Bundesliga Premier League Transfer News

ဟာဗတ္ဇ္အတြက္ အသင္းတာဝန္ရွိသူေတြကို စည္း႐ုံးႏုိင္ခဲ့တဲ့ ဆုိးလ္ရွား

မန္ခ်က္စတာယူႏုိက္တက္အသင္းနည္းျပ အုိလီဂန္နာ ဆုိးလ္ရွားအေနနဲ႔ အသင္းအတြက္ လက္နက္ေကာင္းတစ္ခုျဖစ္လာႏိုင္တဲ့ ဂ်ာမန္ကလပ္ ေဘယာေလဗာကူဆင္အသင္းရဲ႕ ကြင္းလယ္လူ ခုိင္ ဟာဗတ္ဇ္ကို ေခၚယူဖို႔အတြက္ တာဝန္ရွိသူေတြဆီက ေထာက္ခံမွဳ ရရွိေအာင္ စည္း႐ုံးႏုိင္ခဲ့တယ္လို႔ ဆုိပါတယ္။

အသက္ ၂၁ ႏွစ္အရြယ္ ဂ်ာမနီလက္ေရြးစင္ဟာ ကြင္းလယ္တိုက္စစ္မွာ အဓိက ကစားႏုိင္ၿပီး လိုအပ္ရင္ တုိက္စစ္မွဴးနဲ႔ ညာေတာင္ပံေနရာေတြမွာလည္း ေျပာင္းလဲကစားႏုိင္သူျဖစ္သလို တိက်တဲ့ ဘယ္ေျခကန္ခ်က္ေတြနဲ႔ ၿပီးခဲ့တဲ့ ရာသီေတြကထက္ပုိၿပီး ဂိုးေတြ ရွာေဖြလာႏုိင္သူလည္းျဖစ္ပါတယ္။

ေလဗာကူဆင္အသင္းအေနနဲ႔ ဟာဗတ္ဇ္အတြက္ ကနဦးအေနနဲ႔ ေျပာင္းေရႊ႕ေၾကးအျဖစ္ ေပါင္သန္း ၉၀ သတ္မွတ္ထားၿပီး လက္ရွိ ကိုဗစ္-၁၉ ေၾကာင့္ က်ဆင္းလာခဲ့တဲ့ ဘဏၰာေရးအေျခအေနေတြအရ ေဈးႏွဳန္းေလွ်ာ့ခ်ေပးႏုိင္ဖြယ္လည္းရွိေနသလို ျပည္တြင္းၿပဳိင္ဘက္ ဘုိင္ယန္ျမဴးနစ္ထက္ ဥေရာပအသင္းႀကီးေတြဆီ ေရာင္းခ်ဖို႔လည္း ဆႏၵရွိေနတာျဖစ္ပါတယ္။

လက္ရွိေဈးကြက္ထဲမွာ မန္ခ်က္စတာယူႏုိက္တက္ေလာက္ ေငြေၾကးသုံးစြဲႏိုင္မယ့္အသင္း မရွိတာက သူတို႔အတြက္ အားသာခ်က္လည္း ျဖစ္ေစၿပီး ရီးရဲလ္မက္ဒရစ္၊ ဘာစီလိုနာနဲ႔ ဘုိင္ယန္ျမဴးနစ္တုိ႔ထက္ လက္ဦးမွဳ ရယူၿပီး ေခၚယူႏုိင္ဖို႔ ရွိေနသလို ကစားသမားဘက္ကလည္း စိတ္ဝင္စားမွဳ ျပသထားတယ္လို႔ ဆိုပါတယ္။

ဒါ့အျပင္ ယူႏုိက္တက္အေနနဲ႔ ေဒါ့မြန္ေတာင္ပံကစားသမား ဆန္ခ်ဳိအတြက္ေတာ့ လွဳပ္ရွားမွဳ အရွိန္အဟုန္ကို ေလွ်ာ့ခ်ထားခဲ့တယ္လုိ႔လည္း သိရၿပီး သူ႕အစား ဟာဗတ္ဇ္ကို ဦးစားေပးအေနနဲ႔ ႀကဳိးစားသြားဖို႔ ရွိသလို ကြင္းလယ္လူ ေပါလ္ ေပါ့ဘာကိုလည္း ဆက္လက္ထိန္းသိမ္းသြားႏုိင္ေျခ မ်ားေနတယ္လုိ႔ သိရွိရပါတယ္။

REF: METRO
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်အသင်းနည်းပြ အိုလီဂန်နာ ဆိုးလ်ရှားအနေနဲ့ အသင်းအတွက် လက်နက်ကောင်းတစ်ခုဖြစ်လာနိုင်တဲ့ ဂျာမန်ကလပ် ဘေယာလေဗာကူဆင်အသင်းရဲ့ ကွင်းလယ်လူ ခိုင် ဟာဗတ်ဇ်ကို ခေါ်ယူဖို့အတွက် တာဝန်ရှိသူတွေဆီက ထောက်ခံမှု ရရှိအောင် စည်းရုံးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အသက် ၂၁ နှစ်အရွယ် ဂျာမနီလက်ရွေးစင်ဟာ ကွင်းလယ်တိုက်စစ်မှာ အဓိက ကစားနိုင်ပြီး လိုအပ်ရင် တိုက်စစ်မှူးနဲ့ ညာတောင်ပံနေရာတွေမှာလည်း ပြောင်းလဲကစားနိုင်သူဖြစ်သလို တိကျတဲ့ ဘယ်ခြေကန်ချက်တွေနဲ့ ပြီးခဲ့တဲ့ ရာသီတွေကထက်ပိုပြီး ဂိုးတွေ ရှာဖွေလာနိုင်သူလည်းဖြစ်ပါတယ်။

လေဗာကူဆင်အသင်းအနေနဲ့ ဟာဗတ်ဇ်အတွက် ကနဦးအနေနဲ့ ပြောင်းရွှေ့ကြေးအဖြစ် ပေါင်သန်း ၉၀ သတ်မှတ်ထားပြီး လက်ရှိ ကိုဗစ်-၁၉ ကြောင့် ကျဆင်းလာခဲ့တဲ့ ဘဏ္ဏာရေးအခြေအနေတွေအရ ဈေးနှုန်းလျှော့ချပေးနိုင်ဖွယ်လည်းရှိနေသလို ပြည်တွင်းပြိုင်ဘက် ဘိုင်ယန်မြူးနစ်ထက် ဥရောပအသင်းကြီးတွေဆီ ရောင်းချဖို့လည်း ဆန္ဒရှိနေတာဖြစ်ပါတယ်။

လက်ရှိဈေးကွက်ထဲမှာ မန်ချက်စတာယူနိုက်တက်လောက် ငွေကြေးသုံးစွဲနိုင်မယ့်အသင်း မရှိတာက သူတို့အတွက် အားသာချက်လည်း ဖြစ်စေပြီး ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ်တို့ထက် လက်ဦးမှု ရယူပြီး ခေါ်ယူနိုင်ဖို့ ရှိနေသလို ကစားသမားဘက်ကလည်း စိတ်ဝင်စားမှု ပြသထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ယူနိုက်တက်အနေနဲ့ ဒေါ့မွန်တောင်ပံကစားသမား ဆန်ချိုအတွက်တော့ လှုပ်ရှားမှု အရှိန်အဟုန်ကို လျှော့ချထားခဲ့တယ်လို့လည်း သိရပြီး သူ့အစား ဟာဗတ်ဇ်ကို ဦးစားပေးအနေနဲ့ ကြိုးစားသွားဖို့ ရှိသလို ကွင်းလယ်လူ ပေါလ် ပေါ့ဘာကိုလည်း ဆက်လက်ထိန်းသိမ်းသွားနိုင်ခြေ များနေတယ်လို့ သိရှိရပါတယ်။

REF: METRO
PHOTOS CREDIT TO OWNERS
SPORTS A2Z.