International Match Report

အုပ်စုဗိုလ် ကင်းမရွန်းနောက်က ဘာကီနာဖာဆို ရှုံးထွက်အဆင့်တက်တဲ့ အာဖရိကဖလား

ကင်းမရွန်းအသင်းအနေနဲ့ ဒီနေ့မှာ အုပ်စု(A)ရဲ့ နောက်ဆုံးပွဲစဉ်အဖြစ် ကိပ်ဗာဒီအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရပြီး သူတို့ရဲ့ ဂိုးသွင်းဘုရင် အဘူဘေကာ ဆက်လက်ပါဝင်လာခဲ့သလို အိုနာနာ၊ ဖေး၊ အန်ဂါမီလူး၊ ဇမ်ဘို အွန်ဂီးဆာ၊ တိုကို အီကမ်ဘီတို့လို အဓိက ကစားသမားတွေကို လူစုံထုတ်ခဲ့ပြီး အိမ်ရှင်ပရိသတ်တွေ စိတ်ကျေနပ်နိုင်ဖို့ ကစားလာခဲ့ကြပါတယ်။

ကိပ်ဗာဒီအသင်းကတော့ သုံးမှတ်သာ ရထားသေးတဲ့ အခြေအနေမှာ အီသီယိုးပီးယားရဲ့ ရှေ့က အကောင်းဆုံး အုပ်စု တတိယနေရာကို ဆုပ်ကိုင်နိုင်ဖို့ ဒီနေ့ပွဲကို ကြိုးစားကစားခဲ့ပြီး သူတို့ရဲ့ အကောင်းဆုံးကစားသမားတွေကို သုံးစွဲခဲ့သလို လီဗာပူးလ်အသင်းက စိတ်ဝင်စားနေတဲ့ ကင်နီ ရိုချာ ဆန်တို့စ်က ကွင်းလယ်ကို ဦးဆောင်ခဲ့တာပါ။

အိမ်ရှင်ကင်းမရွန်းတို့အနေနဲ့ ဘောလုံးပိုင်ဆိုင်မှု အများစုကို ရယူခဲ့ပြီး ဂိုးပေါက်ခြိမ်းခြောက်မှုက တဒိုင်းဒိုင်းဖြစ်နေခဲ့ပေမယ့် ဂိုးပေါက်တည့်ဖို့က အားနည်းနေခဲ့တာကြောင့် စောစောစီးစီး ဂိုးမရခဲ့သလို ခံစစ်ကို အားပြုကစားခဲ့တဲ့ ကိပ်ဗာဒီတို့ကြောင့်လည်း သူတို့တွေ အပိုင်ကန်သွင်းခွင့်တွေမှာ အရေအတွက် နည်းပါးခဲ့ရပါတယ်။

ပွဲချိန် ၃၉ မိနစ်မှာတော့ ကင်းမရွန်းတို့ အဖွင့်ဂိုး စတင်ရှာဖွေနိုင်ခဲ့ပြီး ဖရီးကစ်ကို ကွင်းလယ်လူ အန်ဂါမီလူးက ကန်တင်ပေးရာမှာ ခေါင်းတိုက်ဖို့ ကြိုးစားရင်း ကိပ်ဗာဒီနောက်တန်းနဲ့ ထိပြီး ပြန်ထွက်လာခဲ့တဲ့ ဘောလုံးကို နောက်ကနေ ပါလာတဲ့ ရွှေဖိနပ်ဆုရှင်လောင်း တိုက်စစ်မှူး အဘူဘေကာက ဘယ်ခြေနဲ့ မနားတမ်း ကန်သွင်းနိုင်ခဲ့လို့ ပထမပိုင်းမှာ ကင်းမရွန်းတို့ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ လီဆန်ဒရို ဆီမီဒိုအစား ဂယ်ရီ ရိုဒရီဂက်စ်ကို ထည့်သွင်းပြီး ချေပဂိုးရဖို့ ကြိုးစားလာခဲ့သလို မှန်ကန်တဲ့ ပြောင်းလဲမှုအဖြစ် သူကပဲ ချေပဂိုး ရယူပေးခဲ့ပြီး ပွဲချိန် ၅၃ မိနစ်မှာ ကွင်းလယ်က အဝေးဘော ပေးပို့မှုကို ကင်နီ ရိုချာ ဆန်တို့စ်က လိုက်လံရယူပြီး ချိုးပေးခဲ့ရာမှာ နောက်ပေါက်နဲ့ ချိတ်ပြီး သွင်းယူပေးခဲ့တာပါ။

ပွဲအပြီးမှာတော့ တစ်ဂိုးစီသရေကျခဲ့ပြီး ကင်းမရွန်းတို့ နှစ်ပွဲနိုင် တစ်ပွဲသရေ၊ ရမှတ် ၇ မှတ်နဲ့ နောက်တစ်ဆင့်ကို တက်ရောက်သွားခဲ့သလို ကိပ်ဗာဒီတို့ကတော့ တစ်ပွဲနိုင် တစ်ပွဲသရေ တစ်ပွဲရှုံး၊ ရမှတ် ၄ မှတ်နဲ့ ကျန်တဲ့ အုပ်စုတွေထဲမှာ အကောင်းဆုံးတတိယအဖြစ် တက်ရောက်ခွင့်ရမယ့် ၄ သင်းထဲ ပါဝင်နိုင်ဖို့ အပြီးသတ် ရလဒ်တွေကို စောင့်ဆိုင်းရဦးမှာဖြစ်ပါတယ်။

အုပ်စု(A)ရဲ့ လက်ကျန်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ဘာကီနာဖာဆိုနဲ့ အုပ်စုတွင်းက အင်အားအနည်းဆုံး အီသီယိုးပီးယားတို့ပွဲမှာတော့ ဘာကီနာဖာဆိုဘက်က စီရီလ် ဘာယာလာရဲ့ ၂၄ မိနစ် ဦးဆောင်ဂိုးကို အီသီယိုးပီးယားတို့က ပွဲချိန် ၅၂ မိနစ်မှာ သွင်းယူခဲ့တဲ့ ဂက်တာနာ ကီဒီဘီရဲ့ ပင်နယ်တီနဲ့ ချေပသွားခဲ့လို့ တစ်ဂိုးစီ သရေကျခဲ့ပါတယ်။

ဒီပွဲရလဒ်ကြောင့် ပွဲစဉ်(၂)မှာတုန်းက ကိပ်ဗာဒီကို တစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရထားခဲ့တဲ့ ဘာကီနာဖာဆိုတို့ ၄ မှတ် ရရှိပြီး အုပ်စု ဒုတိယနဲ့ နောက်တစ်ဆင့်ဖြစ်တဲ့ ရှုံးထွက် ၁၆ သင်းအဆင့်ကို တက်လှမ်းနိုင်ခဲ့ချိန်မှာ အီသီယိုးပီးယားကတော့ နောက်ဆုံးပွဲမှာ ရရှိခဲ့တဲ့ နှစ်သိမ့်သရေပွဲတစ်ပွဲနဲ့ အုပ်စုကနေပဲ ထွက်ခဲ့ရပါတယ်။

ဒီနေ့မှာတော့ အုပ်စု(B)က ပွဲစဉ်တွေဖြစ်ကြတဲ့ ဇင်ဘာဘွေနဲ့ ဂီနီ၊ မာလာဝီနဲ့ ဆီနီဂေါ ပွဲစဉ်တွေကို မြန်မာစံတော်ချိန် ည ၁၀ နာရီခွဲမှာ ယှဉ်ပြိုင် ကစားသွားကြမှာဖြစ်ပြီး အုပ်စု(C)ရဲ့ ပွဲစဉ်တွေကိုတော့ နံနက် ၁ နာရီခွဲမှာ ဂါဘွန်နဲ့ မော်ရိုကို၊ ဂါနာနဲ့ ကိုမိုရို့စ်တို့ ကစားရဖို့ ရှိနေကြောင်းလည်း နာမည်ကြီး Black Star ဂါနာတို့ကတော့ ရမှတ်တစ်မှတ်ကို သုံးမှတ်ထပ်ပေါင်းပြီး အုပ်စုတက်နိုင်ဖို့ အရေးပါတဲ့ ပွဲစဉ်ကို ကစားရမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ကင္းမ႐ြန္းအသင္းအေနနဲ႔ ဒီေန႔မွာ အုပ္စု(A)ရဲ႕ ေနာက္ဆုံးပြဲစဥ္အျဖစ္ ကိပ္ဗာဒီအသင္းနဲ႔ ယွဥ္ၿပိဳင္ကစားခဲ့ရၿပီး သူတို႔ရဲ႕ ဂိုးသြင္းဘုရင္ အဘူေဘကာ ဆက္လက္ပါဝင္လာခဲ့သလို အိုနာနာ၊ ေဖး၊ အန္ဂါမီလူး၊ ဇမ္ဘို အြန္ဂီးဆာ၊ တိုကို အီကမ္ဘီတို႔လို အဓိက ကစားသမားေတြကို လူစုံထုတ္ခဲ့ၿပီး အိမ္ရွင္ပရိသတ္ေတြ စိတ္ေက်နပ္ႏိုင္ဖို႔ ကစားလာခဲ့ၾကပါတယ္။

ကိပ္ဗာဒီအသင္းကေတာ့ သုံးမွတ္သာ ရထားေသးတဲ့ အေျခအေနမွာ အီသီယိုးပီးယားရဲ႕ ေရွ႕က အေကာင္းဆုံး အုပ္စု တတိယေနရာကို ဆုပ္ကိုင္ႏိုင္ဖို႔ ဒီေန႔ပြဲကို ႀကိဳးစားကစားခဲ့ၿပီး သူတို႔ရဲ႕ အေကာင္းဆုံးကစားသမားေတြကို သုံးစြဲခဲ့သလို လီဗာပူးလ္အသင္းက စိတ္ဝင္စားေနတဲ့ ကင္နီ ႐ိုခ်ာ ဆန္တို႔စ္က ကြင္းလယ္ကို ဦးေဆာင္ခဲ့တာပါ။

အိမ္ရွင္ကင္းမ႐ြန္းတို႔အေနနဲ႔ ေဘာလုံးပိုင္ဆိုင္မႈ အမ်ားစုကို ရယူခဲ့ၿပီး ဂိုးေပါက္ၿခိမ္းေျခာက္မႈက တဒိုင္းဒိုင္းျဖစ္ေနခဲ့ေပမယ့္ ဂိုးေပါက္တည့္ဖို႔က အားနည္းေနခဲ့တာေၾကာင့္ ေစာေစာစီးစီး ဂိုးမရခဲ့သလို ခံစစ္ကို အားျပဳကစားခဲ့တဲ့ ကိပ္ဗာဒီတို႔ေၾကာင့္လည္း သူတို႔ေတြ အပိုင္ကန္သြင္းခြင့္ေတြမွာ အေရအတြက္ နည္းပါးခဲ့ရပါတယ္။

ပြဲခ်ိန္ ၃၉ မိနစ္မွာေတာ့ ကင္းမ႐ြန္းတို႔ အဖြင့္ဂိုး စတင္ရွာေဖြႏိုင္ခဲ့ၿပီး ဖရီးကစ္ကို ကြင္းလယ္လူ အန္ဂါမီလူးက ကန္တင္ေပးရာမွာ ေခါင္းတိုက္ဖို႔ ႀကိဳးစားရင္း ကိပ္ဗာဒီေနာက္တန္းနဲ႔ ထိၿပီး ျပန္ထြက္လာခဲ့တဲ့ ေဘာလုံးကို ေနာက္ကေန ပါလာတဲ့ ေ႐ႊဖိနပ္ဆုရွင္ေလာင္း တိုက္စစ္မႉး အဘူေဘကာက ဘယ္ေျခနဲ႔ မနားတမ္း ကန္သြင္းႏိုင္ခဲ့လို႔ ပထမပိုင္းမွာ ကင္းမ႐ြန္းတို႔ တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ဒုတိယပိုင္းမွာေတာ့ လီဆန္ဒ႐ို ဆီမီဒိုအစား ဂယ္ရီ ႐ိုဒရီဂက္စ္ကို ထည့္သြင္းၿပီး ေခ်ပဂိုးရဖို႔ ႀကိဳးစားလာခဲ့သလို မွန္ကန္တဲ့ ေျပာင္းလဲမႈအျဖစ္ သူကပဲ ေခ်ပဂိုး ရယူေပးခဲ့ၿပီး ပြဲခ်ိန္ ၅၃ မိနစ္မွာ ကြင္းလယ္က အေဝးေဘာ ေပးပို႔မႈကို ကင္နီ ႐ိုခ်ာ ဆန္တို႔စ္က လိုက္လံရယူၿပီး ခ်ိဳးေပးခဲ့ရာမွာ ေနာက္ေပါက္နဲ႔ ခ်ိတ္ၿပီး သြင္းယူေပးခဲ့တာပါ။

ပြဲအၿပီးမွာေတာ့ တစ္ဂိုးစီသေရက်ခဲ့ၿပီး ကင္းမ႐ြန္းတို႔ ႏွစ္ပြဲႏိုင္ တစ္ပြဲသေရ၊ ရမွတ္ ၇ မွတ္နဲ႔ ေနာက္တစ္ဆင့္ကို တက္ေရာက္သြားခဲ့သလို ကိပ္ဗာဒီတို႔ကေတာ့ တစ္ပြဲႏိုင္ တစ္ပြဲသေရ တစ္ပြဲရႈံး၊ ရမွတ္ ၄ မွတ္နဲ႔ က်န္တဲ့ အုပ္စုေတြထဲမွာ အေကာင္းဆုံးတတိယအျဖစ္ တက္ေရာက္ခြင့္ရမယ့္ ၄ သင္းထဲ ပါဝင္ႏိုင္ဖို႔ အၿပီးသတ္ ရလဒ္ေတြကို ေစာင့္ဆိုင္းရဦးမွာျဖစ္ပါတယ္။

အုပ္စု(A)ရဲ႕ လက္က်န္ပြဲစဥ္တစ္ပြဲျဖစ္တဲ့ ဘာကီနာဖာဆိုနဲ႔ အုပ္စုတြင္းက အင္အားအနည္းဆုံး အီသီယိုးပီးယားတို႔ပြဲမွာေတာ့ ဘာကီနာဖာဆိုဘက္က စီရီလ္ ဘာယာလာရဲ႕ ၂၄ မိနစ္ ဦးေဆာင္ဂိုးကို အီသီယိုးပီးယားတို႔က ပြဲခ်ိန္ ၅၂ မိနစ္မွာ သြင္းယူခဲ့တဲ့ ဂက္တာနာ ကီဒီဘီရဲ႕ ပင္နယ္တီနဲ႔ ေခ်ပသြားခဲ့လို႔ တစ္ဂိုးစီ သေရက်ခဲ့ပါတယ္။

ဒီပြဲရလဒ္ေၾကာင့္ ပြဲစဥ္(၂)မွာတုန္းက ကိပ္ဗာဒီကို တစ္ဂိုး-ဂိုးမရွိနဲ႔ အႏိုင္ရထားခဲ့တဲ့ ဘာကီနာဖာဆိုတို႔ ၄ မွတ္ ရရွိၿပီး အုပ္စု ဒုတိယနဲ႔ ေနာက္တစ္ဆင့္ျဖစ္တဲ့ ရႈံးထြက္ ၁၆ သင္းအဆင့္ကို တက္လွမ္းႏိုင္ခဲ့ခ်ိန္မွာ အီသီယိုးပီးယားကေတာ့ ေနာက္ဆုံးပြဲမွာ ရရွိခဲ့တဲ့ ႏွစ္သိမ့္သေရပြဲတစ္ပြဲနဲ႔ အုပ္စုကေနပဲ ထြက္ခဲ့ရပါတယ္။

ဒီေန႔မွာေတာ့ အုပ္စု(B)က ပြဲစဥ္ေတြျဖစ္ၾကတဲ့ ဇင္ဘာေဘြနဲ႔ ဂီနီ၊ မာလာဝီနဲ႔ ဆီနီေဂါ ပြဲစဥ္ေတြကို ျမန္မာစံေတာ္ခ်ိန္ ည ၁၀ နာရီခြဲမွာ ယွဥ္ၿပိဳင္ ကစားသြားၾကမွာျဖစ္ၿပီး အုပ္စု(C)ရဲ႕ ပြဲစဥ္ေတြကိုေတာ့ နံနက္ ၁ နာရီခြဲမွာ ဂါဘြန္နဲ႔ ေမာ္႐ိုကို၊ ဂါနာနဲ႔ ကိုမို႐ို႕စ္တို႔ ကစားရဖို႔ ရွိေနေၾကာင္းလည္း နာမည္ႀကီး Black Star ဂါနာတို႔ကေတာ့ ရမွတ္တစ္မွတ္ကို သုံးမွတ္ထပ္ေပါင္းၿပီး အုပ္စုတက္ႏိုင္ဖို႔ အေရးပါတဲ့ ပြဲစဥ္ကို ကစားရမွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.