Bundesliga Premier League Transfer News

ခ်ဲလ္ဆီးနဲ႔ တီမို ဗာနာတုိ႔ရဲ႕ အေျပာင္းအေရႊ႕ကို ေထာက္ခံခ်ီးက်ဴးလိုက္တဲ့ ဘားလက္ခ္

ခ်ဲလ္ဆီးအသင္းရဲ႕ ကြင္းလယ္ကစားသမားေဟာင္းတစ္ဦးျဖစ္တဲ့ မီရွာေအးလ္ ဘားလက္ခ္က သူ႕ရဲ႕အသင္းေဟာင္းအေနနဲ႔ လီဗာပူးလ္ကို ေက်ာ္ျဖတ္ၿပီး RB လိုက္ပ္ဇစ္တုိက္စစ္မွဴး တီမို ဗာနာကို ေခၚယူဖို႔ လုပ္ေဆာင္ခဲ့တာဟာ ကစားသမားအတြက္ေရာ အသင္းအတြက္ပါ ႏွစ္ဦးႏွစ္ဖက္ အက်ဳိးရွိေစမယ့္ လုပ္ေဆာင္ခ်က္ျဖစ္ေၾကာင္း ခ်ီးက်ဴးေျပာၾကားလုိက္ပါတယ္။

ၿပီးခဲ့တဲ့ အပတ္ထဲမွာ ဗာနာဟာ နည္းျပ ယာဂန္ ကေလာ့ပ္နဲ႔ စကားေျပာၿပီးၿပီျဖစ္လို႔ လီဗာပူးလ္ကိုသာ ေရာက္ေတာ့မယ္ဆုိတဲ့ ခန္႔မွန္းခ်က္ေတြက ပလူပ်ံေနခဲ့ေပမယ့္ လက္ရွိမွာေတာ့ ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဂ်ာမန္တိုက္စစ္မွဴးအတြက္ တစ္ႏွစ္လုပ္ခ ေပါင္ကိုးသန္းေက်ာ္နဲ႔ သူ႕ရဲ႕ အေရးပါတဲ့ အခန္းက႑ကို စည္း႐ုံးၿပီး ကမ္းလွမ္းခဲ့တာလည္းျဖစ္ပါတယ္။

တခ်ဳိ႕သတင္းေတြအရေတာ့ ခ်ဲလ္ဆီးအသင္းအေနနဲ႔ အသက္ ၂၄ ႏွစ္အရြယ္ တုိက္စစ္မွဴးကို ပုဂၢဳိလ္ေရးအရသာ ေဆြးေႏြးေအာင္ျမင္ခဲ့တာ ျဖစ္ၿပီး RB လိုက္ပ္ဇစ္ဆီ တရားဝင္ကမ္းလွမ္းဖို႔ က်န္ရွိေနေၾကာင္း ဆုိခဲ့ၾကေပမယ့္ တကယ္တမ္းမွာေတာ့ သူ႕ရဲ႕ စာခ်ဳပ္ေလ်ာ္ေၾကး ေပါင္ ၅၄ သန္းကို ေပးအပ္ဖို႔လည္း အဆင္သင့္ျဖစ္ေနၿပီလို႔ သိရပါတယ္။

“ဒါက ႏွစ္ဖက္လုံးအတြက္ ေကာင္းတဲ့ ဆုံးျဖတ္ခ်က္တစ္ခုပါပဲ။ တီမိုအတြက္ေတာ့ သူ႕အေနနဲ႔ အံဝင္မယ့္ေနရာကို ေရာက္သြားေတာ့မွာျဖစ္ၿပီး ခ်ဲလ္ဆီးရဲ႕ ကစားပုံက သူနဲ႔ ကြက္တိပါပဲ။ ခ်ဲလ္ဆီးအသင္းဘက္က ပြဲထြက္ခြင့္ အာမခံခ်က္နဲ႔ သူက ေရြးခ်ယ္ခဲ့တာလုိ႔ သိရၿပီး ဒါက အေရးပါတဲ့ အခ်က္ တစ္ခ်က္လည္းျဖစ္ပါတယ္”လို႔ ဘားလက္ခ္က စကိုင္းဂ်ာမနီကို ေျပာပါတယ္။

“ခ်ဲလ္ဆီးအသင္းကေတာ့ အသင္းသစ္တစ္သင္းကို တည္ေဆာက္ႏိုင္ေတာ့မွာပါ။ သူတုိ႔အေနနဲ႔ ထိပ္ဆုံးကို ျပန္လည္တက္ေရာက္ႏုိင္ေအာင္ ေငြေၾကး အေျမာက္အျမားသုံးသြားမယ္လုိ႔လည္း ထင္ပါတယ္။ သူတုိ႔အေနနဲ႔ အဂၤလန္မွာ ငယ္ရြယ္တဲ့ အသင္းတစ္သင္းနဲ႔ အခ်ိန္ၾကာၾကာ စိုးမိုးႏုိင္ဖို႔ ျပင္ဆင္ေနပုံလည္း ေပၚပါတယ္”လုိ႔ ေျပာၾကားသြားခဲ့ၿပီး ဗာနာကိုေတာ့ ပရီးမီးယားလိဂ္ရဲ႕ ဒိုင္လူႀကီးေတြဟာ ခရာသိပ္မွဳတ္ေလ့မရွိသူေတြျဖစ္လို႔ သူ႕အေနနဲ႔ ဒါေတြကို အသားက်ေအာင္ ႀကဳိးစားရမယ္လုိ႔လည္း သတိေပးသြားခဲ့တယ္လုိ႔ သိရွိရပါတယ္။

REF: SKY GERMANY
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ချဲလ်ဆီးအသင်းရဲ့ ကွင်းလယ်ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ မီရှာအေးလ် ဘားလက်ခ်က သူ့ရဲ့အသင်းဟောင်းအနေနဲ့ လီဗာပူးလ်ကို ကျော်ဖြတ်ပြီး RB လိုက်ပ်ဇစ်တိုက်စစ်မှူး တီမို ဗာနာကို ခေါ်ယူဖို့ လုပ်ဆောင်ခဲ့တာဟာ ကစားသမားအတွက်ရော အသင်းအတွက်ပါ နှစ်ဦးနှစ်ဖက် အကျိုးရှိစေမယ့် လုပ်ဆောင်ချက်ဖြစ်ကြောင်း ချီးကျူးပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ အပတ်ထဲမှာ ဗာနာဟာ နည်းပြ ယာဂန် ကလော့ပ်နဲ့ စကားပြောပြီးပြီဖြစ်လို့ လီဗာပူးလ်ကိုသာ ရောက်တော့မယ်ဆိုတဲ့ ခန့်မှန်းချက်တွေက ပလူပျံနေခဲ့ပေမယ့် လက်ရှိမှာတော့ ချဲလ်ဆီးအသင်းအနေနဲ့ ဂျာမန်တိုက်စစ်မှူးအတွက် တစ်နှစ်လုပ်ခ ပေါင်ကိုးသန်းကျော်နဲ့ သူ့ရဲ့ အရေးပါတဲ့ အခန်းကဏ္ဍကို စည်းရုံးပြီး ကမ်းလှမ်းခဲ့တာလည်းဖြစ်ပါတယ်။

တချို့သတင်းတွေအရတော့ ချဲလ်ဆီးအသင်းအနေနဲ့ အသက် ၂၄ နှစ်အရွယ် တိုက်စစ်မှူးကို ပုဂ္ဂိုလ်ရေးအရသာ ဆွေးနွေးအောင်မြင်ခဲ့တာ ဖြစ်ပြီး RB လိုက်ပ်ဇစ်ဆီ တရားဝင်ကမ်းလှမ်းဖို့ ကျန်ရှိနေကြောင်း ဆိုခဲ့ကြပေမယ့် တကယ်တမ်းမှာတော့ သူ့ရဲ့ စာချုပ်လျော်ကြေး ပေါင် ၅၄ သန်းကို ပေးအပ်ဖို့လည်း အဆင်သင့်ဖြစ်နေပြီလို့ သိရပါတယ်။

“ဒါက နှစ်ဖက်လုံးအတွက် ကောင်းတဲ့ ဆုံးဖြတ်ချက်တစ်ခုပါပဲ။ တီမိုအတွက်တော့ သူ့အနေနဲ့ အံဝင်မယ့်နေရာကို ရောက်သွားတော့မှာဖြစ်ပြီး ချဲလ်ဆီးရဲ့ ကစားပုံက သူနဲ့ ကွက်တိပါပဲ။ ချဲလ်ဆီးအသင်းဘက်က ပွဲထွက်ခွင့် အာမခံချက်နဲ့ သူက ရွေးချယ်ခဲ့တာလို့ သိရပြီး ဒါက အရေးပါတဲ့ အချက် တစ်ချက်လည်းဖြစ်ပါတယ်”လို့ ဘားလက်ခ်က စကိုင်းဂျာမနီကို ပြောပါတယ်။

“ချဲလ်ဆီးအသင်းကတော့ အသင်းသစ်တစ်သင်းကို တည်ဆောက်နိုင်တော့မှာပါ။ သူတို့အနေနဲ့ ထိပ်ဆုံးကို ပြန်လည်တက်ရောက်နိုင်အောင် ငွေကြေး အမြောက်အမြားသုံးသွားမယ်လို့လည်း ထင်ပါတယ်။ သူတို့အနေနဲ့ အင်္ဂလန်မှာ ငယ်ရွယ်တဲ့ အသင်းတစ်သင်းနဲ့ အချိန်ကြာကြာ စိုးမိုးနိုင်ဖို့ ပြင်ဆင်နေပုံလည်း ပေါ်ပါတယ်”လို့ ပြောကြားသွားခဲ့ပြီး ဗာနာကိုတော့ ပရီးမီးယားလိဂ်ရဲ့ ဒိုင်လူကြီးတွေဟာ ခရာသိပ်မှုတ်လေ့မရှိသူတွေဖြစ်လို့ သူ့အနေနဲ့ ဒါတွေကို အသားကျအောင် ကြိုးစားရမယ်လို့လည်း သတိပေးသွားခဲ့တယ်လို့ သိရှိရပါတယ်။

REF: SKY GERMANY
PHOTOS CREDIT TO OWNERS
SPORTS A2Z.