Premier League

လက္စတာေနာက္ခံလူကို အသင္းဆီ ေခၚယူဖို႔ ေထာက္ခံေပးလုိက္တဲ့ ဂြန္ဒိုးဝမ္

မန္ခ်က္စတာစီးတီးအသင္းရဲ႕ ကြင္းလယ္ကစားသမားတစ္ဦးျဖစ္တဲ့ အစ္လ္ေက ဂြန္ဒိုးဝမ္က အသင္းရဲ႕ ကြက္လပ္ျဖစ္ေနတဲ့ ဗဟိုေနာက္ခံလူ တစ္ေနရာကို ျဖည့္ဆည္းဖို႔အတြက္ လက္စတာစီးတီးအသင္းရဲ႕ ေနာက္ခံလူ ကက္ဂလာ ဆုိယြန္က်ဴကို ေခၚယူသင့္တယ္လို႔ ေထာက္ခံမွဳျပဳလုိက္ပါတယ္။

ဒီရာသီအစမွာ အသင္းက ထြက္ခြာသြားခဲ့တဲ့ အသင္းေခါင္းေဆာင္ ဗင္းဆင့္ ကြန္ပနီရဲ႕ ညာအတြင္းလူတစ္ေနရာကို ဘယ္ဗဟိုေနာက္ခံလူကမွ ျဖည့္ဆည္းႏုိင္ခဲ့ျခင္းမရွိဘဲ နည္းျပ ပက္ပ္ ဂြါဒီယိုလာအေနနဲ႔ အသင္းရဲ႕ ဝါအရင့္ဆုံးေနာက္ခံလူ နီကိုလတ္စ္ ေအာ့တာမန္ဒီကို ေမွ်ာ္လင့္ခဲ့ေပမယ့္လည္း စိတ္ပ်က္ခဲ့ရတာပဲျဖစ္ပါတယ္။

ေနာက္ပုိင္းပြဲေတြမွာ လက္ေထာက္အသင္းေခါင္းေဆာင္ ကြင္းလယ္အဖ်က္ကစားသမား ဖာနန္ဒင္ညဳိနဲ႔ စပိန္သားကြင္းလယ္လူ ႐ိုဒရီတုိ႔ကို ဗဟိုေနာက္ခံလူႏွစ္ဦးအျဖစ္ အသုံးျပဳခဲ့ရတဲ့အထိ ေအာ့တာမန္ဒီနဲ႔ ဂၽြန္စတုန္းစ္တုိ႔ရဲ႕ ေျခစြမ္းက ဆုိးရြားခဲ့တဲ့အတြက္ လာမယ့္ရာသီအတြက္ကိုေတာ့ ေနာက္ခံလူသစ္တစ္ဦး မျဖစ္မေန ေခၚယူရဖို႔ ရွိေနခဲ့တာပါ။

“သူ႕ကို အစက မသိဘူးဗ်။ စေတြ႕ဖူးတာကေတာ့ လက္စတာနဲ႔ကစားတဲ့ ဖလားပြဲတစ္ပြဲထဲမွာပဲ။ ေနာက္ပုိင္း ရင္ဆုိင္ကစားရင္း စကားေျပာၾကည့္မိေတာ့ သူ႕ရဲ႕ စိတ္ဓာတ္နဲ႔ ေဘာလုံးအေပၚ သေဘာေပါက္နားလည္ပုံအေၾကာင္း သိလာတယ္။ အခုဆုိရင္ ကလပ္မွာေရာ ႏုိင္ငံမွာပါ သူ႕ေျခစြမ္းက ထူးခၽြန္ေနတယ္ေလ”လုိ႔ ဂြန္ဒိုးဝမ္က ေျပာပါတယ္။

တူရကီႏြယ္ဖြားတစ္ဦးျဖစ္တဲ့ အသက္ ၂၉ ႏွစ္အရြယ္ ဂ်ာမန္ကြင္းလယ္လူက “မန္ခ်က္စတာစီးတီးအသင္းမွာ တူရကီကစားသမားတစ္ဦးကို ျမင္ခ်င္တယ္ဆိုရင္ ပထမဆုံးအေနနဲ႔ အဲ့ဒါ ဆုိယြန္က်ဴပဲ ကၽြန္ေတာ့္ေခါင္းထဲကို ေရာက္လာမွာပါ။ ဆင့္ခ္ တုိဆန္ကို စိတ္ထဲ ရွိေပမယ့္လည္း သူ႕အေနနဲ႔ ဒီအဆင့္ကို ေရာက္လာဖို႔ အခ်ိန္ယူၿပီး သူလည္း ျဖစ္ႏိုင္လာပါလိမ့္မယ္”လို႔ ေျပာၾကားသြားခဲ့ေၾကာင္းလည္း သိရွိရပါတယ္။

REF: MANCHESTER EVENING NEWS
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာစီးတီးအသင်းရဲ့ ကွင်းလယ်ကစားသမားတစ်ဦးဖြစ်တဲ့ အစ်လ်ကေ ဂွန်ဒိုးဝမ်က အသင်းရဲ့ ကွက်လပ်ဖြစ်နေတဲ့ ဗဟိုနောက်ခံလူ တစ်နေရာကို ဖြည့်ဆည်းဖို့အတွက် လက်စတာစီးတီးအသင်းရဲ့ နောက်ခံလူ ကက်ဂလာ ဆိုယွန်ကျူကို ခေါ်ယူသင့်တယ်လို့ ထောက်ခံမှုပြုလိုက်ပါတယ်။

ဒီရာသီအစမှာ အသင်းက ထွက်ခွာသွားခဲ့တဲ့ အသင်းခေါင်းဆောင် ဗင်းဆင့် ကွန်ပနီရဲ့ ညာအတွင်းလူတစ်နေရာကို ဘယ်ဗဟိုနောက်ခံလူကမှ ဖြည့်ဆည်းနိုင်ခဲ့ခြင်းမရှိဘဲ နည်းပြ ပက်ပ် ဂွါဒီယိုလာအနေနဲ့ အသင်းရဲ့ ဝါအရင့်ဆုံးနောက်ခံလူ နီကိုလတ်စ် အော့တာမန်ဒီကို မျှော်လင့်ခဲ့ပေမယ့်လည်း စိတ်ပျက်ခဲ့ရတာပဲဖြစ်ပါတယ်။

နောက်ပိုင်းပွဲတွေမှာ လက်ထောက်အသင်းခေါင်းဆောင် ကွင်းလယ်အဖျက်ကစားသမား ဖာနန်ဒင်ညိုနဲ့ စပိန်သားကွင်းလယ်လူ ရိုဒရီတို့ကို ဗဟိုနောက်ခံလူနှစ်ဦးအဖြစ် အသုံးပြုခဲ့ရတဲ့အထိ အော့တာမန်ဒီနဲ့ ဂျွန်စတုန်းစ်တို့ရဲ့ ခြေစွမ်းက ဆိုးရွားခဲ့တဲ့အတွက် လာမယ့်ရာသီအတွက်ကိုတော့ နောက်ခံလူသစ်တစ်ဦး မဖြစ်မနေ ခေါ်ယူရဖို့ ရှိနေခဲ့တာပါ။

“သူ့ကို အစက မသိဘူးဗျ။ စတွေ့ဖူးတာကတော့ လက်စတာနဲ့ကစားတဲ့ ဖလားပွဲတစ်ပွဲထဲမှာပဲ။ နောက်ပိုင်း ရင်ဆိုင်ကစားရင်း စကားပြောကြည့်မိတော့ သူ့ရဲ့ စိတ်ဓာတ်နဲ့ ဘောလုံးအပေါ် သဘောပေါက်နားလည်ပုံအကြောင်း သိလာတယ်။ အခုဆိုရင် ကလပ်မှာရော နိုင်ငံမှာပါ သူ့ခြေစွမ်းက ထူးချွန်နေတယ်လေ”လို့ ဂွန်ဒိုးဝမ်က ပြောပါတယ်။

တူရကီနွယ်ဖွားတစ်ဦးဖြစ်တဲ့ အသက် ၂၉ နှစ်အရွယ် ဂျာမန်ကွင်းလယ်လူက “မန်ချက်စတာစီးတီးအသင်းမှာ တူရကီကစားသမားတစ်ဦးကို မြင်ချင်တယ်ဆိုရင် ပထမဆုံးအနေနဲ့ အဲ့ဒါ ဆိုယွန်ကျူပဲ ကျွန်တော့်ခေါင်းထဲကို ရောက်လာမှာပါ။ ဆင့်ခ် တိုဆန်ကို စိတ်ထဲ ရှိပေမယ့်လည်း သူ့အနေနဲ့ ဒီအဆင့်ကို ရောက်လာဖို့ အချိန်ယူပြီး သူလည်း ဖြစ်နိုင်လာပါလိမ့်မယ်”လို့ ပြောကြားသွားခဲ့ကြောင်းလည်း သိရှိရပါတယ်။

REF: MANCHESTER EVENING NEWS
PHOTOS CREDIT TO OWNERS
SPORTS A2Z.