Bundesliga La Liga Premier League Transfer News

ဟာကီမီအတြက္ ျမင့္မားတဲ့ ေျပာင္းေရႊ႕ေၾကးကို အဆင္သင့္ရွိေနတဲ့ မန္ခ်က္စတာစီးတီး

မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ သူတုိ႔ရဲ႕ ခံစစ္ေတာင္ပံေတြမွာ အသုံးျပဳဖို႔အတြက္ ေဒါ့မြန္အသင္းမွာ ႏွစ္ရာသီ အငွားနဲ႔ သြားေရာက္ ကစားၿပီး ေျခစြမ္းျပသေနတဲ့ ေနာက္ခံလူ အက္ရွ္ရက္ဖ္ ဟာကီမီကို ရီးရဲလ္မက္ဒရစ္အသင္းဆီကေန ေခၚယူသြားဖို႔ အဆင္သင့္ရွိေနတယ္လို႔ သတင္းေတြက ဆိုပါတယ္။

အသက္ ၂၁ ႏွစ္အရြယ္ မက္ဒရစ္သား ေမာ္႐ိုကို ေတာင္ပံကစားသမားဟာ ရီးရဲလ္မက္ဒရစ္ရဲ႕ လူငယ္အကယ္ဒမီထြက္ျဖစ္ၿပီး ေမြးဖြားတဲ့ ႏုိင္ငံထက္ မိဘေတြရဲ႕ ႏိုင္ငံကို ေရြးခ်ယ္ခဲ့သူျဖစ္ၿပီး စပိန္ပတ္စ္ပုိ႔ကို ကိုင္ေဆာင္ထားသူျဖစ္လို႔ အဂၤလန္ကို ေျပာင္းေရႊ႕ဖို႔ေတာ့ တစ္စုံတစ္ရာ အခက္အခဲ မရွိသူလည္းျဖစ္ပါတယ္။

ဘယ္ညာေတာင္ပံေတြမွာ ေနရာစံုကစားႏုိင္တဲ့ ဟာကီမီဟာ ရီးရဲလ္မက္ဒရစ္ရဲ႕ လူငယ္အကယ္ဒမီမွာ ေတာင္ပံကစားသမားတစ္ဦးအျဖစ္ စတင္ေလ့က်င့္သင္ၾကားခဲ့သူျဖစ္ၿပီး ေနာက္ပုိင္းမွာေတာ့ ေတာင့္တင္းၾကံ့ခိုင္တဲ့ ခႏၶာကိုယ္ဖြဲ႕စည္းပုံေၾကာင့္ ေနာက္ခံလူအျဖစ္လည္း အသုံးျပဳခံခဲ့ရသူ ျဖစ္ပါတယ္။

ေဒါ့မြန္ကို ေျပာင္းေရႊ႕အၿပီးမွာ တုိက္စစ္ပုိင္းကို ပုိမိုကစားခြင့္ရခဲ့ၿပီး Wing Back နဲ႔ Winger ေနရာေတြမွာ ကစားရင္း ဒီရာသီမွာ ၉ ဂိုးသြင္း ၁၀ ဂိုး ဖန္တီးထားႏုိင္တဲ့ ဟာကီမီဟာ လက္ရွိမန္စီးတီးေတာင္ပံခံစစ္သမားေတြထက္ေတာ့ ပိုမိုသာလြန္သူလို႔ ဆုိႏုိင္သလို နည္းျပ ပက္ပ္ ဂြါဒီယိုလာ အားျဖည့္ခ်င္ေနတဲ့ ညာေနာက္ခံလူအျဖစ္ေရာ ဘယ္ေနာက္ခံလူအျဖစ္ပါ ကစားႏုိင္မယ့္သူအျဖစ္ အသုံးေတာ္ခံႏုိင္ဖို႔လည္း ရွိပါတယ္။

ဂ်ာမန္အသင္းနဲ႔ ဒီရာသီကုန္မွာ စာခ်ဳပ္ကုန္ဆုံးမယ့္ ဟာကီမီဟာ ရီးရဲလ္မက္ဒရစ္နဲ႔ေတာ့ ၂၀၂၂ ခုႏွစ္အထိ စာခ်ဳပ္ခ်ဳပ္ဆုိထားသူျဖစ္ၿပီး သူ႕အတြက္ ေဈးႏွဳန္းအျဖစ္ ေပါင္ ၅၄ သန္း သတ္မွတ္ထားခ်ိန္မွာ ေဒါ့မြန္တို႔က အသင္းမွာ ဆက္ရွိဖို႔ ႀကဳိးစားခ်င္ေနေပမယ့္လည္း မန္စီးတီးဘက္က ကမ္းလွမ္းဖို႔ ရွိေနသလို အေျပာင္းအေရႊ႕ေတြအတြက္ ေငြေၾကးလိုအပ္ေနတဲ့ ရီးရဲလ္ဘက္ကလည္း ေရာင္းခ်သြားဖို႔ ရွိေနတယ္လို႔ သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာစီးတီးအသင်းအနေနဲ့ သူတို့ရဲ့ ခံစစ်တောင်ပံတွေမှာ အသုံးပြုဖို့အတွက် ဒေါ့မွန်အသင်းမှာ နှစ်ရာသီ အငှားနဲ့ သွားရောက် ကစားပြီး ခြေစွမ်းပြသနေတဲ့ နောက်ခံလူ အက်ရှ်ရက်ဖ် ဟာကီမီကို ရီးရဲလ်မက်ဒရစ်အသင်းဆီကနေ ခေါ်ယူသွားဖို့ အဆင်သင့်ရှိနေတယ်လို့ သတင်းတွေက ဆိုပါတယ်။

အသက် ၂၁ နှစ်အရွယ် မက်ဒရစ်သား မော်ရိုကို တောင်ပံကစားသမားဟာ ရီးရဲလ်မက်ဒရစ်ရဲ့ လူငယ်အကယ်ဒမီထွက်ဖြစ်ပြီး မွေးဖွားတဲ့ နိုင်ငံထက် မိဘတွေရဲ့ နိုင်ငံကို ရွေးချယ်ခဲ့သူဖြစ်ပြီး စပိန်ပတ်စ်ပို့ကို ကိုင်ဆောင်ထားသူဖြစ်လို့ အင်္ဂလန်ကို ပြောင်းရွှေ့ဖို့တော့ တစ်စုံတစ်ရာ အခက်အခဲ မရှိသူလည်းဖြစ်ပါတယ်။

ဘယ်ညာတောင်ပံတွေမှာ နေရာစုံကစားနိုင်တဲ့ ဟာကီမီဟာ ရီးရဲလ်မက်ဒရစ်ရဲ့ လူငယ်အကယ်ဒမီမှာ တောင်ပံကစားသမားတစ်ဦးအဖြစ် စတင်လေ့ကျင့်သင်ကြားခဲ့သူဖြစ်ပြီး နောက်ပိုင်းမှာတော့ တောင့်တင်းကြံ့ခိုင်တဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံကြောင့် နောက်ခံလူအဖြစ်လည်း အသုံးပြုခံခဲ့ရသူ ဖြစ်ပါတယ်။

ဒေါ့မွန်ကို ပြောင်းရွှေ့အပြီးမှာ တိုက်စစ်ပိုင်းကို ပိုမိုကစားခွင့်ရခဲ့ပြီး Wing Back နဲ့ Winger နေရာတွေမှာ ကစားရင်း ဒီရာသီမှာ ၉ ဂိုးသွင်း ၁၀ ဂိုး ဖန်တီးထားနိုင်တဲ့ ဟာကီမီဟာ လက်ရှိမန်စီးတီးတောင်ပံခံစစ်သမားတွေထက်တော့ ပိုမိုသာလွန်သူလို့ ဆိုနိုင်သလို နည်းပြ ပက်ပ် ဂွါဒီယိုလာ အားဖြည့်ချင်နေတဲ့ ညာနောက်ခံလူအဖြစ်ရော ဘယ်နောက်ခံလူအဖြစ်ပါ ကစားနိုင်မယ့်သူအဖြစ် အသုံးတော်ခံနိုင်ဖို့လည်း ရှိပါတယ်။

ဂျာမန်အသင်းနဲ့ ဒီရာသီကုန်မှာ စာချုပ်ကုန်ဆုံးမယ့် ဟာကီမီဟာ ရီးရဲလ်မက်ဒရစ်နဲ့တော့ ၂၀၂၂ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသူဖြစ်ပြီး သူ့အတွက် ဈေးနှုန်းအဖြစ် ပေါင် ၅၄ သန်း သတ်မှတ်ထားချိန်မှာ ဒေါ့မွန်တို့က အသင်းမှာ ဆက်ရှိဖို့ ကြိုးစားချင်နေပေမယ့်လည်း မန်စီးတီးဘက်က ကမ်းလှမ်းဖို့ ရှိနေသလို အပြောင်းအရွှေ့တွေအတွက် ငွေကြေးလိုအပ်နေတဲ့ ရီးရဲလ်ဘက်ကလည်း ရောင်းချသွားဖို့ ရှိနေတယ်လို့ သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.