Analysis Article Premier League

ပရီးမီးယားလိဂ်ရဲ့ လက်ရှိ ဖရီးကစ်အကောင်းဆုံး ကစားသမား ၅ ဦး

ပရီးမီးယားလိဂ်မှာ ဒေးဗစ် ဘက်ခမ်းတို့က စပြီး ဖရီးကစ်ဆရာတွေ ထွန်းပလာခဲ့သလို သီယာရီ အွန်နရီ၊ ဖရန့် လမ်းပတ်၊ မော်တန် ဂမ့်စ် ပက်ဒါဆန်၊ ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့က အကောင်းဆုံးနေရာတွေကို ရယူထားခဲ့အပြီးမှာ လက်ရှိအချိန်မှာတော့ ကစားပုံအမျိုးမျိုး၊ ခေတ်တွေအမျိုးမျိုး ပြောင်းလဲလာချိန်မှာ ဒီလိုပဲ ဝေ့ဝိုက်ကန်သွင်းယူနေတဲ့ မပြောင်းလဲသော ဖရီးကစ်ဆရာတွေ စာရင်းမှာ ဘယ်သူတွေ ရှိနေသလဲ ကြည့်ကြရအောင်ပါ။

ဒီပြိုင်ပွဲကြီးမှာတော့ ထာဝရ ဖရီးကစ်ဘုရင်အဖြစ် ဘက်ခမ်းက ၁၈ ဂိုးနဲ့ ဦးဆောင်ထားခဲ့ပြီး ချဲလ်ဆီးတိုက်စစ်မှူးဟောင်း ဂျန်ဖရန်ကို ဇိုလာနဲ့ အာဆင်နယ်ရဲ့ အွန်နရီတို့က ၁၂ ဂိုးနဲ့ ဒုတိယလိုက်နေခဲ့ကြသလို ထိပ်ဆုံးဆယ်ဦးစာရင်းထဲ ဝင်ခဲ့ကြသူတွေကတော့ တစ်ဦးကို အနည်းဆုံး ၉ ဂိုးအထိ သွင်းယူပေးထားခဲ့ကြတာဖြစ်လို့ လက်ရှိဆရာတွေ ဘယ်လောက်အထိ ခရီးရောက်နိုင်မလဲဆိုတာကိုတော့ သိချင်နေကြမယ် ထင်ပါတယ်။

၅။ မာတင် အော်ဒီဂွါဒ် (အာဆင်နယ်)
အာဆင်နယ်ရဲ့ လက်နက်အသစ် မာတင် အော်ဒီဂွါဒ်ကတော့ တည်ကန်ဘောတွေကနေ ဖြန့်ဝေပေးပို့မှုတွေ ကောင်းမွန်သလို အသင်းအတွက် ဘန်လေနဲ့ပွဲမှာ လှပတဲ့ ဖရီးကစ်ဂိုးကို သွင်းယူပြပြီး ဒီရာသီရဲ့ အကောင်းဆုံး ဆရာတစ်ပါး ဖြစ်လာခဲ့တာပါ။ ဒါပေမယ့် သူ့ရဲ့ ကန်ချက်တွေက တိတိကျကျ ထောင့်ထဲကို သွားဖို့တော့ လိုအပ်နေသေးတာကြောင့် ကျန်တဲ့ ဂိုးရနိုင်ခွင့် နှစ်ကြိမ်သုံးကြိမ်လောက်ကို ဒီရာသီမှာ ပြိုင်ဘက်ဂိုးသမားတွေရဲ့ ပယ်ချခံခဲ့ရပြီး နော်ဝေသားအနေနဲ့ သူ့ရဲ့ အကောင့်ကို ဖွင့်ရုံပဲ တတ်နိုင်ခဲ့သလို လက်ကျန်ရာသီဝက်မှာတော့ ထပ်ပြီး လုပ်ပြနိုင်ဦးမလား စောင့်ကြည့်ရမှာဖြစ်ပါတယ်။

၄။ မားကို့စ် အလွန်ဆို (ချဲလ်ဆီး)
ချဲလ်ဆီးအသင်းမှာ 4 Back နည်းပြတွေနဲ့ ဘဝပျက်မလိုဖြစ်ခဲ့ရတဲ့ စပိန်သားဟာ သောမတ်စ် တူဟယ်လ်ရဲ့ Wing Back အားကိုးတဲ့ ကစားကွက်မှာ တစ်ဖန်ပြန်လည်တောက်ပလာပြီး ခံစစ်ပိုင်းကို ရုတ်တရက် ပြန်လည်လိုက်ပါနိုင်မှုကလွဲရင် တိုက်စစ်ပိုင်းမှာ အကောင်းဆုံး ခြေစွမ်းပြလျက် ရှိနေတာပါ။ သူ့ရဲ့ ထင်ရှားတဲ့ စွမ်းဆောင်ရည်ကတော့ တိုက်စစ်မှာ ဘောလုံးကိုင်ပေးနိုင်တာနဲ့ အမြင့်ဘောတွေကနေ ဖြန့်ဝေပေးနိုင်တာဖြစ်ပြီး ဖရီးကစ်တွေကတော့ သူ့အတွက် အစွမ်းပြရာနေရာဖြစ်ပါတယ်။ ဖရီးကစ်တွေကနေ အသင်းဖော်တွေကို ဖန်တီးမှုတွေလည်း ပြုလုပ်ပေးထားနိုင်ခဲ့တဲ့ အလွန်ဆိုဟာ သူ့အတွက် ဂိုးကိုတော့ ခရစ္စတယ်လ်ပဲလေ့စ်နဲ့ပွဲမှာ ရယူထားခဲ့တာပါ။

၃။ ရာဖင်ညာ (လိစ်ဒ်)
လိဒ်စ်နဲ့ ခြေစွမ်းပြပြီး ဥရောပအသင်းကြီးတွေရဲ့ မျက်စိကျခြင်းကို ခံနေရတဲ့ ဘရာဇီးလ်သားဟာ တိုက်စစ်ပိုင်းအတွက် မလိုချင်သူရှားတဲ့ အရည်အသွေးတွေကို ပိုင်ဆိုင်သူဖြစ်ပြီး အမြန်နှုန်း၊ ဖန်တီးမှု၊ အဆုံးသတ်ပိုင်းတွေမှာ လီဗာပူးလ်တိုက်စစ်မှူး မိုဟာမက် ဆာလားနဲ့တောင် ဆင်တူတယ်လို့ သုံးသပ်ခံနိုင်သူဖြစ်ပါတယ်။ ဒီရာသီမှာ လိဒ်စ်ရဲ့ တည်ကန်ဘောတွေမှာ အစွမ်းပြနိုင်ခဲ့တဲ့ ရာဖင်ညာဟာ သွင်းဂိုး ၈ ဂိုး ရယူထားနိုင်ခဲ့ပြီး ပင်နယ်တီ ၃ ဂိုး သွင်းယူထားသလို ဖရီးကစ်ကနေတော့ တစ်ကြိမ် ကန်သွင်းပြထားနိုင်ခဲ့တာပါ။ အသင်းဖော်တွေအတွက် ဖန်တီးပေးပို့မှု မှတ်တမ်းမှာ နိမ့်ကျနေခဲ့ပေမယ့် ဖရီးကစ်ကနေ တိကျတဲ့ ဖြန့်ဝေမှု ၁၅ ကြိမ်အထိ ပြုလုပ်ထားတဲ့ ဘရာဇီးလ်သားဟာ အသင်းကြီးတစ်သင်းမှာဆိုရင် ဒီထက်ပိုပြီး ထင်ပေါ်ဦးမှာလည်းဖြစ်ပါတယ်။

၂။ ဂျိမ်းစ် ဝါဒ့်-ပရောက်စ် (ဆောက်သမ်တန်)
ပရီးမီးယားလိဂ်ရဲ့ ဖရီးကစ်ကနေ ဂိုးသွင်းအများဆုံး မှတ်တမ်းမှာ စိန့်အကယ်ဒမီထွက်ကွင်းလယ်လူ ဝါ့ဒ်ပရောက်စ်တစ်ယောက် ဘယ်နေရာမှာ ရှိနေသလဲဆိုရင် အားလုံး အံ့အားသင့်သွားကြမှာ ဖြစ်ပါတယ်။ ဆောက်သမ်တန်အသင်းရဲ့ ကပ္ပတိန်လက်ပတ်ကို ဝတ်ဆင်ခွင့်ရထားတဲ့ အင်္ဂလန်သားဟာ ဒီစာရင်းမှာ သွင်းဂိုး ၁၁ ဂိုးနဲ့ စတုတ္ထနေရာမှာ ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့အတူ ပူးတွဲရပ်တည်နေပြီး ဒေးဗစ် ဘက်ခမ်းကို လိုက်မီနိုင်မယ့်သူအဖြစ်ပါ ထင်ကြေးပေးခံထားရတာဖြစ်ပါတယ်။

ဝါ့ဒ်ပရောက်စ်ဟာ လက်ရှိ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံး ဖရီးကစ်ကန်သွင်းသူအဖြစ်လည်း အငြင်းအခုန်တွေမှာ ထိပ်ဆုံးက နေရာယူနေပြီး ဒီရာသီမှာတော့ ခရစ္စတယ်လ်ပဲလေ့စ်ဘက်ကို တစ်ဂိုး သွင်းယူပြထားနိုင်ခဲ့တာဖြစ်ပါတယ်။ တည်ကန်ဘောတွေ ကောင်းမွန်သူဖြစ်ပြီး ဆောက်သမ်တန်ရဲ့ Dead Ball (ပင်နယ်တီ၊ ထောင့်ကန်ဘော၊ ဖရီးကစ်) အားလုံးကို ကန်ခွင့်ရထားတဲ့ အသက် ၂၇ နှစ်အရွယ် ကွင်းလယ်လူဟာ ကျဉ်းထဲ ကျပ်ထဲမှာ အယုံကြည်ရဆုံးသူတစ်ယောက်လည်းဖြစ်ပါတယ်။

၁။ ထရင့် အလက်ဇန်းဒါး-အာနိုးလ်ဒ် (လီဗာပူးလ်)
လီဗာပူးလ်အသင်းရဲ့ အင်္ဂလန်လက်ရွေးစင် နောက်ခံလူကတော့ ဒီနေ့ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ညာနောက်ခံလူလို့ အငြင်းပွားဖွယ်မရှိ ရပ်တည်နိုင်သူ ဖြစ်ပြီး အနီးဆုံးပြိုင်ဘက်ဖြစ်တဲ့ ချဲလ်ဆီးရဲ့ ရီးစ်ဂျိမ်းစ်နဲ့ ဘယ်ခြမ်းမှာမှ ပိုကောင်းတဲ့ မန်ချက်စတာစီးတီးရဲ့ ဂျာအို ကန်ဆယ်လိုတို့ထက် ပိုမိုတည်ငြိမ်ပြီး ပိုမိုထိရောက်တဲ့ ခြေစွမ်းကို ပြသထားနိုင်သူလည်းဖြစ်ပါတယ်။ ဒီပြိုင်ပွဲရဲ့ ဖန်တီးမှုအမြင့်မားဆုံး ကစားသမားအဖြစ် အသင်းဖော် ဆာလားနဲ့အတူ ရပ်တည်နေခဲ့တဲ့ အလက်ဇန်းဒါး-အာနိုးလ်ဒ်အနေနဲ့ ဖရီးကစ်တွေမှာလည်း ထူးချွန်သူဖြစ်နေခဲ့တာပါ။

ဖန်တီးပေးပို့မှုတွေကို တည်ကန်ဘောတွေနဲ့ ဖရီးကစ်တွေကနေလည်း ပြုလုပ်နိုင်ခဲ့တဲ့ အာနိုးလ်ဒ်ရဲ့ တိတိကျကျ ပေးပို့နိုင်ခဲ့တဲ့ ၃၂ ကြိမ်ထဲက ၄ ကြိမ်ကို အသင်းဖော်တွေက ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ပြီး သူ့အတွက် ဒီရာသီ ပထမဆုံး ပရီးမီးယားလိဂ်ဂိုးကိုတော့ ဝက်စ်ဟမ်းအသင်းဘက်ကို ဖရီးကစ်ကနေ ကန်သွင်းရယူထားနိုင်ခဲ့တာဖြစ်သလို ဒီပြိုင်ပွဲရဲ့ ဖရီးကစ်အကောင်းဆုံး ကစားသမားအဖြစ်လည်း သတ်မှတ်ရဖို့ ရှိနေခဲ့ပါတယ်။

ပရီးမီးယားလိဂ်ရဲ့ ထာဝရ ဖရီးကစ်ဂိုးသွင်းဘုရင် စာရင်းမှာတော့ ၁။ ဒေးဗစ် ဘက်ခမ်း (မန်ချက်စတာယူနိုက်တက်) ၁၈ ဂိုး။ (၂) သီယာရီ အွန်နရီ(အာဆင်နယ်)၊ ဂျန်ဖရန်ကို ဇိုလာ(ချဲလ်ဆီး) ၁၂ ဂိုး။ (၄) ခရစ္စတီယာနို ရော်နယ်လ်ဒို (မန်ချက်စတာယူနိုက်တက်)၊ ဂျိမ်းစ် ဝါ့ဒ်ပရောက်စ် (ဆောက်သမ်တန်)၊ ဆီဘက်စ်တီယန် လာဆန်(ဘာမင်ဂမ်)၊ လော့ရင့် ရောဘတ်(နယူးကာဆယ်လ်ယူနိုက်တက်) ၁၁ ဂိုး။ (၈) အီယန် ဟာ့ထ်(လိဒ်စ်ယူနိုက်တက်)၊ မော်တန် ဂမ့်စ် ပက်ဒါဆန်(ဘလက်ဘန်းရိုဗာစ်) ၁၀ ဂိုး။ (၁၀) ဂျေမီ ရက်ဒ်နက်ပ်(လီဗာပူးလ်/စပါးစ်)၊ နော်ဘတ်တို ဆိုလာနို(နယူးကာဆယ်လ်ယူနိုက်တက်)၊ ဖရန့် လမ်းပတ်(ချဲလ်ဆီး) ၉ ဂိုးတို့ ဖြစ်ကြကြောင်းလည်း စုစည်းဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ပရီးမီးယားလိဂ္မွာ ေဒးဗစ္ ဘက္ခမ္းတို႔က စၿပီး ဖရီးကစ္ဆရာေတြ ထြန္းပလာခဲ့သလို သီယာရီ အြန္နရီ၊ ဖရန႔္ လမ္းပတ္၊ ေမာ္တန္ ဂမ့္စ္ ပက္ဒါဆန္၊ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုတို႔က အေကာင္းဆုံးေနရာေတြကို ရယူထားခဲ့အၿပီးမွာ လက္ရွိအခ်ိန္မွာေတာ့ ကစားပုံအမ်ိဳးမ်ိဳး၊ ေခတ္ေတြအမ်ိဳးမ်ိဳး ေျပာင္းလဲလာခ်ိန္မွာ ဒီလိုပဲ ေဝ့ဝိုက္ကန္သြင္းယူေနတဲ့ မေျပာင္းလဲေသာ ဖရီးကစ္ဆရာေတြ စာရင္းမွာ ဘယ္သူေတြ ရွိေနသလဲ ၾကည့္ၾကရေအာင္ပါ။

ဒီၿပိဳင္ပြဲႀကီးမွာေတာ့ ထာဝရ ဖရီးကစ္ဘုရင္အျဖစ္ ဘက္ခမ္းက ၁၈ ဂိုးနဲ႔ ဦးေဆာင္ထားခဲ့ၿပီး ခ်ဲလ္ဆီးတိုက္စစ္မႉးေဟာင္း ဂ်န္ဖရန္ကို ဇိုလာနဲ႔ အာဆင္နယ္ရဲ႕ အြန္နရီတို႔က ၁၂ ဂိုးနဲ႔ ဒုတိယလိုက္ေနခဲ့ၾကသလို ထိပ္ဆုံးဆယ္ဦးစာရင္းထဲ ဝင္ခဲ့ၾကသူေတြကေတာ့ တစ္ဦးကို အနည္းဆုံး ၉ ဂိုးအထိ သြင္းယူေပးထားခဲ့ၾကတာျဖစ္လို႔ လက္ရွိဆရာေတြ ဘယ္ေလာက္အထိ ခရီးေရာက္ႏိုင္မလဲဆိုတာကိုေတာ့ သိခ်င္ေနၾကမယ္ ထင္ပါတယ္။

၅။ မာတင္ ေအာ္ဒီဂြါဒ္ (အာဆင္နယ္)
အာဆင္နယ္ရဲ႕ လက္နက္အသစ္ မာတင္ ေအာ္ဒီဂြါဒ္ကေတာ့ တည္ကန္ေဘာေတြကေန ျဖန႔္ေဝေပးပို႔မႈေတြ ေကာင္းမြန္သလို အသင္းအတြက္ ဘန္ေလနဲ႔ပြဲမွာ လွပတဲ့ ဖရီးကစ္ဂိုးကို သြင္းယူျပၿပီး ဒီရာသီရဲ႕ အေကာင္းဆုံး ဆရာတစ္ပါး ျဖစ္လာခဲ့တာပါ။ ဒါေပမယ့္ သူ႔ရဲ႕ ကန္ခ်က္ေတြက တိတိက်က် ေထာင့္ထဲကို သြားဖို႔ေတာ့ လိုအပ္ေနေသးတာေၾကာင့္ က်န္တဲ့ ဂိုးရႏိုင္ခြင့္ ႏွစ္ႀကိမ္သုံးႀကိမ္ေလာက္ကို ဒီရာသီမွာ ၿပိဳင္ဘက္ဂိုးသမားေတြရဲ႕ ပယ္ခ်ခံခဲ့ရၿပီး ေနာ္ေဝသားအေနနဲ႔ သူ႔ရဲ႕ အေကာင့္ကို ဖြင့္႐ုံပဲ တတ္ႏိုင္ခဲ့သလို လက္က်န္ရာသီဝက္မွာေတာ့ ထပ္ၿပီး လုပ္ျပႏိုင္ဦးမလား ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

၄။ မားကို႔စ္ အလြန္ဆို (ခ်ဲလ္ဆီး)
ခ်ဲလ္ဆီးအသင္းမွာ 4 Back နည္းျပေတြနဲ႔ ဘဝပ်က္မလိုျဖစ္ခဲ့ရတဲ့ စပိန္သားဟာ ေသာမတ္စ္ တူဟယ္လ္ရဲ႕ Wing Back အားကိုးတဲ့ ကစားကြက္မွာ တစ္ဖန္ျပန္လည္ေတာက္ပလာၿပီး ခံစစ္ပိုင္းကို ႐ုတ္တရက္ ျပန္လည္လိုက္ပါႏိုင္မႈကလြဲရင္ တိုက္စစ္ပိုင္းမွာ အေကာင္းဆုံး ေျခစြမ္းျပလ်က္ ရွိေနတာပါ။ သူ႔ရဲ႕ ထင္ရွားတဲ့ စြမ္းေဆာင္ရည္ကေတာ့ တိုက္စစ္မွာ ေဘာလုံးကိုင္ေပးႏိုင္တာနဲ႔ အျမင့္ေဘာေတြကေန ျဖန႔္ေဝေပးႏိုင္တာျဖစ္ၿပီး ဖရီးကစ္ေတြကေတာ့ သူ႔အတြက္ အစြမ္းျပရာေနရာျဖစ္ပါတယ္။ ဖရီးကစ္ေတြကေန အသင္းေဖာ္ေတြကို ဖန္တီးမႈေတြလည္း ျပဳလုပ္ေပးထားႏိုင္ခဲ့တဲ့ အလြန္ဆိုဟာ သူ႔အတြက္ ဂိုးကိုေတာ့ ခရစၥတယ္လ္ပဲေလ့စ္နဲ႔ပြဲမွာ ရယူထားခဲ့တာပါ။

၃။ ရာဖင္ညာ (လိစ္ဒ္)
လိဒ္စ္နဲ႔ ေျခစြမ္းျပၿပီး ဥေရာပအသင္းႀကီးေတြရဲ႕ မ်က္စိက်ျခင္းကို ခံေနရတဲ့ ဘရာဇီးလ္သားဟာ တိုက္စစ္ပိုင္းအတြက္ မလိုခ်င္သူရွားတဲ့ အရည္အေသြးေတြကို ပိုင္ဆိုင္သူျဖစ္ၿပီး အျမန္ႏႈန္း၊ ဖန္တီးမႈ၊ အဆုံးသတ္ပိုင္းေတြမွာ လီဗာပူးလ္တိုက္စစ္မႉး မိုဟာမက္ ဆာလားနဲ႔ေတာင္ ဆင္တူတယ္လို႔ သုံးသပ္ခံႏိုင္သူျဖစ္ပါတယ္။ ဒီရာသီမွာ လိဒ္စ္ရဲ႕ တည္ကန္ေဘာေတြမွာ အစြမ္းျပႏိုင္ခဲ့တဲ့ ရာဖင္ညာဟာ သြင္းဂိုး ၈ ဂိုး ရယူထားႏိုင္ခဲ့ၿပီး ပင္နယ္တီ ၃ ဂိုး သြင္းယူထားသလို ဖရီးကစ္ကေနေတာ့ တစ္ႀကိမ္ ကန္သြင္းျပထားႏိုင္ခဲ့တာပါ။ အသင္းေဖာ္ေတြအတြက္ ဖန္တီးေပးပို႔မႈ မွတ္တမ္းမွာ နိမ့္က်ေနခဲ့ေပမယ့္ ဖရီးကစ္ကေန တိက်တဲ့ ျဖန႔္ေဝမႈ ၁၅ ႀကိမ္အထိ ျပဳလုပ္ထားတဲ့ ဘရာဇီးလ္သားဟာ အသင္းႀကီးတစ္သင္းမွာဆိုရင္ ဒီထက္ပိုၿပီး ထင္ေပၚဦးမွာလည္းျဖစ္ပါတယ္။

၂။ ဂ်ိမ္းစ္ ဝါဒ့္-ပေရာက္စ္ (ေဆာက္သမ္တန္)
ပရီးမီးယားလိဂ္ရဲ႕ ဖရီးကစ္ကေန ဂိုးသြင္းအမ်ားဆုံး မွတ္တမ္းမွာ စိန႔္အကယ္ဒမီထြက္ကြင္းလယ္လူ ဝါ့ဒ္ပေရာက္စ္တစ္ေယာက္ ဘယ္ေနရာမွာ ရွိေနသလဲဆိုရင္ အားလုံး အံ့အားသင့္သြားၾကမွာ ျဖစ္ပါတယ္။ ေဆာက္သမ္တန္အသင္းရဲ႕ ကပၸတိန္လက္ပတ္ကို ဝတ္ဆင္ခြင့္ရထားတဲ့ အဂၤလန္သားဟာ ဒီစာရင္းမွာ သြင္းဂိုး ၁၁ ဂိုးနဲ႔ စတုတၳေနရာမွာ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုနဲ႔အတူ ပူးတြဲရပ္တည္ေနၿပီး ေဒးဗစ္ ဘက္ခမ္းကို လိုက္မီႏိုင္မယ့္သူအျဖစ္ပါ ထင္ေၾကးေပးခံထားရတာျဖစ္ပါတယ္။

ဝါ့ဒ္ပေရာက္စ္ဟာ လက္ရွိ ပရီးမီးယားလိဂ္ၿပိဳင္ပြဲရဲ႕ အေကာင္းဆုံး ဖရီးကစ္ကန္သြင္းသူအျဖစ္လည္း အျငင္းအခုန္ေတြမွာ ထိပ္ဆုံးက ေနရာယူေနၿပီး ဒီရာသီမွာေတာ့ ခရစၥတယ္လ္ပဲေလ့စ္ဘက္ကို တစ္ဂိုး သြင္းယူျပထားႏိုင္ခဲ့တာျဖစ္ပါတယ္။ တည္ကန္ေဘာေတြ ေကာင္းမြန္သူျဖစ္ၿပီး ေဆာက္သမ္တန္ရဲ႕ Dead Ball (ပင္နယ္တီ၊ ေထာင့္ကန္ေဘာ၊ ဖရီးကစ္) အားလုံးကို ကန္ခြင့္ရထားတဲ့ အသက္ ၂၇ ႏွစ္အ႐ြယ္ ကြင္းလယ္လူဟာ က်ဥ္းထဲ က်ပ္ထဲမွာ အယုံၾကည္ရဆုံးသူတစ္ေယာက္လည္းျဖစ္ပါတယ္။

၁။ ထရင့္ အလက္ဇန္းဒါး-အာႏိုးလ္ဒ္ (လီဗာပူးလ္)
လီဗာပူးလ္အသင္းရဲ႕ အဂၤလန္လက္ေ႐ြးစင္ ေနာက္ခံလူကေတာ့ ဒီေန႔ ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆုံး ညာေနာက္ခံလူလို႔ အျငင္းပြားဖြယ္မရွိ ရပ္တည္ႏိုင္သူ ျဖစ္ၿပီး အနီးဆုံးၿပိဳင္ဘက္ျဖစ္တဲ့ ခ်ဲလ္ဆီးရဲ႕ ရီးစ္ဂ်ိမ္းစ္နဲ႔ ဘယ္ျခမ္းမွာမွ ပိုေကာင္းတဲ့ မန္ခ်က္စတာစီးတီးရဲ႕ ဂ်ာအို ကန္ဆယ္လိုတို႔ထက္ ပိုမိုတည္ၿငိမ္ၿပီး ပိုမိုထိေရာက္တဲ့ ေျခစြမ္းကို ျပသထားႏိုင္သူလည္းျဖစ္ပါတယ္။ ဒီၿပိဳင္ပြဲရဲ႕ ဖန္တီးမႈအျမင့္မားဆုံး ကစားသမားအျဖစ္ အသင္းေဖာ္ ဆာလားနဲ႔အတူ ရပ္တည္ေနခဲ့တဲ့ အလက္ဇန္းဒါး-အာႏိုးလ္ဒ္အေနနဲ႔ ဖရီးကစ္ေတြမွာလည္း ထူးခြၽန္သူျဖစ္ေနခဲ့တာပါ။

ဖန္တီးေပးပို႔မႈေတြကို တည္ကန္ေဘာေတြနဲ႔ ဖရီးကစ္ေတြကေနလည္း ျပဳလုပ္ႏိုင္ခဲ့တဲ့ အာႏိုးလ္ဒ္ရဲ႕ တိတိက်က် ေပးပို႔ႏိုင္ခဲ့တဲ့ ၃၂ ႀကိမ္ထဲက ၄ ႀကိမ္ကို အသင္းေဖာ္ေတြက ဂိုးအျဖစ္ ေျပာင္းလဲႏိုင္ခဲ့ၿပီး သူ႔အတြက္ ဒီရာသီ ပထမဆုံး ပရီးမီးယားလိဂ္ဂိုးကိုေတာ့ ဝက္စ္ဟမ္းအသင္းဘက္ကို ဖရီးကစ္ကေန ကန္သြင္းရယူထားႏိုင္ခဲ့တာျဖစ္သလို ဒီၿပိဳင္ပြဲရဲ႕ ဖရီးကစ္အေကာင္းဆုံး ကစားသမားအျဖစ္လည္း သတ္မွတ္ရဖို႔ ရွိေနခဲ့ပါတယ္။

ပရီးမီးယားလိဂ္ရဲ႕ ထာဝရ ဖရီးကစ္ဂိုးသြင္းဘုရင္ စာရင္းမွာေတာ့ ၁။ ေဒးဗစ္ ဘက္ခမ္း (မန္ခ်က္စတာယူႏိုက္တက္) ၁၈ ဂိုး။ (၂) သီယာရီ အြန္နရီ(အာဆင္နယ္)၊ ဂ်န္ဖရန္ကို ဇိုလာ(ခ်ဲလ္ဆီး) ၁၂ ဂိုး။ (၄) ခရစၥတီယာႏို ေရာ္နယ္လ္ဒို (မန္ခ်က္စတာယူႏိုက္တက္)၊ ဂ်ိမ္းစ္ ဝါ့ဒ္ပေရာက္စ္ (ေဆာက္သမ္တန္)၊ ဆီဘက္စ္တီယန္ လာဆန္(ဘာမင္ဂမ္)၊ ေလာ့ရင့္ ေရာဘတ္(နယူးကာဆယ္လ္ယူႏိုက္တက္) ၁၁ ဂိုး။ (၈) အီယန္ ဟာ့ထ္(လိဒ္စ္ယူႏိုက္တက္)၊ ေမာ္တန္ ဂမ့္စ္ ပက္ဒါဆန္(ဘလက္ဘန္း႐ိုဗာစ္) ၁၀ ဂိုး။ (၁၀) ေဂ်မီ ရက္ဒ္နက္ပ္(လီဗာပူးလ္/စပါးစ္)၊ ေနာ္ဘတ္တို ဆိုလာႏို(နယူးကာဆယ္လ္ယူႏိုက္တက္)၊ ဖရန႔္ လမ္းပတ္(ခ်ဲလ္ဆီး) ၉ ဂိုးတို႔ ျဖစ္ၾကေၾကာင္းလည္း စုစည္းေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.