Match Report Premier League

လာပေါ့တ်ရဲ့ တစ်ကွက်မှားလို့ ခံလိုက်ရတဲ့ မန်စီးတီးနဲ့ အစ်တီဟတ်မှာ နိုင်ပွဲရတဲ့ ပဲလေ့စ်

မန်ချက်စတာစီးတီးတို့အနေနဲ့ ဒီနေ့ပွဲကို အိမ်ကွင်းမှာ နိုင်ပွဲရယူပြီး ရှေ့က ချဲလ်ဆီးနဲ့ လီဗာပူးလ်တို့ကို ဖိအားဆက်ပေးနိုင်ဖို့ ပြင်ဆင်လာခဲ့ပြီး ခံစစ်မှာ ဒီယက်စ်နဲ့ လာပေါ့တ်တို့ကို ဝေါ်လ်ကာ၊ ကန်ဆယ်လိုတို့နဲ့ တွဲပေးခဲ့သလို ကွင်းလယ်မှာတော့ ရိုဒရီ၊ ဘာနာဒို ဆေးလ်ဗား၊ ဒီဘရိုင်းနားတို့ကို အသုံးပြုခဲ့ချိန်မှာ တိုက်စစ်မှာတော့ ဂျေဆူးစ်၊ ဖိုဒန်နဲ့ ဂရီးလစ်ရှ်တို့နဲ့ ခင်းကျင်းလာခဲ့တာဖြစ်ပါတယ်။

ပဲလေ့စ်ကတော့ သူတို့ရဲ့ လုပ်အားနှုန်းဦးစားပေးတဲ့ ပုံစံနဲ့ပဲ အင်အားကြီးပြိုင်ဘက်နဲ့ အဝေးကွင်းပွဲစဉ်ကို ချဉ်းကပ်လာခဲ့ပြီး မက်ကာသာ၊ ကူယာတေးနဲ့ ဂါလာဂါတို့ကို ကွင်းလယ်မှာ မနားတမ်းကစားနိုင်ဖို့ လုပ်ဆောင်လာခဲ့ချိန်မှာ တိုက်စစ်မှာတော့ ဇာဟာ၊ အေဒူယာနဲ့ အာယူးတို့ကို တွဲပေးခဲ့ပြီး နည်းပြ ဗီယာရာက စနစ်တကျ ပြင်ဆင်လာခဲ့တာပါ။

ပွဲချိန် ၆ မိနစ်မှာ မန်စီးတီးတို့ စောစောစီးစီး ဂိုးပေးခဲ့ရပြီး ယုံကြည်မှု လွန်ကဲနေတဲ့ ပုံစံနဲ့ လူမကြည့်ဘဲ နောက်ပြန်ပေးခဲ့တဲ့ လာပေါ့တ်ရဲ့ အမှားကို ဇာဟာက ဖြတ်ယူသွားခဲ့ပြီး ချန်ထားခဲ့တဲ့ ဘောလုံးကို နောက်က လိုက်လာတဲ့ ဂါလာဂါက သူ့ရဲ့ ပြေးလမ်းကြောင်းထဲ ထည့်ပေးခဲ့ရာမှာ အိုင်ဗရီကို့စ်သားက အဝေးတိုင်ဘက်ကို ဘယ်ခြေနဲ့ ချိုးကန်သွင်းပြီး ဂိုးသမား အီဒါဆန်ကို အနိုင်ယူသွားခဲ့တာဖြစ်ပါတယ်။

ပဲလေ့စ်တို့ အဝေးကွင်းမှာ စတင်ဦးဆောင်နိုင်ခဲ့ပြီး စီးတီးတို့ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ပြန်ဖိကစားခဲ့ပေမယ့် ခံစစ်မှာ ကျစ်ကျစ်လျစ်လျစ်ကစားနေတဲ့ ဧည့်သည်တွေကို ထိုးဖောက်ရခက်နေခဲ့သလို ပိတ်ဆို့ထားတဲ့ နောက်ခံလူတွေကို မကျော်လွန်တဲ့ ကန်ချက်မျိုးတွေပဲ ပြုလုပ်နေခဲ့ပြီး အိမ်ရှင်တွေ ဘာမှ မတတ်နိုင်ဘဲဖြစ်နေခဲ့တာပါ။

ဂျေဆူးစ်ရဲ့ အဆုံးသတ်မှုတွေကတော့ တစ်ဖက်ခံစစ်သမားတွေကို စောင့်ခေါ်ပြီးမှ ကန်သွင်းနေသလိုမျိုး နှေးကွေးနေတာကို တွေ့ရပြီး ပိတ်ကစားနေတဲ့ ပဲလေ့စ်တို့ကြောင့် စီးတီးတို့အနေနဲ့ ကွင်းလယ်နဲ့ ဂိုးဧရိယာထိပ်တွေကနေပဲ လှမ်းပြီး အဝေးကန်ချက်တွေနဲ့ ထိုးဖောက်နေခဲ့ရသလို ဖြတ်တင်ဘောတွေကိုလည်း အစွန်ဘက်မှာ နေရာယူထားသူတွေ အသုံးမချနိုင်ခဲ့တာကို တွေ့ခဲ့ရပါတယ်။

နာကျင်အချိန်ပို ၂ မိနစ်မှာတော့ အေဒူယာ ခေါင်းတိုက်ချပေးတဲ့ ဘောလုံးကို ရယူစဉ်မှာ လှည့်ထွက်ပြေးဖို့ကြံတဲ့ ဇာဟာကို ဖက်ထားခဲ့တဲ့ လာပေါ့တ် တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပြီး ဒီမတိုင်ခင် အစောဆုံးပွဲစဉ်ဖြစ်တဲ့ လက်စတာ-အာဆင်နယ်ပွဲမှာ အူဘာမီယန်းနဲ့ အီဗန်စ်တို့ တူညီတဲ့ ဖြစ်ရပ်မျိုး ရှိခဲ့ပေမယ့် အဝါသာ အပြခံခဲ့ရတာကြောင့် ဘယ်စံနှုန်းက အမှန်လဲလို့ မေးခွန်းထုတ်စရာပါဖြစ်ခဲ့ပါတယ်။

ပထမပိုင်းကို မန်ချက်စတာစီးတီးတို့ တစ်ယောက်လျော့ပြီး တစ်ဂိုးရှုံးနေခဲ့ချိန်မှာ အဝေးကွင်းလာကစားတဲ့ ပဲလေ့စ်တို့ကတော့ ဒီရာသီ ပထမဆုံး နိုင်ပွဲရဖို့အတွက် အခွင့်အရေးကောင်းသွားခဲ့ပြီး အာဆင်နယ်နဲ့ပွဲက နောက်ဆုံးမိနစ်မှာ ဂိုးပေးရတဲ့ အမှားမျိုးမဖြစ်အောင် တော်တော်လေး သတိထားပြီး ကစားလာခဲ့ကြတာပါ။

ဒုတိယပိုင်းအစမှာလည်း လာပေါ့တ်နေရာ ရိုဒရီကို ဆင်းကစားခိုင်းပြီး Three Back ဆန်ဆန်လုပ်နေခဲ့တဲ့ ဂွါဒီယိုလာရဲ့ ကွင်းလယ်ပိုင်းက ဖန်တီးမှုစွမ်းရည်ကို မစွန့်ချင်တဲ့ ခေါင်းမာမှုကို မြင်ခဲ့ရပြီး ပွဲချိန် ၅၉ မိနစ်ကို ရောက်တော့မှ ဒီဘရိုင်းနားအစား ဂျွန်စတုန်းစ်ကို ထည့်ပြီး ကစားကွက် ပြောင်းလဲသွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၅၈ မိနစ်မှာ တန်ပြန်တိုက်စစ်ကနေ ဂရီးလစ်ရှ် ဖန်တီးပေးတာ ကောင်းခဲ့ပေမယ့် ဂျေဆူးစ်က ဂိုးသမားတည့်တည့် ကန်ခဲ့သလို ပွဲချိန် မိနစ် ၆၀ မှာတော့ ဖိုဒန်တင်ပေးခဲ့တာကို ညာခြမ်းကနေ ဂျေဆူးစ်က ထောင့်ကျဉ်းထဲကနေ Volley ကန်ချက်နဲ့ ချေပဂိုးရယူခဲ့ပေမယ့် ဖိုဒန် ဘောလုံးရယူစဉ်မှာ လူကျွံနေခဲ့လို့ ပယ်ဖျက်ခံရပြီး ချေပဂိုးနဲ့ ဝေးခဲ့ရပါတယ်။

မန်စီးတီးတို့ရဲ့ အဆက်မပြတ် တိုက်စစ်ဆင်နေတဲ့ ဒဏ်ကို ခံနိုင်ဖို့နဲ့ ပြန်လည်တိုက်စစ်ဆင်နိုင်ဖို့အတွက် ပဲလေ့စ်နည်းပြ ဗီယာရာအနေနဲ့ အာယူး၊ အေဒူယာနဲ့ ကူယာတေးတို့အစား ဘန်တီကီ၊ ရှလု(ပ်)နဲ့ အိုလီဆေးတို့ကို လူစားပြောင်းလဲသွားခဲ့သလို ဂွါဒီယိုလာကတော့ ဂရီးလစ်ရှ်နဲ့ ကန်ဆယ်လိုတို့ နေရာမှာ စတာလင်နဲ့ မာရက်ဇ်တို့ကို ထည့်သွင်းကစားခဲ့တာပါ။

ပွဲချိန် ၇၆ မိနစ်မှာ ဂါလာဂါရဲ့ တစ်ကိုယ်တော်အစွမ်းနဲ့ လိမ်ခေါက်ကန်သွင်းမှုကို အီဒါဆန် ကာကွယ်ခဲ့ရပြီး မန်စီးတီးတို့ကတော့ ဘောလုံးကိုင်ပြီး ပဲလေ့စ်ခံစစ်ကို ဘယ်ညာပတ်နေတာကလွဲရင် သိပ်ပြီး အလုပ်မဖြစ်ဘဲ အဝေးကန်ချက်တွေလောက်ပဲ ပြုလုပ်နိုင်ခဲ့ချိန်မှာ ဗီယာရာ ထည့်လိုက်တဲ့ အိုလီဆေးကတော့ ထပ်ပြီး ထိုးနှက်ချက်တွေ ပေးစွမ်းနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၈၈ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ အိုလီဆေး ဘောလုံးရသွားခဲ့ပြီး ဒီယက်စ်ကို တစ်ဦးချင်း ကျော်ဖြတ်ပြီးမှ ဇာဟာဆီကို ပေးခဲ့ချိန်မှာ ဇာဟာက ကန်မသွင်းဘဲ စီးတီးခံစစ်ကို လှည့်ပတ်နေခဲ့ပြီးမှ ပြန်ချိုးပေးခဲ့တာကို အိုလီဆေးက နောက်က လိုက်လာတဲ့ ဂါလာဂါရှေ့ကို ချပေးခဲ့ရာမှာ ချဲလ်ဆီးအငှားကစားသမားက ဝေါ်လ်ကာရဲ့ ဘေးကနေ ကန်သွင်းပြီး နှစ်ဂိုး-ဂိုးမရှိဖြစ်စေခဲ့တာပါ။

ပွဲချိန်အပြည့်မှာတော့ မန်စီးတီးတို့ ပြန်မလာနိုင်တော့ဘဲ အိမ်ကွင်းမှာ နှစ်ဂိုး-ဂိုးမရှိနဲ့ ရှုံးပွဲကြုံခဲ့သလို ဦးဆောင်သူ ချဲလ်ဆီးတို့နဲ့ ငါးမှတ်အထိ ပြတ်သွားခဲ့ပြီး ဒီနေ့ပွဲအထိ နောက်ဆုံး ငါးပွဲဆက်တိုက် ရှုံးပွဲမရှိခဲ့တဲ့ ပဲလေ့စ်တို့ကတော့ ဒီရာသီပထမဆုံး အဝေးကွင်းနိုင်ပွဲကို လက်ရှိချန်ပီယံတို့ဆီမှာ ရယူနိုင်ခဲ့ပြီး အဆင့် ၁၃ နေရာမှာ ရပ်တည်နိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

ZAWGYI: မန္ခ်က္စတာစီးတီးတို႔အေနနဲ႔ ဒီေန႔ပြဲကို အိမ္ကြင္းမွာ ႏိုင္ပြဲရယူၿပီး ေရွ႕က ခ်ဲလ္ဆီးနဲ႔ လီဗာပူးလ္တို႔ကို ဖိအားဆက္ေပးႏိုင္ဖို႔ ျပင္ဆင္လာခဲ့ၿပီး ခံစစ္မွာ ဒီယက္စ္နဲ႔ လာေပါ့တ္တို႔ကို ေဝၚလ္ကာ၊ ကန္ဆယ္လိုတို႔နဲ႔ တြဲေပးခဲ့သလို ကြင္းလယ္မွာေတာ့ ႐ိုဒရီ၊ ဘာနာဒို ေဆးလ္ဗား၊ ဒီဘ႐ိုင္းနားတို႔ကို အသုံးျပဳခဲ့ခ်ိန္မွာ တိုက္စစ္မွာေတာ့ ေဂ်ဆူးစ္၊ ဖိုဒန္နဲ႔ ဂရီးလစ္ရွ္တို႔နဲ႔ ခင္းက်င္းလာခဲ့တာျဖစ္ပါတယ္။

ပဲေလ့စ္ကေတာ့ သူတို႔ရဲ႕ လုပ္အားႏႈန္းဦးစားေပးတဲ့ ပုံစံနဲ႔ပဲ အင္အားႀကီးၿပိဳင္ဘက္နဲ႔ အေဝးကြင္းပြဲစဥ္ကို ခ်ဥ္းကပ္လာခဲ့ၿပီး မက္ကာသာ၊ ကူယာေတးနဲ႔ ဂါလာဂါတို႔ကို ကြင္းလယ္မွာ မနားတမ္းကစားႏိုင္ဖို႔ လုပ္ေဆာင္လာခဲ့ခ်ိန္မွာ တိုက္စစ္မွာေတာ့ ဇာဟာ၊ ေအဒူယာနဲ႔ အာယူးတို႔ကို တြဲေပးခဲ့ၿပီး နည္းျပ ဗီယာရာက စနစ္တက် ျပင္ဆင္လာခဲ့တာပါ။

ပြဲခ်ိန္ ၆ မိနစ္မွာ မန္စီးတီးတို႔ ေစာေစာစီးစီး ဂိုးေပးခဲ့ရၿပီး ယုံၾကည္မႈ လြန္ကဲေနတဲ့ ပုံစံနဲ႔ လူမၾကည့္ဘဲ ေနာက္ျပန္ေပးခဲ့တဲ့ လာေပါ့တ္ရဲ႕ အမွားကို ဇာဟာက ျဖတ္ယူသြားခဲ့ၿပီး ခ်န္ထားခဲ့တဲ့ ေဘာလုံးကို ေနာက္က လိုက္လာတဲ့ ဂါလာဂါက သူ႔ရဲ႕ ေျပးလမ္းေၾကာင္းထဲ ထည့္ေပးခဲ့ရာမွာ အိုင္ဗရီကို႔စ္သားက အေဝးတိုင္ဘက္ကို ဘယ္ေျခနဲ႔ ခ်ိဳးကန္သြင္းၿပီး ဂိုးသမား အီဒါဆန္ကို အႏိုင္ယူသြားခဲ့တာျဖစ္ပါတယ္။

ပဲေလ့စ္တို႔ အေဝးကြင္းမွာ စတင္ဦးေဆာင္ႏိုင္ခဲ့ၿပီး စီးတီးတို႔ ေဘာလုံးပိုင္ဆိုင္မႈအသာနဲ႔ ျပန္ဖိကစားခဲ့ေပမယ့္ ခံစစ္မွာ က်စ္က်စ္လ်စ္လ်စ္ကစားေနတဲ့ ဧည့္သည္ေတြကို ထိုးေဖာက္ရခက္ေနခဲ့သလို ပိတ္ဆို႔ထားတဲ့ ေနာက္ခံလူေတြကို မေက်ာ္လြန္တဲ့ ကန္ခ်က္မ်ိဳးေတြပဲ ျပဳလုပ္ေနခဲ့ၿပီး အိမ္ရွင္ေတြ ဘာမွ မတတ္ႏိုင္ဘဲျဖစ္ေနခဲ့တာပါ။

ေဂ်ဆူးစ္ရဲ႕ အဆုံးသတ္မႈေတြကေတာ့ တစ္ဖက္ခံစစ္သမားေတြကို ေစာင့္ေခၚၿပီးမွ ကန္သြင္းေနသလိုမ်ိဳး ေႏွးေကြးေနတာကို ေတြ႕ရၿပီး ပိတ္ကစားေနတဲ့ ပဲေလ့စ္တို႔ေၾကာင့္ စီးတီးတို႔အေနနဲ႔ ကြင္းလယ္နဲ႔ ဂိုးဧရိယာထိပ္ေတြကေနပဲ လွမ္းၿပီး အေဝးကန္ခ်က္ေတြနဲ႔ ထိုးေဖာက္ေနခဲ့ရသလို ျဖတ္တင္ေဘာေတြကိုလည္း အစြန္ဘက္မွာ ေနရာယူထားသူေတြ အသုံးမခ်ႏိုင္ခဲ့တာကို ေတြ႕ခဲ့ရပါတယ္။

နာက်င္အခ်ိန္ပို ၂ မိနစ္မွာေတာ့ ေအဒူယာ ေခါင္းတိုက္ခ်ေပးတဲ့ ေဘာလုံးကို ရယူစဥ္မွာ လွည့္ထြက္ေျပးဖို႔ႀကံတဲ့ ဇာဟာကို ဖက္ထားခဲ့တဲ့ လာေပါ့တ္ တိုက္႐ိုက္အနီကတ္နဲ႔ ထုတ္ပယ္ခံခဲ့ရၿပီး ဒီမတိုင္ခင္ အေစာဆုံးပြဲစဥ္ျဖစ္တဲ့ လက္စတာ-အာဆင္နယ္ပြဲမွာ အူဘာမီယန္းနဲ႔ အီဗန္စ္တို႔ တူညီတဲ့ ျဖစ္ရပ္မ်ိဳး ရွိခဲ့ေပမယ့္ အဝါသာ အျပခံခဲ့ရတာေၾကာင့္ ဘယ္စံႏႈန္းက အမွန္လဲလို႔ ေမးခြန္းထုတ္စရာပါျဖစ္ခဲ့ပါတယ္။

ပထမပိုင္းကို မန္ခ်က္စတာစီးတီးတို႔ တစ္ေယာက္ေလ်ာ့ၿပီး တစ္ဂိုးရႈံးေနခဲ့ခ်ိန္မွာ အေဝးကြင္းလာကစားတဲ့ ပဲေလ့စ္တို႔ကေတာ့ ဒီရာသီ ပထမဆုံး ႏိုင္ပြဲရဖို႔အတြက္ အခြင့္အေရးေကာင္းသြားခဲ့ၿပီး အာဆင္နယ္နဲ႔ပြဲက ေနာက္ဆုံးမိနစ္မွာ ဂိုးေပးရတဲ့ အမွားမ်ိဳးမျဖစ္ေအာင္ ေတာ္ေတာ္ေလး သတိထားၿပီး ကစားလာခဲ့ၾကတာပါ။

ဒုတိယပိုင္းအစမွာလည္း လာေပါ့တ္ေနရာ ႐ိုဒရီကို ဆင္းကစားခိုင္းၿပီး Three Back ဆန္ဆန္လုပ္ေနခဲ့တဲ့ ဂြါဒီယိုလာရဲ႕ ကြင္းလယ္ပိုင္းက ဖန္တီးမႈစြမ္းရည္ကို မစြန႔္ခ်င္တဲ့ ေခါင္းမာမႈကို ျမင္ခဲ့ရၿပီး ပြဲခ်ိန္ ၅၉ မိနစ္ကို ေရာက္ေတာ့မွ ဒီဘ႐ိုင္းနားအစား ဂြၽန္စတုန္းစ္ကို ထည့္ၿပီး ကစားကြက္ ေျပာင္းလဲသြားခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၅၈ မိနစ္မွာ တန္ျပန္တိုက္စစ္ကေန ဂရီးလစ္ရွ္ ဖန္တီးေပးတာ ေကာင္းခဲ့ေပမယ့္ ေဂ်ဆူးစ္က ဂိုးသမားတည့္တည့္ ကန္ခဲ့သလို ပြဲခ်ိန္ မိနစ္ ၆၀ မွာေတာ့ ဖိုဒန္တင္ေပးခဲ့တာကို ညာျခမ္းကေန ေဂ်ဆူးစ္က ေထာင့္က်ဥ္းထဲကေန Volley ကန္ခ်က္နဲ႔ ေခ်ပဂိုးရယူခဲ့ေပမယ့္ ဖိုဒန္ ေဘာလုံးရယူစဥ္မွာ လူကြၽံေနခဲ့လို႔ ပယ္ဖ်က္ခံရၿပီး ေခ်ပဂိုးနဲ႔ ေဝးခဲ့ရပါတယ္။

မန္စီးတီးတို႔ရဲ႕ အဆက္မျပတ္ တိုက္စစ္ဆင္ေနတဲ့ ဒဏ္ကို ခံႏိုင္ဖို႔နဲ႔ ျပန္လည္တိုက္စစ္ဆင္ႏိုင္ဖို႔အတြက္ ပဲေလ့စ္နည္းျပ ဗီယာရာအေနနဲ႔ အာယူး၊ ေအဒူယာနဲ႔ ကူယာေတးတို႔အစား ဘန္တီကီ၊ ရွလု(ပ္)နဲ႔ အိုလီေဆးတို႔ကို လူစားေျပာင္းလဲသြားခဲ့သလို ဂြါဒီယိုလာကေတာ့ ဂရီးလစ္ရွ္နဲ႔ ကန္ဆယ္လိုတို႔ ေနရာမွာ စတာလင္နဲ႔ မာရက္ဇ္တို႔ကို ထည့္သြင္းကစားခဲ့တာပါ။

ပြဲခ်ိန္ ၇၆ မိနစ္မွာ ဂါလာဂါရဲ႕ တစ္ကိုယ္ေတာ္အစြမ္းနဲ႔ လိမ္ေခါက္ကန္သြင္းမႈကို အီဒါဆန္ ကာကြယ္ခဲ့ရၿပီး မန္စီးတီးတို႔ကေတာ့ ေဘာလုံးကိုင္ၿပီး ပဲေလ့စ္ခံစစ္ကို ဘယ္ညာပတ္ေနတာကလြဲရင္ သိပ္ၿပီး အလုပ္မျဖစ္ဘဲ အေဝးကန္ခ်က္ေတြေလာက္ပဲ ျပဳလုပ္ႏိုင္ခဲ့ခ်ိန္မွာ ဗီယာရာ ထည့္လိုက္တဲ့ အိုလီေဆးကေတာ့ ထပ္ၿပီး ထိုးႏွက္ခ်က္ေတြ ေပးစြမ္းႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၈၈ မိနစ္မွာေတာ့ တန္ျပန္တိုက္စစ္ကေန အိုလီေဆး ေဘာလုံးရသြားခဲ့ၿပီး ဒီယက္စ္ကို တစ္ဦးခ်င္း ေက်ာ္ျဖတ္ၿပီးမွ ဇာဟာဆီကို ေပးခဲ့ခ်ိန္မွာ ဇာဟာက ကန္မသြင္းဘဲ စီးတီးခံစစ္ကို လွည့္ပတ္ေနခဲ့ၿပီးမွ ျပန္ခ်ိဳးေပးခဲ့တာကို အိုလီေဆးက ေနာက္က လိုက္လာတဲ့ ဂါလာဂါေရွ႕ကို ခ်ေပးခဲ့ရာမွာ ခ်ဲလ္ဆီးအငွားကစားသမားက ေဝၚလ္ကာရဲ႕ ေဘးကေန ကန္သြင္းၿပီး ႏွစ္ဂိုး-ဂိုးမရွိျဖစ္ေစခဲ့တာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ မန္စီးတီးတို႔ ျပန္မလာႏိုင္ေတာ့ဘဲ အိမ္ကြင္းမွာ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ရႈံးပြဲႀကဳံခဲ့သလို ဦးေဆာင္သူ ခ်ဲလ္ဆီးတို႔နဲ႔ ငါးမွတ္အထိ ျပတ္သြားခဲ့ၿပီး ဒီေန႔ပြဲအထိ ေနာက္ဆုံး ငါးပြဲဆက္တိုက္ ရႈံးပြဲမရွိခဲ့တဲ့ ပဲေလ့စ္တို႔ကေတာ့ ဒီရာသီပထမဆုံး အေဝးကြင္းႏိုင္ပြဲကို လက္ရွိခ်န္ပီယံတို႔ဆီမွာ ရယူႏိုင္ခဲ့ၿပီး အဆင့္ ၁၃ ေနရာမွာ ရပ္တည္ႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။