International Match Report

အိုင်ဗရီကို့စ်ကို အီဂျစ်တို့ ဖြုတ်ချလိုက်ပြီး နိုင်ငံငယ်လေးကို မာလီရှုံးတဲ့ အာဖရိကပွဲစဉ်များ

ဗုဒ္ဓဟူးနေ့ညက ကစားခဲ့ကြတဲ့ အာဖရိကဖလား ရှုံးထွက် ၁၆ သင်းအဆင့် ပွဲစဉ်တွေမှာတော့ အစောပွဲကစားတဲ့ နာမည်ကြီး အိုင်ဗရီကို့စ်နဲ့ အီဂျစ်တို့ ထိပ်တိုက်တွေ့တဲ့ ပွဲစဉ်မှာ ကက်ဆီယေး၊ ပေပေ၊ ဇာဟာတို့ရဲ့ အသင်းနဲ့ ဆာလား၊ အယ်လ်နန်နီ၊ ဟေဂါဇီတို့ရဲ့ အဖွဲ့ ဘယ်သူ့ ဘယ်သူမှ ဂိုးမသွင်းနိုင်ဖို့ ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရပါတယ်။

အိုင်ဗရီကို့စ်ဘက်က လူစုံထုတ်ခဲ့ခြင်း မရှိဘဲ ခရစ္စတယ်လ်ပဲလေ့စ်ရဲ့ ဇာဟာကို အရန်ခုံမှာ ထားခဲ့သလို လက်ရွေးစင်အသင်းမှာ ခြေစွမ်းသိပ်မပြနိုင်တဲ့ အိုင်းယက်စ် တိုက်စစ်မှူး အဲလားကို ဦးဆောင်ခိုင်းရင်း ဘောလုံးကိုင်ကစားခဲ့ချိန်မှာ အီဂျစ်တို့ကတော့ တန်ပြန်တိုက်စစ်ကနေ ဆာလားနဲ့ ခပ်သွက်သွက်ထိုးဖောက်ဖို့ စီစဉ်ခဲ့တာပါ။

ဘောလုံးကို ၅၆ ရာခိုင်နှုန်းအထိ ကိုင်ကစားတဲ့ အိုင်ဗရီကို့စ်ထက် တစ်ဖက်က ဘောလုံးပျက်တာနဲ့ လျင်လျင်မြန်မြန် ထိုးဖောက်ခဲ့တဲ့ အီဂျစ်က ပိုတောင်သာနေခဲ့သလို ဆာလားရဲ့ ဖန်တီးမှုတွေကိုသာ အသုံးချနိုင်ခဲ့ရင် ဂိုးရနိုင်ဖို့ ရှိခဲ့ပေမယ့် ကွာလတီကစားသမားနည်းပါးမှုက ခက်ခဲစေခဲ့ပြီး နှစ်ဖက် ဂိုးသမားတွေကလည်း လက်စွမ်းပြနိုင်ခဲ့ကြလို့ ပင်နယ်တီအဆုံးအဖြတ်အထိ ရောက်ရှိခဲ့ရတာဖြစ်ပါတယ်။

ပင်နယ်တီမှာတော့ အိုင်ဗရီကို့စ်ဘက်က ငါးလုံးကန်သွင်းခဲ့ရာမှာ ပေပေ၊ ဆန်ဂါရေး၊ ကော်နေးနဲ့ ဇာဟာတို့ ဝင်အောင်ကန်သွင်းနိုင်ခဲ့ပေမယ့် မန်ချက်စတာယူနိုက်တက်နောက်ခံလူ ဘိုင်လီရဲ့ ဘောလုံးနဲ့ နှစ်လှမ်းအကွာက ဆရာကြီးစတိုင်ကန်ချက်ကို ဂိုးသမား ပုတ်ထုတ်ခံခဲ့ရချိန်မှာ တစ်ဖက်က အီဂျစ်တွေကတော့ အမှားအယွင်းမရှိခဲ့တာလည်းဖြစ်ပါတယ်။

အီဂျစ်ဘက်က ကန်သွင်းမှုတွေမှာတော့ ဇီဇို၊ အယ်လ်ဆိုလေယာ၊ ကမယ်လ်၊ အက်ဘဲလ်မိုနင်မ်နဲ့ ဆရာကြီး ဆာလားတို့အားလုံး ဝင်အောင်ကန်သွင်းခဲ့ကြလို့ ငါးဂိုး-လေးဂိုးနဲ့ လူအင်အားသာတဲ့ အိုင်ဗရီကို့စ် ဆင်ကြီးတွေ ချွန်းစာမိခဲ့ရပြီး အာဖရိကဖလားရဲ့ ရှုံးထွက် ၁၆ သင်းအဆင့်ကနေ ထွက်ခဲ့ရသလို ဖာရိုးတွေကတော့ ကွာတားဖိုင်နယ်ဆီ ရှေ့ဆက်နိုင်ခဲ့ကြတာပါ။

နောက်ကျပွဲစဉ်မှာတော့ မာလီနဲ့ စတုရန်းမိုင်ပေါင်းတစ်သောင်းသာ ကျယ်ဝန်းတဲ့ နိုင်ငံငယ်လေး အီကွေတိုရီယယ်လ် ဂီနီတို့ ပွဲချိန်အတွင်းမှာ တစ်ဖက်တစ်ကြိမ်စီသာ ဂိုးပေါက်တည့်ခဲ့ကြပြီး ပွဲချိန်အတွင်းမှာ ပင်နယ်တီပဲ ကန်စားနေကျ လူငယ်တိုက်စစ်မှူး အီဘရာဟီမာ ကိုနေးလည်း ပင်နယ်တီ မရခဲ့လို့ ဘဲဥမကွဲခဲ့ကြတာကြောင့် ပင်နယ်တီအထိ ရောက်ခဲ့ရပါတယ်။

ပင်နယ်တီမှာ အီကွေတိုရီယယ် ဂီနီဘက်က အရင်ကန်ခဲ့ရပြီး အသင်းခေါင်းဆောင် အီမီလီယို အန်ဆူးရဲ့ အဖွင့်ကန်ချက်က ဘားပေါ် ကျော်သွားခဲ့ပေမယ့် သုံးလုံးနဲ့ လေးလုံးမြောက်မှာ မာလီဘက်က ဟိုက်ဒါရာနဲ့ အသင်းခေါင်းဆောင် ဟာမာရီ ထရာအိုရေးတို့ ဆက်တိုက်လွဲချော်ခဲ့ကြပြီး တစ်ဖက်ကလည်း ပါဘလို ဂါနေးက ဝင်အောင်မကန်နိုင်ခဲ့လို့ လေးကြိမ်စီ ကန်အပြီးမှာ နှစ်ဂိုးစီ သရေဖြစ်နေခဲ့ပါတယ်။

ဆက်လက်ကန်သွင်းရာမှာတော့ နောက်ထပ်သုံးလုံးကို အီကွေတိုရီယယ်လ် ဂီနီဘက်က အားလုံးဝင်ခဲ့ကြပြီး မာလီတို့ကတော့ နောက်ဆုံး ပင်နယ်တီကို ဆက်ကိုရဲ့ ကန်ချက်မှာ ဂိုးသမား ကာကွယ်သွားနိုင်ခဲ့လို့ အင်အားကြီးအသင်းဖြစ်လျက်နဲ့ ရေတိမ်နစ်ခဲ့ရပြီး ၁၆ သင်းအဆင့်မှာ ရှုံးထွက်ကို ရှုံးပြီးထွက်ခဲ့ရပါတယ်။

ကွာတားဖိုင်နယ်ပွဲစဉ်တွေကိုတော့ လာမယ့် ဇန်နဝါရီ ၂၉ ရက်နေ့မှာ ဂမ်ဘီယာနဲ့ ကင်းမရွန်း၊ ဘာကီနာဖာဆိုနဲ့ တူနီးရှားတို့ ကစားကြမှာဖြစ်ပြီး ၃၀ ရက်နေ့မှာတော့ မြောက်အာဖရိကန်ဒါဘီအဖြစ် အီဂျစ်နဲ့ မော်ရိုကိုတို့ ကစားကြဖို့ ဖြစ်လာချိန်မှာ နိုင်ငံငယ်လေး အီကွေတိုရီယယ်လ် ဂီနီကတော့ နာမည်ကြီး ဆီနီဂေါနဲ့ ကစားရတော့မှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဗုဒၶဟူးေန႔ညက ကစားခဲ့ၾကတဲ့ အာဖရိကဖလား ရႈံးထြက္ ၁၆ သင္းအဆင့္ ပြဲစဥ္ေတြမွာေတာ့ အေစာပြဲကစားတဲ့ နာမည္ႀကီး အိုင္ဗရီကို႔စ္နဲ႔ အီဂ်စ္တို႔ ထိပ္တိုက္ေတြ႕တဲ့ ပြဲစဥ္မွာ ကက္ဆီေယး၊ ေပေပ၊ ဇာဟာတို႔ရဲ႕ အသင္းနဲ႔ ဆာလား၊ အယ္လ္နန္နီ၊ ေဟဂါဇီတို႔ရဲ႕ အဖြဲ႕ ဘယ္သူ႔ ဘယ္သူမွ ဂိုးမသြင္းႏိုင္ဖို႔ ပင္နယ္တီ အဆုံးအျဖတ္ ခံယူခဲ့ရပါတယ္။

အိုင္ဗရီကို႔စ္ဘက္က လူစုံထုတ္ခဲ့ျခင္း မရွိဘဲ ခရစၥတယ္လ္ပဲေလ့စ္ရဲ႕ ဇာဟာကို အရန္ခုံမွာ ထားခဲ့သလို လက္ေ႐ြးစင္အသင္းမွာ ေျခစြမ္းသိပ္မျပႏိုင္တဲ့ အိုင္းယက္စ္ တိုက္စစ္မႉး အဲလားကို ဦးေဆာင္ခိုင္းရင္း ေဘာလုံးကိုင္ကစားခဲ့ခ်ိန္မွာ အီဂ်စ္တို႔ကေတာ့ တန္ျပန္တိုက္စစ္ကေန ဆာလားနဲ႔ ခပ္သြက္သြက္ထိုးေဖာက္ဖို႔ စီစဥ္ခဲ့တာပါ။

ေဘာလုံးကို ၅၆ ရာခိုင္ႏႈန္းအထိ ကိုင္ကစားတဲ့ အိုင္ဗရီကို႔စ္ထက္ တစ္ဖက္က ေဘာလုံးပ်က္တာနဲ႔ လ်င္လ်င္ျမန္ျမန္ ထိုးေဖာက္ခဲ့တဲ့ အီဂ်စ္က ပိုေတာင္သာေနခဲ့သလို ဆာလားရဲ႕ ဖန္တီးမႈေတြကိုသာ အသုံးခ်ႏိုင္ခဲ့ရင္ ဂိုးရႏိုင္ဖို႔ ရွိခဲ့ေပမယ့္ ကြာလတီကစားသမားနည္းပါးမႈက ခက္ခဲေစခဲ့ၿပီး ႏွစ္ဖက္ ဂိုးသမားေတြကလည္း လက္စြမ္းျပႏိုင္ခဲ့ၾကလို႔ ပင္နယ္တီအဆုံးအျဖတ္အထိ ေရာက္ရွိခဲ့ရတာျဖစ္ပါတယ္။

ပင္နယ္တီမွာေတာ့ အိုင္ဗရီကို႔စ္ဘက္က ငါးလုံးကန္သြင္းခဲ့ရာမွာ ေပေပ၊ ဆန္ဂါေရး၊ ေကာ္ေနးနဲ႔ ဇာဟာတို႔ ဝင္ေအာင္ကန္သြင္းႏိုင္ခဲ့ေပမယ့္ မန္ခ်က္စတာယူႏိုက္တက္ေနာက္ခံလူ ဘိုင္လီရဲ႕ ေဘာလုံးနဲ႔ ႏွစ္လွမ္းအကြာက ဆရာႀကီးစတိုင္ကန္ခ်က္ကို ဂိုးသမား ပုတ္ထုတ္ခံခဲ့ရခ်ိန္မွာ တစ္ဖက္က အီဂ်စ္ေတြကေတာ့ အမွားအယြင္းမရွိခဲ့တာလည္းျဖစ္ပါတယ္။

အီဂ်စ္ဘက္က ကန္သြင္းမႈေတြမွာေတာ့ ဇီဇို၊ အယ္လ္ဆိုေလယာ၊ ကမယ္လ္၊ အက္ဘဲလ္မိုနင္မ္နဲ႔ ဆရာႀကီး ဆာလားတို႔အားလုံး ဝင္ေအာင္ကန္သြင္းခဲ့ၾကလို႔ ငါးဂိုး-ေလးဂိုးနဲ႔ လူအင္အားသာတဲ့ အိုင္ဗရီကို႔စ္ ဆင္ႀကီးေတြ ခြၽန္းစာမိခဲ့ရၿပီး အာဖရိကဖလားရဲ႕ ရႈံးထြက္ ၁၆ သင္းအဆင့္ကေန ထြက္ခဲ့ရသလို ဖာ႐ိုးေတြကေတာ့ ကြာတားဖိုင္နယ္ဆီ ေရွ႕ဆက္ႏိုင္ခဲ့ၾကတာပါ။

ေနာက္က်ပြဲစဥ္မွာေတာ့ မာလီနဲ႔ စတုရန္းမိုင္ေပါင္းတစ္ေသာင္းသာ က်ယ္ဝန္းတဲ့ ႏိုင္ငံငယ္ေလး အီေကြတိုရီယယ္လ္ ဂီနီတို႔ ပြဲခ်ိန္အတြင္းမွာ တစ္ဖက္တစ္ႀကိမ္စီသာ ဂိုးေပါက္တည့္ခဲ့ၾကၿပီး ပြဲခ်ိန္အတြင္းမွာ ပင္နယ္တီပဲ ကန္စားေနက် လူငယ္တိုက္စစ္မႉး အီဘရာဟီမာ ကိုေနးလည္း ပင္နယ္တီ မရခဲ့လို႔ ဘဲဥမကြဲခဲ့ၾကတာေၾကာင့္ ပင္နယ္တီအထိ ေရာက္ခဲ့ရပါတယ္။

ပင္နယ္တီမွာ အီေကြတိုရီယယ္ ဂီနီဘက္က အရင္ကန္ခဲ့ရၿပီး အသင္းေခါင္းေဆာင္ အီမီလီယို အန္ဆူးရဲ႕ အဖြင့္ကန္ခ်က္က ဘားေပၚ ေက်ာ္သြားခဲ့ေပမယ့္ သုံးလုံးနဲ႔ ေလးလုံးေျမာက္မွာ မာလီဘက္က ဟိုက္ဒါရာနဲ႔ အသင္းေခါင္းေဆာင္ ဟာမာရီ ထရာအိုေရးတို႔ ဆက္တိုက္လြဲေခ်ာ္ခဲ့ၾကၿပီး တစ္ဖက္ကလည္း ပါဘလို ဂါေနးက ဝင္ေအာင္မကန္ႏိုင္ခဲ့လို႔ ေလးႀကိမ္စီ ကန္အၿပီးမွာ ႏွစ္ဂိုးစီ သေရျဖစ္ေနခဲ့ပါတယ္။

ဆက္လက္ကန္သြင္းရာမွာေတာ့ ေနာက္ထပ္သုံးလုံးကို အီေကြတိုရီယယ္လ္ ဂီနီဘက္က အားလုံးဝင္ခဲ့ၾကၿပီး မာလီတို႔ကေတာ့ ေနာက္ဆုံး ပင္နယ္တီကို ဆက္ကိုရဲ႕ ကန္ခ်က္မွာ ဂိုးသမား ကာကြယ္သြားႏိုင္ခဲ့လို႔ အင္အားႀကီးအသင္းျဖစ္လ်က္နဲ႔ ေရတိမ္နစ္ခဲ့ရၿပီး ၁၆ သင္းအဆင့္မွာ ရႈံးထြက္ကို ရႈံးၿပီးထြက္ခဲ့ရပါတယ္။

ကြာတားဖိုင္နယ္ပြဲစဥ္ေတြကိုေတာ့ လာမယ့္ ဇန္နဝါရီ ၂၉ ရက္ေန႔မွာ ဂမ္ဘီယာနဲ႔ ကင္းမ႐ြန္း၊ ဘာကီနာဖာဆိုနဲ႔ တူနီးရွားတို႔ ကစားၾကမွာျဖစ္ၿပီး ၃၀ ရက္ေန႔မွာေတာ့ ေျမာက္အာဖရိကန္ဒါဘီအျဖစ္ အီဂ်စ္နဲ႔ ေမာ္႐ိုကိုတို႔ ကစားၾကဖို႔ ျဖစ္လာခ်ိန္မွာ ႏိုင္ငံငယ္ေလး အီေကြတိုရီယယ္လ္ ဂီနီကေတာ့ နာမည္ႀကီး ဆီနီေဂါနဲ႔ ကစားရေတာ့မွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.