Premier League Transfer News

ေတာင္ပံတုိက္စစ္အတြက္ အဒါမာ ထရာအုိေရးကိုပဲ ေခၚယူဖို႔ လုပ္ေဆာင္သြားမယ့္ လီဗာပူးလ္

လီဗာပူးလ္အသင္းအေနနဲ႔ တိုက္စစ္ပုိင္းအတြက္ RB လုိက္ပ္ဇစ္တုိက္စစ္မွဴး တီမို ဗာနာကို လက္လႊတ္ခဲ့ရအၿပီးမွာ အသင္းအတြက္ အားျဖည့္မွဳအျဖစ္ ဝုလ္ဗာဟမ့္ပ္တန္ဝမ္းဒါးရားစ္ ေတာင္ပံသမား အဒါမာ ထရာအုိေရးကိုပဲ ေခၚယူအားျဖည့္သြားဖို႔ စီစဥ္ေနတယ္လို႔ သိရပါတယ္။

အသင္းကေန MSF တုိက္စစ္ျဖစ္တဲ့ ဆာဒီယို မာေနး၊ မိုဟာမက္ ဆာလားနဲ႔ ေရာဘတ္တို ဖာမီႏိုတုိ႔ရဲ႕ တုိက္စစ္အထိုင္ကို ဖ်က္လို႔ မျဖစ္ခ်ိန္မွာ သူတုိ႔နဲ႔ အဆင့္အတန္းတစ္ခု ကြာဟေနတဲ့ ဆြစ္ဇာလန္ေတာင္ပံကစားသမား ခ်ာဒန္ ရွာက်ီရီကေတာ့ ေနရာေပ်ာက္ခဲ့လို႔ ေရာင္းထုတ္ေတာ့မွာျဖစ္ၿပီး ဒီအတြက္ အဒါမာ ထရာအုိေရးကို စိတ္ဝင္စားလာတာျဖစ္ပါတယ္။

ရွာက်ီရီရဲ႕ ပုံစံက ကြင္းလယ္ကစားသမားတစ္ဦး ပုိဆန္ေနတာေၾကာင့္ နည္းျပ ယာဂန္ ကေလာ့ပ္အေနနဲ႔ မာေနးနဲ႔ ဆာလားတုိ႔ကို အနားေပးခ်ိန္ေတြမွာ သူ႕အေနနဲ႔ အလုပ္မျဖစ္ခဲ့လို႔ လာမာစီယာအကယ္ဒမီထြက္ တုိက္စစ္ေတာင္ပံကစားသမားပုံစံက် ထရာအုိေရးကို ေပါင္သန္း ၄၀ ေလာက္နဲ႔ ေခၚယူသြားႏုိင္ဖို႔ ရည္ရြယ္ထားတာလို႔လည္း ဆုိပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၈-၁၉ ရာသီမွာ မစ္ဒယ္ဘေရာ့အသင္းကေန ေပါင္ ၁၈ သန္းနဲ႔ ေခၚယူထားခဲ့တဲ့ အသက္ ၂၄ ႏွစ္အရြယ္ စပိန္သားဟာ အသင္းအတြက္ ဒီရာသီပရီးမီးယားလိဂ္မွာ ၆ ဂိုးသြင္း ၁၀ ဂိုး ဖန္တီးေပးထားသူလည္းျဖစ္ၿပီး ေကာင္းေကာင္း အစမ္းသပ္ခံခဲ့ၿပီးသူျဖစ္လို႔ နည္းျပ ကေလာ့ပ္က သေဘာက်ေနသူလည္းျဖစ္ပါတယ္။

ထရာအုိေရးရဲ႕ ႀကံ့ခိုင္မွဳနဲ႔ အျမန္ႏွဳန္းအရ သူ႕ကို ထိန္းခ်ဳပ္ႏုိင္ဖို႔ ခက္ခဲၿပီး ယွဥ္ကစားလို႔ မရတဲ့သူလို႔ လက္ရွိ ပရီးမီးယားလိဂ္ ထိပ္တန္းနည္းျပ ႏွစ္ဦးျဖစ္တဲ့ ပက္ပ္ ဂြါဒီယိုလာနဲ႔ ယာဂန္ ကေလာ့ပ္တုိ႔က ခ်ီးက်ဴးထားခဲ့ၿပီး သူ႕ကို ေခၚယူမယ္ဆုိရင္ေတာ့ မန္ခ်က္စတာစီးတီးအသင္းရဲ႕ ယွဥ္ၿပဳိင္မွဳနဲ႔လည္း ႀကဳံေတြ႕ရႏုိင္တယ္လို႔ သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: လီဗာပူးလ်အသင်းအနေနဲ့ တိုက်စစ်ပိုင်းအတွက် RB လိုက်ပ်ဇစ်တိုက်စစ်မှူး တီမို ဗာနာကို လက်လွှတ်ခဲ့ရအပြီးမှာ အသင်းအတွက် အားဖြည့်မှုအဖြစ် ဝုလ်ဗာဟမ့်ပ်တန်ဝမ်းဒါးရားစ် တောင်ပံသမား အဒါမာ ထရာအိုရေးကိုပဲ ခေါ်ယူအားဖြည့်သွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

အသင်းကနေ MSF တိုက်စစ်ဖြစ်တဲ့ ဆာဒီယို မာနေး၊ မိုဟာမက် ဆာလားနဲ့ ရောဘတ်တို ဖာမီနိုတို့ရဲ့ တိုက်စစ်အထိုင်ကို ဖျက်လို့ မဖြစ်ချိန်မှာ သူတို့နဲ့ အဆင့်အတန်းတစ်ခု ကွာဟနေတဲ့ ဆွစ်ဇာလန်တောင်ပံကစားသမား ချာဒန် ရှာကျီရီကတော့ နေရာပျောက်ခဲ့လို့ ရောင်းထုတ်တော့မှာဖြစ်ပြီး ဒီအတွက် အဒါမာ ထရာအိုရေးကို စိတ်ဝင်စားလာတာဖြစ်ပါတယ်။

ရှာကျီရီရဲ့ ပုံစံက ကွင်းလယ်ကစားသမားတစ်ဦး ပိုဆန်နေတာကြောင့် နည်းပြ ယာဂန် ကလော့ပ်အနေနဲ့ မာနေးနဲ့ ဆာလားတို့ကို အနားပေးချိန်တွေမှာ သူ့အနေနဲ့ အလုပ်မဖြစ်ခဲ့လို့ လာမာစီယာအကယ်ဒမီထွက် တိုက်စစ်တောင်ပံကစားသမားပုံစံကျ ထရာအိုရေးကို ပေါင်သန်း ၄၀ လောက်နဲ့ ခေါ်ယူသွားနိုင်ဖို့ ရည်ရွယ်ထားတာလို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈-၁၉ ရာသီမှာ မစ်ဒယ်ဘရော့အသင်းကနေ ပေါင် ၁၈ သန်းနဲ့ ခေါ်ယူထားခဲ့တဲ့ အသက် ၂၄ နှစ်အရွယ် စပိန်သားဟာ အသင်းအတွက် ဒီရာသီပရီးမီးယားလိဂ်မှာ ၆ ဂိုးသွင်း ၁၀ ဂိုး ဖန်တီးပေးထားသူလည်းဖြစ်ပြီး ကောင်းကောင်း အစမ်းသပ်ခံခဲ့ပြီးသူဖြစ်လို့ နည်းပြ ကလော့ပ်က သဘောကျနေသူလည်းဖြစ်ပါတယ်။

ထရာအိုရေးရဲ့ ကြံ့ခိုင်မှုနဲ့ အမြန်နှုန်းအရ သူ့ကို ထိန်းချုပ်နိုင်ဖို့ ခက်ခဲပြီး ယှဉ်ကစားလို့ မရတဲ့သူလို့ လက်ရှိ ပရီးမီးယားလိဂ် ထိပ်တန်းနည်းပြ နှစ်ဦးဖြစ်တဲ့ ပက်ပ် ဂွါဒီယိုလာနဲ့ ယာဂန် ကလော့ပ်တို့က ချီးကျူးထားခဲ့ပြီး သူ့ကို ခေါ်ယူမယ်ဆိုရင်တော့ မန်ချက်စတာစီးတီးအသင်းရဲ့ ယှဉ်ပြိုင်မှုနဲ့လည်း ကြုံတွေ့ရနိုင်တယ်လို့ သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.