Premier League

ကြိုးကြာနီ ၂ ဦးရဲ့ ဂန္တဝင်မြောက် ပေါင်းစည်းမှုကို တရားဝင် ထုတ်ဖော်မိတ်ဆက်လိုက်တဲ့ အက်စတန်ဗီလာ

ဖိလစ်ပီ ကော်တင်ညိုဟာ ဘာစီလိုနာအသင်းကနေ အက်စတန် ဗီလာအသင်းကို အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့ပြီဖြစ်ကြောင်း အတည်ပြုပြီးနောက်ပိုင်း ပထမဆုံးအကြိမ် အက်စတန် ဗီလာအသင်းဝတ်စုံနဲ့အတူ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေ ပေါ်ထွက်လာခဲ့ပြီး ပရီးမီးယားလိဂ်ကို ပြန်လည်ပြောင်းရွှေ့လာဖို့ အနီးစပ်ဆုံးအခြေအနေမှာ ရှိနေပြီဖြစ်ပါတယ်။

ကော်တင်ညိုရဲ့ ဗီလာ ပါ့ခ်ကို အငှားနဲ့ ပြောင်းရွှေ့မှုကို ပြီးခဲ့တဲ့အပတ်မှာ အတည်ပြုခဲ့တာဖြစ်ပြီး အက်စတန် ဗီလာအသင်းဟာ လီဗာပူးလ်ကြယ်ပွင့်ဟောင်းကို ယခုရာသီကုန်မှာ အပြီးသတ်ခေါ်ယူခွင့် ပါဝင်တဲ့ အငှားစာချုပ်နဲ့ ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ အသက် ၂၉ နှစ်အရွယ် တောင်ပံကစားသမားဟာ အင်္ဂါနေ့ညမှာ အက်စတန် ဗီလာကစားသမားအဖြစ်နဲ့ တရားဝင် မိတ်ဆက်ခြင်းခံခဲ့ရတာဖြစ်ပြီး ယခုရာသီကုန်အထိ ကျောနံပါတ် ၂၃ ကို ဝတ်ဆင်ကစားသွားမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့အပတ်က Sportsmail ရဲ့ ထုတ်ဖော်ပြောကြားချက်အရ အက်စတန် ဗီလာအသင်းဟာ ယခုနွေရာသီမှာ ကော်တင်ညိုကို ဘာစီလိုနာအသင်းကနေ အပြီးသတ် ခေါ်ယူနိုင်ဖို့အတွက် ပေါင် ၃၃ သန်းဝန်းကျင် ပေးချေသွားရမှာဖြစ်တယ်လို့ သိရပြီး ဘရာဇီးလ်ကွင်းလယ်ကြယ်ပွင့်ရဲ့ ယခုရာသီအတွက် ဘာစီလိုနာအသင်း ပေးချေရမယ့် လစာပမာဏတစ်ဝက်ကိုလည်း ပရီးမီးယားလိဂ်ကလပ်အသင်းက ပေးချေသွားရမှာဖြစ်ပါတယ်။

အက်စတန် ဗီလာနည်းပြ စတီဗင် ဂျရတ်နဲ့ ကော်တင်ညိုတို့ဟာ ၂၀၁၃ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိ လီဗာပူးလ်အသင်းမှာ အသင်းဖော်တွေအဖြစ် အတူတူ ကစားခဲ့ကြပြီး ၂၀၁၄ ခုနှစ် ဘရန်ဒန် ရော့ဂျားစ်လက်ထက် ပရီးမီးယားလိဂ်ဖလား ရရှိဖို့အတွက် အနီးစပ်ဆုံးအခြေအနေအထိ ရောက်ရှိအောင် ကူညီပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ကော်တင်ညိုရဲ့ အငှားနဲ့ ပြောင်းရွှေ့ဖို့ သဘောတူညီမှုကို ဇန်နဝါရီလ ၇ ရက်နေ့က အတည်ပြုခဲ့ပေမယ့် လူဝင်မှုကြီးကြပ်ရေးနဲ့ ဆေးဘက်ဆိုင်ရာအကြောင်းအရင်းတွေကြောင့် တနင်္လာနေ့ညက မန်ချက်စတာယူနိုက်တက်ကို ရှုံးနိမ့်ခဲ့တဲ့ အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်မှာ ပါဝင်ကစားပေးနိုင်ခြင်း မရှိခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဘရာဇီးလ်ကြယ်ပွင့်ဟာ စနေနေ့ ဗီလာ ပါ့ခ်မှာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ ပါဝင်ကစားပေးသွားနိုင်တော့မှာဖြစ်ပြီး ကော်တင်ညိုက ၎င်းရဲ့အသင်းဖော်ဟောင်း စတီဗင် ဂျရတ်က အက်စတန် ဗီလာကို ပြောင်းရွှေ့ဖို့ဆုံးဖြတ်ရာမှာ အဓိကကျခဲ့ပြီး ယခုရာသီမှာ ၎င်းအနေနဲ့ ဗီလာနည်းပြကို အားဖြည့်ပေးနိုင်မယ်လို့ ယုံကြည်နေပါတယ်။

“ဒီမှာရှိနေရတာ စိတ်ပျော်ရွှင်စရာပါ။ အက်စတန် ဗီလာက အရမ်းကောင်းတဲ့အသင်းပါ။ နည်းပြနဲ့ ကျွန်တော် စကားအများကြီး ပြောခဲ့ကြပြီး သူက ကျွန်တော့်ကို အသင်းအကြောင်းနဲ့ သူ့ရဲ့ရည်မှန်းချက်အကြောင်းကို ပြောပြပါတယ်။ ကျွန်တော် ဒီမှာရှိနေရလို့ အရမ်းပျော်ရွှင်မိပြီး ဘောလုံး ကောင်းကောင်း ကစားနိုင်ဖို့အတွက် ကြိုးပမ်းနေပါတယ်။ ကျွန်တော် စတီဗီကို ဟိုးအရင်ကတည်းက သိခဲ့တာပါ။ သူနဲ့အတူ ကျွန်တော် ကစားခဲ့ပြီး သူ့ဆီ အများကြီး သင်ယူခဲ့ရပါတယ်။ သူက ကျွန်တော် အရမ်းလေးစားရတဲ့သူတစ်ယောက်ပါ။ ကျွန်တော့်ရဲ့အကောင်းဆုံး စွမ်းဆောင်ရည်တွေ ဒီမှာ ပြသနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော် အလုပ်ကြိုးစားမယ်ဆိုတာ အသေအချာဖြစ်ပြီး ကျွန်တော်တို့အတူတူ ကောင်းမွန်တဲ့အလုပ်ကို လုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်”

“ကျွန်တော် ပရိသတ်တွေနဲ့ ကွင်းထဲမှာ တွေ့ဆုံရဖို့ကို စောင့်မျှော်နေပါတယ်။ ကျွန်တော် ဒီကို ရောက်လာလို့ သူတို့တွေ ပျော်ရွှင်နေမယ်ဆိုတာ ကျွန်တော် သိပြီး ခံစားနေရပါတယ်။ ကျွန်တော် အဲဒါကို ကွင်းထဲမှာ ဘောလုံးကောင်းကောင်း ကစားပြပြီး ပြန်လည်ပေးဆပ်ချင်ပါတယ်။ ကွင်းထဲမှာ ကစားရဖို့ ကျွန်တော် စောင့်မျှော်နေပါတယ်။ ကျွန်တော် အမြဲတမ်း အကောင်းဆုံးပုံစံမှာ ရှိနေချင်ပြီး ကျွန်တော့်အလုပ် ကျွန်တော် လုပ်နေချင်တာပါ။ အဲဒါကြောင့်ပဲ နေ့တိုင်း ကျွန်တော် ပြင်းပြင်းထန်ထန် အလုပ်လုပ်နေတာပါ။ ဒီမှာ လက်ကျန်ရာသီဝက်တစ်ခုလုံး အရမ်းကောင်းမွန်လာလိမ့်မယ်လို့ မျှှော်လင့်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

အက်စတန် ဗီလာနည်းပြ စတီဗင် ဂျရတ်ကလည်း ကော်တင်ညို ရောက်ရှိလာမှုက ဗီလာ ပါ့ခ်မှာ အနည်းဆုံးတော့ လက်ရှိအချိန်ကနေ ရာသီကုန်အထိ အလွန်အရေးပါလိမ့်မယ်လို့ ယုံကြည်နေပါတယ်။ “သူက ကြီးမားတဲ့ဂုဏ်ယူစရာအများအပြားနဲ့အတူ အလွန်အထင်ကြီးဖွယ် မှတ်တမ်းတွေနဲ့ ဝံ့ကြွားနေတဲ့ ထူးချွန်တဲ့ကစားသမားပါ။ သူ့ကို ဒီကို ရောက်အောင် ခေါ်ယူနိုင်ခဲ့တဲ့အတွက် ကျွန်တော် တကယ်ကို စိတ်ကျေနပ်မိခဲ့ပြီး သူနဲ့ အလုပ်အတူတူလုပ်ဖို့ စောင့်မျှော်နေပါတယ်။ သူက အရင်တုန်းက ကျွန်တော် တွဲကစားရတာ နှစ်သက်ခဲ့တဲ့ ကစားသမားဖြစ်ပြီး ဒီက ကစားသမားတွေ အားလုံးကလည်း သူ့ရဲ့ အရည်အသွေးနဲ့ အတွေ့အကြုံတွေကြောင့် အကျိုးအမြတ်ရှိမယ်ဆိုတာ ကျွန်တော် သိပါတယ်။ သူ့ရဲ့ ပါဝင်မှုက ဒဏ်ရာပြဿနာတွေနဲ့ အာဖရိကဖလားပြိုင်ပွဲကြောင့် တိုက်စစ်မှာ အင်အားလျော့နေတဲ့ အနေအထားအရ အရမ်းအရေးပါလာမှာဖြစ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ဖိလစ္ပီ ေကာ္တင္ညိဳဟာ ဘာစီလိုနာအသင္းကေန အက္စတန္ ဗီလာအသင္းကို အငွားစာခ်ဳပ္နဲ႔ ေျပာင္းေ႐ႊ႕ခဲ့ၿပီျဖစ္ေၾကာင္း အတည္ျပဳၿပီးေနာက္ပိုင္း ပထမဆုံးအႀကိမ္ အက္စတန္ ဗီလာအသင္းဝတ္စုံနဲ႔အတူ ႐ိုက္ကူးထားတဲ့ ဓာတ္ပုံေတြ ေပၚထြက္လာခဲ့ၿပီး ပရီးမီးယားလိဂ္ကို ျပန္လည္ေျပာင္းေ႐ႊ႕လာဖို႔ အနီးစပ္ဆုံးအေျခအေနမွာ ရွိေနၿပီျဖစ္ပါတယ္။

ေကာ္တင္ညိဳရဲ႕ ဗီလာ ပါ့ခ္ကို အငွားနဲ႔ ေျပာင္းေ႐ႊ႕မႈကို ၿပီးခဲ့တဲ့အပတ္မွာ အတည္ျပဳခဲ့တာျဖစ္ၿပီး အက္စတန္ ဗီလာအသင္းဟာ လီဗာပူးလ္ၾကယ္ပြင့္ေဟာင္းကို ယခုရာသီကုန္မွာ အၿပီးသတ္ေခၚယူခြင့္ ပါဝင္တဲ့ အငွားစာခ်ဳပ္နဲ႔ ေခၚယူႏိုင္ခဲ့တာျဖစ္ပါတယ္။ အသက္ ၂၉ ႏွစ္အ႐ြယ္ ေတာင္ပံကစားသမားဟာ အဂၤါေန႔ညမွာ အက္စတန္ ဗီလာကစားသမားအျဖစ္နဲ႔ တရားဝင္ မိတ္ဆက္ျခင္းခံခဲ့ရတာျဖစ္ၿပီး ယခုရာသီကုန္အထိ ေက်ာနံပါတ္ ၂၃ ကို ဝတ္ဆင္ကစားသြားမွာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့အပတ္က Sportsmail ရဲ႕ ထုတ္ေဖာ္ေျပာၾကားခ်က္အရ အက္စတန္ ဗီလာအသင္းဟာ ယခုေႏြရာသီမွာ ေကာ္တင္ညိဳကို ဘာစီလိုနာအသင္းကေန အၿပီးသတ္ ေခၚယူႏိုင္ဖို႔အတြက္ ေပါင္ ၃၃ သန္းဝန္းက်င္ ေပးေခ်သြားရမွာျဖစ္တယ္လို႔ သိရၿပီး ဘရာဇီးလ္ကြင္းလယ္ၾကယ္ပြင့္ရဲ႕ ယခုရာသီအတြက္ ဘာစီလိုနာအသင္း ေပးေခ်ရမယ့္ လစာပမာဏတစ္ဝက္ကိုလည္း ပရီးမီးယားလိဂ္ကလပ္အသင္းက ေပးေခ်သြားရမွာျဖစ္ပါတယ္။

အက္စတန္ ဗီလာနည္းျပ စတီဗင္ ဂ်ရတ္နဲ႔ ေကာ္တင္ညိဳတို႔ဟာ ၂၀၁၃ ခုႏွစ္ကေန ၂၀၁၅ ခုႏွစ္အထိ လီဗာပူးလ္အသင္းမွာ အသင္းေဖာ္ေတြအျဖစ္ အတူတူ ကစားခဲ့ၾကၿပီး ၂၀၁၄ ခုႏွစ္ ဘရန္ဒန္ ေရာ့ဂ်ားစ္လက္ထက္ ပရီးမီးယားလိဂ္ဖလား ရရွိဖို႔အတြက္ အနီးစပ္ဆုံးအေျခအေနအထိ ေရာက္ရွိေအာင္ ကူညီေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

ေကာ္တင္ညိဳရဲ႕ အငွားနဲ႔ ေျပာင္းေ႐ႊ႕ဖို႔ သေဘာတူညီမႈကို ဇန္နဝါရီလ ၇ ရက္ေန႔က အတည္ျပဳခဲ့ေပမယ့္ လူဝင္မႈႀကီးၾကပ္ေရးနဲ႔ ေဆးဘက္ဆိုင္ရာအေၾကာင္းအရင္းေတြေၾကာင့္ တနလၤာေန႔ညက မန္ခ်က္စတာယူႏိုက္တက္ကို ရႈံးနိမ့္ခဲ့တဲ့ အက္ဖ္ေအဖလား တတိယအဆင့္ပြဲစဥ္မွာ ပါဝင္ကစားေပးႏိုင္ျခင္း မရွိခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဘရာဇီးလ္ၾကယ္ပြင့္ဟာ စေနေန႔ ဗီလာ ပါ့ခ္မွာ မန္ခ်က္စတာယူႏိုက္တက္အသင္းနဲ႔ ယွဥ္ၿပိဳင္ကစားရမယ့္ ပရီးမီးယားလိဂ္ပြဲစဥ္မွာေတာ့ ပါဝင္ကစားေပးသြားႏိုင္ေတာ့မွာျဖစ္ၿပီး ေကာ္တင္ညိဳက ၎ရဲ႕အသင္းေဖာ္ေဟာင္း စတီဗင္ ဂ်ရတ္က အက္စတန္ ဗီလာကို ေျပာင္းေ႐ႊ႕ဖို႔ဆုံးျဖတ္ရာမွာ အဓိကက်ခဲ့ၿပီး ယခုရာသီမွာ ၎အေနနဲ႔ ဗီလာနည္းျပကို အားျဖည့္ေပးႏိုင္မယ္လို႔ ယုံၾကည္ေနပါတယ္။

“ဒီမွာရွိေနရတာ စိတ္ေပ်ာ္႐ႊင္စရာပါ။ အက္စတန္ ဗီလာက အရမ္းေကာင္းတဲ့အသင္းပါ။ နည္းျပနဲ႔ ကြၽန္ေတာ္ စကားအမ်ားႀကီး ေျပာခဲ့ၾကၿပီး သူက ကြၽန္ေတာ့္ကို အသင္းအေၾကာင္းနဲ႔ သူ႔ရဲ႕ရည္မွန္းခ်က္အေၾကာင္းကို ေျပာျပပါတယ္။ ကြၽန္ေတာ္ ဒီမွာရွိေနရလို႔ အရမ္းေပ်ာ္႐ႊင္မိၿပီး ေဘာလုံး ေကာင္းေကာင္း ကစားႏိုင္ဖို႔အတြက္ ႀကိဳးပမ္းေနပါတယ္။ ကြၽန္ေတာ္ စတီဗီကို ဟိုးအရင္ကတည္းက သိခဲ့တာပါ။ သူနဲ႔အတူ ကြၽန္ေတာ္ ကစားခဲ့ၿပီး သူ႔ဆီ အမ်ားႀကီး သင္ယူခဲ့ရပါတယ္။ သူက ကြၽန္ေတာ္ အရမ္းေလးစားရတဲ့သူတစ္ေယာက္ပါ။ ကြၽန္ေတာ့္ရဲ႕အေကာင္းဆုံး စြမ္းေဆာင္ရည္ေတြ ဒီမွာ ျပသႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။ ကြၽန္ေတာ္ အလုပ္ႀကိဳးစားမယ္ဆိုတာ အေသအခ်ာျဖစ္ၿပီး ကြၽန္ေတာ္တို႔အတူတူ ေကာင္းမြန္တဲ့အလုပ္ကို လုပ္ႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္”

“ကြၽန္ေတာ္ ပရိသတ္ေတြနဲ႔ ကြင္းထဲမွာ ေတြ႕ဆုံရဖို႔ကို ေစာင့္ေမွ်ာ္ေနပါတယ္။ ကြၽန္ေတာ္ ဒီကို ေရာက္လာလို႔ သူတို႔ေတြ ေပ်ာ္႐ႊင္ေနမယ္ဆိုတာ ကြၽန္ေတာ္ သိၿပီး ခံစားေနရပါတယ္။ ကြၽန္ေတာ္ အဲဒါကို ကြင္းထဲမွာ ေဘာလုံးေကာင္းေကာင္း ကစားျပၿပီး ျပန္လည္ေပးဆပ္ခ်င္ပါတယ္။ ကြင္းထဲမွာ ကစားရဖို႔ ကြၽန္ေတာ္ ေစာင့္ေမွ်ာ္ေနပါတယ္။ ကြၽန္ေတာ္ အၿမဲတမ္း အေကာင္းဆုံးပုံစံမွာ ရွိေနခ်င္ၿပီး ကြၽန္ေတာ့္အလုပ္ ကြၽန္ေတာ္ လုပ္ေနခ်င္တာပါ။ အဲဒါေၾကာင့္ပဲ ေန႔တိုင္း ကြၽန္ေတာ္ ျပင္းျပင္းထန္ထန္ အလုပ္လုပ္ေနတာပါ။ ဒီမွာ လက္က်န္ရာသီဝက္တစ္ခုလုံး အရမ္းေကာင္းမြန္လာလိမ့္မယ္လို႔ ေမွ်ွာ္လင့္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

အက္စတန္ ဗီလာနည္းျပ စတီဗင္ ဂ်ရတ္ကလည္း ေကာ္တင္ညိဳ ေရာက္ရွိလာမႈက ဗီလာ ပါ့ခ္မွာ အနည္းဆုံးေတာ့ လက္ရွိအခ်ိန္ကေန ရာသီကုန္အထိ အလြန္အေရးပါလိမ့္မယ္လို႔ ယုံၾကည္ေနပါတယ္။ “သူက ႀကီးမားတဲ့ဂုဏ္ယူစရာအမ်ားအျပားနဲ႔အတူ အလြန္အထင္ႀကီးဖြယ္ မွတ္တမ္းေတြနဲ႔ ဝံ့ႂကြားေနတဲ့ ထူးခြၽန္တဲ့ကစားသမားပါ။ သူ႔ကို ဒီကို ေရာက္ေအာင္ ေခၚယူႏိုင္ခဲ့တဲ့အတြက္ ကြၽန္ေတာ္ တကယ္ကို စိတ္ေက်နပ္မိခဲ့ၿပီး သူနဲ႔ အလုပ္အတူတူလုပ္ဖို႔ ေစာင့္ေမွ်ာ္ေနပါတယ္။ သူက အရင္တုန္းက ကြၽန္ေတာ္ တြဲကစားရတာ ႏွစ္သက္ခဲ့တဲ့ ကစားသမားျဖစ္ၿပီး ဒီက ကစားသမားေတြ အားလုံးကလည္း သူ႔ရဲ႕ အရည္အေသြးနဲ႔ အေတြ႕အႀကဳံေတြေၾကာင့္ အက်ိဳးအျမတ္ရွိမယ္ဆိုတာ ကြၽန္ေတာ္ သိပါတယ္။ သူ႔ရဲ႕ ပါဝင္မႈက ဒဏ္ရာျပႆနာေတြနဲ႔ အာဖရိကဖလားၿပိဳင္ပြဲေၾကာင့္ တိုက္စစ္မွာ အင္အားေလ်ာ့ေနတဲ့ အေနအထားအရ အရမ္းအေရးပါလာမွာျဖစ္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.