Premier League Transfer News

မရလိုက္တဲ့ ပစ္မွတ္ေတြအတြက္ ေနာက္ဆုံးမွာ ဂရီးလစ္ရွ္ကိုပဲ ယူႏုိက္တက္ ႀကဳိးစားဖို႔ရွိေန

အသင္းရဲ႕ မေခၚယူႏုိင္ေတာ့တဲ့ ပစ္မွတ္ေတြ ျဖစ္လာဖို႔ နီးစပ္ေနတဲ့ ေဒါ့မြန္ေတာင္ပံကစားသမား ေဂ်ဒန္ ဆန္ခ်ဳိနဲ႔ အက္သလက္တီကို မက္ဒရစ္ကြင္းလယ္လူ ဆာအူးလ္ ညီးရက္ဇ္တုိ႔ရဲ႕ ေနရာႏွစ္ေနရာစလုံးကို ကာမိေအာင္ ကစားေပးႏုိင္မယ့္ ကစားသမားမ်ဳိးကို မန္ခ်က္စတာယူႏုိက္တက္တုိ႔ ရွာေဖြသြားဖြယ္ရွိေနၿပီး ဒီအတြက္ အက္စတန္ဗီလာရဲ႕ ဂ်က္ခ္ ဂရီးလစ္ရွ္ဘက္ကို ျပန္လွည့္ၿပီး ႀကဳိးစားဖို႔ ရွိေနပါတယ္။

ပရိသတ္ေတြ ေမွ်ာ္လင့္ခဲ့ၾကတဲ့ ဦးစားေပးပစ္မွတ္ ဆန္ခ်ဳိကို ေဒါ့မြန္ဘက္က ဒီေႏြရာသီမွာ ေရာင္းခ်သြားဖို႔ မရွိဘူးလို႔ သတင္းေတြလည္း ထြက္ေပၚေနခဲ့သလို အရင္က ျပည္တြင္းေဈးကြက္ထက္ ျပည္ပေဈးကြက္က ေဈးသက္သာမွဳေတြလည္း ကိုဗစ္-၁၉ ေၾကာင့္ ေပ်ာက္ဆုံးသြားတဲ့အေနနဲ႔ အက္သလက္တီကိုရဲ႕ ဆာအူးလ္ ညီးရက္ဇ္ကလည္း စာခ်ဳပ္ေလ်ာ္ေၾကးမဟုတ္ရင္ ေရာင္းမွာမဟုတ္ဘူးလို႔ ဆုိထားခဲ့တာပါ။

ဒါေၾကာင့္ ယူႏုိက္တက္အေနနဲ႔ အက္စတန္ဗီလာ ကြင္းလယ္လူ ဂရီးလစ္ရွ္ကို စြယ္စုံသုံးကြင္းလယ္လူအျဖစ္ ဒီေႏြရာသီမွာ သိမ္းပုိက္ႏုိင္ဖို႔ စီစဥ္ေနၿပီး တန္းဆင္းရဖို႔မ်ားေနတဲ့ အသင္းရဲ႕အေနအထားေၾကာင့္ ေရာင္းခ်ႏုိင္တဲ့ အဂၤလန္သားအတြက္ ေပါင္ ၇၅ သန္း အသုံးျပဳသြားဖို႔ ရွိေနတယ္လုိ႔ သတင္းေတြက ေဖာ္ျပခဲ့ၾကပါတယ္။

ငယ္စဥ္က ေတာင္ပံေတြမွာ က်င္လည္ခဲ့တဲ့ ဂရီးလစ္ရွ္အေနနဲ႔ ကြင္းလယ္ကို ေျပာင္းကစားခဲ့တာက ႏွစ္ႏွစ္သုံးႏွစ္ေလာက္သာ ရွိေသးၿပီး သူ႕ရဲ႕ အသက္ ၂၄ ႏွစ္ဆုိတဲ့ အသက္အရြယ္အရ ေတာင္ပံေနရာမွာလည္း အသုံးျပဳႏုိင္မယ့္ အေျခအေနျဖစ္တာေၾကာင့္ ဆန္ခ်ဳိနဲ႔ ဆာအူးလ္တုိ႔ရဲ႕ ႏွစ္ေနရာလုံးမွာ အသုံးဝင္ႏုိင္မယ္လို႔လည္း ယူႏုိက္တက္ဘက္က ယူဆေနပုံရပါတယ္။

မန္ခ်က္စတာယူႏုိက္တက္အသင္း အမွဳေဆာင္ဒုဥကၠဌ အက္ဒ္ ဝုဒ္ဝဒ္နဲ႔ နည္းျပ အိုလီဂန္နာ ဆုိးလ္ရွားတုိ႔ရဲ႕ စံခ်ိန္စံညႊန္းေတြနဲ႔ ညီညြတ္တဲ့ ဂရီးလစ္ရွ္အေနနဲ႔ အသင္းႀကီးတစ္သင္းမွာ ကစားခြင့္ဟာ ယူ-၂၁ ကစားသမားဘဝေနာက္ပုိင္းမွာ ႏုိင္ငံကို ကိုယ္စားျပဳခြင့္မရေသးတဲ့ အဂၤလန္ လက္ေရြးစင္အသင္းႀကီးရဲ႕ တံခါးေပါက္ကို ေခါက္ႏုိင္မယ့္ အခြင့္အေရးလည္းျဖစ္တာေၾကာင့္ ကစားသမားအေနနဲ႔လည္း ေျပာင္းေရႊ႕ဖို႔ ဝမ္းပန္းတသာ ေရြးခ်ယ္ဖြယ္ရွိေနေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အသင်းရဲ့ မခေါ်ယူနိုင်တော့တဲ့ ပစ်မှတ်တွေ ဖြစ်လာဖို့ နီးစပ်နေတဲ့ ဒေါ့မွန်တောင်ပံကစားသမား ဂျေဒန် ဆန်ချိုနဲ့ အက်သလက်တီကို မက်ဒရစ်ကွင်းလယ်လူ ဆာအူးလ် ညီးရက်ဇ်တို့ရဲ့ နေရာနှစ်နေရာစလုံးကို ကာမိအောင် ကစားပေးနိုင်မယ့် ကစားသမားမျိုးကို မန်ချက်စတာယူနိုက်တက်တို့ ရှာဖွေသွားဖွယ်ရှိနေပြီး ဒီအတွက် အက်စတန်ဗီလာရဲ့ ဂျက်ခ် ဂရီးလစ်ရှ်ဘက်ကို ပြန်လှည့်ပြီး ကြိုးစားဖို့ ရှိနေပါတယ်။

ပရိသတ်တွေ မျှော်လင့်ခဲ့ကြတဲ့ ဦးစားပေးပစ်မှတ် ဆန်ချိုကို ဒေါ့မွန်ဘက်က ဒီနွေရာသီမှာ ရောင်းချသွားဖို့ မရှိဘူးလို့ သတင်းတွေလည်း ထွက်ပေါ်နေခဲ့သလို အရင်က ပြည်တွင်းဈေးကွက်ထက် ပြည်ပဈေးကွက်က ဈေးသက်သာမှုတွေလည်း ကိုဗစ်-၁၉ ကြောင့် ပျောက်ဆုံးသွားတဲ့အနေနဲ့ အက်သလက်တီကိုရဲ့ ဆာအူးလ် ညီးရက်ဇ်ကလည်း စာချုပ်လျော်ကြေးမဟုတ်ရင် ရောင်းမှာမဟုတ်ဘူးလို့ ဆိုထားခဲ့တာပါ။

ဒါကြောင့် ယူနိုက်တက်အနေနဲ့ အက်စတန်ဗီလာ ကွင်းလယ်လူ ဂရီးလစ်ရှ်ကို စွယ်စုံသုံးကွင်းလယ်လူအဖြစ် ဒီနွေရာသီမှာ သိမ်းပိုက်နိုင်ဖို့ စီစဉ်နေပြီး တန်းဆင်းရဖို့များနေတဲ့ အသင်းရဲ့အနေအထားကြောင့် ရောင်းချနိုင်တဲ့ အင်္ဂလန်သားအတွက် ပေါင် ၇၅ သန်း အသုံးပြုသွားဖို့ ရှိနေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။

ငယ်စဉ်က တောင်ပံတွေမှာ ကျင်လည်ခဲ့တဲ့ ဂရီးလစ်ရှ်အနေနဲ့ ကွင်းလယ်ကို ပြောင်းကစားခဲ့တာက နှစ်နှစ်သုံးနှစ်လောက်သာ ရှိသေးပြီး သူ့ရဲ့ အသက် ၂၄ နှစ်ဆိုတဲ့ အသက်အရွယ်အရ တောင်ပံနေရာမှာလည်း အသုံးပြုနိုင်မယ့် အခြေအနေဖြစ်တာကြောင့် ဆန်ချိုနဲ့ ဆာအူးလ်တို့ရဲ့ နှစ်နေရာလုံးမှာ အသုံးဝင်နိုင်မယ်လို့လည်း ယူနိုက်တက်ဘက်က ယူဆနေပုံရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်း အမှုဆောင်ဒုဥက္ကဌ အက်ဒ် ဝုဒ်ဝဒ်နဲ့ နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားတို့ရဲ့ စံချိန်စံညွှန်းတွေနဲ့ ညီညွတ်တဲ့ ဂရီးလစ်ရှ်အနေနဲ့ အသင်းကြီးတစ်သင်းမှာ ကစားခွင့်ဟာ ယူ-၂၁ ကစားသမားဘဝနောက်ပိုင်းမှာ နိုင်ငံကို ကိုယ်စားပြုခွင့်မရသေးတဲ့ အင်္ဂလန် လက်ရွေးစင်အသင်းကြီးရဲ့ တံခါးပေါက်ကို ခေါက်နိုင်မယ့် အခွင့်အရေးလည်းဖြစ်တာကြောင့် ကစားသမားအနေနဲ့လည်း ပြောင်းရွှေ့ဖို့ ဝမ်းပန်းတသာ ရွေးချယ်ဖွယ်ရှိနေကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.