Premier League Transfer News

အာဆင်နယ်ရဲ့ ပေပေကို ခေါ်ဖို့ ပရီးမီးယားလိဂ်သုံးသင်းအပြိုင်ဖြစ်နေ

အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးရှင် နီကိုလာ ပေပေကို မူလ ဈေးနှုန်းရဲ့ သုံးပုံတစ်ပုံနဲ့ ရောင်းချတော့မယ်လို့ ဆိုခဲ့အပြီးမှာ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့မှာ ခေါ်ယူဖို့ ပရီးမီးယားလိဂ်အသင်းသုံးသင်းက စိတ်ဝင်စားနေပြီး အမ်းမရိတ်နဲ့ နေထိုင်မှုက တစ်ခန်းရပ်တော့မယ်လို့ သိရပါတယ်။

၂၀၁၉ နွေရာသီက ဂန်းနားတွေရဲ့ ပေါင် ၇၂ သန်းတန် ခေါ်ယူမှုတစ်ရပ်ဖြစ်တဲ့ ပေပေအတွက် ပေါင်သန်း ၂၀ ကနဦး ပေးချေပြီး ကျန်တဲ့ ၅၂ သန်းကို ၄ နှစ်ခွဲပြီး ပေးချေဖို့ သဘောတူညီထားခဲ့ချိန်မှာ လက်ရှိမှာ ပေါင် ၄၆ သန်းသာ ပေးချေရဦးမယ်လို့ ခန့်မှန်းရပြီး အကြွေးမကျေခင်မှာပဲ ပြန်ရောင်းဖို့ ဖြစ်လာခဲ့တာပါ။

သူ့ရဲ့ ပြောင်းရွှေ့ကြေးက ဖိအားတစ်ရပ်လို အမြဲဖြစ်နေခဲ့ချိန်မှာ ပရီးမီးယားလိဂ်ရဲ့ သူ့လိုမျိုး ကစားတဲ့ ညာတောင်ပံက ဘယ်သန်တောင်ပံ ကစားသမားတွေနဲ့ နှိုင်းယှဉ်ရင် အသင်းက လူငယ်ကစားသမား ဘူကာယို ဆာကာထက်တောင် စွမ်းဆောင်ရည် ပုံမှန်မရှိချိန်မှာ နည်းပြ မီခယ်လ် အာတီတာအနေနဲ့ သည်းခံမှု ကုန်ဆုံးနေခဲ့ပြီဖြစ်ပြီး ပြီးခဲ့တဲ့ ပွဲတွေမှာ မာတီနယ်လီကိုတောင် ညာတောင်ပံမှာ လူစားဝင်ဖို့ သုံးစွဲခဲ့တာကိုလည်း တွေ့ရပါတယ်။

ရှေ့လျှောက် ပိုမိုနည်းပါးလာတော့မယ့် ကစားခွင့်နဲ့အတူ လက်ရွေးစင်ဘဝကို မထိခိုက်ဖို့အတွက် အသင်းကနေ ဇန်နဝါရီမှာ ထွက်ခွာဖို့ ရှိနေပြီလို့ ပြင်သစ်သတင်းရပ်ဝန်းက ဖော်ပြခဲ့ပြီး အမ်းမရိတ်ဘက်ကလည်း အလွယ်တကူ ခွင့်ပြုပေးသွားဖို့ ရှိနေချိန်မှာ အဲဗာတန်၊ နယူးကာဆယ်လ်နဲ့ ခရစ္စတယ်လ် ပဲလေ့စ်တို့က စိတ်ဝင်စားနေခဲ့တာလည်းဖြစ်ပါတယ်။

အသက် ၂၆ နှစ်အရွယ် အိုင်ဗရီကို့စ်တောင်ပံသမားအတွက် သူတို့တွေအနေနဲ့ ကနဦး အငှားစာချုပ်နဲ့ ကမ်းလှမ်းသွားဖို့ ရှိနေပြီး ခြေစွမ်းအပေါ် မူတည်ပြီး ရာသီကုန်မှာ အပြီးသတ် ခေါ်ယူဖို့ လုပ်ဆောင်ကြမှာဖြစ်သလို ကစားသမားအနေနဲ့တော့ ဒီသုံးသင်းထဲက လက်ရှိမှာ အခြေအနေအကောင်းဆုံး အဲဗာတန်ကို ဥရောပဝင်ခွင့်အတွက် ရွေးချယ်နိုင်သလို၊ ငွေကြေးအတွက်ဆိုရင်တော့ နယူးကာဆယ်လ်နဲ့ အသင်းဖော် ဇာဟာရှိပြီး ပြင်သစ်စကားပြောတဲ့ နည်းပြ ဗီယာရာရှိရာ ပဲလေ့စ်ကိုလည်း ဦးတည်နိုင်ပါတယ်။

သူ့ရဲ့ ပြောင်းရွှေ့ကြေး ပေါင် ၇၂ သန်း (ယူရိုသန်း ၈၀)ဆိုတာကို ဘယ်သူကမှ သဘောမတူညီခဲ့ကြချိန်မှာ ရိုက်စားလုပ်သွားခဲ့တဲ့ အားကစား ဒါရိုက်တာ ရာအူးလ် ဆန်ယီအီကတော့ လွတ်မြောက်နယ်မြေတစ်ခုမှာ ပျော်ပိုက်နေချိန်မှာ အာဆင်နယ်အတွက်တော့ ပရီးမီးယားလိဂ် ကစားဟန်၊ သူတို့ရဲ့ နည်းစနစ်ပိုင်းနဲ့ မကိုက်ညီဘဲ ပလာတာများနေတဲ့ သူ့အတွက် လမ်းခွဲခြင်းကသာ နှစ်ဦးနှစ်ဖက် ပျော်ရွှင်စရာဖြစ်လာနိုင်မှာပါ။

နည်းပြ အာတီတာအနေနဲ့ သူ့ရဲ့ ဦးစားပေးနဲ့ အားကိုးရမယ့် ကစားသမားတွေ စာရင်းမှာ ပေပေကို ထည့်သွင်းရေတွက်ထားခြင်းမရှိဘူးလို့ အမ်းမရိတ်နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ထုတ်ဖော်ထားခဲ့ချိန်မှာ သူ့အတွက် သက်သာသွားမယ့် လစာငွေ၊ ရရှိလာမယ့် ပြောင်းရွှေ့ကြေးကိုပဲ မျှော်လင့်ဖို့ ရှိနေပြီး ပေါင် ၂၅ သန်းနဲ့ ရောင်းထုတ်မယ်လို့ပါ အရောင်းစာရင်း တင်ထားခဲ့တာလည်းဖြစ်ကြောင်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းအေနနဲ႔ သူတို႔ရဲ႕ ကလပ္စံခ်ိန္တင္ ေျပာင္းေ႐ႊ႕ေၾကးရွင္ နီကိုလာ ေပေပကို မူလ ေဈးႏႈန္းရဲ႕ သုံးပုံတစ္ပုံနဲ႔ ေရာင္းခ်ေတာ့မယ္လို႔ ဆိုခဲ့အၿပီးမွာ လာမယ့္ ဇန္နဝါရီအေျပာင္းအေ႐ႊ႕မွာ ေခၚယူဖို႔ ပရီးမီးယားလိဂ္အသင္းသုံးသင္းက စိတ္ဝင္စားေနၿပီး အမ္းမရိတ္နဲ႔ ေနထိုင္မႈက တစ္ခန္းရပ္ေတာ့မယ္လို႔ သိရပါတယ္။

၂၀၁၉ ေႏြရာသီက ဂန္းနားေတြရဲ႕ ေပါင္ ၇၂ သန္းတန္ ေခၚယူမႈတစ္ရပ္ျဖစ္တဲ့ ေပေပအတြက္ ေပါင္သန္း ၂၀ ကနဦး ေပးေခ်ၿပီး က်န္တဲ့ ၅၂ သန္းကို ၄ ႏွစ္ခြဲၿပီး ေပးေခ်ဖို႔ သေဘာတူညီထားခဲ့ခ်ိန္မွာ လက္ရွိမွာ ေပါင္ ၄၆ သန္းသာ ေပးေခ်ရဦးမယ္လို႔ ခန႔္မွန္းရၿပီး အေႂကြးမေက်ခင္မွာပဲ ျပန္ေရာင္းဖို႔ ျဖစ္လာခဲ့တာပါ။

သူ႔ရဲ႕ ေျပာင္းေ႐ႊ႕ေၾကးက ဖိအားတစ္ရပ္လို အၿမဲျဖစ္ေနခဲ့ခ်ိန္မွာ ပရီးမီးယားလိဂ္ရဲ႕ သူ႔လိုမ်ိဳး ကစားတဲ့ ညာေတာင္ပံက ဘယ္သန္ေတာင္ပံ ကစားသမားေတြနဲ႔ ႏႈိင္းယွဥ္ရင္ အသင္းက လူငယ္ကစားသမား ဘူကာယို ဆာကာထက္ေတာင္ စြမ္းေဆာင္ရည္ ပုံမွန္မရွိခ်ိန္မွာ နည္းျပ မီခယ္လ္ အာတီတာအေနနဲ႔ သည္းခံမႈ ကုန္ဆုံးေနခဲ့ၿပီျဖစ္ၿပီး ၿပီးခဲ့တဲ့ ပြဲေတြမွာ မာတီနယ္လီကိုေတာင္ ညာေတာင္ပံမွာ လူစားဝင္ဖို႔ သုံးစြဲခဲ့တာကိုလည္း ေတြ႕ရပါတယ္။

ေရွ႕ေလွ်ာက္ ပိုမိုနည္းပါးလာေတာ့မယ့္ ကစားခြင့္နဲ႔အတူ လက္ေ႐ြးစင္ဘဝကို မထိခိုက္ဖို႔အတြက္ အသင္းကေန ဇန္နဝါရီမွာ ထြက္ခြာဖို႔ ရွိေနၿပီလို႔ ျပင္သစ္သတင္းရပ္ဝန္းက ေဖာ္ျပခဲ့ၿပီး အမ္းမရိတ္ဘက္ကလည္း အလြယ္တကူ ခြင့္ျပဳေပးသြားဖို႔ ရွိေနခ်ိန္မွာ အဲဗာတန္၊ နယူးကာဆယ္လ္နဲ႔ ခရစၥတယ္လ္ ပဲေလ့စ္တို႔က စိတ္ဝင္စားေနခဲ့တာလည္းျဖစ္ပါတယ္။

အသက္ ၂၆ ႏွစ္အ႐ြယ္ အိုင္ဗရီကို႔စ္ေတာင္ပံသမားအတြက္ သူတို႔ေတြအေနနဲ႔ ကနဦး အငွားစာခ်ဳပ္နဲ႔ ကမ္းလွမ္းသြားဖို႔ ရွိေနၿပီး ေျခစြမ္းအေပၚ မူတည္ၿပီး ရာသီကုန္မွာ အၿပီးသတ္ ေခၚယူဖို႔ လုပ္ေဆာင္ၾကမွာျဖစ္သလို ကစားသမားအေနနဲ႔ေတာ့ ဒီသုံးသင္းထဲက လက္ရွိမွာ အေျခအေနအေကာင္းဆုံး အဲဗာတန္ကို ဥေရာပဝင္ခြင့္အတြက္ ေ႐ြးခ်ယ္ႏိုင္သလို၊ ေငြေၾကးအတြက္ဆိုရင္ေတာ့ နယူးကာဆယ္လ္နဲ႔ အသင္းေဖာ္ ဇာဟာရွိၿပီး ျပင္သစ္စကားေျပာတဲ့ နည္းျပ ဗီယာရာရွိရာ ပဲေလ့စ္ကိုလည္း ဦးတည္ႏိုင္ပါတယ္။

သူ႔ရဲ႕ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၇၂ သန္း (ယူ႐ိုသန္း ၈၀)ဆိုတာကို ဘယ္သူကမွ သေဘာမတူညီခဲ့ၾကခ်ိန္မွာ ႐ိုက္စားလုပ္သြားခဲ့တဲ့ အားကစား ဒါ႐ိုက္တာ ရာအူးလ္ ဆန္ယီအီကေတာ့ လြတ္ေျမာက္နယ္ေျမတစ္ခုမွာ ေပ်ာ္ပိုက္ေနခ်ိန္မွာ အာဆင္နယ္အတြက္ေတာ့ ပရီးမီးယားလိဂ္ ကစားဟန္၊ သူတို႔ရဲ႕ နည္းစနစ္ပိုင္းနဲ႔ မကိုက္ညီဘဲ ပလာတာမ်ားေနတဲ့ သူ႔အတြက္ လမ္းခြဲျခင္းကသာ ႏွစ္ဦးႏွစ္ဖက္ ေပ်ာ္႐ႊင္စရာျဖစ္လာႏိုင္မွာပါ။

နည္းျပ အာတီတာအေနနဲ႔ သူ႔ရဲ႕ ဦးစားေပးနဲ႔ အားကိုးရမယ့္ ကစားသမားေတြ စာရင္းမွာ ေပေပကို ထည့္သြင္းေရတြက္ထားျခင္းမရွိဘူးလို႔ အမ္းမရိတ္နဲ႔ နီးစပ္တဲ့ အသိုင္းအဝိုင္းက ထုတ္ေဖာ္ထားခဲ့ခ်ိန္မွာ သူ႔အတြက္ သက္သာသြားမယ့္ လစာေငြ၊ ရရွိလာမယ့္ ေျပာင္းေ႐ႊ႕ေၾကးကိုပဲ ေမွ်ာ္လင့္ဖို႔ ရွိေနၿပီး ေပါင္ ၂၅ သန္းနဲ႔ ေရာင္းထုတ္မယ္လို႔ပါ အေရာင္းစာရင္း တင္ထားခဲ့တာလည္းျဖစ္ေၾကာင္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.