Premier League

ရက်ရှ်ဖို့ဒ်ရဲ့နောက်ကျအနိုင်ဂိုးမှာ ကာဗာနီ လူကျွံနေတယ်လို့ အငြင်းပွားနေကြတဲ့ ပရိသတ်များ

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဝက်စ်ဟမ်းနဲ့ ပွဲစဉ်က နာကျင်အချိန်ပို နောက်ကျအနိုင်ဂိုးဟာ ဂိုးအဖြစ် ခွင့်ပြုခဲ့သင့်ရဲ့လား၊ ခွင့်မပြုခဲ့သင့်ဘူးလားဆိုတာကို အငြင်းပွားစရာ ဖြစ်စေခဲ့ပါတယ်။

အန်သိုနီ မာစီယယ်လ်က ကာဗာနီကို ခင်းပေးလိုက်တဲ့ဘောလုံးကို ဥရုဂွေး ဝါရင့်တိုက်စစ်မှူးက မားကပ်စ် ရက်ရှ်ဖို့ဒ် အသာအယာ ပိတ်သွင်းယူနိုင်အောင် ဖြတ်တင်ပေးခဲ့တာကြောင့် ၁-၀ နဲ့ မန်ချက်စတာယူနိုက်တက်က အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ဒီသွင်းဂိုးအတွက် တိုက်စစ်စတင်ရာမှာ လူကျွံနေခဲ့တဲ့ ကစားသမား ပါဝင်ခဲ့လားဆိုတာကို VAR က ပြန်လည်စစ်ဆေးမှုတွေ ရှိခဲ့ပေမယ့် ဂိုးအဖြစ် ခွင့်ပြုပေးခြင်းခံခဲ့ရပြီး ယူနိုက်တက်က ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့် ၄ နေရာကို တက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။

ပရိသတ်တွေက မန်ချက်စတာယူနိုက်တက်အသင်းရဲ့သွင်းဂိုးနဲ့ပတ်သက်ပြီး ၎င်းတို့ရဲ့ တုံ့ပြန်မှုကို တွစ်တာလူမှုကွန်ရက်မှာ ရေးသားခဲ့ကြပြီး ယူနိုက်တက်ပရိသတ်တစ်ဦးက “လူကျွံနေခဲ့တဲ့ပုံပဲ။ ဒါပေမယ့် VAR က အဲဒါကို ခွင့်ပြုခဲ့လိမ့်မယ်လို့ ငါ မထင်ခဲ့ဘူး။ အဲဒါက ပြီးခဲ့တဲ့ရာသီတုန်းက ကာဗာနီ ကျော်သွင်းသွားတဲ့ဂိုးလိုမျိုးပဲ ဟားဟား”လို့ ရေးသားခဲ့ပါတယ်။

နောက်ထပ်ပရိသတ်တစ်ဦးကလည်း “ဘယ်လိုဖြစ်ပြီး ကာဗာနီက လူကျွံနေခဲ့တယ်ဆိုတာ တစ်ယောက်ယောက်လောက် ပြောပြပေးနိုင်မလား။ ဒါမှမဟုတ် မန်ယူဖြစ်နေတဲ့အတွက် သူက လူကျွံနေသလိုမျိုး ငါတို့တွေ သရုပ်ဆောင်နေကြတာလား။ အဲဒါက အငြင်းပွားစရာသွင်းဂိုးမဟုတ်ဘူး။ သူက လူကျွံအနေအထားမှာ ရှိမနေခဲ့ဘူး”လို့ မှတ်ချက်ပေးခဲ့ပါတယ်။

ဒါပေမယ့်လည်း အခြားအသင်းပရိသတ်တွေကတော့ မတူညီတဲ့အမြင်မျိုးရှိခဲ့ပြီး ယူနိုက်တက်တိုက်စစ်မှူးဟာ လူကျွံနေခဲ့တယ်လို့ ထင်မြင်ခဲ့ကြတာဖြစ်ပါတယ်။ ချဲလ်ဆီးပရိသတ်တစ်ဦးက “မားကပ်စ် ရက်ရှ်ဖို့ဒ်က ဝက်စ်ဟမ်းနဲ့ပွဲ နောက်ဆုံးမိနစ်မှာ အနိုင်ဂိုးကို သွင်းခဲ့တယ်။ ဒါပေမယ့် ကာဗာနီက တိုက်စစ်စချိန်မှာ လူကျွံနေခဲ့တယ်ဆိုတာ သေချာတယ်”လို့ ရေးသားခဲ့ပြီး ဝက်စ်ဟမ်းပရိသတ်တစ်ဦးကလည်း ဒေါသတကြီးနဲ့ “ဒီလိဂ်က အရမ်း အကျင့်ပြက်ခြစားမှုတွေ ရှိနေတယ်။ ဘယ်လိုလုပ်ပြီး VAR က ၅ ကိုက်လောက် လူကျွံနေခဲ့တဲ့ ကာဗာနီကို မမြင်နိုင်ခဲ့ရတာလဲ။ ဒေါသထွက်လိုက်တာကွာ”လို့ ရေးသားခဲ့ပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ ဝက်စ်ဟမ်းနဲ့ပွဲစဉ်က ၎င်းရဲ့သွင်းဂိုးနဲ့ပတ်သက်ပြီး ဝမ်းမြောက်ပျော်ရွှင်ခဲ့တယ်လို့ BBC ကို ပွဲအပြီးမှာ “အဲဒါက အရေးကြီးတဲ့ဂိုးဆိုတာ သိသာပြီး ဒီလို နောက်ကျပြီးမှ သွင်းယူနိုင်တာက အံ့အားသင့်စရာ ခံစားချက်ပါပဲ။ ကျွန်တော်တို့ အနိုင်ရတဲ့ ခံစားချက်နဲ့ အသားကျနေရပါမယ်။ ကျွန်တော်တို့ ဘောလုံးမှာ နည်းနည်းတော့ ပိုကောင်းလာခဲ့ပေမယ့်ာ လိုအပ်တဲ့ဂိုးကို ရအောင် သွင်းယူနိုင်ခဲ့ပြီး အဲဒါကို အခု စိတ်အားတက်ကြွစရာအဖြစ် အသုံးပြုနိုင်ပါတယ်”

“အမှတ်ပေးဇယားမှာ အသင်း ၂ သင်းက အရမ်းနီးကပ်နေတဲ့အချိန်မှာ ၂ သင်းစလုံးက တစ်ယောက်ထက် ရှေ့ရောက်ဖို့ တိုက်ပွဲဝင်ကြမှာဖြစ်ပြီး ဒီနေ့ ကျွန်တော်တို့ ရှေ့ကို ရောက်အောင် လုပ်နိုင်ခဲ့တယ်။ ကျွန်တော်တို့ အခု အဆင့် ၄ နေရာမှာ ရပ်တည်နေပြီး အချို့အသင်းတွေက ကစားဖို့ ပွဲစဉ်တွေ ရှိပါသေးတယ်။ ဒါပေမယ့် ဒီနေရာမှာ ရှိနေရတာ ကောင်းမွန်ပါတယ်”

“နိုင်ပွဲတွေက ဘာအရေးပါလဲဆိုရင် ခင်ဗျား အနိုင်ရတဲ့အခါမှာ၊ ဆက်တိုက်နိုင်ပွဲတွေ ရတဲ့အခါမှာ ခင်ဗျား တကယ်ပဲ အဲဒီအရှိန်နဲ့ ဆက်သွားနိုင်ပြီး အဲဒါက အားလုံးကို ယုံကြည်ချက်တွေ ပေးနိုင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။ မားကပ်စ် ရက်ရှ်ဖို့ဒ်ရဲ့ နောက်ကျအနိုင်ဂိုးကြောင့် မန်ချက်စတာယူနိုက်တက်အသင်းဟာ ဝက်စ်ဟမ်း ယူနိုက်တက်ကို ကျော်တက်ပြီး အဆင့် ၄ နေရာကို အောက်တိုဘာလနောက်ပိုင်း ပထမဆုံးအကြိမ် တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:မန္ခ်က္စတာယူနိုက္တက္အသင္းရဲ့ ဝက္စ္ဟမ္းနဲ႔ ပြဲစဥ္က နာက်င္အခ်ိန္ပို ေနာက္က်အနိုင္ဂိုးဟာ ဂိုးအျဖစ္ ခြင့္ျပဳခဲ့သင့္ရဲ့လား၊ ခြင့္မျပဳခဲ့သင့္ဘူးလားဆိုတာကို အျငင္းပြားစရာ ျဖစ္ေစခဲ့ပါတယ္။

အန္သိုနီ မာစီယယ္လ္က ကာဗာနီကို ခင္းေပးလိုက္တဲ့ေဘာလုံးကို ဥ႐ုေဂြး ဝါရင့္တိုက္စစ္မႉးက မားကပ္စ္ ရက္ရွ္ဖို႔ဒ္ အသာအယာ ပိတ္သြင္းယူနိုင္ေအာင္ ျဖတ္တင္ေပးခဲ့တာေၾကာင့္ ၁-၀ နဲ႔ မန္ခ်က္စတာယူနိုက္တက္က အနိုင္ရရွိခဲ့တာျဖစ္ပါတယ္။ ဒီသြင္းဂိုးအတြက္ တိုက္စစ္စတင္ရာမွာ လူကၽြံေနခဲ့တဲ့ ကစားသမား ပါဝင္ခဲ့လားဆိုတာကို VAR က ျပန္လည္စစ္ေဆးမႈေတြ ရွိခဲ့ေပမယ့္ ဂိုးအျဖစ္ ခြင့္ျပဳေပးျခင္းခံခဲ့ရၿပီး ယူနိုက္တက္က ပရီးမီးယားလိဂ္အမွတ္ေပးဇယား အဆင့္ ၄ ေနရာကို တက္လွမ္းနိုင္ခဲ့တာျဖစ္ပါတယ္။

ပရိသတ္ေတြက မန္ခ်က္စတာယူနိုက္တက္အသင္းရဲ့သြင္းဂိုးနဲ႔ပတ္သက္ၿပီး ၎တို႔ရဲ့ တုံ႔ျပန္မႈကို တြစ္တာလူမႈကြန္ရက္မွာ ေရးသားခဲ့ၾကၿပီး ယူနိုက္တက္ပရိသတ္တစ္ဦးက “လူကၽြံေနခဲ့တဲ့ပုံပဲ။ ဒါေပမယ့္ VAR က အဲဒါကို ခြင့္ျပဳခဲ့လိမ့္မယ္လို႔ ငါ မထင္ခဲ့ဘူး။ အဲဒါက ၿပီးခဲ့တဲ့ရာသီတုန္းက ကာဗာနီ ေက်ာ္သြင္းသြားတဲ့ဂိုးလိုမ်ိဳးပဲ ဟားဟား”လို႔ ေရးသားခဲ့ပါတယ္။

ေနာက္ထပ္ပရိသတ္တစ္ဦးကလည္း “ဘယ္လိုျဖစ္ၿပီး ကာဗာနီက လူကၽြံေနခဲ့တယ္ဆိုတာ တစ္ေယာက္ေယာက္ေလာက္ ေျပာျပေပးနိုင္မလား။ ဒါမွမဟုတ္ မန္ယူျဖစ္ေနတဲ့အတြက္ သူက လူကၽြံေနသလိုမ်ိဳး ငါတို႔ေတြ သ႐ုပ္ေဆာင္ေနၾကတာလား။ အဲဒါက အျငင္းပြားစရာသြင္းဂိုးမဟုတ္ဘူး။ သူက လူကၽြံအေနအထားမွာ ရွိမေနခဲ့ဘူး”လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။

ဒါေပမယ့္လည္း အျခားအသင္းပရိသတ္ေတြကေတာ့ မတူညီတဲ့အျမင္မ်ိဳးရွိခဲ့ၿပီး ယူနိုက္တက္တိုက္စစ္မႉးဟာ လူကၽြံေနခဲ့တယ္လို႔ ထင္ျမင္ခဲ့ၾကတာျဖစ္ပါတယ္။ ခ်ဲလ္ဆီးပရိသတ္တစ္ဦးက “မားကပ္စ္ ရက္ရွ္ဖို႔ဒ္က ဝက္စ္ဟမ္းနဲ႔ပြဲ ေနာက္ဆုံးမိနစ္မွာ အနိုင္ဂိုးကို သြင္းခဲ့တယ္။ ဒါေပမယ့္ ကာဗာနီက တိုက္စစ္စခ်ိန္မွာ လူကၽြံေနခဲ့တယ္ဆိုတာ ေသခ်ာတယ္”လို႔ ေရးသားခဲ့ၿပီး ဝက္စ္ဟမ္းပရိသတ္တစ္ဦးကလည္း ေဒါသတႀကီးနဲ႔ “ဒီလိဂ္က အရမ္း အက်င့္ျပက္ျခစားမႈေတြ ရွိေနတယ္။ ဘယ္လိုလုပ္ၿပီး VAR က ၅ ကိုက္ေလာက္ လူကၽြံေနခဲ့တဲ့ ကာဗာနီကို မျမင္နိုင္ခဲ့ရတာလဲ။ ေဒါသထြက္လိုက္တာကြာ”လို႔ ေရးသားခဲ့ပါတယ္။

ရက္ရွ္ဖို႔ဒ္ဟာ ဝက္စ္ဟမ္းနဲ႔ပြဲစဥ္က ၎ရဲ့သြင္းဂိုးနဲ႔ပတ္သက္ၿပီး ဝမ္းေျမာက္ေပ်ာ္ရႊင္ခဲ့တယ္လို႔ BBC ကို ပြဲအၿပီးမွာ “အဲဒါက အေရးႀကီးတဲ့ဂိုးဆိုတာ သိသာၿပီး ဒီလို ေနာက္က်ၿပီးမွ သြင္းယူနိုင္တာက အံ့အားသင့္စရာ ခံစားခ်က္ပါပဲ။ ကၽြန္ေတာ္တို႔ အနိုင္ရတဲ့ ခံစားခ်က္နဲ႔ အသားက်ေနရပါမယ္။ ကၽြန္ေတာ္တို႔ ေဘာလုံးမွာ နည္းနည္းေတာ့ ပိုေကာင္းလာခဲ့ေပမယ့္ာ လိုအပ္တဲ့ဂိုးကို ရေအာင္ သြင္းယူနိုင္ခဲ့ၿပီး အဲဒါကို အခု စိတ္အားတက္ႂကြစရာအျဖစ္ အသုံးျပဳနိုင္ပါတယ္”

“အမွတ္ေပးဇယားမွာ အသင္း ၂ သင္းက အရမ္းနီးကပ္ေနတဲ့အခ်ိန္မွာ ၂ သင္းစလုံးက တစ္ေယာက္ထက္ ေရွ႕ေရာက္ဖို႔ တိုက္ပြဲဝင္ၾကမွာျဖစ္ၿပီး ဒီေန႔ ကၽြန္ေတာ္တို႔ ေရွ႕ကို ေရာက္ေအာင္ လုပ္နိုင္ခဲ့တယ္။ ကၽြန္ေတာ္တို႔ အခု အဆင့္ ၄ ေနရာမွာ ရပ္တည္ေနၿပီး အခ်ိဳ႕အသင္းေတြက ကစားဖို႔ ပြဲစဥ္ေတြ ရွိပါေသးတယ္။ ဒါေပမယ့္ ဒီေနရာမွာ ရွိေနရတာ ေကာင္းမြန္ပါတယ္”

“နိုင္ပြဲေတြက ဘာအေရးပါလဲဆိုရင္ ခင္ဗ်ား အနိုင္ရတဲ့အခါမွာ၊ ဆက္တိုက္နိုင္ပြဲေတြ ရတဲ့အခါမွာ ခင္ဗ်ား တကယ္ပဲ အဲဒီအရွိန္နဲ႔ ဆက္သြားနိုင္ၿပီး အဲဒါက အားလုံးကို ယုံၾကည္ခ်က္ေတြ ေပးနိုင္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။ မားကပ္စ္ ရက္ရွ္ဖို႔ဒ္ရဲ့ ေနာက္က်အနိုင္ဂိုးေၾကာင့္ မန္ခ်က္စတာယူနိုက္တက္အသင္းဟာ ဝက္စ္ဟမ္း ယူနိုက္တက္ကို ေက်ာ္တက္ၿပီး အဆင့္ ၄ ေနရာကို ေအာက္တိုဘာလေနာက္ပိုင္း ပထမဆုံးအႀကိမ္ တက္လွမ္းနိုင္ခဲ့ၿပီ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.