Premier League

၂၀၂၂ ဘလွန်ဒေါမှာ ပြိုင်ဘက်တွေကို အလဲထိုးဖို့ ဆာလား ဘာလုပ်ဖို့ လိုအပ်သလဲ

မိုဟာမက် ဆာလားဟာ ၎င်းကိုယ်တိုင် မယုံနိုင်ဖွယ် သတ်မှတ်ထားတဲ့ စံနှုန်းကြောင့် ၂၀၂၂ ခုနှစ်ကို အလွန်ခက်ခဲစွာ စတင်ခဲ့ရပါတယ်။

လီဗာပူးလ်တိုက်စစ်မှူးဟာ အီဂျစ်အသင်းကို အာဖရိကဖလားဗိုလ်လုပွဲ ပို့ဆောင်ပေးပြီး ၂၀၂၂ ခုနှစ်ကို စတင်ခဲ့တာဖြစ်ပေမယ့်လည်း ၎င်းရဲ့နိုင်ငံအသင်းဟာ ဗိုလ်လုပွဲမှာ ဆီနီဂေါကို ပင်နယ်တီမှာ ၄-၂ နဲ့ ရှုံးနိမ့်သွားခဲ့တာဖြစ်ပါတယ်။ ဆာလားရဲ့ လီဗာပူးလ်အသင်းဖော်ဟာ အဲဒီနေ့ညမှာ ဆီနီဂေါလက်ရွေးစင်အသင်းအတွက် အာဖရိကသရဖူကို ဆွတ်ခူးပေးနိုင်ခဲ့တာကြောင့် ပျော်ရွှင်ခဲ့ရပြီး ၂၀၂၂ ကမ္ဘာ့ဖလားဝင်ခွင့်တစ်နေရာအတွက် ရင်ဆိုင်ခဲ့ရာမှာလည်း နောက်ထပ်တစ်ကြိမ် ပင်နယ်တီ အဆုံးအဖြတ်နဲ့ အီဂျစ်ကို ဖြုတ်ချနိုင်ခဲ့တာကြောင့် ဝမ်းမြောက်ပျော်ရွှင်ခဲ့မှာဖြစ်ပါတယ်။

ဆာလားဟာ ကလပ်အသင်းအဆင့်မှာ ကမ္ဘာ့အဆင့် ခြေစွမ်း ပြသနေခဲ့ပေမယ့်လည်း အရေးအကြီးဆုံးဖြစ်တဲ့ နိုင်ငံအသင်းအတွက် တောက်ပရမယ့်အချိန်မှာ မထင်မှတ်ထားတဲ့ ကံဆိုးမိုးမှောင်ကျမှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ အသက် ၂၉ နှစ်အရွယ် တိုက်စစ်မှူးဟာ ကမ္ဘာ့ဘောလုံးလောကမှာ ထိပ်တန်းအဆင့် ကစားသမားတွေကို ပေးအပ်တဲ့ ဆုကြီးဖြစ်တဲ့ ၂၀၂၂ ခုနှစ် ဘလွန်ဒေါဆုအတွက် အမှန်တကယ် စိန်ခေါ်ဖို့ ရည်မှန်းချက် ထားရှိနေတာဖြစ်ပြီး အီဂျစ်ကြယ်ပွင့်ဟာ အန်းဖီးမှာ ၅ နှစ်နီးပါးအတွင်း ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်၊ ကာရာဘောင်းဖလားနဲ့ ကလပ်ကမ္ဘာ့ဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။

မိုဟာမက် ဆာလားဟာ လီဗာပူးလ်အသင်းအတွက် ၁၅၃ ဂိုးအထိ သွင်းယူခဲ့ပြီး PFA ရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုအပါအဝင် တစ်ဦးချင်း ဆုတံဆိပ်တွေ အများအပြား ရရှိခဲ့တာဖြစ်ပေမယ့်လည်း ကမ္ဘာ့ဘောလုံးလောကရဲ့ ထိပ်တန်းတစ်ဦးချင်းဆုကိုတော့ ရယူနိုင်ခြင်းမရှိသေးတာဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် ဘလွန်ဒေါဆုပေးပွဲမှာ ဆာလားဟာ အဆင့် ၇ နေရာမှာသာ ရပ်တည်နိုင်ခဲ့ပြီး လီယွန်နယ် မက်ဆီ၊ လီဗန်ဒေါ့ဗ်စကီးနဲ့ ဂျော်ဂျင်ညိုတို့က ထိပ်ဆုံး ၃ နေရာမှာ အသီးသီး ရပ်တည်ခဲ့ကြတာဖြစ်ပါတယ်။

ဆာလားအတွက် လက်ရှိအချိန်မှာတော့ ကလပ်အသင်းအဆင့်မှာ နောက်ထပ် အဆင့်တစ်ဆင့် တက်ဖို့သာ အာရုံစိုက်ရတော့မှာဖြစ်ပြီး အီဂျစ်တိုက်စစ်မှူးဟာ ယခုရာသီ သွင်းဂိုး ၂၈ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၀ ကြိမ်ပြုလုပ်ထားတာကြောင့် လီဗာပူးလ်ရဲ့ လွှမ်းမိုးနိုင်စွမ်းအရှိဆုံး ကစားသမားဆိုတာကိုတော့ သံသယဖြစ်စရာမရှိတာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ အခြားသူတွေလိုမဟုတ်ဘဲ အလွန်ကောင်းမွန်တဲ့ရာသီကို ဖြတ်သန်းနေရတာဖြစ်ပြီး ယာဂန် ကလော့ပ်ရဲ့အသင်းဟာ ဧပြီလကို ဆုဖလား ၄ လုံး ရယူချင်စိတ်နဲ့ ဝင်ရောက်ဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

ကာရာဘောင်းဖလား ရရှိထားပြီးဖြစ်တာကြောင့် လီဗာပူးလ်အသင်းဟာ အက်ဖ်အေ၊ ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်တို့မှာ အောင်ပွဲရရှိဖို့ ပြင်ဆင်နေတာဖြစ်ပြီး တကယ်လို့ မာဆေးဆိုဒ်အသင်းသာ ဒီလိုမျိုး သမိုင်းဝင်ဆုဖလား ၄ လုံးတပြိုင်နက် ဆွတ်ခူးနိုင်ခဲ့မယ်ဆိုရင်တော့ ၂၀၂၂ ဘလွန်ဒေါဆုဟာ ဆာလားအတွက် ပြေးလွတ်စရာအကြောင်း မရှိတော့မှာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အီဂျစ်တိုက်စစ်မှူးဟာ အာဖရိကဖလားပြိုင်ပွဲနဲ့ ကမ္ဘာ့ဖလားဝင်ခွင့်တို့မှာ မတောက်ပနိုင်ခဲ့တာကြောင့် ဘောလုံးလောကကို ၎င်းအနေနဲ့ ကာတာက ကမ္ဘာ့အဆင့် ပြိုင်ပွဲမပါဘဲ ကမ္ဘာပေါ်က အကောင်းဆုံးကစားသမားဆိုတာကို ပြသဖို့အတွက် ဖိအားတွေ ရှိလာပြီဖြစ်ပါတယ်။

အဲဒီလို လုပ်ဖို့က ဖြစ်လာဖို့ ခဲယဉ်းပေမယ့်လည်း ၂၀၂၂ ခုနှစ် အစောပိုင်းလတွေမှာ နိုင်ငံတကာအဆင့်အောင်ပွဲနဲ့ လွဲချော်ခဲ့တဲ့ ထိပ်တန်းအဆင့် ကစားသမားတစ်ယောက်အတွက်တော့ အခွင့်အလမ်းတစ်ခုအဖြစ် ရှုမြင်ရမယ်ဆိုတာကတော့ သံသယဖြစ်စရာမရှိကြောင်း တင်ပြအပ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မိုဟာမက္ ဆာလားဟာ ၎ကိုယ္တိုင္ မယုံနိုင္ဖြယ္ သတ္မွတ္ထားတဲ့ စံႏႈန္းေၾကာင့္ ၂၀၂၂ ခုႏွစ္ကို အလြန္ခက္ခဲစြာ စတင္ခဲ့ရပါတယ္။

လီဗာပူးလ္တိုက္စစ္မႉးဟာ အီဂ်စ္အသင္းကို အာဖရိကဖလားဗိုလ္လုပြဲ ပို႔ေဆာင္ေပးၿပီး ၂၀၂၂ ခုႏွစ္ကို စတင္ခဲ့တာျဖစ္ေပမယ့္လည္း ၎ရဲ့နိုင္ငံအသင္းဟာ ဗိုလ္လုပြဲမွာ ဆီနီေဂါကို ပင္နယ္တီမွာ ၄-၂ နဲ႔ ရႈံးနိမ့္သြားခဲ့တာျဖစ္ပါတယ္။ ဆာလားရဲ့ လီဗာပူးလ္အသင္းေဖာ္ဟာ အဲဒီေန႔ညမွာ ဆီနီေဂါလက္ေရြးစင္အသင္းအတြက္ အာဖရိကသရဖူကို ဆြတ္ခူးေပးနိုင္ခဲ့တာေၾကာင့္ ေပ်ာ္ရႊင္ခဲ့ရၿပီး ၂၀၂၂ ကမၻာ့ဖလားဝင္ခြင့္တစ္ေနရာအတြက္ ရင္ဆိုင္ခဲ့ရာမွာလည္း ေနာက္ထပ္တစ္ႀကိမ္ ပင္နယ္တီ အဆုံးအျဖတ္နဲ႔ အီဂ်စ္ကို ျဖဳတ္ခ်နိုင္ခဲ့တာေၾကာင့္ ဝမ္းေျမာက္ေပ်ာ္ရႊင္ခဲ့မွာျဖစ္ပါတယ္။

ဆာလားဟာ ကလပ္အသင္းအဆင့္မွာ ကမၻာ့အဆင့္ ေျခစြမ္း ျပသေနခဲ့ေပမယ့္လည္း အေရးအႀကီးဆုံးျဖစ္တဲ့ နိုင္ငံအသင္းအတြက္ ေတာက္ပရမယ့္အခ်ိန္မွာ မထင္မွတ္ထားတဲ့ ကံဆိုးမိုးေမွာင္က်မႈေတြနဲ႔ ရင္ဆိုင္ခဲ့ရတာျဖစ္ပါတယ္။ အသက္ ၂၉ ႏွစ္အရြယ္ တိုက္စစ္မႉးဟာ ကမၻာ့ေဘာလုံးေလာကမွာ ထိပ္တန္းအဆင့္ ကစားသမားေတြကို ေပးအပ္တဲ့ ဆုႀကီးျဖစ္တဲ့ ၂၀၂၂ ခုႏွစ္ ဘလြန္ေဒါဆုအတြက္ အမွန္တကယ္ စိန္ေခၚဖို႔ ရည္မွန္းခ်က္ ထားရွိေနတာျဖစ္ၿပီး အီဂ်စ္ၾကယ္ပြင့္ဟာ အန္းဖီးမွာ ၅ ႏွစ္နီးပါးအတြင္း ပရီးမီးယားလိဂ္၊ ခ်န္ပီယံလိဂ္၊ ကာရာေဘာင္းဖလားနဲ႔ ကလပ္ကမၻာ့ဖလားတို႔ကို ဆြတ္ခူးနိုင္ခဲ့တာျဖစ္ပါတယ္။

မိုဟာမက္ ဆာလားဟာ လီဗာပူးလ္အသင္းအတြက္ ၁၅၃ ဂိုးအထိ သြင္းယူခဲ့ၿပီး PFA ရဲ့ တစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုအပါအဝင္ တစ္ဦးခ်င္း ဆုတံဆိပ္ေတြ အမ်ားအျပား ရရွိခဲ့တာျဖစ္ေပမယ့္လည္း ကမၻာ့ေဘာလုံးေလာကရဲ့ ထိပ္တန္းတစ္ဦးခ်င္းဆုကိုေတာ့ ရယူနိုင္ျခင္းမရွိေသးတာျဖစ္ပါတယ္။ ၂၀၂၁ ခုႏွစ္ ဘလြန္ေဒါဆုေပးပြဲမွာ ဆာလားဟာ အဆင့္ ၇ ေနရာမွာသာ ရပ္တည္နိုင္ခဲ့ၿပီး လီယြန္နယ္ မက္ဆီ၊ လီဗန္ေဒါ့ဗ္စကီးနဲ႔ ေဂ်ာ္ဂ်င္ညိဳတို႔က ထိပ္ဆုံး ၃ ေနရာမွာ အသီးသီး ရပ္တည္ခဲ့ၾကတာျဖစ္ပါတယ္။

ဆာလားအတြက္ လက္ရွိအခ်ိန္မွာေတာ့ ကလပ္အသင္းအဆင့္မွာ ေနာက္ထပ္ အဆင့္တစ္ဆင့္ တက္ဖို႔သာ အာ႐ုံစိုက္ရေတာ့မွာျဖစ္ၿပီး အီဂ်စ္တိုက္စစ္မႉးဟာ ယခုရာသီ သြင္းဂိုး ၂၈ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁၀ ႀကိမ္ျပဳလုပ္ထားတာေၾကာင့္ လီဗာပူးလ္ရဲ့ လႊမ္းမိုးနိုင္စြမ္းအရွိဆုံး ကစားသမားဆိုတာကိုေတာ့ သံသယျဖစ္စရာမရွိတာျဖစ္ပါတယ္။

လီဗာပူးလ္အသင္းဟာ အျခားသူေတြလိုမဟုတ္ဘဲ အလြန္ေကာင္းမြန္တဲ့ရာသီကို ျဖတ္သန္းေနရတာျဖစ္ၿပီး ယာဂန္ ကေလာ့ပ္ရဲ့အသင္းဟာ ဧၿပီလကို ဆုဖလား ၄ လုံး ရယူခ်င္စိတ္နဲ႔ ဝင္ေရာက္ဖို႔ ျပင္ဆင္ေနတာျဖစ္ပါတယ္။

ကာရာေဘာင္းဖလား ရရွိထားၿပီးျဖစ္တာေၾကာင့္ လီဗာပူးလ္အသင္းဟာ အက္ဖ္ေအ၊ ခ်န္ပီယံလိဂ္နဲ႔ ပရီးမီးယားလိဂ္တို႔မွာ ေအာင္ပြဲရရွိဖို႔ ျပင္ဆင္ေနတာျဖစ္ၿပီး တကယ္လို႔ မာေဆးဆိုဒ္အသင္းသာ ဒီလိုမ်ိဳး သမိုင္းဝင္ဆုဖလား ၄ လုံးတၿပိဳင္နက္ ဆြတ္ခူးနိုင္ခဲ့မယ္ဆိုရင္ေတာ့ ၂၀၂၂ ဘလြန္ေဒါဆုဟာ ဆာလားအတြက္ ေျပးလြတ္စရာအေၾကာင္း မရွိေတာ့မွာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အီဂ်စ္တိုက္စစ္မႉးဟာ အာဖရိကဖလားၿပိဳင္ပြဲနဲ႔ ကမၻာ့ဖလားဝင္ခြင့္တို႔မွာ မေတာက္ပနိုင္ခဲ့တာေၾကာင့္ ေဘာလုံးေလာကကို ၎အေနနဲ႔ ကာတာက ကမၻာ့အဆင့္ ၿပိဳင္ပြဲမပါဘဲ ကမၻာေပၚက အေကာင္းဆုံးကစားသမားဆိုတာကို ျပသဖို႔အတြက္ ဖိအားေတြ ရွိလာၿပီျဖစ္ပါတယ္။

အဲဒီလို လုပ္ဖို႔က ျဖစ္လာဖို႔ ခဲယဥ္းေပမယ့္လည္း ၂၀၂၂ ခုႏွစ္ အေစာပိုင္းလေတြမွာ နိုင္ငံတကာအဆင့္ေအာင္ပြဲနဲ႔ လြဲေခ်ာ္ခဲ့တဲ့ ထိပ္တန္းအဆင့္ ကစားသမားတစ္ေယာက္အတြက္ေတာ့ အခြင့္အလမ္းတစ္ခုအျဖစ္ ရႈျမင္ရမယ္ဆိုတာကေတာ့ သံသယျဖစ္စရာမရွိေၾကာင္း တင္ျပအပ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.