတြမွာ အလုပ္မ်ားရဦးမယ့္ ဝက္စ္ဟမ္းတို႔ အာ႐ုံေနာက္မခံဘဲ ေစာေစာ ေတြ႕တဲ့ေကာင္ကို ေသခ်ာေအာင္ အိမ္ေရွ႕မွာ တူနဲ႔ အပိုင္ထုထားပါလိမ့္မယ္။ အဲဗာတန္တို႔အတြက္ေတာ့ ဒီပြဲက ဘယ္လိုမွ မျဖစ္ႏိုင္ပါဘူး။ (ဝက္စ္ဟမ္း 2-0 အဲဗာတန္)

ေတာ့တင္ဟမ္ေဟာ့စပါးစ္-နယူးကာဆယ္လ္ယူႏိုက္တက္
ဟာရီကိန္း ေျခစြမ္းျပရင္ စပါးစ္တို႔ ႏိုင္တယ္ဆိုတာက လက္ခံရမယ့္ ပုံေသနည္းတစ္ခုပါ။ နယူးကာဆယ္လ္ကေတာ့ လူသစ္ေတြနဲ႔ ေျခက ေကာင္းတစ္လွည့္ဆိုး တစ္လွည့္ျဖစ္ေနၿပီး ခ်ဲလ္ဆီးနဲ႔ပြဲက ေျခစြမ္းကို ထိန္းႏိုင္ခဲ့ရင္ အဲဗာတန္ကို ရႈံးဖို႔ဆိုတာ ဘယ္လိုမွ မျဖစ္ႏိုင္ေပမယ့္ လက္ေတြ႕မွာေတာ့ ေနာက္ဆုံးမိနစ္မွာ ရႈံးနိမ့္ထားခဲ့ပါတယ္။ စပါးစ္နည္းျပ ကြန္တီအတြက္ေတာ့ ပိုင္ရွင္ေတြကို ေက်နပ္ေအာင္ လုပ္ျပခ်င္ေနတဲ့ အက္ဒီေဟာင္းရဲ႕ တုံ႔ျပန္မႈေတြက ခက္ခဲလာဖို႔ ရွိပါတယ္။ ဒီအသက္ဒီအ႐ြယ္မွ အမိုက္ခံၿပီး အသင္းေျပာင္းမယ္လို႔ မထင္ရေတာ့တဲ့ ဟာရီကိန္းတစ္ေယာက္ ဝႈိက္ဟတ္လိန္းပရိသတ္ေတြ ေက်နပ္ေအာင္ ဂိုးေတြ သြင္းျပဖို႔ပဲ ရွိေတာ့လို႔ အိမ္ရွင္ေတြ အႏိုင္ပါပဲ။ (စပါးစ္ 2-1 နယူးကာဆယ္လ္)

ခရစၥတယ္လ္ပဲေလ့စ္-အာဆင္နယ္
ပထမအေက်ာ့ကေတာင္ ေနာက္ဆုံးမိနစ္မွာမွ သေရက်တဲ့ ပြဲကို အာဆင္နယ္တို႔ အေဝးကြင္းမွာ လြယ္ကူဖို႔က မျဖစ္ႏိုင္ပါဘူး။ သူ႔ကို ေက်ာ္ၿပီး အာတီတာကို အလုပ္ခန႔္ခဲ့တဲ့ အာဆင္နယ္ကို တကယ့္ေအာင္ျမင္မႈေတြအတြက္ ေခါင္းေဆာင္ခဲ့တဲ့ ဗီယာရာကေရာ စိတ္နာမေနႏိုင္ဘူးလား။ ဒါမွ မဟုတ္ အသင္းေဟာင္းရဲ႕ ဥေရာပဝင္ခြင့္အတြက္ မ်က္စိတစ္ဖက္မွိတ္ျပသြားမွာလား၊ စဥ္းစားရေတာ့ ေတာ္ေတာ္က်ပ္ေနပါတယ္။ ပဲေလ့စ္တိုက္စစ္သမားေတြမွာ ဒဏ္ရာမ်ားေနပုံအရေတာ့ အာဆင္နယ္တို႔ရဲ႕ ေကာင္းမြန္တဲ့ ခံစစ္ကို အေလးေပးရမွာပါ။ ပြဲရဲ႕ အေျဖကေတာ့ လက္ေ႐ြးစင္ ပူပူေႏြးေႏြးေတြနဲ႔ အိမ္ရွင္ေတြရဲ႕ ခံစစ္ကို အာဆင္နယ္ရဲ႕ လူငယ္ေတြ ထိုးေဖာက္ႏိုင္ပါ့မလားဆိုတဲ့အေပၚမွာ မူတည္ၿပီး သုံးမွတ္အတြက္ေတာ့ ေမွ်ာ္လင့္ခ်င္ပါတယ္။ (ပဲေလ့စ္ 1-2 အာဆင္နယ္)

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.