Premier League

မာရီနာရဲ့မီးစိမ်းပြမှုနဲ့ အပြီးသတ်နိုင်ဖို့ နီးစပ်လာတဲ့ တူဟယ်အတွက် ပြီးပြည့်စုံစေမယ့် ပေါင် ၂၃သန်းတန်အပြောင်းအရွှေ့

ချဲလ်ဆီးအသင်းဟာ လူးကပ်စ် ဒီညီက အပြောင်းအရွှေ့ပြုလုပ်ချင်တဲ့ဆန္ဒကို ထုတ်ဖော်ခဲ့ပြီးနောက် အဲဗာတန် နောက်ခံကစားသမားကို ခေါ်ယူဖို့အတွက် ပြင်ဆင်သွားဖွယ်ရှိနေပြီဖြစ်ပါတယ်။

ချဲလ်ဆီးဟာ အင်္ဂလန်လက်ရွေးစင်ကစားသမား ၂ ဦးဖြစ်တဲ့ ရီးစ် ဂျိမ်းစ်နဲ့ ဘန် ချေးဝဲလ်တို့ ၂ ဦးစလုံး ဒဏ်ရာရရှိသွားခဲ့ပြီးနောက်ပိုင်း နောက်ခံတောင်ပံနေရာအတွက် မျက်နှာသစ် ကစားသမားတွေကို ခေါ်ယူချင်နေတာဖြစ်ပါတယ်။ လက်ရှိမှာတော့ ပြင်သစ်နောက်ခံကစားသမား လူးကပ်စ် ဒီညီဟာ နည်းပြ ရာဖေးလ် ဘင်နီတက်ဇ်နဲ့ ဆက်ဆံရေး မပြေမလည်ဖြစ်ခဲ့ပြီးနောက် ချဲလ်ဆီးအသင်းက အဲဗာတန်နောက်ခံလူကို ခေါ်ယူဖို့အတွက် ကြိုးပမ်းသွားတော့မယ်လို့ သိရပါတယ်။

အဲဗာတန်နောက်ခံကစားသမား လူးကပ်စ် ဒီညီဟာ ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့ချင်တဲ့ဆန္ဒရှိနေတယ်လို့ 90min ရဲ့ ဖော်ပြချက်အရ သိရပြီး အဲဗာတန်နောက်ခံကစားသမားဟာ ကမ္ဘာ့အချမ်းသာဆုံးအသင်းဖြစ်လာတဲ့ နယူးကာဆယ်လ်ကို ပြောင်းရွှေ့ဖို့ အစီအစဉ်မရှိဘဲ အနောက်လန်ဒန် ကလပ်အသင်းကိုသာ ပြောင်းရွှေ့ချင်တဲ့ဆန္ဒရှိနေတာဖြစ်ပါတယ်။

ပြင်သစ်နောက်ခံကစားသမားဟာ ဝက်စ်ဟမ်း၊ လက်စတာစီးတီးတို့ဆီကနေ စိတ်ဝင်စားမှု ရရှိနေချိန်မှာ ရွေးချယ်စရာတွေ ရှိနေပေမယ့် ချဲလ်ဆီးကိုသာ ပိုမို ပြောင်းရွှေ့ချင်နေပြီး ဒီသဘောထားဟာ အပြောင်းအရွှေ့စျေးကွက် ကြာလာရင် ပြောင်းလဲသွားဖွယ်ရှိတယ်လို့လည်း ယင်းသတင်းက ထပ်လောင်းဖော်ပြခဲ့ပါတယ်။

စပိန်သတင်းဌာန Sport ရဲ့ သတင်းအရ ချဲလ်ဆီးအသင်းသာ ဘာစီလိုနာနောက်ခံကစားသမား ဆာဂျီနို ဒက်စ်တ်ကို ၎င်းတို့ရဲ့ နံပါတ်တစ် ပစ်မှတ်အဖြစ် ရှုမြင်ထားပြီး ကတ်တလန်ထိပ်သီးအသင်းကြီးကို အပြောင်းအရွှေ့ပြုလုပ်ဖို့နဲ့ပတ်သက်ပြီး ချဉ်းကပ်ခဲ့တယ်လို့ သိရပါတယ်။

အိုင်းယက်စ်ကြယ်ပွင့်ဟောင်းဟာ ဘာစီလိုနာအသင်းမှာ ဆက်နေပြီး ဇာဗီရဲ့ ပထမအသင်းမှာ နေရာရရှိအောင် ကြိုးပမ်းချင်ပေမယ့် ချဲလ်ဆီးအသင်းက ထိပ်တန်းအဆင့်ကလပ်အသင်းဖြစ်တာကြောင့် အရေးပါတဲ့ဆုဖလားတွေအားလုံးကို ရယူဖို့ ကြိုးပမ်းနိုင်မှာဖြစ်တဲ့အတွက် စိတ်ပြောင်းပြီး စတမ်းဖို့ဒ် ဘရစ်ချ်ကို ပြောင်းရွှေ့ဖွယ်လည်း ရှိလာနိုင်တယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း ချဲလ်ဆီးအသင်းအနေနဲ့ ယခုလ ဇန်နဝါရီအပြောင်းအရွှေ့မှာ ခေါ်ယူမယ့် နောက်ခံကစားသမားဟာ ပရီးမီးယားလိဂ်အတွေ့အကြုံရှိတဲ့သူဖြစ်ရင် ပိုမိုကောင်းမွန်မှာဖြစ်ပြီး အသင်းနဲ့ အံဝင်ဖို့ကိုလည်း အချိန်အများကြီး ပေးစရာလိုတော့မှာ မဟုတ်တာကြောင့် ချဲလ်ဆီးအသင်းအားကစားဒါရိုက်တာ မာရီနာ ဂရာနော့ဗ်စကားယာက တူဟယ်ရဲ့ ပြီးပြည့်စုံတဲ့ ပေါင် ၂၃ သန်းတန် ဇန်နဝါရီအပြောင်းအရွှေ့ကာလကို အပြီးသတ်လုပ်ဆောင်ဖို့ မီးစိမ်းပြသထားခဲ့တယ်လို့ သိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ခ်ဲလ္ဆီးအသင္းဟာ လူးကပ္စ္ ဒီညီက အေျပာင္းအေရႊ႕ျပဳလုပ္ခ်င္တဲ့ဆႏၵကို ထုတ္ေဖာ္ခဲ့ၿပီးေနာက္ အဲဗာတန္ ေနာက္ခံကစားသမားကို ေခၚယူဖို႔အတြက္ ျပင္ဆင္သြားဖြယ္ရွိေနၿပီျဖစ္ပါတယ္။

ခ်ဲလ္ဆီးဟာ အဂၤလန္လက္ေရြးစင္ကစားသမား ၂ ဦးျဖစ္တဲ့ ရီးစ္ ဂ်ိမ္းစ္နဲ႔ ဘန္ ေခ်းဝဲလ္တို႔ ၂ ဦးစလုံး ဒဏ္ရာရရွိသြားခဲ့ၿပီးေနာက္ပိုင္း ေနာက္ခံေတာင္ပံေနရာအတြက္ မ်က္ႏွာသစ္ ကစားသမားေတြကို ေခၚယူခ်င္ေနတာျဖစ္ပါတယ္။ လက္ရွိမွာေတာ့ ျပင္သစ္ေနာက္ခံကစားသမား လူးကပ္စ္ ဒီညီဟာ နည္းၿပ ရာေဖးလ္ ဘင္နီတက္ဇ္နဲ႔ ဆက္ဆံေရး မေျပမလည္ျဖစ္ခဲ့ၿပီးေနာက္ ခ်ဲလ္ဆီးအသင္းက အဲဗာတန္ေနာက္ခံလူကို ေခၚယူဖို႔အတြက္ ႀကိဳးပမ္းသြားေတာ့မယ္လို႔ သိရပါတယ္။

အဲဗာတန္ေနာက္ခံကစားသမား လူးကပ္စ္ ဒီညီဟာ ခ်ဲလ္ဆီးအသင္းကို ေျပာင္းေရႊ႕ခ်င္တဲ့ဆႏၵရွိေနတယ္လို႔ 90min ရဲ့ ေဖာ္ျပခ်က္အရ သိရၿပီး အဲဗာတန္ေနာက္ခံကစားသမားဟာ ကမၻာ့အခ်မ္းသာဆုံးအသင္းျဖစ္လာတဲ့ နယူးကာဆယ္လ္ကို ေျပာင္းေရႊ႕ဖို႔ အစီအစဥ္မရွိဘဲ အေနာက္လန္ဒန္ ကလပ္အသင္းကိုသာ ေျပာင္းေရႊ႕ခ်င္တဲ့ဆႏၵရွိေနတာျဖစ္ပါတယ္။

ျပင္သစ္ေနာက္ခံကစားသမားဟာ ဝက္စ္ဟမ္း၊ လက္စတာစီးတီးတို႔ဆီကေန စိတ္ဝင္စားမႈ ရရွိေနခ်ိန္မွာ ေရြးခ်ယ္စရာေတြ ရွိေနေပမယ့္ ခ်ဲလ္ဆီးကိုသာ ပိုမို ေျပာင္းေရႊ႕ခ်င္ေနၿပီး ဒီသေဘာထားဟာ အေျပာင္းအေရႊ႕ေစ်းကြက္ ၾကာလာရင္ ေျပာင္းလဲသြားဖြယ္ရွိတယ္လို႔လည္း ယင္းသတင္းက ထပ္ေလာင္းေဖာ္ျပခဲ့ပါတယ္။

စပိန္သတင္းဌာန Sport ရဲ့ သတင္းအရ ခ်ဲလ္ဆီးအသင္းသာ ဘာစီလိုနာေနာက္ခံကစားသမား ဆာဂ်ီနို ဒက္စ္တ္ကို ၎တို႔ရဲ့ နံပါတ္တစ္ ပစ္မွတ္အျဖစ္ ရႈျမင္ထားၿပီး ကတ္တလန္ထိပ္သီးအသင္းႀကီးကို အေျပာင္းအေရႊ႕ျပဳလုပ္ဖို႔နဲ႔ပတ္သက္ၿပီး ခ်ဥ္းကပ္ခဲ့တယ္လို႔ သိရပါတယ္။

အိုင္းယက္စ္ၾကယ္ပြင့္ေဟာင္းဟာ ဘာစီလိုနာအသင္းမွာ ဆက္ေနၿပီး ဇာဗီရဲ့ ပထမအသင္းမွာ ေနရာရရွိေအာင္ ႀကိဳးပမ္းခ်င္ေပမယ့္ ခ်ဲလ္ဆီးအသင္းက ထိပ္တန္းအဆင့္ကလပ္အသင္းျဖစ္တာေၾကာင့္ အေရးပါတဲ့ဆုဖလားေတြအားလုံးကို ရယူဖို႔ ႀကိဳးပမ္းနိုင္မွာျဖစ္တဲ့အတြက္ စိတ္ေျပာင္းၿပီး စတမ္းဖို႔ဒ္ ဘရစ္ခ်္ကို ေျပာင္းေရႊ႕ဖြယ္လည္း ရွိလာနိုင္တယ္လို႔ သိရပါတယ္။

ဒါေပမယ့္လည္း ခ်ဲလ္ဆီးအသင္းအေနနဲ႔ ယခုလ ဇန္နဝါရီအေျပာင္းအေရႊ႕မွာ ေခၚယူမယ့္ ေနာက္ခံကစားသမားဟာ ပရီးမီးယားလိဂ္အေတြ႕အၾကဳံရွိတဲ့သူျဖစ္ရင္ ပိုမိုေကာင္းမြန္မွာျဖစ္ၿပီး အသင္းနဲ႔ အံဝင္ဖို႔ကိုလည္း အခ်ိန္အမ်ားႀကီး ေပးစရာလိုေတာ့မွာ မဟုတ္တာေၾကာင့္ ခ်ဲလ္ဆီးအသင္းအားကစားဒါရိုက္တာ မာရီနာ ဂရာေနာ့ဗ္စကားယာက တူဟယ္ရဲ့ ၿပီးျပည့္စုံတဲ့ ေပါင္ ၂၃ သန္းတန္ ဇန္နဝါရီအေျပာင္းအေရႊ႕ကာလကို အၿပီးသတ္လုပ္ေဆာင္ဖို႔ မီးစိမ္းျပသထားခဲ့တယ္လို႔ သိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.