International Match Report

မက်ဆီ မပါချိန်မှာ ခက်ခဲတဲ့ ချီလီကို အဝေးကွင်းမှာ အနိုင်ယူခဲ့တဲ့ အာဂျင်တီးနား

အာဂျင်တီးနားအသင်းအနေနဲ့ ဒီနေ့မှာ သူတို့ရဲ့ အသင်းခေါင်းဆောင် မက်ဆီ ပါဝင်မလာဘဲ အဝေးကွင်းမှာ ပွဲထွက်ခဲ့ရသလို အသင်းကို PSG ရဲ့ ဝါရင့်ကစားသမား ဒီမာရီယာက ကပ္ပတိန်အဖြစ် ဦးဆောင်ခဲ့ပြီး လော်တာရို မာတီနက်ဇ်၊ ဒီပေါလ်၊ အာလေဟန်ဒရို ဂိုမက်ဇ်၊ ပါရေးဒက်စ်၊ အော့တာမန်ဒီနဲ့ တာဂီယာဖီကိုတို့လို ပုံမှန်ပွဲထွက်နေကျ ကစားသမားတွေကိုတော့ အသုံးပြုလာခဲ့ပါတယ်။

ချီလီကတော့ အသင်းခေါင်းဆောင်ဂိုးသမား ကလော်ဒီယို ဘရာဗို ဦးဆောင်လာခဲ့ပြီး ကွင်းလယ်ကိုတော့ အာရန်ဟစ်ဇ်ကပဲ ဦးဆောင်ခဲ့ရချိန်မှာ အင်္ဂလန်မှာ မွေးတဲ့ ဘလက်ဘန်းတိုက်စစ်မှူး ဘီရီတန်ကို အီဒူယာဒို ဗားဂက်စ်၊ အလက်ဆစ် ဆန်းချက်ဇ်တို့နဲ့ ရံပြီး ပွဲထုတ်ခဲ့သလို သူတို့ရဲ့ အကောင်းဆုံး လူစာရင်းကိုတော့ အိမ်ရှင်တွေ ထုတ်သုံးလာခဲ့ကြတာပါ။

ပွဲချိန် ၉ မိနစ်မှာကတည်းက အာဂျင်တီးနားတို့ အဖွင့်ဂိုး ရယူနိုင်ခဲ့ပြီး တန်ပြန်တိုက်စစ်ကနေ ဒီပေါလ် ပေးတာကို ဒီမာရီယာက ညာခြမ်းက ဆွဲပြေးလာပြီး ချီလီနောက်ခံလူ ၃ ယောက်ကို မျက်လှည့်ပြရင်း အဝေးတိုင်ဘက်ကို လှမ်းကန်သွင်းခဲ့ရာမှာ တိုင်ဘေးကို ကွက်တိ ဝင်သွားခဲ့လို့ ဧည့်သည်တွေ စတင်ဦးဆောင်နိုင်ခဲ့ပါတယ်။

ပွဲချိန် မိနစ် ၂၀ မှာတော့ ချီလီတို့ ပြန်လည်ချေပနိုင်ခဲ့ပြီး အာဂျင်တီးနားနောက်တန်းရဲ့ ခေါင်းတိုက်ရှင်းထုတ်မှကနေ ပြန်ကျလာတဲ့ ဘောလုံးကို ကွင်းလယ်လူ နူးညက်ဇ်က Deep Cross တင်ပေးခဲ့ရာမှာ ဘယ်ခြမ်းကနေ နေရာယူထားတဲ့ ဘီရီတန်က ထောင့်ကျဉ်းအနေအထားက ခေါင်းတိုက်ခဲ့ရာမှာ ဝင်နိုင်ဖို့ အခွင့်အရေးနည်းခဲ့ပေမယ့် ဂိုးသမား မာတီနက်ဇ် နေရာယူပုံ ညံ့ခဲ့လို့ သူ့ပေါ်က ကျော်ဝင်သွားခဲ့တာကြောင့် သရေပြန်ဖြစ်နေခဲ့ပါတယ်။

အက်စ်တန်ဗီလာဂိုးသမား မာတီနက်ဇ်ကတော့ ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ်နဲ့ ကိုပါအမေရိကတွေမှာ လက်စွမ်းပြခဲ့ပြီး အာဂျင်တီးနားကို ဖလားရှာဖွေပေးခဲ့တဲ့ အဓိက ကစားသမားတစ်ဦးဖြစ်ခဲ့ပေမယ့် ဒီရာသီမှာတော့ ဝေဝေဝါးဝါးတွေဖြစ်နေခဲ့သလို ဒီဂိုးမှာလည်း ကန်သွင်းခွင့် မရနိုင်မှန်း သိလျက်သားတဲ့ တိုင်ကို ကပ်ပြီး ပိတ်ထားခဲ့တဲ့ စာအုပ်ကြီးနည်းက သူ့ကို ခေါင်းတိုက်သွင်းခံလိုက်ရစေခဲ့တာပါ။

ပွဲချိန် ၃၄ မိနစ်မှာတော့ အာဂျင်တီးနားတို့ ပြန်လည်ဦးဆောင်နိုင်ခဲ့ကြပြီး အာလေဟန်ဒရို ဂိုမက်ဇ် ပေးတာကို ကွင်းလယ်ကနေ ဆွဲပြေးလာတဲ့ ဒီပေါလ်က ဧရိယာအစပ်ကနေ အပြင်းကန်သွင်းရာမှာ ဂိုးသမား ဘရာဗို လမ်းလွှဲပုတ်ထုတ်ပစ်ရမယ့်အစား ရှေ့ကို ပြန်ကျအောင်ပဲ တတ်နိုင်ခဲ့တာကြောင့် လူမကျွံအောင် ထိန်းပြီး ပါလာတဲ့ လော်တာရို မာတီနက်ဇ်က ပိတ်သွင်းသွားနိုင်ခဲ့တာကြောင့် ပထမပိုင်းမှာ နှစ်ဂိုး-တစ်ဂိုးဖြစ်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း ချီလီတို့ ဘောလုံးပိုင်ဆိုင်မှု ၆၀ ရာခိုင်နှုန်း၊ ဂိုးပေါက်ကန်ခွင့် ၁၃ ကြိမ်အထိ ပြန်လည်ဖိကစားပြီး တိုက်စစ်ဆင်သွားခဲ့ပေမယ့် အာဂျင်တီးနားတို့ ကြံ့ကြံ့ခံ ကာကွယ်သွားခဲ့ပြီး အသင်းခေါင်းဆောင် မက်ဆီ မပါဝင်နိုင်ချိန်မှာ အဖိုးတန်နိုင်ပွဲကို ရယူသွားနိုင်ခဲ့သလို သူတို့ရဲ့ ချန်ပီယံ အခွင့်အရေးတွေကို အမြဲတမ်း ဖျက်လိုဖျက်ဆီးလုပ်နေကျ အသင်းကို အဝေးကွင်းမှာ ထိုးနှက်သွားနိုင်ခဲ့ကြတာပါ။

ဒီပွဲအနိုင်ကြောင့် တောင်အမေရိကဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ရှုံးပွဲမရှိသေးတဲ့ အာဂျင်တီးနားတို့ ၁၄ ပွဲကစား ၉ ပွဲနိုင် ၅ ပွဲသရေ၊ ရမှတ် ၃၂ မှတ်နဲ့ အီကွေဒေါကို သရေကျသွားခဲ့တဲ့ ဦးဆောင်သူ ဘရာဇီးလ်တို့နောက် ၄ မှတ်အကွာကို ပြန်ကပ်လာနိုင်ခဲ့သလို လက်ကျန်ပွဲတွေမှာ ဂုဏ်သိက္ခာအတွက် ပြန်လည်ကျော်တက်နိုင်ဖို့ အခွင့်အရေးကိုလည်း ပိုင်ဆိုင်နိုင်ခဲ့ကြပါတယ်။

တစ်နေ့တည်းကစားခဲ့ကြတဲ့ လက်ကျန်ပွဲစဉ်တွေမှာတော့ အီကွေဒေါကွင်းမှာ ကစားခဲ့ကြရတဲ့ ဦးဆောင်သူ ဘရာဇီးလ်တို့ကတော့ တစ်ဖက်တစ်နီနဲ့ ၁၀ ယောက်ချင်း ကစားခဲ့ကြရပြီး ကာစီမီရိုရဲ့ ပွဲချိန် ၆ မိနစ်က အဖွင့်ဂိုးကို ဖဲလစ္စ တောရက်စ်က ပွဲချိန် ၇၅ မိနစ်မှာ ချေပသွားခဲ့လို့ တစ်ဂိုးစီ သရေကျခဲ့ပါတယ်။ ဒီပွဲမှာ ဘရာဇီးလ်ဂိုးသမား အယ်လစ်ဆန်ကတော့ နှစ်ကြိမ်တိုင်တိုင် အနီကတ်ပြခံရပြီးမှ VAR နဲ့ ပယ်ဖျက်ပေးခံခဲ့ရတာကလည်း ထူးခြားခဲ့တာပါ။

နောက်ထပ်တစ်ပွဲမှာတော့ အဝေးကွင်းမှာ သွားရောက်ကစားခဲ့ရတဲ့ နာမည်ကြီး ဥရုဂွေးတို့ကတော့ အိမ်ရှင် ပါရာဂွေးတို့ကို ဝါရင့်တိုက်စစ်မှူး လူးဝစ် ဆွာရက်ဇ်ရဲ့ တစ်လုံးတည်းသော ဂိုးနဲ့ အနိုင်ယူပြီး ၄ ပွဲဆက်တိုက် အရှုံးကို ရပ်တန့်ရင်း ရမှတ် ၁၉ မှတ်နဲ့ အဆင့် ၄ နေရာကို ပြန်လည်တက်ရောက်လာနိုင်ခဲ့ကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဂ်င္တီးနားအသင္းအေနနဲ႔ ဒီေန႔မွာ သူတို႔ရဲ႕ အသင္းေခါင္းေဆာင္ မက္ဆီ ပါဝင္မလာဘဲ အေဝးကြင္းမွာ ပြဲထြက္ခဲ့ရသလို အသင္းကို PSG ရဲ႕ ဝါရင့္ကစားသမား ဒီမာရီယာက ကပၸတိန္အျဖစ္ ဦးေဆာင္ခဲ့ၿပီး ေလာ္တာ႐ို မာတီနက္ဇ္၊ ဒီေပါလ္၊ အာေလဟန္ဒ႐ို ဂိုမက္ဇ္၊ ပါေရးဒက္စ္၊ ေအာ့တာမန္ဒီနဲ႔ တာဂီယာဖီကိုတို႔လို ပုံမွန္ပြဲထြက္ေနက် ကစားသမားေတြကိုေတာ့ အသုံးျပဳလာခဲ့ပါတယ္။

ခ်ီလီကေတာ့ အသင္းေခါင္းေဆာင္ဂိုးသမား ကေလာ္ဒီယို ဘရာဗို ဦးေဆာင္လာခဲ့ၿပီး ကြင္းလယ္ကိုေတာ့ အာရန္ဟစ္ဇ္ကပဲ ဦးေဆာင္ခဲ့ရခ်ိန္မွာ အဂၤလန္မွာ ေမြးတဲ့ ဘလက္ဘန္းတိုက္စစ္မႉး ဘီရီတန္ကို အီဒူယာဒို ဗားဂက္စ္၊ အလက္ဆစ္ ဆန္းခ်က္ဇ္တို႔နဲ႔ ရံၿပီး ပြဲထုတ္ခဲ့သလို သူတို႔ရဲ႕ အေကာင္းဆုံး လူစာရင္းကိုေတာ့ အိမ္ရွင္ေတြ ထုတ္သုံးလာခဲ့ၾကတာပါ။

ပြဲခ်ိန္ ၉ မိနစ္မွာကတည္းက အာဂ်င္တီးနားတို႔ အဖြင့္ဂိုး ရယူႏိုင္ခဲ့ၿပီး တန္ျပန္တိုက္စစ္ကေန ဒီေပါလ္ ေပးတာကို ဒီမာရီယာက ညာျခမ္းက ဆြဲေျပးလာၿပီး ခ်ီလီေနာက္ခံလူ ၃ ေယာက္ကို မ်က္လွည့္ျပရင္း အေဝးတိုင္ဘက္ကို လွမ္းကန္သြင္းခဲ့ရာမွာ တိုင္ေဘးကို ကြက္တိ ဝင္သြားခဲ့လို႔ ဧည့္သည္ေတြ စတင္ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ မိနစ္ ၂၀ မွာေတာ့ ခ်ီလီတို႔ ျပန္လည္ေခ်ပႏိုင္ခဲ့ၿပီး အာဂ်င္တီးနားေနာက္တန္းရဲ႕ ေခါင္းတိုက္ရွင္းထုတ္မွကေန ျပန္က်လာတဲ့ ေဘာလုံးကို ကြင္းလယ္လူ ႏူးညက္ဇ္က Deep Cross တင္ေပးခဲ့ရာမွာ ဘယ္ျခမ္းကေန ေနရာယူထားတဲ့ ဘီရီတန္က ေထာင့္က်ဥ္းအေနအထားက ေခါင္းတိုက္ခဲ့ရာမွာ ဝင္ႏိုင္ဖို႔ အခြင့္အေရးနည္းခဲ့ေပမယ့္ ဂိုးသမား မာတီနက္ဇ္ ေနရာယူပုံ ညံ့ခဲ့လို႔ သူ႔ေပၚက ေက်ာ္ဝင္သြားခဲ့တာေၾကာင့္ သေရျပန္ျဖစ္ေနခဲ့ပါတယ္။

အက္စ္တန္ဗီလာဂိုးသမား မာတီနက္ဇ္ကေတာ့ ၿပီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ္နဲ႔ ကိုပါအေမရိကေတြမွာ လက္စြမ္းျပခဲ့ၿပီး အာဂ်င္တီးနားကို ဖလားရွာေဖြေပးခဲ့တဲ့ အဓိက ကစားသမားတစ္ဦးျဖစ္ခဲ့ေပမယ့္ ဒီရာသီမွာေတာ့ ေဝေဝဝါးဝါးေတြျဖစ္ေနခဲ့သလို ဒီဂိုးမွာလည္း ကန္သြင္းခြင့္ မရႏိုင္မွန္း သိလ်က္သားတဲ့ တိုင္ကို ကပ္ၿပီး ပိတ္ထားခဲ့တဲ့ စာအုပ္ႀကီးနည္းက သူ႔ကို ေခါင္းတိုက္သြင္းခံလိုက္ရေစခဲ့တာပါ။

ပြဲခ်ိန္ ၃၄ မိနစ္မွာေတာ့ အာဂ်င္တီးနားတို႔ ျပန္လည္ဦးေဆာင္ႏိုင္ခဲ့ၾကၿပီး အာေလဟန္ဒ႐ို ဂိုမက္ဇ္ ေပးတာကို ကြင္းလယ္ကေန ဆြဲေျပးလာတဲ့ ဒီေပါလ္က ဧရိယာအစပ္ကေန အျပင္းကန္သြင္းရာမွာ ဂိုးသမား ဘရာဗို လမ္းလႊဲပုတ္ထုတ္ပစ္ရမယ့္အစား ေရွ႕ကို ျပန္က်ေအာင္ပဲ တတ္ႏိုင္ခဲ့တာေၾကာင့္ လူမကြၽံေအာင္ ထိန္းၿပီး ပါလာတဲ့ ေလာ္တာ႐ို မာတီနက္ဇ္က ပိတ္သြင္းသြားႏိုင္ခဲ့တာေၾကာင့္ ပထမပိုင္းမွာ ႏွစ္ဂိုး-တစ္ဂိုးျဖစ္ေနခဲ့ပါတယ္။

ဒုတိယပိုင္းမွာလည္း ခ်ီလီတို႔ ေဘာလုံးပိုင္ဆိုင္မႈ ၆၀ ရာခိုင္ႏႈန္း၊ ဂိုးေပါက္ကန္ခြင့္ ၁၃ ႀကိမ္အထိ ျပန္လည္ဖိကစားၿပီး တိုက္စစ္ဆင္သြားခဲ့ေပမယ့္ အာဂ်င္တီးနားတို႔ ႀကံ့ႀကံ့ခံ ကာကြယ္သြားခဲ့ၿပီး အသင္းေခါင္းေဆာင္ မက္ဆီ မပါဝင္ႏိုင္ခ်ိန္မွာ အဖိုးတန္ႏိုင္ပြဲကို ရယူသြားႏိုင္ခဲ့သလို သူတို႔ရဲ႕ ခ်န္ပီယံ အခြင့္အေရးေတြကို အၿမဲတမ္း ဖ်က္လိုဖ်က္ဆီးလုပ္ေနက် အသင္းကို အေဝးကြင္းမွာ ထိုးႏွက္သြားႏိုင္ခဲ့ၾကတာပါ။

ဒီပြဲအႏိုင္ေၾကာင့္ ေတာင္အေမရိကဇုန္ ကမာၻ႔ဖလားေျခစစ္ပြဲမွာ ရႈံးပြဲမရွိေသးတဲ့ အာဂ်င္တီးနားတို႔ ၁၄ ပြဲကစား ၉ ပြဲႏိုင္ ၅ ပြဲသေရ၊ ရမွတ္ ၃၂ မွတ္နဲ႔ အီေကြေဒါကို သေရက်သြားခဲ့တဲ့ ဦးေဆာင္သူ ဘရာဇီးလ္တို႔ေနာက္ ၄ မွတ္အကြာကို ျပန္ကပ္လာႏိုင္ခဲ့သလို လက္က်န္ပြဲေတြမွာ ဂုဏ္သိကၡာအတြက္ ျပန္လည္ေက်ာ္တက္ႏိုင္ဖို႔ အခြင့္အေရးကိုလည္း ပိုင္ဆိုင္ႏိုင္ခဲ့ၾကပါတယ္။

တစ္ေန႔တည္းကစားခဲ့ၾကတဲ့ လက္က်န္ပြဲစဥ္ေတြမွာေတာ့ အီေကြေဒါကြင္းမွာ ကစားခဲ့ၾကရတဲ့ ဦးေဆာင္သူ ဘရာဇီးလ္တို႔ကေတာ့ တစ္ဖက္တစ္နီနဲ႔ ၁၀ ေယာက္ခ်င္း ကစားခဲ့ၾကရၿပီး ကာစီမီ႐ိုရဲ႕ ပြဲခ်ိန္ ၆ မိနစ္က အဖြင့္ဂိုးကို ဖဲလစၥ ေတာရက္စ္က ပြဲခ်ိန္ ၇၅ မိနစ္မွာ ေခ်ပသြားခဲ့လို႔ တစ္ဂိုးစီ သေရက်ခဲ့ပါတယ္။ ဒီပြဲမွာ ဘရာဇီးလ္ဂိုးသမား အယ္လစ္ဆန္ကေတာ့ ႏွစ္ႀကိမ္တိုင္တိုင္ အနီကတ္ျပခံရၿပီးမွ VAR နဲ႔ ပယ္ဖ်က္ေပးခံခဲ့ရတာကလည္း ထူးျခားခဲ့တာပါ။

ေနာက္ထပ္တစ္ပြဲမွာေတာ့ အေဝးကြင္းမွာ သြားေရာက္ကစားခဲ့ရတဲ့ နာမည္ႀကီး ဥ႐ုေဂြးတို႔ကေတာ့ အိမ္ရွင္ ပါရာေဂြးတို႔ကို ဝါရင့္တိုက္စစ္မႉး လူးဝစ္ ဆြာရက္ဇ္ရဲ႕ တစ္လုံးတည္းေသာ ဂိုးနဲ႔ အႏိုင္ယူၿပီး ၄ ပြဲဆက္တိုက္ အရႈံးကို ရပ္တန႔္ရင္း ရမွတ္ ၁၉ မွတ္နဲ႔ အဆင့္ ၄ ေနရာကို ျပန္လည္တက္ေရာက္လာႏိုင္ခဲ့ေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.