Premier League

ရှေ့တလှမ်းတိုးဖို့ အစွမ်းအစပြပြီး နောက်တလှမ်းဆုတ်လိုက်တာလား မိုက်ကယ် ကားရစ်

မန်ချက်စတာယူနိုက်တက်အသင်းကို ယာယီကိုင်တွယ်ပေးခဲ့တဲ့ မိုက်ကယ် ကားရစ်ဟာ ကြာသပတေးနေ့ညမှာ အသင်းနဲ့ လမ်းခွဲဖို့ အံ့အားသင့်ဖွယ် ဆုံးဖြတ်ခဲ့ပေမယ့်လည်း အသင်းပိုင်ရှင် ဂလေဇာမိသားစုက ယူနိုက်တက်ကွင်းလယ်ကြယ်ပွင့်ဟောင်းကို အမြဲတမ်းနည်းပြသစ် ဖြစ်လာနိုင်တဲ့သူအဖြစ် ယူဆထားတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းက အာဆင်နယ်အသင်းကို ၃-၂ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အပြီးမှာ မိုက်ကယ် ကားရစ်က အသင်းမှာ ၁၅ နှစ်ကြာရှိခဲ့တဲ့အချိန်ကို အဆုံးသတ်တော့မယ်လို့ အတည်ပြု ပြောကြားခဲ့တာဖြစ်ပြီး အများစုကတော့ ယာယီနည်းပြ ရန်းနစ်ခ်လက်အောက်မှာ နည်းပြအဖွဲ့ဝင်အဖြစ် ဆက်လက် တာဝန်ယူလုပ်ဆောင်သွားမယ်လို့ မျှော်မှန်းခဲ့ကြတာဖြစ်ပါတယ်။

အသက် ၄၀ အရွယ် အင်္ဂလန်လက်ရွေးစင်ဟောင်း ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ ဆိုးရွားတဲ့ရလဒ်တွေ ဆက်တိုက် ရင်ဆိုင်ခဲ့ရတဲ့အတွက် ယူနိုက်တက်က နည်းပြ ဆိုးလ်ရှားကို ရာထူးကနေ ထုတ်ပယ်ခဲ့ပြီးနောက် အသင်းကို ယာယီ ထိန်းသိမ်းဖို့အတွက် တာဝန်ပေးခြင်း ခံခဲ့ရသူဖြစ်ပါတယ်။

မိုက်ကယ် ကားရစ်ဟာ ယာယီနည်းပြအဖြစ် အသင်းကို ကိုင်တွယ်ခဲ့တဲ့ပွဲစဉ် ၃ ပွဲစလုံးမှာ ရှုံးပွဲမရှိခဲ့ဘဲ ၂ ပွဲနိုင် ၁ ပွဲသရေ ကျခဲ့တာဖြစ်ပြီး အဲဒီပွဲစဉ် ၃ ပွဲစလုံးကလည်း အသင်းကြီးတွေနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်တာကြောင့် ၎င်းရဲ့စွမ်းဆောင်ရည်ဟာ အထင်ကြီးစရာဖြစ်ခဲ့တာဖြစ်ပါတယ်။

ကားရစ်ဟာ ဆိုးလ်ရှားလက်အောက် နောက်ဆုံးအပတ်မှာ ပြိုလဲနေတဲ့အသင်းကို ဘယ်အသင်းနဲ့မဆို ယှဉ်ပြိုင်နိုင်တဲ့အသင်းအဖြစ် အံ့အားသင့်ဖွယ်ပြောင်းလဲပေးခဲ့တာဖြစ်ပြီး ဗီလာရီးရဲလ်ကို အဝေးကွင်းမှာ ၂-၀ နဲ့ အနိုင်ကစားနိုင်ခဲ့ပြီးနောက် ချန်ပီယံလိဂ်ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။

ပြီးတဲ့နောက်မှာတော့ လက်ရှိ ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ ချဲလ်ဆီးအသင်း အိမ်ကွင်း စတမ်းဖို့ဒ် ဘရစ်ချ်မှာ တစ်ဖက် ၁ ဂိုးစီ သရေရလဒ်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး ပွဲချိန်အများစုကို ကားရစ်ရဲ့အသင်းက လွှမ်းမိုးခြင်းခံခဲ့ရပေမယ့်လည်း ရလဒ်ကောင်းတစ်ခုကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ကြာသပတေးနေ့ညနေက အာဆင်နယ်နဲ့ ကစားခဲ့တဲ့ပွဲစဉ်က အောင်မြင်မှုကတော့ ကားရစ်ရဲ့ တိုတောင်းတဲ့နည်းပြဘဝအဆုံးသတ်ဖြစ်ခဲ့တာဖြစ်ပေမယ့်လည်း ယူနိုက်တက်က အင်္ဂလန်ကွင်းလယ်ကြယ်ပွင့်ဟောင်းကို အနာဂတ်မှာ နည်းပြဖြစ်လာနိုင်ခြေရှိတဲ့သူအဖြစ် ယူဆထားတယ်လို့ နားလည် ရပါတယ်။

Telegraph ရဲ့ ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက်အသင်းပိုင်ရှင် ဂလေဇာမိသားစုအပါအဝင် အသင်းထိပ်ပိုင်းတာဝန်ရှိသူတွေဟာ နည်းပြသစ်ရှာဖွေမှုအတွက် အနာဂတ်မှာ ကွင်းလယ်ကစားသမားဟောင်းဆီကို ဦးတည်ချက် ပြောင်းသွားနိုင်တယ်လို့ သိရပါတယ်။

မိုက်ကယ် ကားရစ်ဟာ ၂၀၀၆ ခုနှစ်မှာ အသင်းကို ပြောင်းရွှေ့ကစားခဲ့သူဖြစ်ပြီး ကစားသမားဘဝကနေ အနားယူပြီးနောက် နည်းပြအဖွဲ့ဝင်အဖြစ် ယူနိုက်တက်မှာပဲ ဆက်လက် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ ကားရစ်ဟာ ပထမဆုံး နည်းပြ မော်ရင်ညိုလက်အောက်မှာ အလုပ်လုပ်ခဲ့ပြီးနောက် နည်းပြ ဆိုးလ်ရှားလက်ထက်မှာလည်း နည်းပြအဖွဲ့ဝင်အဖြစ် ဆက်လက် ရှိနေခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာတော့ ၎င်းအတွက် မှတ်တမ်းဖြစ်စေမယ့်နေရာကို သွားချင်တာကြောင့် အိုးထရက်ဖို့ဒ်ကို ကျောခိုင်းသွားခဲ့ပြီဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:မန္ခ်က္စတာယူနိုက္တက္အသင္းကို ယာယီကိုင္တြယ္ေပးခဲ့တဲ့ မိုက္ကယ္ ကားရစ္ဟာ ၾကာသပေတးေန႔ညမွာ အသင္းနဲ႔ လမ္းခြဲဖို႔ အံ့အားသင့္ဖြယ္ ဆုံးျဖတ္ခဲ့ေပမယ့္လည္း အသင္းပိုင္ရွင္ ဂေလဇာမိသားစုက ယူနိုက္တက္ကြင္းလယ္ၾကယ္ပြင့္ေဟာင္းကို အျမဲတမ္းနည္းျပသစ္ ျဖစ္လာနိုင္တဲ့သူအျဖစ္ ယူဆထားတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

မန္ခ်က္စတာယူနိုက္တက္အသင္းက အာဆင္နယ္အသင္းကို ၃-၂ နဲ႔ အနိုင္ရရွိခဲ့တဲ့ပြဲစဥ္အၿပီးမွာ မိုက္ကယ္ ကားရစ္က အသင္းမွာ ၁၅ ႏွစ္ၾကာရွိခဲ့တဲ့အခ်ိန္ကို အဆုံးသတ္ေတာ့မယ္လို႔ အတည္ျပဳ ေျပာၾကားခဲ့တာျဖစ္ၿပီး အမ်ားစုကေတာ့ ယာယီနည္းၿပ ရန္းနစ္ခ္လက္ေအာက္မွာ နည္းျပအဖြဲ႕ဝင္အျဖစ္ ဆက္လက္ တာဝန္ယူလုပ္ေဆာင္သြားမယ္လို႔ ေမၽွာ္မွန္းခဲ့ၾကတာျဖစ္ပါတယ္။

အသက္ ၄၀ အရြယ္ အဂၤလန္လက္ေရြးစင္ေဟာင္း ၿပီးခဲ့တဲ့ နိုဝင္ဘာလမွာ ဆိုးရြားတဲ့ရလဒ္ေတြ ဆက္တိုက္ ရင္ဆိုင္ခဲ့ရတဲ့အတြက္ ယူနိုက္တက္က နည္းၿပ ဆိုးလ္ရွားကို ရာထူးကေန ထုတ္ပယ္ခဲ့ၿပီးေနာက္ အသင္းကို ယာယီ ထိန္းသိမ္းဖို႔အတြက္ တာဝန္ေပးျခင္း ခံခဲ့ရသူျဖစ္ပါတယ္။

မိုက္ကယ္ ကားရစ္ဟာ ယာယီနည္းျပအျဖစ္ အသင္းကို ကိုင္တြယ္ခဲ့တဲ့ပြဲစဥ္ ၃ ပြဲစလုံးမွာ ရႈံးပြဲမရွိခဲ့ဘဲ ၂ ပြဲနိုင္ ၁ ပြဲသေရ က်ခဲ့တာျဖစ္ၿပီး အဲဒီပြဲစဥ္ ၃ ပြဲစလုံးကလည္း အသင္းႀကီးေတြနဲ႔ ရင္ဆိုင္ခဲ့ရတာျဖစ္တာေၾကာင့္ ၎ရဲ့စြမ္းေဆာင္ရည္ဟာ အထင္ႀကီးစရာျဖစ္ခဲ့တာျဖစ္ပါတယ္။

ကားရစ္ဟာ ဆိုးလ္ရွားလက္ေအာက္ ေနာက္ဆုံးအပတ္မွာ ၿပိဳလဲေနတဲ့အသင္းကို ဘယ္အသင္းနဲ႔မဆို ယွဥ္ၿပိဳင္နိုင္တဲ့အသင္းအျဖစ္ အံ့အားသင့္ဖြယ္ေျပာင္းလဲေပးခဲ့တာျဖစ္ၿပီး ဗီလာရီးရဲလ္ကို အေဝးကြင္းမွာ ၂-၀ နဲ႔ အနိုင္ကစားနိုင္ခဲ့ၿပီးေနာက္ ခ်န္ပီယံလိဂ္ရႈံးထြက္အဆင့္ကို တက္ေရာက္နိုင္ခဲ့တာျဖစ္ပါတယ္။

ၿပီးတဲ့ေနာက္မွာေတာ့ လက္ရွိ ပရီးမီးယားလိဂ္အမွတ္ေပးဇယားကို ဦးေဆာင္ေနတဲ့ ခ်ဲလ္ဆီးအသင္း အိမ္ကြင္း စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ တစ္ဖက္ ၁ ဂိုးစီ သေရရလဒ္ရရွိေအာင္ စြမ္းေဆာင္ေပးနိုင္ခဲ့ၿပီး ပြဲခ်ိန္အမ်ားစုကို ကားရစ္ရဲ့အသင္းက လႊမ္းမိုးျခင္းခံခဲ့ရေပမယ့္လည္း ရလဒ္ေကာင္းတစ္ခုကို ရယူနိုင္ခဲ့တာျဖစ္ပါတယ္။

ၾကာသပေတးေန႔ညေနက အာဆင္နယ္နဲ႔ ကစားခဲ့တဲ့ပြဲစဥ္က ေအာင္ျမင္မႈကေတာ့ ကားရစ္ရဲ့ တိုေတာင္းတဲ့နည္းျပဘဝအဆုံးသတ္ျဖစ္ခဲ့တာျဖစ္ေပမယ့္လည္း ယူနိုက္တက္က အဂၤလန္ကြင္းလယ္ၾကယ္ပြင့္ေဟာင္းကို အနာဂတ္မွာ နည္းျပျဖစ္လာနိုင္ေျခရွိတဲ့သူအျဖစ္ ယူဆထားတယ္လို႔ နားလည္ ရပါတယ္။

Telegraph ရဲ့ ေဖာ္ျပခ်က္အရ မန္ခ်က္စတာယူနိုက္တက္အသင္းပိုင္ရွင္ ဂေလဇာမိသားစုအပါအဝင္ အသင္းထိပ္ပိုင္းတာဝန္ရွိသူေတြဟာ နည္းျပသစ္ရွာေဖြမႈအတြက္ အနာဂတ္မွာ ကြင္းလယ္ကစားသမားေဟာင္းဆီကို ဦးတည္ခ်က္ ေျပာင္းသြားနိုင္တယ္လို႔ သိရပါတယ္။

မိုက္ကယ္ ကားရစ္ဟာ ၂၀၀၆ ခုႏွစ္မွာ အသင္းကို ေျပာင္းေရႊ႕ကစားခဲ့သူျဖစ္ၿပီး ကစားသမားဘဝကေန အနားယူၿပီးေနာက္ နည္းျပအဖြဲ႕ဝင္အျဖစ္ ယူနိုက္တက္မွာပဲ ဆက္လက္ တာဝန္ထမ္းေဆာင္ခဲ့သူျဖစ္ပါတယ္။ ကားရစ္ဟာ ပထမဆုံး နည္းၿပ ေမာ္ရင္ညိဳလက္ေအာက္မွာ အလုပ္လုပ္ခဲ့ၿပီးေနာက္ နည္းၿပ ဆိုးလ္ရွားလက္ထက္မွာလည္း နည္းျပအဖြဲ႕ဝင္အျဖစ္ ဆက္လက္ ရွိေနခဲ့တာျဖစ္ၿပီး လက္ရွိအခ်ိန္မွာေတာ့ ၎အတြက္ မွတ္တမ္းျဖစ္ေစမယ့္ေနရာကို သြားခ်င္တာေၾကာင့္ အိုးထရက္ဖို႔ဒ္ကို ေက်ာခိုင္းသြားခဲ့ၿပီျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.