Bundesliga Premier League

ဗာနာနဲ့ တစ်ရာသီ ဂိုး ၅၀ လောက်သွင်းတဲ့သူနဲ့ လဲမလားလို့ ကမ်းလှမ်းခံခဲ့ရတဲ့ ချဲလ်ဆီး

ချဲလ်ဆီးအသင်းဒါရိုက်တာ မာရီနာ ဂရာနော့ဗ်စကားယာဟာ ဘိုင်ယန်မြူးနစ်အသင်းဆီကနေ ရောဘတ် လီဗန်ဒေါ့ဗ်စကီးကို ခေါ်ယူနိုင်မယ့်အခွင့်အရေး ကမ်းလှမ်းခြင်း ခံခဲ့ရတယ်လို့ သိရပါတယ်။

ဘိုင်ယန်မြူးနစ်ကြယ်ပွင့်တိုက်စစ်မှူးဟာ ပဲရစ်မှာ တနင်္လာနေ့ညက ကျင်းပခဲ့တဲ့ France Football ရဲ့ ဘလွန်ဒေါဆုပေးပွဲမှာ တစ်နှစ်တာအကောင်းဆုံးတိုက်စစ်မှူးဆုကို ထိုက်ထိုက်တန်တန် ချီးမြှင့်ခြင်း ခံခဲ့ရတာဖြစ်ပြီး ဘလွန်ဒေါအဆင့်သတ်မှတ်ချက်မှာ မက်ဆီရဲ့နောက် ဒုတိယနေရာမှာ ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။

အာဂျင်တီးနားကြယ်ပွင့်တိုက်စစ်မှူးက ဘလွန်ဒေါဆုကို ၇ ကြိမ်မြောက် ရရှိသွားခဲ့ပေမယ့်လည်း လီဗန်ဒေါ့ဗ်စကီးဟာ လွန်ခဲ့တဲ့ ၂ ရာသီအတွင်း ကလပ်အသင်းနဲ့ နိုင်ငံအသင်းအတွက် စွမ်းဆောင်ပေးခဲ့တဲ့အရာတွေအတွက် တကမ္ဘာလုံးရဲ့ ချီးကျူးခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။

ပိုလန်တိုက်စစ်မှူးဟာ ၂၀၂၀ ခုနှစ်မှာ ဘိုင်ယန်မြူးနစ်အသင်းကို လစ္စဘွန်းမှာ ချန်ပီယံလိဂ်ဖလား ရရှိခဲ့တဲ့ အောင်ပွဲအပါအဝင် ဖလား ၃ လုံး တပြိုင်နက် ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်မှာတော့ လီဗန်ဒေါ့ဗ်စကီးဟာ ၅၄ ပွဲမှာ ၆၄ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး တစ်ဦးချင်းအဆင့်မှာဆိုရင် ပိုမိုကောင်းမွန်တဲ့ ရာသီကို ပိုင်ဆိုင်နိုင်ခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ အသက် ၃၃ နှစ်အရွယ် တိုက်စစ်မှူးဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်း နောက်ဆုံး ၁၈ လထဲကို ချဉ်းနင်းဝင်ရောက်နေပြီဖြစ်ပြီး ဘွန်ဒက်စ်လီဂါထိပ်သီးအသင်းကြီးဟာ ပိုလန်တိုက်စစ်မှူးအနေနဲ့ ကစားသမားဘဝ နောက်ဆုံးအချိန်မှာ မတူညီတဲ့တစ်စုံတရာကို စမ်းသပ်ကြည့်ချင်နေလောက်တယ်ဆိုတဲ့ ခံစားချက်မျိုးရှိနေတာကြောင့် စာချုပ်သစ်ချုပ်ဆိုဖို့ကို အလျင်စလို လုပ်ဆောင်ခြင်းမရှိသေးတာဖြစ်ပါတယ်။

ဘောလုံးအတိုင်ပင်ခံ အီယန် မက်ဂယ်ရီရဲ့ ပြောကြားချက်အရ လီဗန်ဒေါ့ဗ်စကီးရဲ့ အေးဂျင့် ပီနီ ဇာဟာဗီက အပြောင်းအရွှေ့ဖြစ်နိုင်မလားဆိုတာကို သိရဖို့အတွက် ချဲလ်ဆီးမှာရှိတဲ့ နီးစပ်တဲ့အဆက်အသွယ်တွေကို အသုံးချချင်နေတယ်လို့ သိရပါတယ်။

“ပီနီ ဇာဟာဗီက လီဗန်ဒေါ့ဗ်စကီးအတွက် ကိုယ်စားပြုပေးနေပြီး အဲဒီလိုလုပ်ပေးခဲ့တာ ၂ နှစ်ကျော်ရှိနေခဲ့ပါပြီ။ ဇာဟာဗီက မာရီနာ ဂရာနော့ဗ်စကားယာ အနီးကပ်လူယုံလည်း ဖြစ်ပြီး သူက လီဗန်ဒေါ့ဗ်စကီးကို ခေါ်ယူဖို့ ချဲလ်ဆီးနဲ့ ဂရာနော့ဗ်စကားယာတို့ကို ကမ်းလှမ်းခဲ့တယ်ဆိုတာ ကျိန်းသေပေါက် ဖြစ်နိုင်တဲ့ကိစ္စပါ။ အဲဒီအပြောင်းအရွှေ့မှာ ဗာနာက ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့ရမယ်ဆိုတာလည်း ပါဝင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

တီမို ဗာနာဟာ ယခုရာသီမှာ ပွဲကစားချိန် နည်းပါးနေခဲ့တာကို စိတ်ပျက်နေတဲ့အတွက် အနောက်လန်ဒန်မှာ ၁ ရာသီခွဲ ကစားပေးပြီးနောက် ချဲလ်ဆီးကို စွန့်ခွာချင်နေတယ်လို့ နားလည်ရပါတယ်။ ဘိုင်ယန်မြူးနစ်ကလည်း ၂၀၂၀ ခုနှစ်မှာ လီဗာပူးလ်ကို လက်ဦးမှုရယူပြီး ချဲလ်ဆီးက တီမို ဗာနာကို ပေါင် ၄၇.၅ သန်းနဲ့ မခေါ်ယူမီ ဗာနာကို ခေါ်ယူဖို့ ဆန္ဒရှိနေခဲ့တယ်လို့ ထင်မြင်ခြင်း ခံခဲ့ရပြီး ရှေ့မှာ ပြောခဲ့တဲ့အတိုင်း ဘိုင်ယန်မြူးနစ်အသင်းတာဝန်ရှိသူတွေက ကြယ်ပွင့်တိုက်စစ်မှူး လီဗန်ဒေါ့ဗ်စကီးကို ထိန်းသိမ်းဖို့ကိစ္စနဲ့ပတ်သက်ပြီး စိတ်အေးလက်အေး ရှိနေပုံ ပေါ်နေခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်တို့ ရောဘတ်နဲ့ပတ်သက်ပြီး ပျော်ရွှင်နေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အခု စာချုပ်ကို သက်တမ်းမတိုးသေးပါဘူး။ ကျွန်တော်တို့မှာ ၂ နှစ်ကျန်နေပါသေးတယ်။ ကျွန်တော် ပြောခဲ့တဲ့အတိုင်းပဲ ရောဘတ်က ၂၀၂၃ ခုနှစ်ထက် ကျော်လွန်ပြီး ဆက်နေနိုင်မယ်ဆိုတာ စိတ်ကူးကြည့်လို့ရနိုင်ပါတယ်။ ကျွန်တော်တို့က ရောဘတ်အပါအဝင် ကစားသမားတွေအားလုံးနဲ့ အမြဲတမ်းပြောဆိုမှုတွေ ပြုလုပ်နေခဲ့တာပါ။ ဒါပေမယ့် အခုကတော့ စောလွန်းနေပါသေးတယ်”လို့ ပြီးခဲ့တဲ့သြဂုတ်လက အသင်းဥက္ကဌ ဟဲဘတ် ဟိုင်နာက ပြောကြားခဲ့တာဖြစ်ပါတယ်။

တကယ်လို့ ပိုလန်တိုက်စစ်မှူးသာ ကစားသမားဘဝကနေ အနားမယူခင် မတူညီတဲ့ လိဂ်တစ်ခုခုမှာ စမ်းသပ်ချင်တယ်ဆိုရင် အေးဂျင့်ဖြစ်သူ ဇာဟာဗီကို အပြောင်းအရွှေ့ ပြုလုပ်ဖို့အတွက် ညွှန်ကြားဖွယ်ရှိပြီး အေးဂျင့်ဖြစ်သူကလည်း ချဲလ်ဆီးအသင်းပိုင်ရှင် အေဘရာမိုဗစ်ချ်နဲ့ အလုပ်တွဲလုပ်သူဖြစ်တာကြောင့် ဖိတ်ချင်းဖိတ် ကိုယ့်အိတ်ထဲပဲ ဖိတ်အောင် လုပ်ဆောင်သွားမှာ အသေအချာပဲ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ခ်ဲလ္ဆီးအသင္းဒါရိုက္တာ မာရီနာ ဂရာေနာ့ဗ္စကားယာဟာ ဘိုင္ယန္ျမဴးနစ္အသင္းဆီကေန ေရာဘတ္ လီဗန္ေဒါ့ဗ္စကီးကို ေခၚယူနိုင္မယ့္အခြင့္အေရး ကမ္းလွမ္းျခင္း ခံခဲ့ရတယ္လို႔ သိရပါတယ္။

ဘိုင္ယန္ျမဴးနစ္ၾကယ္ပြင့္တိုက္စစ္မႉးဟာ ပဲရစ္မွာ တနလၤာေန႔ညက က်င္းပခဲ့တဲ့ France Football ရဲ့ ဘလြန္ေဒါဆုေပးပြဲမွာ တစ္ႏွစ္တာအေကာင္းဆုံးတိုက္စစ္မႉးဆုကို ထိုက္ထိုက္တန္တန္ ခ်ီးျမႇင့္ျခင္း ခံခဲ့ရတာျဖစ္ၿပီး ဘလြန္ေဒါအဆင့္သတ္မွတ္ခ်က္မွာ မက္ဆီရဲ့ေနာက္ ဒုတိယေနရာမွာ ရပ္တည္နိုင္ခဲ့တာျဖစ္ပါတယ္။

အာဂ်င္တီးနားၾကယ္ပြင့္တိုက္စစ္မႉးက ဘလြန္ေဒါဆုကို ၇ ႀကိမ္ေျမာက္ ရရွိသြားခဲ့ေပမယ့္လည္း လီဗန္ေဒါ့ဗ္စကီးဟာ လြန္ခဲ့တဲ့ ၂ ရာသီအတြင္း ကလပ္အသင္းနဲ႔ နိုင္ငံအသင္းအတြက္ စြမ္းေဆာင္ေပးခဲ့တဲ့အရာေတြအတြက္ တကမၻာလုံးရဲ့ ခ်ီးက်ဴးျခင္းကို ခံခဲ့ရတာျဖစ္ပါတယ္။

ပိုလန္တိုက္စစ္မႉးဟာ ၂၀၂၀ ခုႏွစ္မွာ ဘိုင္ယန္ျမဴးနစ္အသင္းကို လစၥဘြန္းမွာ ခ်န္ပီယံလိဂ္ဖလား ရရွိခဲ့တဲ့ ေအာင္ပြဲအပါအဝင္ ဖလား ၃ လုံး တၿပိဳင္နက္ ရရွိေအာင္ စြမ္းေဆာင္ေပးနိုင္ခဲ့တာျဖစ္ပါတယ္။ ၂၀၂၁ ခုႏွစ္မွာေတာ့ လီဗန္ေဒါ့ဗ္စကီးဟာ ၅၄ ပြဲမွာ ၆၄ ဂိုးအထိ သြင္းယူနိုင္ခဲ့ၿပီး တစ္ဦးခ်င္းအဆင့္မွာဆိုရင္ ပိုမိုေကာင္းမြန္တဲ့ ရာသီကို ပိုင္ဆိုင္နိုင္ခဲ့တာျဖစ္ပါတယ္။

လက္ရွိမွာေတာ့ အသက္ ၃၃ ႏွစ္အရြယ္ တိုက္စစ္မႉးဟာ ဘိုင္ယန္ျမဴးနစ္အသင္းနဲ႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္သက္တမ္း ေနာက္ဆုံး ၁၈ လထဲကို ခ်ဥ္းနင္းဝင္ေရာက္ေနၿပီျဖစ္ၿပီး ဘြန္ဒက္စ္လီဂါထိပ္သီးအသင္းႀကီးဟာ ပိုလန္တိုက္စစ္မႉးအေနနဲ႔ ကစားသမားဘဝ ေနာက္ဆုံးအခ်ိန္မွာ မတူညီတဲ့တစ္စုံတရာကို စမ္းသပ္ၾကည့္ခ်င္ေနေလာက္တယ္ဆိုတဲ့ ခံစားခ်က္မ်ိဳးရွိေနတာေၾကာင့္ စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ကို အလ်င္စလို လုပ္ေဆာင္ျခင္းမရွိေသးတာျဖစ္ပါတယ္။

ေဘာလုံးအတိုင္ပင္ခံ အီယန္ မက္ဂယ္ရီရဲ့ ေျပာၾကားခ်က္အရ လီဗန္ေဒါ့ဗ္စကီးရဲ့ ေအးဂ်င့္ ပီနီ ဇာဟာဗီက အေျပာင္းအေရႊ႕ျဖစ္နိုင္မလားဆိုတာကို သိရဖို႔အတြက္ ခ်ဲလ္ဆီးမွာရွိတဲ့ နီးစပ္တဲ့အဆက္အသြယ္ေတြကို အသုံးခ်ခ်င္ေနတယ္လို႔ သိရပါတယ္။

“ပီနီ ဇာဟာဗီက လီဗန္ေဒါ့ဗ္စကီးအတြက္ ကိုယ္စားျပဳေပးေနၿပီး အဲဒီလိုလုပ္ေပးခဲ့တာ ၂ ႏွစ္ေက်ာ္ရွိေနခဲ့ပါၿပီ။ ဇာဟာဗီက မာရီနာ ဂရာေနာ့ဗ္စကားယာ အနီးကပ္လူယုံလည္း ျဖစ္ၿပီး သူက လီဗန္ေဒါ့ဗ္စကီးကို ေခၚယူဖို႔ ခ်ဲလ္ဆီးနဲ႔ ဂရာေနာ့ဗ္စကားယာတို႔ကို ကမ္းလွမ္းခဲ့တယ္ဆိုတာ က်ိန္းေသေပါက္ ျဖစ္နိုင္တဲ့ကိစၥပါ။ အဲဒီအေျပာင္းအေရႊ႕မွာ ဗာနာက ဘိုင္ယန္ျမဴးနစ္ကို ေျပာင္းေရႊ႕ရမယ္ဆိုတာလည္း ပါဝင္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

တီမို ဗာနာဟာ ယခုရာသီမွာ ပြဲကစားခ်ိန္ နည္းပါးေနခဲ့တာကို စိတ္ပ်က္ေနတဲ့အတြက္ အေနာက္လန္ဒန္မွာ ၁ ရာသီခြဲ ကစားေပးၿပီးေနာက္ ခ်ဲလ္ဆီးကို စြန႔္ခြာခ်င္ေနတယ္လို႔ နားလည္ရပါတယ္။ ဘိုင္ယန္ျမဴးနစ္ကလည္း ၂၀၂၀ ခုႏွစ္မွာ လီဗာပူးလ္ကို လက္ဦးမႈရယူၿပီး ခ်ဲလ္ဆီးက တီမို ဗာနာကို ေပါင္ ၄၇.၅ သန္းနဲ႔ မေခၚယူမီ ဗာနာကို ေခၚယူဖို႔ ဆႏၵရွိေနခဲ့တယ္လို႔ ထင္ျမင္ျခင္း ခံခဲ့ရၿပီး ေရွ႕မွာ ေျပာခဲ့တဲ့အတိုင္း ဘိုင္ယန္ျမဴးနစ္အသင္းတာဝန္ရွိသူေတြက ၾကယ္ပြင့္တိုက္စစ္မႉး လီဗန္ေဒါ့ဗ္စကီးကို ထိန္းသိမ္းဖို႔ကိစၥနဲ႔ပတ္သက္ၿပီး စိတ္ေအးလက္ေအး ရွိေနပုံ ေပၚေနခဲ့တာျဖစ္ပါတယ္။

“ကၽြန္ေတာ္တို႔ ေရာဘတ္နဲ႔ပတ္သက္ၿပီး ေပ်ာ္ရႊင္ေနပါတယ္။ ဒါေပမယ့္ ကၽြန္ေတာ္တို႔ အခု စာခ်ဳပ္ကို သက္တမ္းမတိုးေသးပါဘူး။ ကၽြန္ေတာ္တို႔မွာ ၂ ႏွစ္က်န္ေနပါေသးတယ္။ ကၽြန္ေတာ္ ေျပာခဲ့တဲ့အတိုင္းပဲ ေရာဘတ္က ၂၀၂၃ ခုႏွစ္ထက္ ေက်ာ္လြန္ၿပီး ဆက္ေနနိုင္မယ္ဆိုတာ စိတ္ကူးၾကည့္လို႔ရနိုင္ပါတယ္။ ကၽြန္ေတာ္တို႔က ေရာဘတ္အပါအဝင္ ကစားသမားေတြအားလုံးနဲ႔ အျမဲတမ္းေျပာဆိုမႈေတြ ျပဳလုပ္ေနခဲ့တာပါ။ ဒါေပမယ့္ အခုကေတာ့ ေစာလြန္းေနပါေသးတယ္”လို႔ ၿပီးခဲ့တဲ့ၾသဂုတ္လက အသင္းဥကၠဌ ဟဲဘတ္ ဟိုင္နာက ေျပာၾကားခဲ့တာျဖစ္ပါတယ္။

တကယ္လို႔ ပိုလန္တိုက္စစ္မႉးသာ ကစားသမားဘဝကေန အနားမယူခင္ မတူညီတဲ့ လိဂ္တစ္ခုခုမွာ စမ္းသပ္ခ်င္တယ္ဆိုရင္ ေအးဂ်င့္ျဖစ္သူ ဇာဟာဗီကို အေျပာင္းအေရႊ႕ ျပဳလုပ္ဖို႔အတြက္ ညႊန္ၾကားဖြယ္ရွိၿပီး ေအးဂ်င့္ျဖစ္သူကလည္း ခ်ဲလ္ဆီးအသင္းပိုင္ရွင္ ေအဘရာမိုဗစ္ခ်္နဲ႔ အလုပ္တြဲလုပ္သူျဖစ္တာေၾကာင့္ ဖိတ္ခ်င္းဖိတ္ ကိုယ့္အိတ္ထဲပဲ ဖိတ္ေအာင္ လုပ္ေဆာင္သြားမွာ အေသအခ်ာပဲ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.