Bundesliga Premier League Transfer News

ဗာနာအေျပာင္းအေရႊ႕အတြက္ ခ်ဲလ္ဆီးပရိသတ္ေတြ စိုးရိမ္စရာမလိုဘူးလို႔ သတင္းေတြ ေရးသား

တီမို ဗာနာအတြက္ သေဘာတူညီမွဳ ရရွိၿပီးၿပီလို႔ သတင္းေတြ ထြက္ေပၚခဲ့ေပမယ့္ လက္ရွိအခ်ိန္အထိ အေျပာင္းအေရႊ႕အတြက္ ေၾကျငာႏိုင္မွဳ မရွိေသးျခင္းအေပၚမွာ ခ်ဲလ္ဆီးပရိသတ္ေတြအေနနဲ႔ စိုးရိမ္စရာ မလိုဘဲ ဒါဟာ လက္ရွိ ကိုဗစ္-၁၉ အတြက္ ကန္႔သတ္ခ်က္ေတြအရ အတည္ျပဳမွဳပုိင္းမွာ ခက္ခဲမွဳ တခ်ဳိ႕ေၾကာင့္သာျဖစ္တယ္လို႔ သတင္းေတြက ေဖာ္ျပထားပါတယ္။

ၿပီးခဲ့တဲ့ တစ္ပတ္တိတိ၊ ဇြန္လ ၅ ရက္ေန႔က တီမို ဗာနာနဲ႔ ခ်ဲလ္ဆီးတုိ႔ သေဘာတူညီႏုိင္ခဲ့ၿပီလို႔ သတင္းေတြ ထြက္ခဲ့ၿပီးမွာ ပရိသတ္ေတြ ေပ်ာ္စရာျဖစ္ခဲ့ေပမယ့္ ၾကားထဲမွာေတာ့ RB လိုက္ပ္ဇစ္ အမွဳေဆာင္ခ်ဳပ္ အိုလီဗာ မင့္ဇ္လက္ဖ္ရဲ႕ တရားဝင္ကမ္းလွမ္းမွဳ မရွိဘူးလို႔ Matter of Fact အရွိအတုိင္း ေျပာၾကားလိုက္မွဳက ေဘာ္လီေဘာတစ္လုံးကို ႐ိုက္ခ်လိုက္သလိုလည္းျဖစ္သြားခဲ့ေသးတာပါ။

လက္ရွိမွာေတာ့ ဘြန္ဒက္စ္လီဂါမွာ အသက္ ၂၄ ႏွစ္အရြယ္ တုိက္စစ္မွဴးအတြက္ ေဆးစစ္ဖို႔နဲ႔ အသင္းတာဝန္ရွိသူေတြခ်င္း တရားဝင္ေတြ႕ဆုံ ေဆြးေႏြးဖို႔ အခက္အခဲေတြ ရွိေနေသးၿပီး ဗာနာအေနနဲ႔ အဂၤလန္ကို လာေရာက္ဖို႔ မျဖစ္ႏုိင္သလို ေဆးအဖြဲ႕ေတြအေနနဲ႔လည္း ဂ်ာမနီကို သြားေရာက္ဖို႔ မျဖစ္ႏုိင္လို႔ အႀကဳိသေဘာတူညီမွဳေလာက္နဲ႔ပဲ ေစာင့္ၾကည့္ရဖို႔ ရွိေနပါတယ္။

RB လိုက္ပ္ဇစ္ရဲ႕ ေဈးႏွဳန္းသတ္မွတ္ခ်က္အတြက္ ခ်ဲလ္ဆီးတုိ႔ ႀကဳိတင္ညႇိႏွဳိင္းထားရႏုိင္ၿပီး ဂ်ာမနီက လာတဲ့ သတင္းေတြအရေတာ့ ဘြန္ဒက္စ္လီဂါက်င္းပေရးတာဝန္ရွိသူေတြနဲ႔ ဂ်ာမန္ အာဏာပုိင္ေတြကေတာ့ ၿပဳိင္ပြဲၿပီးဆုံးခ်ိန္မွာ ကန္႔သတ္မွဳေတြကို ေျဖေလွ်ာ့ေပးဖို႔ ရွိေနလို႔ ဒီအခ်ိန္က်မွ အေျပာင္းအေရႊ႕ကို အၿပီးသတ္ႏုိင္ဖြယ္လည္း ရွိပါတယ္။

အက္သလက္တစ္ရဲ႕ ေဖာ္ျပခ်က္အရေတာ့ ခ်ဲလ္ဆီးအေနနဲ႔ ဇြန္လ ၁၅ ရက္ေန႔ မတုိင္ခင္ အၿပီးသတ္ခ်င္တယ္ဆုိရင္ ဂ်ာမနီက ေဆးအဖြဲ႕ေတြကို အသုံးခ်ဖို႔ တစ္ခုပဲ ရွိႏုိင္ၿပီး ဒီလိုမဟုတ္ရင္ေတာ့ ကလပ္အသင္းခ်င္း အထူးသေဘာတူညီခ်က္တစ္ခုနဲ႔ ဇြန္လ ၂၇ ရက္ေန႔ ေနာက္ပုိင္းအထိ ေစာင့္ဆုိင္းရဖြယ္ရွိတယ္လုိ႔လည္း သိရွိရပါတယ္။

REF: ATHLETIC
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: တီမို ဗာနာအတွက် သဘောတူညီမှု ရရှိပြီးပြီလို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် လက်ရှိအချိန်အထိ အပြောင်းအရွှေ့အတွက် ကြေငြာနိုင်မှု မရှိသေးခြင်းအပေါ်မှာ ချဲလ်ဆီးပရိသတ်တွေအနေနဲ့ စိုးရိမ်စရာ မလိုဘဲ ဒါဟာ လက်ရှိ ကိုဗစ်-၁၉ အတွက် ကန့်သတ်ချက်တွေအရ အတည်ပြုမှုပိုင်းမှာ ခက်ခဲမှု တချို့ကြောင့်သာဖြစ်တယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်တိတိ၊ ဇွန်လ ၅ ရက်နေ့က တီမို ဗာနာနဲ့ ချဲလ်ဆီးတို့ သဘောတူညီနိုင်ခဲ့ပြီလို့ သတင်းတွေ ထွက်ခဲ့ပြီးမှာ ပရိသတ်တွေ ပျော်စရာဖြစ်ခဲ့ပေမယ့် ကြားထဲမှာတော့ RB လိုက်ပ်ဇစ် အမှုဆောင်ချုပ် အိုလီဗာ မင့်ဇ်လက်ဖ်ရဲ့ တရားဝင်ကမ်းလှမ်းမှု မရှိဘူးလို့ Matter of Fact အရှိအတိုင်း ပြောကြားလိုက်မှုက ဘော်လီဘောတစ်လုံးကို ရိုက်ချလိုက်သလိုလည်းဖြစ်သွားခဲ့သေးတာပါ။

လက်ရှိမှာတော့ ဘွန်ဒက်စ်လီဂါမှာ အသက် ၂၄ နှစ်အရွယ် တိုက်စစ်မှူးအတွက် ဆေးစစ်ဖို့နဲ့ အသင်းတာဝန်ရှိသူတွေချင်း တရားဝင်တွေ့ဆုံ ဆွေးနွေးဖို့ အခက်အခဲတွေ ရှိနေသေးပြီး ဗာနာအနေနဲ့ အင်္ဂလန်ကို လာရောက်ဖို့ မဖြစ်နိုင်သလို ဆေးအဖွဲ့တွေအနေနဲ့လည်း ဂျာမနီကို သွားရောက်ဖို့ မဖြစ်နိုင်လို့ အကြိုသဘောတူညီမှုလောက်နဲ့ပဲ စောင့်ကြည့်ရဖို့ ရှိနေပါတယ်။

RB လိုက်ပ်ဇစ်ရဲ့ ဈေးနှုန်းသတ်မှတ်ချက်အတွက် ချဲလ်ဆီးတို့ ကြိုတင်ညှိနှိုင်းထားရနိုင်ပြီး ဂျာမနီက လာတဲ့ သတင်းတွေအရတော့ ဘွန်ဒက်စ်လီဂါကျင်းပရေးတာဝန်ရှိသူတွေနဲ့ ဂျာမန် အာဏာပိုင်တွေကတော့ ပြိုင်ပွဲပြီးဆုံးချိန်မှာ ကန့်သတ်မှုတွေကို ဖြေလျှော့ပေးဖို့ ရှိနေလို့ ဒီအချိန်ကျမှ အပြောင်းအရွှေ့ကို အပြီးသတ်နိုင်ဖွယ်လည်း ရှိပါတယ်။

အက်သလက်တစ်ရဲ့ ဖော်ပြချက်အရတော့ ချဲလ်ဆီးအနေနဲ့ ဇွန်လ ၁၅ ရက်နေ့ မတိုင်ခင် အပြီးသတ်ချင်တယ်ဆိုရင် ဂျာမနီက ဆေးအဖွဲ့တွေကို အသုံးချဖို့ တစ်ခုပဲ ရှိနိုင်ပြီး ဒီလိုမဟုတ်ရင်တော့ ကလပ်အသင်းချင်း အထူးသဘောတူညီချက်တစ်ခုနဲ့ ဇွန်လ ၂၇ ရက်နေ့ နောက်ပိုင်းအထိ စောင့်ဆိုင်းရဖွယ်ရှိတယ်လို့လည်း သိရှိရပါတယ်။

REF: ATHLETIC
PHOTOS CREDIT TO OWNERS
SPORTS A2Z.