UCL&UEL

ဆွာရက်ဇ်ရဲ့ ဝမ်းနည်းဖွယ်အိမ်ပြန်ခရီး လီဗာပူးလ် ၂-၀ အက်သလက်တီကိုပွဲအပြီး မှတ်မှတ်ရရ ပြောစရာ ၇ ချက်

လီဗာပူးလ်အသင်းဟာ ဗုဒ္ဓဟူးနေ့ညက အန်းဖီးမှာ အက်သလက်တီကို မက်ဒရစ်အသင်းကို ၂-၀ နဲ့ အနိုင်ရရှိခဲ့တာကြောင့် ချန်ပီယံလိဂ် အုပ်စုအဆင့်ကို စိတ်ချလက်ချ တက်ရောက်နိုင်ခဲ့ပြီဖြစ်ပါတယ်။

ဂျိုတာ၊ မာနေးတို့ရဲ့ သွင်းဂိုးတွေကြောင့် ကလော့ပ်ရဲ့လီဗာပူးလ်ဟာ အုပ်စု B မှာ ၂ ပွဲကစားဖို့ ကျန်နေသေးပေမယ့် အုပ်စုဗိုလ်အဖြစ်နဲ့ နောက်တဆင့်ကို တက်ရောက်ဖို့ အာမခံချက် ရရှိသွားခ့တာဖြစ်ပါတယ်။ ဒုတိယပိုင်းမှာ ဂျိုတာနဲ့ ဆွာရက်ဇ်တို့ရဲ့ သွင်းဂိုး ၂ ဂိုးစလုံးကို VAR က လူကျွံဘောအဖြစ် သတ်မှတ်ခဲ့ပြီး အမှန်တော့ အက်သလက်တီကို မက်ဒရစ်အသင်းက ပထမပိုင်းမှာ ၁ ယောက်လျော့သွားကတည်းက ပွဲက ပြီးသွားခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းက ဒုတိယပိုင်း ပြန်လည်စတင်ချိန်ကတည်းက အခွင့်အရေးတွေ အများအပြား ဖန်တီးနိုင်ခဲ့ပေမယ့် အမှတ်ပေးဇယားထိပ်ဆုံးမှာ အပြတ်အသတ်ဦးဆောင်နိုင်မယ့် အနိုင် ၃ မှတ်ရရှိခဲ့ပြီးဖြစ်တာကြောင့် သိပ်အားစိုက်မကစားဘဲ အနိုင်ရလဒ်ကို ထိန်းသိမ်းသွားခဲ့တာဖြစ်ပါတယ်။ အန်းဖီးမှာ ကစားခဲ့တဲ့ လီဗာပူးလ်နဲ့ အက်သလက်တီကို မက်ဒရစ်တို့ရဲ့ ပွဲစဉ်မှာ ပြောစရာအချက်တွေ ရှိနေခဲ့ပြီး အဲဒီ ပြောစရာ ၇ ချက်ကတော့…

ဆွာရက်ဇ်ရဲ့ ဝမ်းနည်းဖွယ်အိမ်ပြန်ခရီး

လီဗာပူးလ်အသင်းခေါင်းဆောင် ဂျော်ဒန် ဟန်ဒါဆန်က ၎င်းရဲ့ အသင်းဖော်ဟောင်း လူးဝစ္စ ဆွာရက်ဇ်အနေနဲ့ အန်းဖီးက ပရိသတ်တွေဆီကနေ ကောင်းမွန်တဲ့ လက်ခုပ်တီး ကြိုဆိုမှု ရရှိဖို့ ထိုက်တန်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲဒီတောင်းဆိုမှုက အမှန်တကယ် မဖြစ်ခဲ့တာ ရှင်းလင်းနေခဲ့ပြီး ဆွာရက်ဇ် ပွဲစကစားဖို့ ကွင်းထဲရပ်လိုက်တာနဲ့ လှောင်ပြောင်သံတွေကသာ ကြိုဆိုနေခဲ့တာဖြစ်ပါတယ်။ ဒီလိုဖြစ်ရတဲ့အကြောင်းအရင်းက ၂၀၁၉ ခုနှစ်တုန်းက ဘာစီလိုနာအတွက် ကစားပေးခဲ့စဉ်အချိန်တုန်းက ချစ်ခင်နေကြဆဲဖြစ်တဲ့ပရိသတ်တွေရှေ့မှာ အလွန်အကျွံအောင်ပွဲခံပြခဲ့တဲ့ အကျိုးဆက်ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်က ကစားခဲ့တဲ့ပွဲစဉ်အတွင်း ဆွာရက်ဇ်ဟာ လီဗာပူးလ်ကစားသမားတွေကို အနီကတ်နဲ့ ထုတ်ပယ်ခံရအောင် လုပ်ဖို့ ကြိုးပမ်းခဲ့တယ်လို့ စွပ်စွဲခြင်းခံခဲ့ရပြီး ဒီပွဲမှာလည်း လီဗာပူးလ်ပရိသတ်တွေက ဥရုဂွေးတိုက်စစ်မှူးဟာ ဘောလုံးနောက်လိုက်ရာမှာ လွယ်လွယ်ကူကူနဲ့ လှဲချခဲ့တယ်လို့ ခံစားခဲ့ရတာဖြစ်ပါတယ်။ ဆွာရက်ဇ်ဟာ ပထမပိုင်းမှာ အဝါကတ်ပြား ပြသခြင်းခံခဲ့ရပြီး သွင်းဂိုး ငြင်းပယ်ခံရတဲ့ အခိုက်အတန့်အပြီးမှာတော့ လှောင်ပြောင်သံတွေက ပိုမို ကျယ်လောင်လာခဲ့တာဖြစ်ပါတယ်။ နောက်ဆုံးတစ်ခေါက် အိမ်ပြန်လာတုန်းက ဘာစီလိုနာအသင်းနဲ့အတူ ၄-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ဒီတစ်ခေါက်အိမ်ပြန်ခရီးကလည်း ပိုမိုကောင်းမွန်လာခဲ့ခြင်းမရှိခဲ့တာဖြစ်ပါတယ်။

စောစောစီးစီး အဖြေပေါ်သွားပြီဖြစ်တဲ့ သေမင်းတမန်အုပ်စု

ယခုနှစ်အစောပိုင်းမှာ အုပ်စုမဲခွဲမှုတွေ ပြုလုပ်ခဲ့တဲ့အချိန်တုန်းက အုပ်စု B ဟာ သေမင်းတမန်အုပ်စုဖြစ်ခဲ့ပုံ ပေါ်ပါတယ်။ အက်သလက်တီကို မက်ဒရစ်အသင်းဟာ အမြဲတမ်း ကြောက်မက်ဖွယ် ပြိုင်ဘက်ဖြစ်ခဲ့တာဖြစ်ပြီး အေစီမီလန်နဲ့ လိုက်ပ်ဇစ်တို့ကလည်း ပြင်းထန်တဲ့ ခြိမ်းခြောက်မှုတွေ ပြုလုပ်နိုင်တဲ့အသင်းတွေဖြစ်ပါတယ်။

အုပ်စု ပွဲစဉ် ၂ ပွဲကစားဖို့ ကျန်ရှိနေသေးချိန်မှာတော့ လီဗာပူးလ်အသင်းဟာ အလွန်ကြီးမားတဲ့ အောင်မြင်မှုရရှိခဲ့ပြီဖြစ်ပြီး ၄ ပွဲမှာ ၄ ပွဲစလုံးအနိုင်ရရှိခဲ့တာကြောင့် ကျန်တဲ့ပွဲစဉ် ၂ ပွဲမှာ အဓိကကစားသမားတွေကို အနားပေးနိုင်တော့မှာဖြစ်ပါတယ်။ ဖာမီနို ဒဏ်ရာရရှိခဲ့တာက ဆုဖလားတွေအတွက် တိုက်ပွဲဝင်တဲ့အချိန်မှာ အဓိကကြယ်ပွင့်တွေကို အနားပေးဖို့က ဘယ်လောက်အရေးကြီးလဲဆိုတာကို ပြသခဲ့တာဖြစ်ပါတယ်။

တိုက်စစ်မှူးတစ်ယောက်ရဲ့ အိပ်မက်

ဥရောပဘောလုံးလောကမှာ ထရင့် အလက်ဇန္ဒား-အာနိုးလ်ထက် ပိုပြီး ဖြတ်တင်ဘောကောင်းကောင်း ပေးနိုင်တဲ့သူရှိမယ်ဆိုရင် ၂ ယောက်၊ ၃ ယောက်ထက်တော့ မပိုတာ ကျိန်းသေပါတယ်။ အင်္ဂလန်နောက်ခံကစားသမားဟာ တိုက်စစ်မှူးတစ်ယောက်ရဲ့ အိပ်မက်ဖြစ်ပြီး အဖွင့်ဂိုးအတွက် ပေးပို့လိုက်တဲ့ ပေးပို့မှု ကောင်းလွန်းလို့ ဂျိုတာအတွက် အလွယ်ကူဆုံး အဆုံးသတ်သွင်းယူမှု ဖြစ်ခဲ့ပါတယ်။ မာနေးအတွက် ဒုတိယအကြိမ် ဖန်တီးပေးခဲ့တဲ့ ပေးပို့မှုကလည်း ပထမတစ်ကြိမ်အတိုင်းပဲ အလွန်ကောင်းမွန်ခဲ့ပြီး ပထမပိုင်း စွမ်းဆောင်ရည်က အင်္ဂလန်လက်ရွေးစင်ကြယ်ပွင့်ဟာ ကမ္ဘာ့ဘောလုံးလောကမှာ အကောင်းဆုံး နောက်ခံတောင်ပံကစားသမားဆိုတာကို ပေါ်လွင်စေခဲ့ပါတယ်။

ဘာမှမတတ်နိုင်တော့တဲ့ပုံပေါ်ခဲ့တဲ့ ဆီမီယွန်နီ

ဒီတစ်ကြိမ်မှာတော့ ကွင်းဘေးစည်းမှာ အငြိမ်မနေတဲ့ ဆီမီယွန်နီရဲ့ ပုံစံက ဘာမှမတတ်နိုင်တော့ဘဲ ငြိမ်သက်နေရတဲ့ပုံစံမျိုးလို့ ပြောရင် မှန်မယ်ထင်ပါတယ်။ ရင်ခေါင်းသံနဲ့ အော်ဟစ်မှု၊ ပြင်းထန်တဲ့ လက်ဝှေ့ယမ်းမှုတွေ ပျောက်ကွယ်သွားခဲ့ပြီး လက် ၂ ဖက်ပိုက်ပြီး ကွင်းအတွင်းကို စူးစူးရဲရဲကြည့်နေတဲ့ဟန်ပန်ကိုသာ မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ ပွဲကြို ပြောဆိုမှုအများအပြားဟာ လွန်ခဲ့တဲ့ ၂ ပတ်လောက်က မက်ဒရစ်က ပွဲစဉ်မှာ လက်ဆွဲနှုတ်မဆက်ခဲ့တဲ့ ကိစ္စအကြောင်း ဆူညံနေခဲ့တာဖြစ်ပြီး ဒီတစ်ချီမှာတော့ ဆီမီယွန်နီအနေနဲ့ ၎င်းရဲ့အသင်းဟာ လီဗာပူးလ်ကို ၁၁ ယောက်ချင်း ယှဉ်ရင်တောင် မမီနိုင်ဘူးဆိုတာကို လက်တောင် လက်ခံသွားလောက်ပြီဖြစ်ပါတယ်။

၅။ ပွဲကို အဆုံးအဖြတ်ဖြစ်စေခဲ့တဲ့ ဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်

လီဗာပူးလ်နဲ့ အက်သလက်တီကို မက်ဒရစ်တို့ရဲ့ပွဲစဉ်ဟာ ဒိုင်လူကြီး ဒန်နီ မက်ခ်လီက ပထမပိုင်းမှာ ဖလိပီကို အနီကတ်ပြသလိုက်တဲ့အချိန်ကတည်းက ပွဲက ပြီးသွားခဲ့ပြီဆိုတာ ငြင်းစရာမရှိပါဘူး။ ဒါပေမယ့် အမှန်တော့ ဘောလုံးဝေဖန်သုံးသပ်သူတွေ၊ ပွဲကြေညာသူတွေနဲ့ ကြားနေတွေဟာ ဘာကြောင့် ဖလိပီအထုတ်ခံလိုက်ရတာလဲဆိုတာကို သိဖို့တောင် အချိန်တော်တော်ယူခဲ့ရတာဖြစ်ပါတယ်။ အဲဒီဖြစ်စဉ်ကို ယူအီးအက်ဖ်အေက ဖလိပီဟာ ပြင်းထန်တဲ့အပြုအမူကြောင့် ထုတ်ပယ်ခံခဲ့ရတာဖြစ်တယ်လို့ အတည်ပြုပြောကြားခဲ့ပေမယ့် ဖလိပီဟာ မလိုလားအပ်တဲ့ အားထုတ်မှု သို့မဟုတ် ကြမ်းကြုတ်မှုမျိုးရှိခဲ့လို့လားဆိုတဲ့ ငြင်းခုံမှုမျိုး ပြုလုပ်ဖို့က တော်တော်လေးကို ခက်ခဲမှာဖြစ်ပါတယ်။ အဲဒီဆုံးဖြတ်ချက်ချပြီးနောက်ပိုင်း ၁၀ မိနစ်လောက် ဒိုင်လူကြီးဟာ ပွဲကို လုံးဝ မထိန်းနိုင်ဘဲ အဝါကတ်တွေလည်း ပလူပျံနေအောင် ပြသခဲ့ပါတယ်။

နောက်တဆင့်တက်ဖို့ ရုန်းရဦးမယ့် အက်သလက်တီကို မက်ဒရစ်

လီဗာပူးလ်အသင်းကတော့ ၁၆ သင်းရှုံးထွက်အဆင့်ကို သာသာယာယာတက်သွားနိုင်ခဲ့ပြီဖြစ်ပေမယ့် အက်သလက်တီကို မက်ဒရစ်ကတော့ နောက်တဆင့် တက်ရောက်နိုင်မယ့် နေရာကို အမိအရဆုပ်ကိုင်ဖို့ ကျန်နေသေးတာဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့ညအစောပိုင်းက ပေါ်တိုနဲ့ အေစီမီလန်တို့ သရေကျခဲ့တာကြောင့် ပေါ်တိုက ဒုတိယနေရာကို တက်လှမ်းနိုင်ခဲ့ပြီး အေစီမီလန်ကတော့ ပထမဆုံးအကြိမ် ရမှတ် ၁ မှတ်ရရှိခဲ့တာဖြစ်ပါတယ်။

အုပ်စုအောက်ဆုံးမှာရှိနေတဲ့ အေစီမီလန်အသင်းဟာ နောက်တဆင့်တက်ခွင့်ရဖို့ မျှော်လင့်ချက်ရှိနေဆဲဖြစ်ပြီး အက်သလက်တီကို မက်ဒရစ်ကလည်း လီဗာပူးလ်ပြီးရင် နောက်တဆင့် တက်ဖို့ ရေပန်းအစားဆုံးဖြစ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း မာဆေးဆိုဒ်ဘီလူးကြီးရဲ့ ၂ ကျော့စလုံးမှာ ထိုးနှက်ခြင်းခံခဲ့ရလို့ နာလန်မထူခဲ့တဲ့ အက်သလက်တီကို မက်ဒရစ်အတွက် ကံကြမ္မာက ကိုယ့်လက်ထဲမှာ ရှိနေဆဲဖြစ်ပြီး ပေါ်တိုနဲ့ အေစီမီလန်တို့ကလည်း နောက်တဆင့်တက်နိုင်ဖို့ ရှိသမျှ အကုန်ပုံအောသွားကြမှာ သေချာပါတယ်။

ဟန်ချက်ညီနေခဲ့တဲ့ ကြိုးကြာနီကွင်းလယ်

ဘရိုက်တန်နဲ့ပွဲစဉ်က ကွင်းလယ်က ဖရိုဖရဲဖြစ်နေခဲ့ပေမယ့်လည်း အက်သလက်တီကိုနဲ့ပွဲမှာ အဓိကကစားသမားတွေ ပြန်လည်ပါဝင်လာပြီး စွမ်းဆောင်ရည်တိုးတက်လာခဲ့ပါတယ်။ ချိမ်ဘာလိန်ဟာ ပွဲထွက်ကစားသမားအဖြစ် ယုံကြည်မှု ပေးခြင်းခံခဲ့ရပြီး ယုံကြည်မှုနဲ့ ထိုက်တန်တဲ့ ခြေစွမ်းမျိုးလည်း ပြသနိုင်ခဲ့ပါတယ်။ ချိမ်ဘာလိန်ဟာ ပြိုင်ဘက်ကို စစ်မှန်တဲ့ ခြိမ်းခြောက်မှုမျိုး ပေးနိုင်ခဲ့ပြီး လီဗာပူးလ်အသင်းရဲ့ စည်းလုံးညီညွတ်မှုအတွက် အဓိကအကြောင်းအရင်းကတော့ ကွင်းလယ်ခံစစ်မှာ ဖာဘင်ညို ပြန်လည်ပါဝင်လာတာဖြစ်ပါတယ်။

အဲဒါကြောင့် ဟန်ဒါဆန်ဟာ တိုက်စစ်ကို ပိုမိုလိုက်ပါနိုင်ပြီး ကစားနိုင်တဲ့အတွက် အလက်ဇန္ဒား-အာနိုးလ်အနေနဲ့ လွတ်လွတ်လပ်လပ် ကစားခွင့် ရရှိခဲ့တာဖြစ်ပါတယ်။ ပွဲစဉ်အဆုံးပိုင်းက မိနစ်တွေက သီယာဂိုအတွက် ဖြစ်ခဲ့ပြီး နည်းပြ ကလော့ပ်က တနင်္ဂနွေနေ့မှာ ဝက်စ်ဟမ်းနဲ့ကစားရမယ့် အဝေးကွင်းပွဲစဉ်အတွက် ဖာဘင်ညိုကို အနားပေးခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:လီဗာပူးလ္အသင္းဟာ ဗုဒၶဟူးေန႔ညက အန္းဖီးမွာ အက္သလက္တီကို မက္ဒရစ္အသင္းကို ၂-၀ နဲ႔ အႏိုင္ရရွိခဲ့တာေၾကာင့္ ခ်န္ပီယံလိဂ္ အုပ္စုအဆင့္ကို စိတ္ခ်လက္ခ် တက္ေရာက္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

ဂ်ိဳတာ၊ မာေနးတို႔ရဲ႕ သြင္းဂိုးေတြေၾကာင့္ ကေလာ့ပ္ရဲ႕လီဗာပူးလ္ဟာ အုပ္စု B မွာ ၂ ပြဲကစားဖို႔ က်န္ေနေသးေပမယ့္ အုပ္စုဗိုလ္အျဖစ္နဲ႔ ေနာက္တဆင့္ကို တက္ေရာက္ဖို႔ အာမခံခ်က္ ရရွိသြားခ့တာျဖစ္ပါတယ္။ ဒုတိယပိုင္းမွာ ဂ်ိဳတာနဲ႔ ဆြာရက္ဇ္တို႔ရဲ႕ သြင္းဂိုး ၂ ဂိုးစလုံးကို VAR က လူကြၽံေဘာအျဖစ္ သတ္မွတ္ခဲ့ၿပီး အမွန္ေတာ့ အက္သလက္တီကို မက္ဒရစ္အသင္းက ပထမပိုင္းမွာ ၁ ေယာက္ေလ်ာ့သြားကတည္းက ပြဲက ၿပီးသြားခဲ့တာျဖစ္ပါတယ္။

လီဗာပူးလ္အသင္းက ဒုတိယပိုင္း ျပန္လည္စတင္ခ်ိန္ကတည္းက အခြင့္အေရးေတြ အမ်ားအျပား ဖန္တီးႏိုင္ခဲ့ေပမယ့္ အမွတ္ေပးဇယားထိပ္ဆုံးမွာ အျပတ္အသတ္ဦးေဆာင္ႏိုင္မယ့္ အႏိုင္ ၃ မွတ္ရရွိခဲ့ၿပီးျဖစ္တာေၾကာင့္ သိပ္အားစိုက္မကစားဘဲ အႏိုင္ရလဒ္ကို ထိန္းသိမ္းသြားခဲ့တာျဖစ္ပါတယ္။ အန္းဖီးမွာ ကစားခဲ့တဲ့ လီဗာပူးလ္နဲ႔ အက္သလက္တီကို မက္ဒရစ္တို႔ရဲ႕ ပြဲစဥ္မွာ ေျပာစရာအခ်က္ေတြ ရွိေနခဲ့ၿပီး အဲဒီ ေျပာစရာ ၇ ခ်က္ကေတာ့…

ဆြာရက္ဇ္ရဲ႕ ဝမ္းနည္းဖြယ္အိမ္ျပန္ခရီး

လီဗာပူးလ္အသင္းေခါင္းေဆာင္ ေဂ်ာ္ဒန္ ဟန္ဒါဆန္က ၎ရဲ႕ အသင္းေဖာ္ေဟာင္း လူးဝစၥ ဆြာရက္ဇ္အေနနဲ႔ အန္းဖီးက ပရိသတ္ေတြဆီကေန ေကာင္းမြန္တဲ့ လက္ခုပ္တီး ႀကိဳဆိုမႈ ရရွိဖို႔ ထိုက္တန္ခဲ့တယ္လို႔ ေျပာၾကားခဲ့ပါတယ္။ ဒါေပမယ့္လည္း အဲဒီေတာင္းဆိုမႈက အမွန္တကယ္ မျဖစ္ခဲ့တာ ရွင္းလင္းေနခဲ့ၿပီး ဆြာရက္ဇ္ ပြဲစကစားဖို႔ ကြင္းထဲရပ္လိုက္တာနဲ႔ ေလွာင္ေျပာင္သံေတြကသာ ႀကိဳဆိုေနခဲ့တာျဖစ္ပါတယ္။ ဒီလိုျဖစ္ရတဲ့အေၾကာင္းအရင္းက ၂၀၁၉ ခုႏွစ္တုန္းက ဘာစီလိုနာအတြက္ ကစားေပးခဲ့စဥ္အခ်ိန္တုန္းက ခ်စ္ခင္ေနၾကဆဲျဖစ္တဲ့ပရိသတ္ေတြေရွ႕မွာ အလြန္အကြၽံေအာင္ပြဲခံျပခဲ့တဲ့ အက်ိဳးဆက္ျဖစ္ပါတယ္။

လြန္ခဲ့တဲ့ ၂ ႏွစ္က ကစားခဲ့တဲ့ပြဲစဥ္အတြင္း ဆြာရက္ဇ္ဟာ လီဗာပူးလ္ကစားသမားေတြကို အနီကတ္နဲ႔ ထုတ္ပယ္ခံရေအာင္ လုပ္ဖို႔ ႀကိဳးပမ္းခဲ့တယ္လို႔ စြပ္စြဲျခင္းခံခဲ့ရၿပီး ဒီပြဲမွာလည္း လီဗာပူးလ္ပရိသတ္ေတြက ဥ႐ုေဂြးတိုက္စစ္မႉးဟာ ေဘာလုံးေနာက္လိုက္ရာမွာ လြယ္လြယ္ကူကူနဲ႔ လွဲခ်ခဲ့တယ္လို႔ ခံစားခဲ့ရတာျဖစ္ပါတယ္။ ဆြာရက္ဇ္ဟာ ပထမပိုင္းမွာ အဝါကတ္ျပား ျပသျခင္းခံခဲ့ရၿပီး သြင္းဂိုး ျငင္းပယ္ခံရတဲ့ အခိုက္အတန႔္အၿပီးမွာေတာ့ ေလွာင္ေျပာင္သံေတြက ပိုမို က်ယ္ေလာင္လာခဲ့တာျဖစ္ပါတယ္။ ေနာက္ဆုံးတစ္ေခါက္ အိမ္ျပန္လာတုန္းက ဘာစီလိုနာအသင္းနဲ႔အတူ ၄-၀ နဲ႔ ရႈံးနိမ့္ခဲ့ၿပီးေနာက္ ဒီတစ္ေခါက္အိမ္ျပန္ခရီးကလည္း ပိုမိုေကာင္းမြန္လာခဲ့ျခင္းမရွိခဲ့တာျဖစ္ပါတယ္။

ေစာေစာစီးစီး အေျဖေပၚသြားၿပီျဖစ္တဲ့ ေသမင္းတမန္အုပ္စု

ယခုႏွစ္အေစာပိုင္းမွာ အုပ္စုမဲခြဲမႈေတြ ျပဳလုပ္ခဲ့တဲ့အခ်ိန္တုန္းက အုပ္စု B ဟာ ေသမင္းတမန္အုပ္စုျဖစ္ခဲ့ပုံ ေပၚပါတယ္။ အက္သလက္တီကို မက္ဒရစ္အသင္းဟာ အၿမဲတမ္း ေၾကာက္မက္ဖြယ္ ၿပိဳင္ဘက္ျဖစ္ခဲ့တာျဖစ္ၿပီး ေအစီမီလန္နဲ႔ လိုက္ပ္ဇစ္တို႔ကလည္း ျပင္းထန္တဲ့ ၿခိမ္းေျခာက္မႈေတြ ျပဳလုပ္ႏိုင္တဲ့အသင္းေတြျဖစ္ပါတယ္။

အုပ္စု ပြဲစဥ္ ၂ ပြဲကစားဖို႔ က်န္ရွိေနေသးခ်ိန္မွာေတာ့ လီဗာပူးလ္အသင္းဟာ အလြန္ႀကီးမားတဲ့ ေအာင္ျမင္မႈရရွိခဲ့ၿပီျဖစ္ၿပီး ၄ ပြဲမွာ ၄ ပြဲစလုံးအႏိုင္ရရွိခဲ့တာေၾကာင့္ က်န္တဲ့ပြဲစဥ္ ၂ ပြဲမွာ အဓိကကစားသမားေတြကို အနားေပးႏိုင္ေတာ့မွာျဖစ္ပါတယ္။ ဖာမီႏို ဒဏ္ရာရရွိခဲ့တာက ဆုဖလားေတြအတြက္ တိုက္ပြဲဝင္တဲ့အခ်ိန္မွာ အဓိကၾကယ္ပြင့္ေတြကို အနားေပးဖို႔က ဘယ္ေလာက္အေရးႀကီးလဲဆိုတာကို ျပသခဲ့တာျဖစ္ပါတယ္။

တိုက္စစ္မႉးတစ္ေယာက္ရဲ႕ အိပ္မက္

ဥေရာပေဘာလုံးေလာကမွာ ထရင့္ အလက္ဇႏၵား-အာႏိုးလ္ထက္ ပိုၿပီး ျဖတ္တင္ေဘာေကာင္းေကာင္း ေပးႏိုင္တဲ့သူရွိမယ္ဆိုရင္ ၂ ေယာက္၊ ၃ ေယာက္ထက္ေတာ့ မပိုတာ က်ိန္းေသပါတယ္။ အဂၤလန္ေနာက္ခံကစားသမားဟာ တိုက္စစ္မႉးတစ္ေယာက္ရဲ႕ အိပ္မက္ျဖစ္ၿပီး အဖြင့္ဂိုးအတြက္ ေပးပို႔လိုက္တဲ့ ေပးပို႔မႈ ေကာင္းလြန္းလို႔ ဂ်ိဳတာအတြက္ အလြယ္ကူဆုံး အဆုံးသတ္သြင္းယူမႈ ျဖစ္ခဲ့ပါတယ္။ မာေနးအတြက္ ဒုတိယအႀကိမ္ ဖန္တီးေပးခဲ့တဲ့ ေပးပို႔မႈကလည္း ပထမတစ္ႀကိမ္အတိုင္းပဲ အလြန္ေကာင္းမြန္ခဲ့ၿပီး ပထမပိုင္း စြမ္းေဆာင္ရည္က အဂၤလန္လက္ေ႐ြးစင္ၾကယ္ပြင့္ဟာ ကမာၻ႔ေဘာလုံးေလာကမွာ အေကာင္းဆုံး ေနာက္ခံေတာင္ပံကစားသမားဆိုတာကို ေပၚလြင္ေစခဲ့ပါတယ္။

ဘာမွမတတ္ႏိုင္ေတာ့တဲ့ပုံေပၚခဲ့တဲ့ ဆီမီယြန္နီ

ဒီတစ္ႀကိမ္မွာေတာ့ ကြင္းေဘးစည္းမွာ အၿငိမ္မေနတဲ့ ဆီမီယြန္နီရဲ႕ ပုံစံက ဘာမွမတတ္ႏိုင္ေတာ့ဘဲ ၿငိမ္သက္ေနရတဲ့ပုံစံမ်ိဳးလို႔ ေျပာရင္ မွန္မယ္ထင္ပါတယ္။ ရင္ေခါင္းသံနဲ႔ ေအာ္ဟစ္မႈ၊ ျပင္းထန္တဲ့ လက္ေဝွ႔ယမ္းမႈေတြ ေပ်ာက္ကြယ္သြားခဲ့ၿပီး လက္ ၂ ဖက္ပိုက္ၿပီး ကြင္းအတြင္းကို စူးစူးရဲရဲၾကည့္ေနတဲ့ဟန္ပန္ကိုသာ ျမင္ေတြ႕ခဲ့ရတာျဖစ္ပါတယ္။ ပြဲႀကိဳ ေျပာဆိုမႈအမ်ားအျပားဟာ လြန္ခဲ့တဲ့ ၂ ပတ္ေလာက္က မက္ဒရစ္က ပြဲစဥ္မွာ လက္ဆြဲႏႈတ္မဆက္ခဲ့တဲ့ ကိစၥအေၾကာင္း ဆူညံေနခဲ့တာျဖစ္ၿပီး ဒီတစ္ခ်ီမွာေတာ့ ဆီမီယြန္နီအေနနဲ႔ ၎ရဲ႕အသင္းဟာ လီဗာပူးလ္ကို ၁၁ ေယာက္ခ်င္း ယွဥ္ရင္ေတာင္ မမီႏိုင္ဘူးဆိုတာကို လက္ေတာင္ လက္ခံသြားေလာက္ၿပီျဖစ္ပါတယ္။

၅။ ပြဲကို အဆုံးအျဖတ္ျဖစ္ေစခဲ့တဲ့ ဒိုင္လူႀကီးရဲ႕ဆုံးျဖတ္ခ်က္

လီဗာပူးလ္နဲ႔ အက္သလက္တီကို မက္ဒရစ္တို႔ရဲ႕ပြဲစဥ္ဟာ ဒိုင္လူႀကီး ဒန္နီ မက္ခ္လီက ပထမပိုင္းမွာ ဖလိပီကို အနီကတ္ျပသလိုက္တဲ့အခ်ိန္ကတည္းက ပြဲက ၿပီးသြားခဲ့ၿပီဆိုတာ ျငင္းစရာမရွိပါဘူး။ ဒါေပမယ့္ အမွန္ေတာ့ ေဘာလုံးေဝဖန္သုံးသပ္သူေတြ၊ ပြဲေၾကညာသူေတြနဲ႔ ၾကားေနေတြဟာ ဘာေၾကာင့္ ဖလိပီအထုတ္ခံလိုက္ရတာလဲဆိုတာကို သိဖို႔ေတာင္ အခ်ိန္ေတာ္ေတာ္ယူခဲ့ရတာျဖစ္ပါတယ္။ အဲဒီျဖစ္စဥ္ကို ယူအီးအက္ဖ္ေအက ဖလိပီဟာ ျပင္းထန္တဲ့အျပဳအမူေၾကာင့္ ထုတ္ပယ္ခံခဲ့ရတာျဖစ္တယ္လို႔ အတည္ျပဳေျပာၾကားခဲ့ေပမယ့္ ဖလိပီဟာ မလိုလားအပ္တဲ့ အားထုတ္မႈ သို႔မဟုတ္ ၾကမ္းၾကဳတ္မႈမ်ိဳးရွိခဲ့လို႔လားဆိုတဲ့ ျငင္းခုံမႈမ်ိဳး ျပဳလုပ္ဖို႔က ေတာ္ေတာ္ေလးကို ခက္ခဲမွာျဖစ္ပါတယ္။ အဲဒီဆုံးျဖတ္ခ်က္ခ်ၿပီးေနာက္ပိုင္း ၁၀ မိနစ္ေလာက္ ဒိုင္လူႀကီးဟာ ပြဲကို လုံးဝ မထိန္းႏိုင္ဘဲ အဝါကတ္ေတြလည္း ပလူပ်ံေနေအာင္ ျပသခဲ့ပါတယ္။

ေနာက္တဆင့္တက္ဖို႔ ႐ုန္းရဦးမယ့္ အက္သလက္တီကို မက္ဒရစ္

လီဗာပူးလ္အသင္းကေတာ့ ၁၆ သင္းရႈံးထြက္အဆင့္ကို သာသာယာယာတက္သြားႏိုင္ခဲ့ၿပီျဖစ္ေပမယ့္ အက္သလက္တီကို မက္ဒရစ္ကေတာ့ ေနာက္တဆင့္ တက္ေရာက္ႏိုင္မယ့္ ေနရာကို အမိအရဆုပ္ကိုင္ဖို႔ က်န္ေနေသးတာျဖစ္ပါတယ္။ ဗုဒၶဟူးေန႔ညအေစာပိုင္းက ေပၚတိုနဲ႔ ေအစီမီလန္တို႔ သေရက်ခဲ့တာေၾကာင့္ ေပၚတိုက ဒုတိယေနရာကို တက္လွမ္းႏိုင္ခဲ့ၿပီး ေအစီမီလန္ကေတာ့ ပထမဆုံးအႀကိမ္ ရမွတ္ ၁ မွတ္ရရွိခဲ့တာျဖစ္ပါတယ္။

အုပ္စုေအာက္ဆုံးမွာရွိေနတဲ့ ေအစီမီလန္အသင္းဟာ ေနာက္တဆင့္တက္ခြင့္ရဖို႔ ေမွ်ာ္လင့္ခ်က္ရွိေနဆဲျဖစ္ၿပီး အက္သလက္တီကို မက္ဒရစ္ကလည္း လီဗာပူးလ္ၿပီးရင္ ေနာက္တဆင့္ တက္ဖို႔ ေရပန္းအစားဆုံးျဖစ္ခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း မာေဆးဆိုဒ္ဘီလူးႀကီးရဲ႕ ၂ ေက်ာ့စလုံးမွာ ထိုးႏွက္ျခင္းခံခဲ့ရလို႔ နာလန္မထူခဲ့တဲ့ အက္သလက္တီကို မက္ဒရစ္အတြက္ ကံၾကမၼာက ကိုယ့္လက္ထဲမွာ ရွိေနဆဲျဖစ္ၿပီး ေပၚတိုနဲ႔ ေအစီမီလန္တို႔ကလည္း ေနာက္တဆင့္တက္ႏိုင္ဖို႔ ရွိသမွ် အကုန္ပုံေအာသြားၾကမွာ ေသခ်ာပါတယ္။

ဟန္ခ်က္ညီေနခဲ့တဲ့ ႀကိဳးၾကာနီကြင္းလယ္

ဘ႐ိုက္တန္နဲ႔ပြဲစဥ္က ကြင္းလယ္က ဖ႐ိုဖရဲျဖစ္ေနခဲ့ေပမယ့္လည္း အက္သလက္တီကိုနဲ႔ပြဲမွာ အဓိကကစားသမားေတြ ျပန္လည္ပါဝင္လာၿပီး စြမ္းေဆာင္ရည္တိုးတက္လာခဲ့ပါတယ္။ ခ်ိမ္ဘာလိန္ဟာ ပြဲထြက္ကစားသမားအျဖစ္ ယုံၾကည္မႈ ေပးျခင္းခံခဲ့ရၿပီး ယုံၾကည္မႈနဲ႔ ထိုက္တန္တဲ့ ေျခစြမ္းမ်ိဳးလည္း ျပသႏိုင္ခဲ့ပါတယ္။ ခ်ိမ္ဘာလိန္ဟာ ၿပိဳင္ဘက္ကို စစ္မွန္တဲ့ ၿခိမ္းေျခာက္မႈမ်ိဳး ေပးႏိုင္ခဲ့ၿပီး လီဗာပူးလ္အသင္းရဲ႕ စည္းလုံးညီၫြတ္မႈအတြက္ အဓိကအေၾကာင္းအရင္းကေတာ့ ကြင္းလယ္ခံစစ္မွာ ဖာဘင္ညိဳ ျပန္လည္ပါဝင္လာတာျဖစ္ပါတယ္။

အဲဒါေၾကာင့္ ဟန္ဒါဆန္ဟာ တိုက္စစ္ကို ပိုမိုလိုက္ပါႏိုင္ၿပီး ကစားႏိုင္တဲ့အတြက္ အလက္ဇႏၵား-အာႏိုးလ္အေနနဲ႔ လြတ္လြတ္လပ္လပ္ ကစားခြင့္ ရရွိခဲ့တာျဖစ္ပါတယ္။ ပြဲစဥ္အဆုံးပိုင္းက မိနစ္ေတြက သီယာဂိုအတြက္ ျဖစ္ခဲ့ၿပီး နည္းျပ ကေလာ့ပ္က တနဂၤေႏြေန႔မွာ ဝက္စ္ဟမ္းနဲ႔ကစားရမယ့္ အေဝးကြင္းပြဲစဥ္အတြက္ ဖာဘင္ညိဳကို အနားေပးခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.