Match Report Premier League

ချစ်နေဆဲ Ex ရဲ့ ကျေးဇူးနဲ့ နာကျင်အချိန်ပိုမှာ အနိုင်ရပြီး ဇယားထိပ်တက်တဲ့ လီဗာပူးလ်

လီဗာပူးလ်အသင်းအနေနဲ့ ဒီနေ့ပွဲမှာ အဝေးကွင်းမှာ ကစားခဲ့ရပြီး တိုက်စစ်မှာ ဆာလား၊ မာနေး၊ ဂျိုတာတို့ အတွဲကိုပဲ ဆက်သုံးခဲ့သလို ကွင်းလယ်မှာတော့ အသင်းခေါင်းဆောင် ဟန်ဒါဆန်ကို ဖာဘင်ညို၊ သီယာဂိုတို့နဲ့ အထိုင်ချခဲ့ပြီး ခံစစ်မှာတော့ အယ်လစ်ဆန်၊ ဗန်ဒိုက်၊ မာတစ်ပ်၊ ရောဘတ်ဆန်၊ အလက်ဇန်းဒါး-အာနိုးလ်ဒ်တို့ ပွဲထွက်လာခဲ့ကြပါတယ်။

ဝုလ်ဗ်စ်တို့ကတော့ အိမ်ကွင်းမှာ လီဗာပူးလ်ဆီက အမှတ်ခွဲယူနိုင်ဖို့ ၃-၄-၃ ပုံစံနဲ့ ကောင်တာကစားဖို့ပဲ စဉ်းစားခဲ့ပြီး အဒါမာ ထရာအိုရေး၊ ရာအူးလ် ဟီမီနက်ဇ်နဲ့ ဟွမ်းဟီးချန်းတို့ကို ထုတ်သုံးခဲ့သလို နည်းပြ ဘရူနို လာဂျီရဲ့ ဗျူဟာတွေက ဧည့်သည်တွေ အပိုင်အခွင့်အရေးမရအောင် တော်တော်လေး တားဆီးနိုင်ခဲ့တာပါ။

လီဗာပူးလ်ကစားသမားဟောင်း ကိုဒီ ဦးဆောင်ပြီး ကီးလ်မန်း၊ ဆိုက်စ်တို့ရဲ့ သုံးယောက်တန်းခံစစ်က သူတို့ပေါ်ကနေ ကျော်ကျလာတဲ့ ဘောလုံးတွေကို တတ်နိုင်သလောက် ကန်ခွင့်မပေးရအောင် ရှင်းထုတ်တာနဲ့တစ်မျိုး၊ တောင်ပံတွေဘက်ကို တွန်းထုတ်ပြီး Force Wide လုပ်တာတစ်မျိုးနဲ့ ထိန်းချုပ်သွားခဲ့လို့ မာဆေးဆိုက်သားတွေ တိုက်စစ်ဆင်ဖို့ ခဲယဉ်းနေခဲ့ပါတယ်။

ပွဲချိန် ၁၈ မိနစ်မှာ အလွတ်ခေါင်းတိုက်ရတဲ့ ဘောလုံးကို ဂျိုတာ အသုံးမချနိုင်ခဲ့သလို အလက်ဇန်းဒါး-အာနိုးလ်ဒ်ကတော့ ငှက်ပစ်ခဲ့ပြီး ပွဲချိန် ၃၂ မိနစ်မှာ သူတင်ပေးတာကို ဘယ်ခြမ်းကနေ ဂျိုတာကပဲ ထပ်မံခေါင်းတိုက်ခဲ့ပေမယ့် ဂိုးတိုင်ပေးက ထွက်သွားခဲ့သလို ဂိုးသမား ဂျိုဆေးဆားတောင်မှ ပထမပိုင်းမှာ သိပ်မဖမ်းခဲ့ရတာပါ။

ပွဲချိန် ၃၈ မိနစ်မှာတော့ ဂျိုတာ ခင်းပေးတာကနေ ဘယ်ခြမ်းက ရောဘတ်ဆန်က အနိမ့်ဘောချိုးပေးတာကို မာနေးရော ဆာလားပါ လွဲချော်ခဲ့ပြီး နာကျင်အချိန်ပိုမှာ အိုက်နူရီရဲ့ တန်ပြန်တိုက်စစ်ကနေ ဖြတ်တင်ပေးတာကိုတော့ ထရာအိုရေးခြေထောက်ကြားထဲက အယ်လစ်ဆန် ရှင်းထုတ်နိုင်ခဲ့လို့ ပထမပိုင်းမှာ ဂိုးမရှိသရေဖြစ်နေခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်စအပြီးမှာ ဗန်ဒိုက်ဆီက လုယူသွားတဲ့ ထရာအိုရေးရဲ့ ပေးပို့မှုကို ဟွမ်းဟီးချန်း အသုံးမချနိုင်ခဲ့သလို ပွဲချိန် မိနစ် ၅၀ မှာတော့ ဆာလားရဲ့ ဖြတ်တင်ဘောကို သီယာဂို ပိတ်သွင်းခွင့်ရပေမယ့် လွဲချော်ခဲ့ပြီး ပွဲချိန် ၅၉ မိနစ်မှာ ကိုရီးယားသားရဲ့ ထိုးဖောက်မှုကနေ ပြန်ထွက်လာတာကို ဒန်ဒွန့်ကာ ကန်သွင်းခဲ့ပေမယ့် အယ်လစ်ဆန်က လက်စွမ်းပြပြီး ဖမ်းယူသွားနိုင်ခဲ့ပါတယ်။

ပွဲချိန်မိနစ် ၆၀ မှာ လီဗာပူးလ်တို့ တန်ပြန်တိုက်စစ်ကနေ နောက်ခံလူ ဆိုက်စ်ကို ပါးပါးလေးတွန်းပြီး လဲကျအောင်လုပ်ပြီးမှ ထွက်လာတဲ့ ဂိုးသမားရှေ့က ဖြတ်ယူသွားတဲ့ ဂျိုတာရဲ့ ကန်သွင်းချက်ကို နောက်ခံလူနှစ်ယောက်က ဂိုးထဲမှာ တန်းစီပိတ်ဆို့ခဲ့ရာမှာ ကံတရားနဲ့ အမှန်တရားက ဝုလ်ဗ်စ်တို့ဘက်က ရှိခဲ့ပြီး အသင်းခေါင်းဆောင် ကိုဒီက သူရဲကောင်းတို့ နှလုံးအိမ်နဲ့ ကွတတဖြစ်အောင် ကိုယ်ကျိုးစွန့်ပြီး ရှင်းထုတ်ပြခဲ့တာပါ။

ဒိုင်လူကြီး ခရစ္စ ကာဗန်းနားကတော့ လီဗာပူးလ်တို့ကို မသိမသာလေးတွေ မျက်နှာသာပေးခဲ့ပြီး ဆာဒီယို မာနေးတစ်ယောက် နှစ်ဝါတစ်နီ ထိခဲ့သင့်ပေမယ့် ဂိုးသမားကို ဘောလုံးမထိဘဲ ကန်တာနဲ့ ဟီမီနက်ဇ်ကို တွန်းချတဲ့ အဝါပြရမယ့် နှစ်ကြိမ်စလုံးကို မျက်ကွယ်ပြုပေးသွားခဲ့လို့ ဧည့်သည်တွေ တစ်ယောက်မလျော့ဘဲ ကစားခွင့်ရခဲ့တာဖြစ်ပါတယ်။

ဒီနောက်ပိုင်းမှာတော့ လီဗာပူးလ်တို့ ချဲလ်ဆီးရဲ့ အရှုံးကို အခွင့်ကောင်းယူပြီး ကျော်တက်နိုင်ဖို့ တိုက်စစ်ကို ထပ်မြှင့်ခဲ့သလို ဟန်ဒါဆန်နဲ့ ဂျိုတာတို့အစား အိုရီဂီနဲ့ ချိမ်ဘာလိန်တို့ကို ထည့်ပြီး ကစားအားမကျဖို့နဲ့ ဝုလ်ဗ်စ်ခံစစ်ကို တိုးနိုင်ဖို့ ကြိုးစားလာခဲ့သလို ပွဲချိန် ၈၇ မိနစ်မှာ ထောင့်ကန်ဘောကနေ မာနေးရဲ့ အနီးကပ် ကန်ခွင့်နဲ့ ဆာလားရဲ့ မိနစ် ၉၀ ကန်ချက်တွေကို ဂျိုဆေးဆား ကာကွယ်သွားနိုင်ခဲ့တာပါ။

ပွဲချိန်မိနစ် ၉၀ အပြည့်မှာလည်း ဂိုးမရှိသရေကျနေပြီး လီဗာပူးလ်တို့ တစ်မှတ်နဲ့ပဲ ကျေနပ်ရတော့မယ်လို့ ထင်နေတုန်းမှာပဲ ပြီးခဲ့တဲ့ ရာသီကမှ သူတို့တွေ ရောင်းထားခဲ့တဲ့ လူငယ်နောက်ခံလူ ကီ-ဂျာနာ ဟိုးဗားက အကျိုးဆောင်ပေးခဲ့ပြီး နာကျင်အချိန်ပို ၄ မိနစ်မှာ ဆာလားကို မထိန်းချုပ်နိုင်ဘဲ လွတ်သွားခဲ့ရာကနေ အီဂျစ်သားရဲ့ အနီးကပ် ချိုးပေးတာကို အိုရီဂီက တစ်ချက်ထိန်းပြီး လှည့်ကန်သွင်းခဲ့လို့ ဧည့်သည်တွေ တစ်လုံးတည်းသော အနိုင်ဂိုး ရရှိသွားခဲ့တာဖြစ်ပါတယ်။

ပွဲပြီးဆုံးချိန်မှာတော့ လီဗာပူးလ်တို့ တစ်ဂိုး-ဂိုးမရှိနဲ့ အောင်ပွဲခံနိုင်ခဲ့ကြသလို ရမှတ် ၃၄ မှတ်နဲ့ ချဲလ်ဆီးကို ကျော်တက်နိုင်ခဲ့ပြီး မန်စီးတီးတို့ နောက်ကျပွဲ မကစားခင် ဇယားထိပ် အဆင့်တစ်နေရာကို သိမ်းပိုက်နိုင်ခဲ့သလို ပရီးမီးယားလိဂ်ရဲ့ ချန်ပီယံဆုအတွက် ပြိုင်ဆိုင်မှုကတော့ ဒီတစ်ပတ်မှာ ဦးဆောင်သူ ပြောင်းလဲသွားခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီဗာပူးလ္အသင္းအေနနဲ႔ ဒီေန႔ပြဲမွာ အေဝးကြင္းမွာ ကစားခဲ့ရၿပီး တိုက္စစ္မွာ ဆာလား၊ မာေနး၊ ဂ်ိဳတာတို႔ အတြဲကိုပဲ ဆက္သုံးခဲ့သလို ကြင္းလယ္မွာေတာ့ အသင္းေခါင္းေဆာင္ ဟန္ဒါဆန္ကို ဖာဘင္ညိဳ၊ သီယာဂိုတို႔နဲ႔ အထိုင္ခ်ခဲ့ၿပီး ခံစစ္မွာေတာ့ အယ္လစ္ဆန္၊ ဗန္ဒိုက္၊ မာတစ္ပ္၊ ေရာဘတ္ဆန္၊ အလက္ဇန္းဒါး-အာႏိုးလ္ဒ္တို႔ ပြဲထြက္လာခဲ့ၾကပါတယ္။

ဝုလ္ဗ္စ္တို႔ကေတာ့ အိမ္ကြင္းမွာ လီဗာပူးလ္ဆီက အမွတ္ခြဲယူႏိုင္ဖို႔ ၃-၄-၃ ပုံစံနဲ႔ ေကာင္တာကစားဖို႔ပဲ စဥ္းစားခဲ့ၿပီး အဒါမာ ထရာအိုေရး၊ ရာအူးလ္ ဟီမီနက္ဇ္နဲ႔ ဟြမ္းဟီးခ်န္းတို႔ကို ထုတ္သုံးခဲ့သလို နည္းျပ ဘ႐ူႏို လာဂ်ီရဲ႕ ဗ်ဴဟာေတြက ဧည့္သည္ေတြ အပိုင္အခြင့္အေရးမရေအာင္ ေတာ္ေတာ္ေလး တားဆီးႏိုင္ခဲ့တာပါ။

လီဗာပူးလ္ကစားသမားေဟာင္း ကိုဒီ ဦးေဆာင္ၿပီး ကီးလ္မန္း၊ ဆိုက္စ္တို႔ရဲ႕ သုံးေယာက္တန္းခံစစ္က သူတို႔ေပၚကေန ေက်ာ္က်လာတဲ့ ေဘာလုံးေတြကို တတ္ႏိုင္သေလာက္ ကန္ခြင့္မေပးရေအာင္ ရွင္းထုတ္တာနဲ႔တစ္မ်ိဳး၊ ေတာင္ပံေတြဘက္ကို တြန္းထုတ္ၿပီး Force Wide လုပ္တာတစ္မ်ိဳးနဲ႔ ထိန္းခ်ဳပ္သြားခဲ့လို႔ မာေဆးဆိုက္သားေတြ တိုက္စစ္ဆင္ဖို႔ ခဲယဥ္းေနခဲ့ပါတယ္။

ပြဲခ်ိန္ ၁၈ မိနစ္မွာ အလြတ္ေခါင္းတိုက္ရတဲ့ ေဘာလုံးကို ဂ်ိဳတာ အသုံးမခ်ႏိုင္ခဲ့သလို အလက္ဇန္းဒါး-အာႏိုးလ္ဒ္ကေတာ့ ငွက္ပစ္ခဲ့ၿပီး ပြဲခ်ိန္ ၃၂ မိနစ္မွာ သူတင္ေပးတာကို ဘယ္ျခမ္းကေန ဂ်ိဳတာကပဲ ထပ္မံေခါင္းတိုက္ခဲ့ေပမယ့္ ဂိုးတိုင္ေပးက ထြက္သြားခဲ့သလို ဂိုးသမား ဂ်ိဳေဆးဆားေတာင္မွ ပထမပိုင္းမွာ သိပ္မဖမ္းခဲ့ရတာပါ။

ပြဲခ်ိန္ ၃၈ မိနစ္မွာေတာ့ ဂ်ိဳတာ ခင္းေပးတာကေန ဘယ္ျခမ္းက ေရာဘတ္ဆန္က အနိမ့္ေဘာခ်ိဳးေပးတာကို မာေနးေရာ ဆာလားပါ လြဲေခ်ာ္ခဲ့ၿပီး နာက်င္အခ်ိန္ပိုမွာ အိုက္ႏူရီရဲ႕ တန္ျပန္တိုက္စစ္ကေန ျဖတ္တင္ေပးတာကိုေတာ့ ထရာအိုေရးေျခေထာက္ၾကားထဲက အယ္လစ္ဆန္ ရွင္းထုတ္ႏိုင္ခဲ့လို႔ ပထမပိုင္းမွာ ဂိုးမရွိသေရျဖစ္ေနခဲ့ပါတယ္။

ဒုတိယပိုင္း ျပန္စအၿပီးမွာ ဗန္ဒိုက္ဆီက လုယူသြားတဲ့ ထရာအိုေရးရဲ႕ ေပးပို႔မႈကို ဟြမ္းဟီးခ်န္း အသုံးမခ်ႏိုင္ခဲ့သလို ပြဲခ်ိန္ မိနစ္ ၅၀ မွာေတာ့ ဆာလားရဲ႕ ျဖတ္တင္ေဘာကို သီယာဂို ပိတ္သြင္းခြင့္ရေပမယ့္ လြဲေခ်ာ္ခဲ့ၿပီး ပြဲခ်ိန္ ၅၉ မိနစ္မွာ ကိုရီးယားသားရဲ႕ ထိုးေဖာက္မႈကေန ျပန္ထြက္လာတာကို ဒန္ဒြန႔္ကာ ကန္သြင္းခဲ့ေပမယ့္ အယ္လစ္ဆန္က လက္စြမ္းျပၿပီး ဖမ္းယူသြားႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္မိနစ္ ၆၀ မွာ လီဗာပူးလ္တို႔ တန္ျပန္တိုက္စစ္ကေန ေနာက္ခံလူ ဆိုက္စ္ကို ပါးပါးေလးတြန္းၿပီး လဲက်ေအာင္လုပ္ၿပီးမွ ထြက္လာတဲ့ ဂိုးသမားေရွ႕က ျဖတ္ယူသြားတဲ့ ဂ်ိဳတာရဲ႕ ကန္သြင္းခ်က္ကို ေနာက္ခံလူႏွစ္ေယာက္က ဂိုးထဲမွာ တန္းစီပိတ္ဆို႔ခဲ့ရာမွာ ကံတရားနဲ႔ အမွန္တရားက ဝုလ္ဗ္စ္တို႔ဘက္က ရွိခဲ့ၿပီး အသင္းေခါင္းေဆာင္ ကိုဒီက သူရဲေကာင္းတို႔ ႏွလုံးအိမ္နဲ႔ ကြတတျဖစ္ေအာင္ ကိုယ္က်ိဳးစြန႔္ၿပီး ရွင္းထုတ္ျပခဲ့တာပါ။

ဒိုင္လူႀကီး ခရစၥ ကာဗန္းနားကေတာ့ လီဗာပူးလ္တို႔ကို မသိမသာေလးေတြ မ်က္ႏွာသာေပးခဲ့ၿပီး ဆာဒီယို မာေနးတစ္ေယာက္ ႏွစ္ဝါတစ္နီ ထိခဲ့သင့္ေပမယ့္ ဂိုးသမားကို ေဘာလုံးမထိဘဲ ကန္တာနဲ႔ ဟီမီနက္ဇ္ကို တြန္းခ်တဲ့ အဝါျပရမယ့္ ႏွစ္ႀကိမ္စလုံးကို မ်က္ကြယ္ျပဳေပးသြားခဲ့လို႔ ဧည့္သည္ေတြ တစ္ေယာက္မေလ်ာ့ဘဲ ကစားခြင့္ရခဲ့တာျဖစ္ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ လီဗာပူးလ္တို႔ ခ်ဲလ္ဆီးရဲ႕ အရႈံးကို အခြင့္ေကာင္းယူၿပီး ေက်ာ္တက္ႏိုင္ဖို႔ တိုက္စစ္ကို ထပ္ျမႇင့္ခဲ့သလို ဟန္ဒါဆန္နဲ႔ ဂ်ိဳတာတို႔အစား အိုရီဂီနဲ႔ ခ်ိမ္ဘာလိန္တို႔ကို ထည့္ၿပီး ကစားအားမက်ဖို႔နဲ႔ ဝုလ္ဗ္စ္ခံစစ္ကို တိုးႏိုင္ဖို႔ ႀကိဳးစားလာခဲ့သလို ပြဲခ်ိန္ ၈၇ မိနစ္မွာ ေထာင့္ကန္ေဘာကေန မာေနးရဲ႕ အနီးကပ္ ကန္ခြင့္နဲ႔ ဆာလားရဲ႕ မိနစ္ ၉၀ ကန္ခ်က္ေတြကို ဂ်ိဳေဆးဆား ကာကြယ္သြားႏိုင္ခဲ့တာပါ။

ပြဲခ်ိန္မိနစ္ ၉၀ အျပည့္မွာလည္း ဂိုးမရွိသေရက်ေနၿပီး လီဗာပူးလ္တို႔ တစ္မွတ္နဲ႔ပဲ ေက်နပ္ရေတာ့မယ္လို႔ ထင္ေနတုန္းမွာပဲ ၿပီးခဲ့တဲ့ ရာသီကမွ သူတို႔ေတြ ေရာင္းထားခဲ့တဲ့ လူငယ္ေနာက္ခံလူ ကီ-ဂ်ာနာ ဟိုးဗားက အက်ိဳးေဆာင္ေပးခဲ့ၿပီး နာက်င္အခ်ိန္ပို ၄ မိနစ္မွာ ဆာလားကို မထိန္းခ်ဳပ္ႏိုင္ဘဲ လြတ္သြားခဲ့ရာကေန အီဂ်စ္သားရဲ႕ အနီးကပ္ ခ်ိဳးေပးတာကို အိုရီဂီက တစ္ခ်က္ထိန္းၿပီး လွည့္ကန္သြင္းခဲ့လို႔ ဧည့္သည္ေတြ တစ္လုံးတည္းေသာ အႏိုင္ဂိုး ရရွိသြားခဲ့တာျဖစ္ပါတယ္။

ပြဲၿပီးဆုံးခ်ိန္မွာေတာ့ လီဗာပူးလ္တို႔ တစ္ဂိုး-ဂိုးမရွိနဲ႔ ေအာင္ပြဲခံႏိုင္ခဲ့ၾကသလို ရမွတ္ ၃၄ မွတ္နဲ႔ ခ်ဲလ္ဆီးကို ေက်ာ္တက္ႏိုင္ခဲ့ၿပီး မန္စီးတီးတို႔ ေနာက္က်ပြဲ မကစားခင္ ဇယားထိပ္ အဆင့္တစ္ေနရာကို သိမ္းပိုက္ႏိုင္ခဲ့သလို ပရီးမီးယားလိဂ္ရဲ႕ ခ်န္ပီယံဆုအတြက္ ၿပိဳင္ဆိုင္မႈကေတာ့ ဒီတစ္ပတ္မွာ ဦးေဆာင္သူ ေျပာင္းလဲသြားခဲ့ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.