Ligue1 Match Report

မက်ဆီရဲ့ ဖန်တီးမှု ဟက်ထရစ်နဲ့ စန်အီတီယန်ကို အနိုင်ရတဲ့ ပီအက်စ်ဂျီ

ပီအက်စ်ဂျီအသင်းအနေနဲ့ ဒီနေ့ပွဲမှာ ဂိုးသမား ဒွန်နာရမ်မာကို ထည့်သုံးခဲ့တဲ့အပြင် အသင်းကို ရောက်တာ လေးလကြာတော့မှ ပထမဆုံး ပွဲထွက်နိုင်ခဲ့တဲ့ ဆာဂျီယို ရာမို့စ်ကို မားကင်ညော့စ်နဲ့ တွဲပေးခဲ့ပြီး ခံစစ်နဲ့ ကွင်းလယ်မှာ လူစုံထုတ်ပြီး တိုက်စစ်မှာတော့ အမ်ဘာပေကို အထောင်ထားခဲ့တဲ့ အချိန်မှာ နောက်ကနေ မက်ဆီ၊ နေမာနဲ့ ဒီမာရီယာတို့က လိုက်ပါကစားသွားခဲ့ကြပါတယ်။

အိမ်ရှင် စန်အီတီယန်တို့ကတော့ အင်္ဂလန်ယူ-၂၁ ဂိုးသမား ဂရင်းအပါအဝင် တူနီးရှားဝါရင့် ခါဇရီ၊ လီယွန်နောက်ခံလူဟောင်း ကိုလိုဂျီးချက်၊ အယ်လ်ဂျီးယားလက်ရွေးစင် ဘူဒီဘုဇ်၊ ဂါဘွန်တိုက်စစ်မှူး ဘူအွန်ဂါတို့လို သူတို့ရဲ့ အကောင်းဆုံးလူစာရင်းကို သုံးစွဲခဲ့ပြီး ပီအက်စ်ဂျီအကယ်ဒမီထွက် ကွင်းလယ်လူ အောရှိရှ်ကတော့ အသင်းဟောင်းကို ပြန်လည်ရင်ဆိုင်ခဲ့ရတာပါ။

ပွဲချိန် ၅ မိနစ်မှာ မက်ဆီပေးတာကို နေမာဂိုးသွင်းပေမယ့် လူကျွံဘော သတ်မှတ်ခံခဲ့ရပြီး ပွဲချိန် ၁၃ မိနစ်မှာတော့ ဘားနတ် ခင်းပေးတာကို အမ်ဘာပေ ပြတာရော ကန်တာပါ စနစ်ကျခဲ့ပေမယ့် စန်အီတီယန်ဂိုးသမား ဂရင်း ကာကွယ်ပုံ ကောင်းလွန်းနေတာကြောင့် ပီအက်စ်ဂျီတို့ စောစောစီးစီး ဂိုးရနိုင်ခွင့်တွေနဲ့ လွဲချော်ခဲ့ရပါတယ်။

ပွဲချိန် ၂၃ မိနစ်မှာတော့ စန်အီတီယန်တို့ အဖွင့်ဂိုး စတင်ရယူနိုင်ခဲ့ပြီး ခါဇရီရဲ့ လှပတဲ့ ပေးပို့မှုကို လူကျွံထောင်ချောက်ကို ဖောက်ထွက်သွားခဲ့တဲ့ ကိုလိုဂျီးချက်က ကန်သွင်းခဲ့ရာမှာ ဂိုးသမား ဒွန်နာရမ်မာ ကာကွယ်နိုင်ခဲ့ပေမယ့် ပြန်ထွက်လာတဲ့ ဘောလုံးကို ဘူအွန်ဂါက ပိတ်သွင်းနိုင်ခဲ့လို့ ပီအက်စ်ဂျီတို့ အဝေးကွင်းမှာ နောက်က လိုက်ကစားခဲ့ရတာပါ။ ဒီဂိုးအတွက် လူကျွံဘော သတ်မှတ်ခဲ့လို့ VAR ပြန်ကြည့်ပြီးမှ အိမ်ရှင်တွေ အောင်ပွဲခံနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ပွဲချိန် ၃၉ မိနစ်မှာတော့ နေမာရဲ့ ဘယ်ခြမ်းက တစ်ကိုယ်တော် ကန်ချက်နဲ့ ၄၁ မိနစ်မှာ ရရှိတဲ့ အမ်ဘာပေရဲ့ အခွင့်အရေးတွေကို ဂိုးသမား ဂရင်း ကာကွယ်သွားနိုင်ခဲ့ပြီး ပွဲချိန် ၄၅ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ ပြေးထွက်သွားတဲ့ အမ်ဘာပေကို နောက်ကနေ ခြေချိတ်မိခဲ့တဲ့ ကိုလိုဂျီးချက် တိုက်ရိုက်အနီနဲ့ အထုတ်ခံခဲ့ရလို့ အိမ်ရှင်တွေ တစ်ယောက်လျော့သွားခဲ့ပါတယ်။

ဒီအတွက် နောက်ထပ်နောက်ခံလူတစ်ဦး ဘေးမှာ ရှိနေချိန်မှာ တိုက်ရိုက်အနီပြခဲ့တာက ပြင်းထန်လွန်းတယ်လို့ ဆိုရမှာဖြစ်ပြီး ဒီကနေ ရရှိခဲ့တဲ့ ဖရီးကစ်ကိုတော့ မက်ဆီ ကန်တင်ပေးရာမှာ အသင်းခေါင်းဆောင်နောက်ခံလူ မားကင်ညော့စ်က ခေါင်းတိုက်သွင်းယူနိုင်ခဲ့လို့ ပီအက်စ်ဂျီတို့ ချေပဂိုး ပြန်လည်ရရှိခဲ့ပြီး ပထမပိုင်းအပြီးမှာ တစ်ဂိုးစီ သရေကျနေခဲ့ပါတယ်။

မက်ဆီကတော့ ဘယ်လွန်ဒေါဆု ချီးမြှင့်ဖို့ နီးကပ်လာချိန်မှာ ရရှိဖို့ အသံထွက်နေတဲ့ ကစားသမားပီပီ ခြေစွမ်းမပြနိုင်ဘဲ မျက်နှာပြောင်တိုက်ပြီး လက်ခံရမယ့်အဖြစ်မျိုး မကြုံရအောင် နိုဝင်ဘာလအတွင်း ကစားခဲ့တဲ့ ပွဲတွေကို အားထည့်ပြီး ကြိုးစားကစားနေတာကိုလည်း တွေ့ရပြီး ဒီနေ့ပွဲမှာ ဂိုးမသွင်းနိုင်ပေမယ့် အသင်းလိုက်ကစားပုံက တော်တော်လေး ကောင်းခဲ့တာပါ။

ဒုတိယပိုင်းမှာ တစ်ယောက်အသာနဲ့ ပီအက်စ်ဂျီတို့ ဖိကစားနိုင်ခဲ့ပြီး အမ်ဘာပေကတော့ ဒီနေ့မှာ ဂိုးရဖို့ ကံပါမလာခဲ့တဲ့အတိုင်း လွဲချော်နေခဲ့သလို စန်အီတီယန်ကတော့ တန်ပြန်တိုက်စစ်တွေကနေ ဘူအွန်ဂါရဲ့ လျင်မြန်မှုကို အားကိုးပြီး ထိုးဖောက်ခဲ့ပေမယ့် ရင်ခုန်စရာ အနေအထားတော့ ဖြစ်မလာခဲ့ဘဲ ပါရီသားတွေ ပိတ်ဆို့သွားနိုင်ခဲ့ကြပါတယ်။

ဒီနောက်ပိုင်းမှာ နေမာနဲ့ မက်ဆီတို့ အသီးသီးလွဲချော်ခဲ့အပြီး ပွဲချိန် ၇၉ မိနစ်မှာတော့ ပီအက်စ်ဂျီတို့ ဒုတိယဂိုး ရရှိခဲ့သလို ဒီဂိုးကိုတော့ မက်ဆီရဲ့ ပေးပို့မှုကတစ်ဆင့် စန်အီတီယန်လူကျွံထောင်ချောက်ကို ဖြတ်ကျော်သွားခဲ့တဲ့ ဒီမာရီယာက အေးအေးဆေးဆေး အပိုင်ကန်သွင်းနိုင်ခဲ့လို့ နှစ်ဂိုး-ဂိုးမရှိ ဖြစ်နေခဲ့ပါတယ်။

ပွဲချိန် ၈၈ မိနစ်မှာတော့ စန်အီတီယန်နောက်ခံလူ လိုရစ် ဒီယိုနီရဲ့ ဖျက်ထုတ်မှုမှာ ပီအက်စ်ဂျီတိုက်စစ်မှူး နေမာရဲ့ ခြေကျင်းဝတ် ညပ်သွားပြီး လိမ်ကောက်သွားခဲ့တဲ့ ပုံစံကို တွေ့မြင်ခဲ့ရတာကြောင့် ဒဏ်ရာက ပြင်းထန်မယ်လို့ ယူဆခဲ့ရပြီး လူငယ်တိုက်စစ်မှူး အီဘမ်ဘီနဲ့ လူစားလဲကစားခဲ့ရတာပါ။

နာကျင်အချိန်ပို ၁ မိနစ်မှာတော့ ဘယ်ခြမ်းကနေ ဘောလုံးရသွားခဲ့တဲ့ မက်ဆီက ဂိုးစည်းနားကနေ အမြင့်ဘော ဖြတ်တင်ပေးခဲ့ရာမှာ နောက်ခံလူ မားကင်ညော့စ်ကပဲ ခေါင်းတိုက်သွင်းနိုင်ခဲ့လို့ သူ့အတွက် ဒုတိယဂိုးနဲ့ အသင်းအတွက် တတိယဂိုး ထပ်မံရရှိခဲ့ပြီး ပီအက်စ်ဂျီတို့ ပြတ်ပြတ်သားသား အောင်ပွဲခံနိုင်ခဲ့ကြသလို ပြင်သစ်လိဂန်ကို ၁၅ ပွဲကစား ရမှတ် ၄၀ နဲ့ ဒုတိယနေရာက ရင်းနေးကို ၁၂ မှတ်ဖြတ်ပြီး ဦးဆောင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ပီအက္စ္ဂ်ီအသင္းအေနနဲ႔ ဒီေန႔ပြဲမွာ ဂိုးသမား ဒြန္နာရမ္မာကို ထည့္သုံးခဲ့တဲ့အျပင္ အသင္းကို ေရာက္တာ ေလးလၾကာေတာ့မွ ပထမဆုံး ပြဲထြက္ႏိုင္ခဲ့တဲ့ ဆာဂ်ီယို ရာမို႔စ္ကို မားကင္ေညာ့စ္နဲ႔ တြဲေပးခဲ့ၿပီး ခံစစ္နဲ႔ ကြင္းလယ္မွာ လူစုံထုတ္ၿပီး တိုက္စစ္မွာေတာ့ အမ္ဘာေပကို အေထာင္ထားခဲ့တဲ့ အခ်ိန္မွာ ေနာက္ကေန မက္ဆီ၊ ေနမာနဲ႔ ဒီမာရီယာတို႔က လိုက္ပါကစားသြားခဲ့ၾကပါတယ္။

အိမ္ရွင္ စန္အီတီယန္တို႔ကေတာ့ အဂၤလန္ယူ-၂၁ ဂိုးသမား ဂရင္းအပါအဝင္ တူနီးရွားဝါရင့္ ခါဇရီ၊ လီယြန္ေနာက္ခံလူေဟာင္း ကိုလိုဂ်ီးခ်က္၊ အယ္လ္ဂ်ီးယားလက္ေ႐ြးစင္ ဘူဒီဘုဇ္၊ ဂါဘြန္တိုက္စစ္မႉး ဘူအြန္ဂါတို႔လို သူတို႔ရဲ႕ အေကာင္းဆုံးလူစာရင္းကို သုံးစြဲခဲ့ၿပီး ပီအက္စ္ဂ်ီအကယ္ဒမီထြက္ ကြင္းလယ္လူ ေအာရွိရွ္ကေတာ့ အသင္းေဟာင္းကို ျပန္လည္ရင္ဆိုင္ခဲ့ရတာပါ။

ပြဲခ်ိန္ ၅ မိနစ္မွာ မက္ဆီေပးတာကို ေနမာဂိုးသြင္းေပမယ့္ လူကြၽံေဘာ သတ္မွတ္ခံခဲ့ရၿပီး ပြဲခ်ိန္ ၁၃ မိနစ္မွာေတာ့ ဘားနတ္ ခင္းေပးတာကို အမ္ဘာေပ ျပတာေရာ ကန္တာပါ စနစ္က်ခဲ့ေပမယ့္ စန္အီတီယန္ဂိုးသမား ဂရင္း ကာကြယ္ပုံ ေကာင္းလြန္းေနတာေၾကာင့္ ပီအက္စ္ဂ်ီတို႔ ေစာေစာစီးစီး ဂိုးရႏိုင္ခြင့္ေတြနဲ႔ လြဲေခ်ာ္ခဲ့ရပါတယ္။

ပြဲခ်ိန္ ၂၃ မိနစ္မွာေတာ့ စန္အီတီယန္တို႔ အဖြင့္ဂိုး စတင္ရယူႏိုင္ခဲ့ၿပီး ခါဇရီရဲ႕ လွပတဲ့ ေပးပို႔မႈကို လူကြၽံေထာင္ေခ်ာက္ကို ေဖာက္ထြက္သြားခဲ့တဲ့ ကိုလိုဂ်ီးခ်က္က ကန္သြင္းခဲ့ရာမွာ ဂိုးသမား ဒြန္နာရမ္မာ ကာကြယ္ႏိုင္ခဲ့ေပမယ့္ ျပန္ထြက္လာတဲ့ ေဘာလုံးကို ဘူအြန္ဂါက ပိတ္သြင္းႏိုင္ခဲ့လို႔ ပီအက္စ္ဂ်ီတို႔ အေဝးကြင္းမွာ ေနာက္က လိုက္ကစားခဲ့ရတာပါ။ ဒီဂိုးအတြက္ လူကြၽံေဘာ သတ္မွတ္ခဲ့လို႔ VAR ျပန္ၾကည့္ၿပီးမွ အိမ္ရွင္ေတြ ေအာင္ပြဲခံႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။

ပြဲခ်ိန္ ၃၉ မိနစ္မွာေတာ့ ေနမာရဲ႕ ဘယ္ျခမ္းက တစ္ကိုယ္ေတာ္ ကန္ခ်က္နဲ႔ ၄၁ မိနစ္မွာ ရရွိတဲ့ အမ္ဘာေပရဲ႕ အခြင့္အေရးေတြကို ဂိုးသမား ဂရင္း ကာကြယ္သြားႏိုင္ခဲ့ၿပီး ပြဲခ်ိန္ ၄၅ မိနစ္မွာေတာ့ တန္ျပန္တိုက္စစ္ကေန ေျပးထြက္သြားတဲ့ အမ္ဘာေပကို ေနာက္ကေန ေျခခ်ိတ္မိခဲ့တဲ့ ကိုလိုဂ်ီးခ်က္ တိုက္႐ိုက္အနီနဲ႔ အထုတ္ခံခဲ့ရလို႔ အိမ္ရွင္ေတြ တစ္ေယာက္ေလ်ာ့သြားခဲ့ပါတယ္။

ဒီအတြက္ ေနာက္ထပ္ေနာက္ခံလူတစ္ဦး ေဘးမွာ ရွိေနခ်ိန္မွာ တိုက္႐ိုက္အနီျပခဲ့တာက ျပင္းထန္လြန္းတယ္လို႔ ဆိုရမွာျဖစ္ၿပီး ဒီကေန ရရွိခဲ့တဲ့ ဖရီးကစ္ကိုေတာ့ မက္ဆီ ကန္တင္ေပးရာမွာ အသင္းေခါင္းေဆာင္ေနာက္ခံလူ မားကင္ေညာ့စ္က ေခါင္းတိုက္သြင္းယူႏိုင္ခဲ့လို႔ ပီအက္စ္ဂ်ီတို႔ ေခ်ပဂိုး ျပန္လည္ရရွိခဲ့ၿပီး ပထမပိုင္းအၿပီးမွာ တစ္ဂိုးစီ သေရက်ေနခဲ့ပါတယ္။

မက္ဆီကေတာ့ ဘယ္လြန္ေဒါဆု ခ်ီးျမႇင့္ဖို႔ နီးကပ္လာခ်ိန္မွာ ရရွိဖို႔ အသံထြက္ေနတဲ့ ကစားသမားပီပီ ေျခစြမ္းမျပႏိုင္ဘဲ မ်က္ႏွာေျပာင္တိုက္ၿပီး လက္ခံရမယ့္အျဖစ္မ်ိဳး မႀကဳံရေအာင္ ႏိုဝင္ဘာလအတြင္း ကစားခဲ့တဲ့ ပြဲေတြကို အားထည့္ၿပီး ႀကိဳးစားကစားေနတာကိုလည္း ေတြ႕ရၿပီး ဒီေန႔ပြဲမွာ ဂိုးမသြင္းႏိုင္ေပမယ့္ အသင္းလိုက္ကစားပုံက ေတာ္ေတာ္ေလး ေကာင္းခဲ့တာပါ။

ဒုတိယပိုင္းမွာ တစ္ေယာက္အသာနဲ႔ ပီအက္စ္ဂ်ီတို႔ ဖိကစားႏိုင္ခဲ့ၿပီး အမ္ဘာေပကေတာ့ ဒီေန႔မွာ ဂိုးရဖို႔ ကံပါမလာခဲ့တဲ့အတိုင္း လြဲေခ်ာ္ေနခဲ့သလို စန္အီတီယန္ကေတာ့ တန္ျပန္တိုက္စစ္ေတြကေန ဘူအြန္ဂါရဲ႕ လ်င္ျမန္မႈကို အားကိုးၿပီး ထိုးေဖာက္ခဲ့ေပမယ့္ ရင္ခုန္စရာ အေနအထားေတာ့ ျဖစ္မလာခဲ့ဘဲ ပါရီသားေတြ ပိတ္ဆို႔သြားႏိုင္ခဲ့ၾကပါတယ္။

ဒီေနာက္ပိုင္းမွာ ေနမာနဲ႔ မက္ဆီတို႔ အသီးသီးလြဲေခ်ာ္ခဲ့အၿပီး ပြဲခ်ိန္ ၇၉ မိနစ္မွာေတာ့ ပီအက္စ္ဂ်ီတို႔ ဒုတိယဂိုး ရရွိခဲ့သလို ဒီဂိုးကိုေတာ့ မက္ဆီရဲ႕ ေပးပို႔မႈကတစ္ဆင့္ စန္အီတီယန္လူကြၽံေထာင္ေခ်ာက္ကို ျဖတ္ေက်ာ္သြားခဲ့တဲ့ ဒီမာရီယာက ေအးေအးေဆးေဆး အပိုင္ကန္သြင္းႏိုင္ခဲ့လို႔ ႏွစ္ဂိုး-ဂိုးမရွိ ျဖစ္ေနခဲ့ပါတယ္။

ပြဲခ်ိန္ ၈၈ မိနစ္မွာေတာ့ စန္အီတီယန္ေနာက္ခံလူ လိုရစ္ ဒီယိုနီရဲ႕ ဖ်က္ထုတ္မႈမွာ ပီအက္စ္ဂ်ီတိုက္စစ္မႉး ေနမာရဲ႕ ေျခက်င္းဝတ္ ညပ္သြားၿပီး လိမ္ေကာက္သြားခဲ့တဲ့ ပုံစံကို ေတြ႕ျမင္ခဲ့ရတာေၾကာင့္ ဒဏ္ရာက ျပင္းထန္မယ္လို႔ ယူဆခဲ့ရၿပီး လူငယ္တိုက္စစ္မႉး အီဘမ္ဘီနဲ႔ လူစားလဲကစားခဲ့ရတာပါ။

နာက်င္အခ်ိန္ပို ၁ မိနစ္မွာေတာ့ ဘယ္ျခမ္းကေန ေဘာလုံးရသြားခဲ့တဲ့ မက္ဆီက ဂိုးစည္းနားကေန အျမင့္ေဘာ ျဖတ္တင္ေပးခဲ့ရာမွာ ေနာက္ခံလူ မားကင္ေညာ့စ္ကပဲ ေခါင္းတိုက္သြင္းႏိုင္ခဲ့လို႔ သူ႔အတြက္ ဒုတိယဂိုးနဲ႔ အသင္းအတြက္ တတိယဂိုး ထပ္မံရရွိခဲ့ၿပီး ပီအက္စ္ဂ်ီတို႔ ျပတ္ျပတ္သားသား ေအာင္ပြဲခံႏိုင္ခဲ့ၾကသလို ျပင္သစ္လိဂန္ကို ၁၅ ပြဲကစား ရမွတ္ ၄၀ နဲ႔ ဒုတိယေနရာက ရင္းေနးကို ၁၂ မွတ္ျဖတ္ၿပီး ဦးေဆာင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.