La Liga

ကိုပါဒယ်ရေးက ပြုတ်ခဲ့တဲ့ပွဲက ဟာဇက်ရဲ့ကြောင်တောင်တောင်အဖြစ်ကို ကြည့်ပြီး ထိုင်ခွီခဲ့တဲ့ ဘေးလ်

ဝေးလ်တောင်ပံကစားသမား ဂါရတ် ဘေးလ်ဟာ ကြာသပတေးနေ့က ကိုပါဒယ်ရေးဖလား ကွာတားဖိုင်နယ်အဆင့်ပွဲစဉ်အဖြစ် အက်သလက်တစ် ဘီလ်ဘာအိုနဲ့ ကစားခဲ့တဲ့ပွဲစဉ်အတွင်း လူစားဝင်ကစားဖို့ သွေးပူလေ့ကျင့်ရေးလုပ်ပြီးမှ အရန်ခုံမှာ ပြန်ထိုင်ဖို့ ညွှန်ကြားခြင်းခံခဲ့ရတဲ့ အီဒင် ဟာဇက်ရဲ့အဖြစ်ကို ဝါးလုံးကွဲ ရယ်မောခဲ့ပါတယ်။

ဘေးလ်နဲ့ ဟာဇက်တို့ ၂ ဦးစလုံးဟာ အက်သလက်တစ် ဘီလ်ဘာအိုကို ၁-၀ နဲ့ ရှုံးနိမ့်ပြီး ကိုပါဒယ်ရေးဖလားပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတဲ့ပွဲစဉ်အတွင်း မိနစ် ၉၀ စလုံး အရန်ခုံပေါ်မှာသာ ထိုင်နေခဲ့ရတဲ့ ကစားသမားတွေ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ အဲလက်စ် ဘယ်ရန်ဂီရဲ့ ၈၉ မိနစ်မှာ သွင်းယူသွားတဲ့ နောက်ကျအနိုင်ဂိုးကြောင့် ကိုပါဒယ်ရေးကွာတားအဆင့်ကနေ လှည့်ပြန်ခဲ့ရတာဖြစ်ပြီး ရီးရဲလ်နည်းပြ အန်ဆယ်လော့တီဟာ မိနစ် ၆၀ မှာ အစ္စကို အစား ဗင်နစ်ရှပ် ဂျူနီယာ၊ ၇၆ မိနစ်မှာ တိုနီ ခရူးစ်အစား ကမာဗင်ဂါတို့ကို လူစားလဲလှယ်မှု ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ယခုရာသီ ရီးရဲလ်မက်ဒရစ်အသင်းအတွက် ၁၈ ပွဲ ပါဝင်ကစားပေးထားရာမှာ သွင်းဂိုး ၁ ဂိုးနဲ့ ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်ထားတဲ့ ဟာဇက်ဟာ လူစားဝင်ကစားဖို့ သွေးပူလေ့ကျင့်ခန်း အမှန်အကန်ဆင်းပြီးမှ အရန်ခုံ ပြန်သွားထိုင်ဖို့အတွက် ပြောကြားခြင်းခံခဲ့ရတာဖြစ်ပါတယ်။

ဘယ်လို အကြောင်းအရင်းကြောင့်ပဲ ဖြစ်ဖြစ် ဟာဇက်ရဲ့ အဖြစ်အပျက်ဟာ အရန်ခုံမှာ ထိုင်နေခဲ့တဲ့ ဘေးလ်အတွက် တော်တော်လေး ရယ်ချင်စရာဖြစ်ခဲ့ပြီး ဘယ်လ်ဂျီယံလက်ရွေးစင်ကြယ်ပွင့်ရဲ့အဖြစ်ကို ကြည့်ရင်း အားရပါးရ ရယ်မောနေခဲ့တာကို မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။

“အဲဒါက သရော်လှောင်ပြောင်မှု၊ မယုံကြည်မှု ဒါမှမဟုတ် လုံးဝကို မသက်ဆိုင်တဲ့ တစ်စုံတရာပဲဖြစ်ဖြစ် ဘယ်သူ သိနိုင်မလဲ။ ဒါပေမယ့် အနည်းဆုံးတော့ ဝေးလ်ကစားသမားကတော့ သူ့ရဲ့အခြေအနေနဲ့သူ ပြုံးရယ်နေပါတယ်”လို့ Football Espana ကလောင်ရှင် ဂျေမီ ကမ်းဘဲလ်က ရေးသားခဲ့ပါတယ်။

ဒီဖြစ်ရပ်ဟာ စပိန်တီဗွီရှိုး El Chiringuito ရဲ့ ရုပ်သံထုတ်လွှင့်မှုအတွက် ရိုက်ကူးနေတဲ့ ကင်မရာမှာ ရိုက်ကူးမိခဲ့တာဖြစ်ပြီး အီဒင် ဟာဇက်ဟာ နာရီဝက်လောက် သွေးပူလေ့ကျင့်ခန်းဆင်းပြီးမှ အရန်ခုံပြန်ထိုင်းခိုင်းခံရတဲ့ အဖြစ်ကြောင့် ရယ်ရခက်၊ ငိုရခက် မျက်နှာနဲ့ ဖြစ်နေတာကို ဘေးလ်က ကြည့်ပြီး မထိန်းနိုင်ဘဲ ရယ်မောခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ေဝးလ္ေတာင္ပံကစားသမား ဂါရတ္ ေဘးလ္ဟာ ၾကာသပေတးေန႔က ကိုပါဒယ္ေရးဖလား ကြာတားဖိုင္နယ္အဆင့္ပြဲစဥ္အျဖစ္ အက္သလက္တစ္ ဘီလ္ဘာအိုနဲ႔ ကစားခဲ့တဲ့ပြဲစဥ္အတြင္း လူစားဝင္ကစားဖို႔ ေသြးပူေလ့က်င့္ေရးလုပ္ၿပီးမွ အရန္ခုံမွာ ျပန္ထိုင္ဖို႔ ညႊန္ၾကားျခင္းခံခဲ့ရတဲ့ အီဒင္ ဟာဇက္ရဲ့အျဖစ္ကို ဝါးလုံးကြဲ ရယ္ေမာခဲ့ပါတယ္။

ေဘးလ္နဲ႔ ဟာဇက္တို႔ ၂ ဦးစလုံးဟာ အက္သလက္တစ္ ဘီလ္ဘာအိုကို ၁-၀ နဲ႔ ရႈံးနိမ့္ၿပီး ကိုပါဒယ္ေရးဖလားၿပိဳင္ပြဲကေန ထြက္ခြာခဲ့ရတဲ့ပြဲစဥ္အတြင္း မိနစ္ ၉၀ စလုံး အရန္ခုံေပၚမွာသာ ထိုင္ေနခဲ့ရတဲ့ ကစားသမားေတြ ျဖစ္ပါတယ္။ ရီးရဲလ္မက္ဒရစ္အသင္းဟာ အဲလက္စ္ ဘယ္ရန္ဂီရဲ့ ၈၉ မိနစ္မွာ သြင္းယူသြားတဲ့ ေနာက္က်အနိုင္ဂိုးေၾကာင့္ ကိုပါဒယ္ေရးကြာတားအဆင့္ကေန လွည့္ျပန္ခဲ့ရတာျဖစ္ၿပီး ရီးရဲလ္နည္းၿပ အန္ဆယ္ေလာ့တီဟာ မိနစ္ ၆၀ မွာ အစၥကို အစား ဗင္နစ္ရွပ္ ဂ်ဴနီယာ၊ ၇၆ မိနစ္မွာ တိုနီ ခ႐ူးစ္အစား ကမာဗင္ဂါတို႔ကို လူစားလဲလွယ္မႈ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

ယခုရာသီ ရီးရဲလ္မက္ဒရစ္အသင္းအတြက္ ၁၈ ပြဲ ပါဝင္ကစားေပးထားရာမွာ သြင္းဂိုး ၁ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၂ ႀကိမ္ ျပဳလုပ္ထားတဲ့ ဟာဇက္ဟာ လူစားဝင္ကစားဖို႔ ေသြးပူေလ့က်င့္ခန္း အမွန္အကန္ဆင္းၿပီးမွ အရန္ခုံ ျပန္သြားထိုင္ဖို႔အတြက္ ေျပာၾကားျခင္းခံခဲ့ရတာျဖစ္ပါတယ္။

ဘယ္လို အေၾကာင္းအရင္းေၾကာင့္ပဲ ျဖစ္ျဖစ္ ဟာဇက္ရဲ့ အျဖစ္အပ်က္ဟာ အရန္ခုံမွာ ထိုင္ေနခဲ့တဲ့ ေဘးလ္အတြက္ ေတာ္ေတာ္ေလး ရယ္ခ်င္စရာျဖစ္ခဲ့ၿပီး ဘယ္လ္ဂ်ီယံလက္ေရြးစင္ၾကယ္ပြင့္ရဲ့အျဖစ္ကို ၾကည့္ရင္း အားရပါးရ ရယ္ေမာေနခဲ့တာကို ျမင္ေတြ႕ခဲ့ရတာျဖစ္ပါတယ္။

“အဲဒါက သေရာ္ေလွာင္ေျပာင္မႈ၊ မယုံၾကည္မႈ ဒါမွမဟုတ္ လုံးဝကို မသက္ဆိုင္တဲ့ တစ္စုံတရာပဲျဖစ္ျဖစ္ ဘယ္သူ သိနိုင္မလဲ။ ဒါေပမယ့္ အနည္းဆုံးေတာ့ ေဝးလ္ကစားသမားကေတာ့ သူ႔ရဲ့အေျခအေနနဲ႔သူ ျပဳံးရယ္ေနပါတယ္”လို႔ Football Espana ကေလာင္ရွင္ ေဂ်မီ ကမ္းဘဲလ္က ေရးသားခဲ့ပါတယ္။

ဒီျဖစ္ရပ္ဟာ စပိန္တီဗြီရွိုး El Chiringuito ရဲ့ ႐ုပ္သံထုတ္လႊင့္မႈအတြက္ ရိုက္ကူးေနတဲ့ ကင္မရာမွာ ရိုက္ကူးမိခဲ့တာျဖစ္ၿပီး အီဒင္ ဟာဇက္ဟာ နာရီဝက္ေလာက္ ေသြးပူေလ့က်င့္ခန္းဆင္းၿပီးမွ အရန္ခုံျပန္ထိုင္းခိုင္းခံရတဲ့ အျဖစ္ေၾကာင့္ ရယ္ရခက္၊ ငိုရခက္ မ်က္ႏွာနဲ႔ ျဖစ္ေနတာကို ေဘးလ္က ၾကည့္ၿပီး မထိန္းနိုင္ဘဲ ရယ္ေမာခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.