International Match Report

ဆီမီးဖိုင်နယ်ဆီ ခြေထပ်လှမ်းတဲ့ အိမ်ရှင် ကင်းမရွန်းနဲ့ ဘာကီနာဖာဆိုတို့ရဲ့ အာဖရိကဖလား

ပြီးခဲ့တဲ့ စနေနေ့ညက ကျင်းပခဲ့ကြတဲ့ ၂၀၂၁ အာဖရိကဖလားပွဲစဉ်တွေမှာတော့ နာမည်ကြီး အိမ်ရှင် ကင်းမရွန်းနဲ့ စုဖွဲ့မှုအားကောင်းတဲ့ ဘာကီနာ ဖာဆိုတို့ ပြိုင်ဘက်တွေဖြစ်ကြတဲ့ ဂမ်ဘီယာနဲ့ တူနီးရှားတို့ကို အသီးသီး ဖြတ်ကျော်ပြီး ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်အဆင့်ကနေ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်သွားနိုင်ခဲ့ကြပြီး အမှားအယွင်းမရှိ ရှေ့ဆက်လှမ်းနိုင်ခဲ့ကြပါတယ်။

ကင်းမရွန်းတို့အနေနဲ့ ဒီနေ့မှာ ဂမ်ဘီယာကို ကျော်ဖြတ်ပြီး နောက်တစ်ဆင့် ဆက်တက်နိုင်ဖို့ ဂိုးသမား အိုနာနာ၊ ကွင်းလယ်လူ ဇမ်ဘို အွန်ဂီးဆာ၊ တိုက်စစ်မှူး တိုကို အီကမ်ဘီနဲ့ အသင်းခေါင်းဆောင် ဂိုးသွင်းဘုရင် အဘူဘေကာတို့လို နာမည်ကြီးကစားသမားတွေကို အခြေခံသုံးစွဲခဲ့ပြီး ဝါရင့်တိုက်စစ်မှူး ချူပိုမိုတင်းကိုတော့ အရန်ခုံမှာပဲ ထားခဲ့တာပါ။

ဒီနေ့ပွဲမှာ ဂမ်ဘီယာတို့အနေနဲ့ ခံစစ်သာ ကစားနိုင်ခဲ့ပြီး ကင်းမရွန်းတို့ကတော့ တောင်ပံတွေကနေ ဖြတ်တင်ဘောတွေကို မကြာခဏ ပြုလုပ်နေပေမယ့် ရိုးရှင်းလွန်းတဲ့ ဗျူဟာက တစ်ဖက်အသင်းကို မကျော်နိုင်ခဲ့သလို တိုက်စစ်မှူး အဘူဘေကာရဲ့ အနီးကပ်အနေအထားက နောက်ပေါက်နဲ့ ပိတ်သွင်းမှု လွဲချော်ခဲ့သလို နောက်တစ်ကြိမ် ခေါင်းတိုက်ချက်ကိုလည်း ဂိုးသမား ဂါယေး ပိတ်ဆို့သွားခဲ့လို့ ပထမပိုင်းက ဂိုးမရှိသရေပဲဖြစ်နေခဲ့ပါတယ်။

ဒုတိယပိုင်းပြန်စပြီး ပွဲချိန် မိနစ် ၅၀ မှာတော့ ကင်းမရွန်းတို့ရဲ့ ဖြတ်တင်ဘောတွေကို ရှင်းထုတ်ဖို့ တဖြည်းဖြည်း အာရုံလွတ်လာခဲ့တဲ့ ဂမ်ဘီယာတို့ ထိုးနှက်ခံခဲ့ရပြီး ညာတောင်ပံကနေ နောက်ခံလူ ဖေးရဲ့ ပေးပို့မှုကို တိုက်စစ်မှူး တိုကို အီကမ်ဘီက ဂိုးသမားရဲ့ အဝေးတိုင်ဘက်ကို ခေါင်းတိုက်သွင်းပြီး အိမ်ရှင်တို့ကို စတင်ဦးဆောင်စေခဲ့ပါတယ်။

အသင်းကပ္ပတိန် အဘူဘေကာရဲ့ ဂိုးသွင်းတာဝန်ကို ဒီနေ့ပွဲမှာ တိုကို အီကမ်ဘီကပဲ လွှဲပြောင်းယူထားခဲ့ပြီး ပွဲချိန် ၅၇ မိနစ်မှာလည်း နောက်ထပ် သွင်းဂိုးတစ်ဂိုးနဲ့ ဒီပြိုင်ပွဲရဲ့ ၅ ဂိုးမြောက်ကို စုဆောင်းနိုင်ခဲ့သလို ဘယ်တောင်ပံက အွန်ဂလာရဲ့ ဖြတ်တင်ဘောကို စုဖွဲ့မှု အားနည်းနေတဲ့ ဂမ်ဘီယာခံစစ် နှစ်ယောက်ကြားကနေ ပြေးပိတ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ ကင်းမရွန်းတို့ ဂိုးသွင်းသူရဲကောင်း တိုကို အီကမ်ဘီရဲ့ အစွမ်းကြောင့် နှစ်ဂိုး-ဂိုးမရှိနဲ့ အောင်ပွဲခံနိုင်ခဲ့ကြသလို အိမ်ရှင်အဖြစ် အစောဆုံး ဦးစားပေး ရေးဆွဲခံရမှုနဲ့အတူ ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်တဲ့ ပထမဆုံးအသင်းဖြစ်လာခဲ့ပြီး ဂိုးသွင်းဘုရင်စာရင်းမှာတော့ အဘူဘေကာက ၆ ဂိုးနဲ့ ဆက်လက်ဦးဆောင်ထားနိုင်ခဲ့ပါတယ်။

လက်ကျန်ပွဲစဉ်တစ်ပွဲမှာတော့ ဘာကီနာဖာဆိုအသင်းနဲ့ လိမ်ဖယ်လိမ်ဖယ် တက်လာတဲ့ တူနီးရှားအသင်းတို့ ကစားခဲ့ကြရာမှာ နှစ်သင်းစလုံး လူစုံနီးပါး ပါဝင်ခဲ့ပြီး ဘာကီနာဖာဆိုတို့အနေနဲ့ ပထမပိုင်း နာကျင်အချိန်ပို ၂ မိနစ်မှာ ရရှိခဲ့တဲ့ တိုက်စစ်မှူး ဒန်ဂို ဝပ်တာဟာရဲ့ တစ်လုံးတည်းသော ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

ဗီလာတိုက်စစ်မှူး ဘာထရန် ထရာအိုရေး အရန်ခုံကနေ ကွင်းထဲ ရောက်မလာခဲ့တဲ့ ဘာကီနာဖာဆိုတို့ ပွဲချိန် ၈၂ မိနစ်မှာ ဂိုးသွင်းရင် ဝပ်တာဟာတစ်ယောက် ဒီဖလားပြိုင်ပွဲရဲ့ ထုံးစံအတိုင်းပဲ ခေါင်းခုန်တိုက်ရင်း တစ်ဖက်ကစားသမားကို တံတောင်နဲ့ရိုက်တယ်ဆိုပြီး VAR နဲ့ အနီကတ်ပြ အထုတ်ခံခဲ့ရလို့ ၁၀ ယောက်နဲ့ ကစားခဲ့ရပေမယ့် ခါဇရီတို့ တူနီးရှားတွေ ပြန်လာဖို့ မတတ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ ဘာကီနာဖာဆိုတို့ ဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပြီး ဒီနေ့ဆက်ကစားမယ့် ဆီနီဂေါ-အီကွေတိုရီယယ်လ် ဂီနီတို့ ပွဲစဉ်က အနိုင်ရရှိသူနဲ့ ကစားရဖို့ ဖြစ်လာခဲ့သလို အိမ်ရှင် ကင်းမရွန်းတို့ကတော့ အီဂျစ်နဲ့ မော်ရိုကိုတို့ရဲ့ မြောက်အာဖရိကန်ဒါဘီကနေ အနိုင်ရသူနဲ့ ကစားရမှာဖြစ်ပါကြောင်း စုစည်းဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ၿပီးခဲ့တဲ့ စေနေန႔ညက က်င္းပခဲ့ၾကတဲ့ ၂၀၂၁ အာဖရိကဖလားပြဲစဥ္ေတြမွာေတာ့ နာမည္ႀကီး အိမ္ရွင္ ကင္းမ႐ြန္းနဲ႔ စုဖြဲ႕မႈအားေကာင္းတဲ့ ဘာကီနာ ဖာဆိုတို႔ ၿပိဳင္ဘက္ေတြျဖစ္ၾကတဲ့ ဂမ္ဘီယာနဲ႔ တူနီးရွားတို႔ကို အသီးသီး ျဖတ္ေက်ာ္ၿပီး ၿပိဳင္ပြဲရဲ႕ ကြာတားဖိုင္နယ္အဆင့္ကေန ဆီမီးဖိုင္နယ္အဆင့္ကို တက္ေရာက္သြားႏိုင္ခဲ့ၾကၿပီး အမွားအယြင္းမရွိ ေရွ႕ဆက္လွမ္းႏိုင္ခဲ့ၾကပါတယ္။

ကင္းမ႐ြန္းတို႔အေနနဲ႔ ဒီေန႔မွာ ဂမ္ဘီယာကို ေက်ာ္ျဖတ္ၿပီး ေနာက္တစ္ဆင့္ ဆက္တက္ႏိုင္ဖို႔ ဂိုးသမား အိုနာနာ၊ ကြင္းလယ္လူ ဇမ္ဘို အြန္ဂီးဆာ၊ တိုက္စစ္မႉး တိုကို အီကမ္ဘီနဲ႔ အသင္းေခါင္းေဆာင္ ဂိုးသြင္းဘုရင္ အဘူေဘကာတို႔လို နာမည္ႀကီးကစားသမားေတြကို အေျခခံသုံးစြဲခဲ့ၿပီး ဝါရင့္တိုက္စစ္မႉး ခ်ဴပိုမိုတင္းကိုေတာ့ အရန္ခုံမွာပဲ ထားခဲ့တာပါ။

ဒီေန႔ပြဲမွာ ဂမ္ဘီယာတို႔အေနနဲ႔ ခံစစ္သာ ကစားႏိုင္ခဲ့ၿပီး ကင္းမ႐ြန္းတို႔ကေတာ့ ေတာင္ပံေတြကေန ျဖတ္တင္ေဘာေတြကို မၾကာခဏ ျပဳလုပ္ေနေပမယ့္ ႐ိုးရွင္းလြန္းတဲ့ ဗ်ဴဟာက တစ္ဖက္အသင္းကို မေက်ာ္ႏိုင္ခဲ့သလို တိုက္စစ္မႉး အဘူေဘကာရဲ႕ အနီးကပ္အေနအထားက ေနာက္ေပါက္နဲ႔ ပိတ္သြင္းမႈ လြဲေခ်ာ္ခဲ့သလို ေနာက္တစ္ႀကိမ္ ေခါင္းတိုက္ခ်က္ကိုလည္း ဂိုးသမား ဂါေယး ပိတ္ဆို႔သြားခဲ့လို႔ ပထမပိုင္းက ဂိုးမရွိသေရပဲျဖစ္ေနခဲ့ပါတယ္။

ဒုတိယပိုင္းျပန္စၿပီး ပြဲခ်ိန္ မိနစ္ ၅၀ မွာေတာ့ ကင္းမ႐ြန္းတို႔ရဲ႕ ျဖတ္တင္ေဘာေတြကို ရွင္းထုတ္ဖို႔ တျဖည္းျဖည္း အာ႐ုံလြတ္လာခဲ့တဲ့ ဂမ္ဘီယာတို႔ ထိုးႏွက္ခံခဲ့ရၿပီး ညာေတာင္ပံကေန ေနာက္ခံလူ ေဖးရဲ႕ ေပးပို႔မႈကို တိုက္စစ္မႉး တိုကို အီကမ္ဘီက ဂိုးသမားရဲ႕ အေဝးတိုင္ဘက္ကို ေခါင္းတိုက္သြင္းၿပီး အိမ္ရွင္တို႔ကို စတင္ဦးေဆာင္ေစခဲ့ပါတယ္။

အသင္းကပၸတိန္ အဘူေဘကာရဲ႕ ဂိုးသြင္းတာဝန္ကို ဒီေန႔ပြဲမွာ တိုကို အီကမ္ဘီကပဲ လႊဲေျပာင္းယူထားခဲ့ၿပီး ပြဲခ်ိန္ ၅၇ မိနစ္မွာလည္း ေနာက္ထပ္ သြင္းဂိုးတစ္ဂိုးနဲ႔ ဒီၿပိဳင္ပြဲရဲ႕ ၅ ဂိုးေျမာက္ကို စုေဆာင္းႏိုင္ခဲ့သလို ဘယ္ေတာင္ပံက အြန္ဂလာရဲ႕ ျဖတ္တင္ေဘာကို စုဖြဲ႕မႈ အားနည္းေနတဲ့ ဂမ္ဘီယာခံစစ္ ႏွစ္ေယာက္ၾကားကေန ေျပးပိတ္ႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ ကင္းမ႐ြန္းတို႔ ဂိုးသြင္းသူရဲေကာင္း တိုကို အီကမ္ဘီရဲ႕ အစြမ္းေၾကာင့္ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ေအာင္ပြဲခံႏိုင္ခဲ့ၾကသလို အိမ္ရွင္အျဖစ္ အေစာဆုံး ဦးစားေပး ေရးဆြဲခံရမႈနဲ႔အတူ ဆီမီးဖိုင္နယ္ကို တက္ေရာက္ႏိုင္တဲ့ ပထမဆုံးအသင္းျဖစ္လာခဲ့ၿပီး ဂိုးသြင္းဘုရင္စာရင္းမွာေတာ့ အဘူေဘကာက ၆ ဂိုးနဲ႔ ဆက္လက္ဦးေဆာင္ထားႏိုင္ခဲ့ပါတယ္။

လက္က်န္ပြဲစဥ္တစ္ပြဲမွာေတာ့ ဘာကီနာဖာဆိုအသင္းနဲ႔ လိမ္ဖယ္လိမ္ဖယ္ တက္လာတဲ့ တူနီးရွားအသင္းတို႔ ကစားခဲ့ၾကရာမွာ ႏွစ္သင္းစလုံး လူစုံနီးပါး ပါဝင္ခဲ့ၿပီး ဘာကီနာဖာဆိုတို႔အေနနဲ႔ ပထမပိုင္း နာက်င္အခ်ိန္ပို ၂ မိနစ္မွာ ရရွိခဲ့တဲ့ တိုက္စစ္မႉး ဒန္ဂို ဝပ္တာဟာရဲ႕ တစ္လုံးတည္းေသာ ဂိုးနဲ႔ အႏိုင္ရရွိသြားခဲ့ပါတယ္။

ဗီလာတိုက္စစ္မႉး ဘာထရန္ ထရာအိုေရး အရန္ခုံကေန ကြင္းထဲ ေရာက္မလာခဲ့တဲ့ ဘာကီနာဖာဆိုတို႔ ပြဲခ်ိန္ ၈၂ မိနစ္မွာ ဂိုးသြင္းရင္ ဝပ္တာဟာတစ္ေယာက္ ဒီဖလားၿပိဳင္ပြဲရဲ႕ ထုံးစံအတိုင္းပဲ ေခါင္းခုန္တိုက္ရင္း တစ္ဖက္ကစားသမားကို တံေတာင္နဲ႔႐ိုက္တယ္ဆိုၿပီး VAR နဲ႔ အနီကတ္ျပ အထုတ္ခံခဲ့ရလို႔ ၁၀ ေယာက္နဲ႔ ကစားခဲ့ရေပမယ့္ ခါဇရီတို႔ တူနီးရွားေတြ ျပန္လာဖို႔ မတတ္ႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ ဘာကီနာဖာဆိုတို႔ ဆီမီးဖိုင္နယ္အဆင့္ကို တက္လွမ္းသြားႏိုင္ခဲ့ၿပီး ဒီေန႔ဆက္ကစားမယ့္ ဆီနီေဂါ-အီေကြတိုရီယယ္လ္ ဂီနီတို႔ ပြဲစဥ္က အႏိုင္ရရွိသူနဲ႔ ကစားရဖို႔ ျဖစ္လာခဲ့သလို အိမ္ရွင္ ကင္းမ႐ြန္းတို႔ကေတာ့ အီဂ်စ္နဲ႔ ေမာ္႐ိုကိုတို႔ရဲ႕ ေျမာက္အာဖရိကန္ဒါဘီကေန အႏိုင္ရသူနဲ႔ ကစားရမွာျဖစ္ပါေၾကာင္း စုစည္းေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.