Ligue1

မက်ဆီရဲ့ ပေါင် ၇.၂၅ သန်းတန် မိုင်ယာမီက တိုက်ခန်းကြောင့် ယုံကြည်ချက်ရှိနေတဲ့ ဒေးဗစ် ဘက်ခမ်း

လီယွန်နယ် မက်ဆီဟာ လွန်ခဲ့တဲ့ ၆ လကမှ ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့ခဲ့တာဖြစ်ကောင်းဖြစ်နိုင်ပေမယ့် အာဂျင်တီးနားကြယ်ပွင့်ဟာ သိပ်မကြာခင်အချိန်အတွင်း ၎င်းရဲ့ ကစားသမားဘဝအဆုံးသတ်အတွက် အတ္တလန်းတစ်ကို ဖြတ်ပြီး ပြန်သွားဖွယ်ရှိနေပါတယ်။

အသက် ၃၄ နှစ်အရွယ်တိုက်စစ်မှူးဟာ ဒေးဗစ် ဘက်ခမ်းရဲ့ အင်တာမိုင်ယာမီအသင်းကို ပြောင်းရွှေ့ဖို့အတွက် သတင်းတွေ ထွက်ပေါ်နေခဲ့တာဖြစ်ပြီး သဘောတူညီမှု ရရှိဖို့အတွက် လုပ်စရာအလုပ်တွေအများကြီး ကျန်ရှိနေသေးတာဖြစ်ပေမယ့် မက်ဆီဟာ အိမ်တစ်အိမ်တောင် ပိုင်ဆိုင်ထားပြီးဖြစ်တာကြောင့် သဘောတူညီမှုရမယ့်ဘက်က အားသာနေတာဖြစ်ပါတယ်။

လီယွန်နယ် မက်ဆီဟာ ၂၀၂၃ ခုနှစ်အထိ ပဲရစ်မှာ ဆက်ရှိနေမှာဖြစ်ပေမယ့်လည်း ပြီးခဲ့တဲ့နှစ်မှာ ဘာစီလိုနာဂန္တဝင်က ပေါင် ၇.၂၅ သန်းတန် တိုက်ခန်းကို ဝယ်ယူခဲ့တယ်လို့ စပိန်ရေဒီယိုဌာန Cadena Ser ရဲ့သတင်းအရ သိရပါတယ်။

မက်ဆီရဲ့ တိုက်ခန်းဟာ မိုင်ယာမီကမ်းခြေမျက်နှာစာ Sunny Isles မှာ ရှိတဲ့ ပေါ်ရှေးဒီဇိုင်း ဇိမ်ခံတာဝါရဲ့ တစ်စိတ်တပိုင်းဖြစ်ပြီး ဒီတာဝါမှာ ပတ်ဝန်းကျင်က ရှုခင်းတွေကို ပတ်ပတ်လည်ကြည့်ရှုနိုင်မယ့်အပြင် နေထိုင်သူတွေဟာ ၎င်းတို့ရဲ့ တိုက်ခန်းနဲ့ ကြမ်းတစ်ပြေးတည်း ကားကို ပါကင်ထိုးနိုင်မယ့် ကားတင် ဓာတ်လှေကား ၃ စင်းလည်း ပါဝင်တာကြောင့် ဂျာမန်စူပါကားထုတ်လုပ်သူရဲ့နာမည်ကို ပေးထားတာ မဆန်းတော့ပါဘူး။

မက်ဆီဟာ ၎င်းရဲ့ သား ၃ ဦးဖြစ်တဲ့ သီယေဂို၊ မက်တီအို၊ စီရိုတို့ ၃ ဦးကို အင်္ဂလိပ်စကား ကျွမ်းကျင်လာအောင် အမေရိကားမှာ ကျောင်းထားချင်တာကြောင့် အင်တာမိုင်ယာမီအသင်းဟာ ဘလွန်ဒေါ ၇ ဆုရှင်ကို သိပ်မကြာမီကာလအတွင်း ခေါ်ယူနိုင်ဖို့ အကောင်းမြင်နေတာဖြစ်ပါတယ်။

မေဂျာလိဂ်ဟာ ၎င်းတို့ရဲ့ တိုတောင်းတဲ့ သမိုင်းကြောင်းတလျှောက် ဥရောပကြယ်ပွင့်အများအပြားကို ခေါ်ယူနိုင်ခဲ့ပြီးဖြစ်ပြီး ဟီဂူအင်၊ မတွီဒီတို့ကလည်း ၂၀၂၀ ခုနှစ်မှာ ဒေးဗစ် ဘက်ခမ်းရဲ့ အသင်းကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ ပြင်သစ်ဝါရင့်တိုက်စစ်မှူး အိုလီဗီယေး ဂျီရူးကိုလည်း မိုင်ယာမီကို ပြောင်းရွှေ့ချင်လာအောင် ကြိုးပမ်းတဲ့အနေနဲ့ ပေါ်ရှေးဒီဇိုင်းတာဝါမှာ တိုက်ခန်းဝယ်ပေးဖို့ ကမ်းလှမ်းခဲ့ပေမယ့်လည်း နောက်ဆုံးမှာတော့ ပြင်သစ်တိုက်စစ်မှူးက အေစီမီလန်ကိုပဲ ပြောင်းရွှေ့ဖို့ ရွေးချယ်သွားခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီ အရှေ့ပိုင်းကွန်းဖရင့်ဇုန်ပြိုင်ပွဲမှာ အဆင့် ၁၁ နေရာမှာ ပြီးဆုံးခဲ့တဲ့ အင်တာမိုင်ယာမီအသင်းအတွက် ဒေးဗစ် ဘက်ခမ်းဟာ ၎င်းရဲ့လုပ်ဖော်ကိုင်ဖက် အသင်းတာဝန်ရှိသူတွေကို ပီအက်စ်ဂျီတိုက်စစ်မှူးကို ခေါ်ယူဖို့နဲ့ပတ်သက်ပြီး ပြောဆိုမှုတွေ ပြုလုပ်ခဲ့တာကြာပြီဖြစ်ပြီး ၎င်းတို့ရဲ့ ပထမဆုံးအကြိမ် စစ်မှန်တဲ့ စူပါစတား ကစားသမားခေါ်ယူမှုအဖြစ် ပြုလုပ်နိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။

လက်ရှိ အင်တာ မိုင်ယာမီအသင်းရဲ့ ပူးတွဲပိုင်ရှင်ဖြစ်တဲ့ ဂျော့ဂျ် မတ်စ်က “လီယို မက်ဆီက ကမ္ဘာပေါ်က အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်နေဆဲဖြစ်ပြီး သူ့ရဲ့ စွမ်းရည်တွေက လျော့မသွားပါဘူး။ ဒေးဗစ် ဘက်ခမ်းက သူနဲ့ ဆက်ဆံရေးရှိတယ်လို့ ကျွန်တော် ထင်တယ်။ သူသာ ပီအက်စ်ဂျီကို စွန့်ခွာခဲ့ရင် အဲဒီအချိန်မှာ သူ့ကို ကျွန်တော်တို့ အင်တာမိုင်ယာမီကစားသမားအဖြစ်နဲ့ မြင်တွေ့ချင်ပါတယ်”

“အဲဒါက ဖြစ်နိုင်လားဆိုရင် ဒီမှာ ကျွန်တော်တို့ တွန်းအားပေးလုပ်ဆောင်သွားမှာပါ။ ကျွန်တော်က နှလုံးသားထဲကနေ အကောင်းမြင်တတ်တဲ့သူပါ။ ကျွန်တော် အဲဒီအပြောင်းအရွှေ့ဖြစ်လာတာ မြင်နိုင်ခြေရှိလားဆိုရင် အဲဒါက ဖြစ်နိုင်ခြေရှိပါတယ်”လို့ ပြောကြားခဲ့ပါတယ်။ ဘက်ခမ်းဟာ မတ်စ်ရဲ့ ခန့်မှန်းပြောဆိုမှုကို သဘောတူညီခဲ့ပြီး ကြယ်ပွင့်တိုက်စစ်မှူးကို ခေါ်ယူနိုင်ဖို့အတွက် အာရုံစိုက်လုပ်ဆောင်သွားချင်နေတာဖြစ်ပါတယ်။

“ကျွန်တော်တို့ရဲ့အသင်းမှာ ကျွန်တော်တို့ရဲ့ရှပ်ကို ဝတ်ပြီး ကစားပေးမယ့် အကောင်းဆုံးကစားသမားတွေ လိုချင်တယ်လို့ ကျွန်တော် အမြဲတမ်းပြောခဲ့တယ်။ဘာလို့လဲဆိုတော့ သတ်မှတ်ထားတဲ့ မျှော်မှန်းချက် ရှိနေလို့ပါ။ ကံဆိုးစွာနဲ့ တစ်ခါတလေ အဲဒါက ဆိုးရွားတဲ့အရာဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အချိန်အများစုမှာတော့ အဲဒါက ကောင်းတဲ့အရာဖြစ်နေပါတယ်။ ကျွန်တော် ဒီစီမံကိန်းကို စတင်ခဲ့တဲ့အချိန်မှာ လူတွေက “ဒီလူ လာတော့မယ်။ ဟိုလူလာတော့မယ်။ ရော်နယ်လ်ဒို လာတော့မယ်။ မက်ဆီ လာတော့မယ်နဲ့ ပြောကြတယ်။ အဆုံးမှာတော့ ကျွန်တော်တို့ ငယ်ရွယ်သေးတဲ့ ကလေးတွေ ဒါမှမဟုတ် လူငယ်ကြယ်ပွင့်လေးတွေနဲ့ ကစားရတာဖြစ်စေ အနိုင်ရဖို့ပဲ လိုအပ်ပါတယ်”

“ကျွန်တော်တို့ ပရိသတ်တွေက အသင်းမှာ ကြယ်ပွင့်ကစားသမားတွေရှိရင် ပျော်ရွှင်ကြမှာပါ။ ဒါပေမယ့် သူတို့တွေ ကျွန်တော်တို့ရဲ့ အကယ်ဒမီကနေ တဆင့် လူငယ်ကစားသမားတွေ ထွက်ပေါ်လာပြီး မေဂျာလိဂ်ဖလားကို ကိုင်မြှောက်တာကို မြင်ရမယ်ဆိုရင် ပိုပြီးတော့တောင် ပျော်ရွှင်ပါလိမ့်မယ်”လို့ ဘက်ခမ်းက ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်တုန်းက ဘာစီလိုနာအသင်းအတွက် ကစားပေးနေစဉ်အချိန်အတွင်း စပိန်တီဗွီဌာန La Sexta နဲ့ စကားပြောဆိုရာမှာ လီယွန်နယ် မက်ဆီက “ကျွန်တော့်ရဲ့အစီအစဉ်က အခုအချိန်မှာ အသင်းအတွက် ပေးနိုင်တာအားလုံးပေးသွားဖို့ပါပဲ။ ကျွန်တော် ယူအက်စ်မှာ ကစားချင်ပြီး အဲဒီက ဘဝနဲ့ လိဂ်အတွေ့အကြုံကို လိုချင်ပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ ဘာစီလိုနာကို ပြန်လာပြီး လုပ်နိုင်တာ လုပ်သွားမှာပါ။ အချိန်တိုအတွင်း ကျွန်တော် ကြိုပြီး အများကြီး မတွေးချင်ပါဘူး။ ရာသီ ဘယ်လိုပြီးသွားမလဲဆိုတာကိုပဲ ကြည့်ချင်ပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နွေရာသီမှာ နူးကမ့်ကနေ အံ့အားသင့်ဖွယ် ထွက်ခွာခဲ့တဲ့အတိုင်းပဲ ဘောလုံးမှာ အချိန်တိုအတွင်း အများကြီး ပြောင်းလဲသွားနိုင်တာကြောင့် လက္ခဏာအားလုံးက ၂၀၂၃ ခုနှစ်မှာ ဒေးဗစ် ဘက်ခမ်းရဲ့ အင်တာ မိုင်ယာမီကို ပြောင်းရွှေ့နိုင်ခြေရှိတယ်လို့ ညွှန်ပြနေတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:လီယြန္နယ္ မက္ဆီဟာ လြန္ခဲ့တဲ့ ၆ လကမွ ပီအက္စ္ဂ်ီအသင္းကို ေျပာင္းေရႊ႕ခဲ့တာျဖစ္ေကာင္းျဖစ္နိုင္ေပမယ့္ အာဂ်င္တီးနားၾကယ္ပြင့္ဟာ သိပ္မၾကာခင္အခ်ိန္အတြင္း ၎ရဲ့ ကစားသမားဘဝအဆုံးသတ္အတြက္ အတၱလန္းတစ္ကို ျဖတ္ၿပီး ျပန္သြားဖြယ္ရွိေနပါတယ္။

အသက္ ၃၄ ႏွစ္အရြယ္တိုက္စစ္မႉးဟာ ေဒးဗစ္ ဘက္ခမ္းရဲ့ အင္တာမိုင္ယာမီအသင္းကို ေျပာင္းေရႊ႕ဖို႔အတြက္ သတင္းေတြ ထြက္ေပၚေနခဲ့တာျဖစ္ၿပီး သေဘာတူညီမႈ ရရွိဖို႔အတြက္ လုပ္စရာအလုပ္ေတြအမ်ားႀကီး က်န္ရွိေနေသးတာျဖစ္ေပမယ့္ မက္ဆီဟာ အိမ္တစ္အိမ္ေတာင္ ပိုင္ဆိုင္ထားၿပီးျဖစ္တာေၾကာင့္ သေဘာတူညီမႈရမယ့္ဘက္က အားသာေနတာျဖစ္ပါတယ္။

လီယြန္နယ္ မက္ဆီဟာ ၂၀၂၃ ခုႏွစ္အထိ ပဲရစ္မွာ ဆက္ရွိေနမွာျဖစ္ေပမယ့္လည္း ၿပီးခဲ့တဲ့ႏွစ္မွာ ဘာစီလိုနာဂႏၲဝင္က ေပါင္ ၇.၂၅ သန္းတန္ တိုက္ခန္းကို ဝယ္ယူခဲ့တယ္လို႔ စပိန္ေရဒီယိုဌာန Cadena Ser ရဲ့သတင္းအရ သိရပါတယ္။

မက္ဆီရဲ့ တိုက္ခန္းဟာ မိုင္ယာမီကမ္းေျခမ်က္ႏွာစာ Sunny Isles မွာ ရွိတဲ့ ေပၚေရွးဒီဇိုင္း ဇိမ္ခံတာဝါရဲ့ တစ္စိတ္တပိုင္းျဖစ္ၿပီး ဒီတာဝါမွာ ပတ္ဝန္းက်င္က ရႈခင္းေတြကို ပတ္ပတ္လည္ၾကည့္ရႈနိုင္မယ့္အျပင္ ေနထိုင္သူေတြဟာ ၎တို႔ရဲ့ တိုက္ခန္းနဲ႔ ၾကမ္းတစ္ေျပးတည္း ကားကို ပါကင္ထိုးနိုင္မယ့္ ကားတင္ ဓာတ္ေလွကား ၃ စင္းလည္း ပါဝင္တာေၾကာင့္ ဂ်ာမန္စူပါကားထုတ္လုပ္သူရဲ့နာမည္ကို ေပးထားတာ မဆန္းေတာ့ပါဘူး။

မက္ဆီဟာ ၎ရဲ့ သား ၃ ဦးျဖစ္တဲ့ သီေယဂို၊ မက္တီအို၊ စီရိုတို႔ ၃ ဦးကို အဂၤလိပ္စကား ကၽြမ္းက်င္လာေအာင္ အေမရိကားမွာ ေက်ာင္းထားခ်င္တာေၾကာင့္ အင္တာမိုင္ယာမီအသင္းဟာ ဘလြန္ေဒါ ၇ ဆုရွင္ကို သိပ္မၾကာမီကာလအတြင္း ေခၚယူနိုင္ဖို႔ အေကာင္းျမင္ေနတာျဖစ္ပါတယ္။

ေမဂ်ာလိဂ္ဟာ ၎တို႔ရဲ့ တိုေတာင္းတဲ့ သမိုင္းေၾကာင္းတေလၽွာက္ ဥေရာပၾကယ္ပြင့္အမ်ားအျပားကို ေခၚယူနိုင္ခဲ့ၿပီးျဖစ္ၿပီး ဟီဂူအင္၊ မတြီဒီတို႔ကလည္း ၂၀၂၀ ခုႏွစ္မွာ ေဒးဗစ္ ဘက္ခမ္းရဲ့ အသင္းကို ေျပာင္းေရႊ႕ခဲ့တာျဖစ္ပါတယ္။ ျပင္သစ္ဝါရင့္တိုက္စစ္မႉး အိုလီဗီေယး ဂ်ီ႐ူးကိုလည္း မိုင္ယာမီကို ေျပာင္းေရႊ႕ခ်င္လာေအာင္ ႀကိဳးပမ္းတဲ့အေနနဲ႔ ေပၚေရွးဒီဇိုင္းတာဝါမွာ တိုက္ခန္းဝယ္ေပးဖို႔ ကမ္းလွမ္းခဲ့ေပမယ့္လည္း ေနာက္ဆုံးမွာေတာ့ ျပင္သစ္တိုက္စစ္မႉးက ေအစီမီလန္ကိုပဲ ေျပာင္းေရႊ႕ဖို႔ ေရြးခ်ယ္သြားခဲ့တာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ရာသီ အေရွ႕ပိုင္းကြန္းဖရင့္ဇုန္ၿပိဳင္ပြဲမွာ အဆင့္ ၁၁ ေနရာမွာ ၿပီးဆုံးခဲ့တဲ့ အင္တာမိုင္ယာမီအသင္းအတြက္ ေဒးဗစ္ ဘက္ခမ္းဟာ ၎ရဲ့လုပ္ေဖာ္ကိုင္ဖက္ အသင္းတာဝန္ရွိသူေတြကို ပီအက္စ္ဂ်ီတိုက္စစ္မႉးကို ေခၚယူဖို႔နဲ႔ပတ္သက္ၿပီး ေျပာဆိုမႈေတြ ျပဳလုပ္ခဲ့တာၾကာၿပီျဖစ္ၿပီး ၎တို႔ရဲ့ ပထမဆုံးအႀကိမ္ စစ္မွန္တဲ့ စူပါစတား ကစားသမားေခၚယူမႈအျဖစ္ ျပဳလုပ္နိုင္ဖို႔ ေမၽွာ္လင့္ေနတာ ျဖစ္ပါတယ္။

လက္ရွိ အင္တာ မိုင္ယာမီအသင္းရဲ့ ပူးတြဲပိုင္ရွင္ျဖစ္တဲ့ ေဂ်ာ့ဂ်္ မတ္စ္က “လီယို မက္ဆီက ကမၻာေပၚက အေကာင္းဆုံးကစားသမားေတြထဲက တစ္ဦးျဖစ္ေနဆဲျဖစ္ၿပီး သူ႔ရဲ့ စြမ္းရည္ေတြက ေလ်ာ့မသြားပါဘူး။ ေဒးဗစ္ ဘက္ခမ္းက သူနဲ႔ ဆက္ဆံေရးရွိတယ္လို႔ ကၽြန္ေတာ္ ထင္တယ္။ သူသာ ပီအက္စ္ဂ်ီကို စြန႔္ခြာခဲ့ရင္ အဲဒီအခ်ိန္မွာ သူ႔ကို ကၽြန္ေတာ္တို႔ အင္တာမိုင္ယာမီကစားသမားအျဖစ္နဲ႔ ျမင္ေတြ႕ခ်င္ပါတယ္”

“အဲဒါက ျဖစ္နိုင္လားဆိုရင္ ဒီမွာ ကၽြန္ေတာ္တို႔ တြန္းအားေပးလုပ္ေဆာင္သြားမွာပါ။ ကၽြန္ေတာ္က ႏွလုံးသားထဲကေန အေကာင္းျမင္တတ္တဲ့သူပါ။ ကၽြန္ေတာ္ အဲဒီအေျပာင္းအေရႊ႕ျဖစ္လာတာ ျမင္နိုင္ေျခရွိလားဆိုရင္ အဲဒါက ျဖစ္နိုင္ေျခရွိပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။ ဘက္ခမ္းဟာ မတ္စ္ရဲ့ ခန႔္မွန္းေျပာဆိုမႈကို သေဘာတူညီခဲ့ၿပီး ၾကယ္ပြင့္တိုက္စစ္မႉးကို ေခၚယူနိုင္ဖို႔အတြက္ အာ႐ုံစိုက္လုပ္ေဆာင္သြားခ်င္ေနတာျဖစ္ပါတယ္။

“ကၽြန္ေတာ္တို႔ရဲ့အသင္းမွာ ကၽြန္ေတာ္တို႔ရဲ့ရွပ္ကို ဝတ္ၿပီး ကစားေပးမယ့္ အေကာင္းဆုံးကစားသမားေတြ လိုခ်င္တယ္လို႔ ကၽြန္ေတာ္ အျမဲတမ္းေျပာခဲ့တယ္။ဘာလို႔လဲဆိုေတာ့ သတ္မွတ္ထားတဲ့ ေမၽွာ္မွန္းခ်က္ ရွိေနလို႔ပါ။ ကံဆိုးစြာနဲ႔ တစ္ခါတေလ အဲဒါက ဆိုးရြားတဲ့အရာျဖစ္နိုင္ပါတယ္။ ဒါေပမယ့္ အခ်ိန္အမ်ားစုမွာေတာ့ အဲဒါက ေကာင္းတဲ့အရာျဖစ္ေနပါတယ္။ ကၽြန္ေတာ္ ဒီစီမံကိန္းကို စတင္ခဲ့တဲ့အခ်ိန္မွာ လူေတြက “ဒီလူ လာေတာ့မယ္။ ဟိုလူလာေတာ့မယ္။ ေရာ္နယ္လ္ဒို လာေတာ့မယ္။ မက္ဆီ လာေတာ့မယ္နဲ႔ ေျပာၾကတယ္။ အဆုံးမွာေတာ့ ကၽြန္ေတာ္တို႔ ငယ္ရြယ္ေသးတဲ့ ကေလးေတြ ဒါမွမဟုတ္ လူငယ္ၾကယ္ပြင့္ေလးေတြနဲ႔ ကစားရတာျဖစ္ေစ အနိုင္ရဖို႔ပဲ လိုအပ္ပါတယ္”

“ကၽြန္ေတာ္တို႔ ပရိသတ္ေတြက အသင္းမွာ ၾကယ္ပြင့္ကစားသမားေတြရွိရင္ ေပ်ာ္ရႊင္ၾကမွာပါ။ ဒါေပမယ့္ သူတို႔ေတြ ကၽြန္ေတာ္တို႔ရဲ့ အကယ္ဒမီကေန တဆင့္ လူငယ္ကစားသမားေတြ ထြက္ေပၚလာၿပီး ေမဂ်ာလိဂ္ဖလားကို ကိုင္ေျမႇာက္တာကို ျမင္ရမယ္ဆိုရင္ ပိုၿပီးေတာ့ေတာင္ ေပ်ာ္ရႊင္ပါလိမ့္မယ္”လို႔ ဘက္ခမ္းက ေျပာၾကားခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ၂၀၂၀ ခုႏွစ္တုန္းက ဘာစီလိုနာအသင္းအတြက္ ကစားေပးေနစဥ္အခ်ိန္အတြင္း စပိန္တီဗြီဌာန La Sexta နဲ႔ စကားေျပာဆိုရာမွာ လီယြန္နယ္ မက္ဆီက “ကၽြန္ေတာ့္ရဲ့အစီအစဥ္က အခုအခ်ိန္မွာ အသင္းအတြက္ ေပးနိုင္တာအားလုံးေပးသြားဖို႔ပါပဲ။ ကၽြန္ေတာ္ ယူအက္စ္မွာ ကစားခ်င္ၿပီး အဲဒီက ဘဝနဲ႔ လိဂ္အေတြ႕အၾကဳံကို လိုခ်င္ပါတယ္။ ဒါေပမယ့္ ေနာက္ဆုံးမွာေတာ့ ဘာစီလိုနာကို ျပန္လာၿပီး လုပ္နိုင္တာ လုပ္သြားမွာပါ။ အခ်ိန္တိုအတြင္း ကၽြန္ေတာ္ ႀကိဳၿပီး အမ်ားႀကီး မေတြးခ်င္ပါဘူး။ ရာသီ ဘယ္လိုၿပီးသြားမလဲဆိုတာကိုပဲ ၾကည့္ခ်င္ပါတယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ေႏြရာသီမွာ ႏူးကမ့္ကေန အံ့အားသင့္ဖြယ္ ထြက္ခြာခဲ့တဲ့အတိုင္းပဲ ေဘာလုံးမွာ အခ်ိန္တိုအတြင္း အမ်ားႀကီး ေျပာင္းလဲသြားနိုင္တာေၾကာင့္ လကၡဏာအားလုံးက ၂၀၂၃ ခုႏွစ္မွာ ေဒးဗစ္ ဘက္ခမ္းရဲ့ အင္တာ မိုင္ယာမီကို ေျပာင္းေရႊ႕နိုင္ေျခရွိတယ္လို႔ ညႊန္ျပေနတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.