Premier League

ပါတေးနဲ့ အယ်လ်နန်နီမရှိတဲ့နောက် အာတီတာအဖြေညှိရမယ့် ကွင်းလယ်ပုစ္ဆာ

အာဆင်နယ်အသင်းနည်းပြ အာတီတာက ၎င်းရဲ့ လူစာရင်းထဲက သိသာနေတဲ့ ကွင်းလယ်ပြဿနာကို အဖြေရှာဖို့ လိုအပ်နေပြီလို့ ဝန်ခံပြောကြားခဲ့ပြီး အာဆင်နယ်ဟာ နွေရာသီအပြောင်းအရွှေ့ကာလအတွင်း ကစားသမား ၆ ဦးကို ပေါင်သန်း ၁၅၀ နီးပါးသုံးစွဲပြီး ခေါ်ယူခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းရဲ့ ငွေကြေးအများအပြား သုံးစွဲမှုက ချက်ချင်းလက်ငင်း အကျိုးသက်ရောက်မှု မရှိခဲ့ပေမယ့် ယခုရာသီ ၃ ပွဲဆက်တိုက် နိုင်ပွဲရရှိခဲ့ပြီးနောက် အာတီတာရဲ့အသင်းဟာ ၁၂ မှတ် ရနိုင်ခြေထဲက ၁၀ မှတ်အထိ ရယူနိုင်ခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

အာဆင်နယ်ရဲ့ ၂၀၂၀ ခုနှစ် နွေရာသီမှာ အဓိကခေါ်ယူမှုဖြစ်ခဲ့တဲ့ သောမတ်စ် ပါတေး ခြေချင်းဝတ် ဒဏ်ရာကနေ ပြန်လည်သက်သာပြီး ပါဝင်ကစားပေးနိုင်ခဲ့တာက အသင်းရဲ့နိုင်ပွဲတွေနဲ့ တိုက်ဆိုင်မှုတော့ မဟုတ်ခဲ့ဘဲ အက်သလက်တီကို ကြယ်ပွင့်ဟောင်း ရာသီကြိုမှာ ဒဏ်ရာရရှိပြီးနောက် ကစားခဲ့တဲ့အဖွင့်ပွဲစဉ် ၃ ပွဲစလုံးမှာ ရလဒ်တွေ ဆိုးရွားခဲ့တာက သက်သေခံနေတာဖြစ်ပါတယ်။

အာတီတာက အာဆင်နယ်ကွင်းလယ်ရဲ့ ကျောက်ဆူးအဖြစ် ချီးကျူးခြင်းခံခဲ့ရတဲ့ ပါတေးဟာ ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီးကတည်းက အာဆင်နယ်အသင်း ရှုံးပွဲမရှိခဲ့တဲ့ပွဲစဉ်တိုင်းမှာ ပါဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း နည်းပြ အာတီတာက ဂါနာလက်ရွေးစင်ကွင်းလယ်ကြယ်ပွင့်ကို ယခုရာသီထဲမှာ နောက်ထပ် ကာလရှည် ဆုံးရှုံးရမယ့် အလားအလာနဲ့ ရင်ဆိုင်နေရပြီးဖြစ်ပြီး ပါတေးဟာ ဇန်နဝါရီလ ၉ ရက်နေ့မှာ ကစားရမယ့် အာဖရိကဖလားပြိုင်ပွဲအတွက် ယခုနှစ်ကုန်မှာ ကင်မရွန်းကို ထွက်ခွာဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

သောမတ်စ် ပါတေးဟာ ဂါနာ လက်ရွေးစင်အသင်းအတွက် ဖေဖော်ဝါရီလ ၉ ရက်နေ့အထိ ပါဝင်ကစားပေးသွားရမှာဖြစ်ပြီး အာဆင်နယ်အသင်းအနေနဲ့ အနည်းဆုံး ပရီးမီးယားလိဂ် ၃ ပွဲမှာ ကွင်းလယ်ကြယ်ပွင့်ကစားသမား မပါဝင်ဘဲ ကစားသွားရမယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။

ပါတေးရဲ့ ကွင်းလယ်ကစားသမားဖော်ဖြစ်တဲ့ မိုဟာမက် အယ်လ်နန်နီကလည်း အလားတူပဲ အာဖရိကဖလားပြိုင်ပွဲမှာ အီဂျစ်အသင်းအတွက် ကိုယ်စားပြု ပါဝင်ကစားပေးသွားရမှာဖြစ်တာကြောင့် အာဆင်နယ်အသင်းရဲ့ကွင်းလယ်မှာ ရွေးချယ်စရာအကန့်အသတ်တွေရှိလာမယ့် အဓိပ္ပာယ်ဖြစ်ပြီး အထူးသဖြင့် ချာကာကလည်း လာမယ့်နှစ်သစ်မတိုင်မီအထိ ပြန်လည်သက်သာလာဖွယ်မရှိသေးတဲ့ ဒူးဒဏ်ရာ ရရှိထားတာဖြစ်ပါတယ်။

အဲလ်ဘတ် ဆမ်ဘီ လိုကွန်ဂါနဲ့ မိတ်လန်းနိုင်းလ်စ်တို့ဟာ ဖြစ်နိုင်ဖွယ် ရွေးချယ်စရာဖြစ်လာပေမယ့် နည်းပြ အာတီတာက ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ကစားသမားသစ် ရောက်ရှိလာမှသာ ကွင်းလယ် ကစားသမားတွေကြားက ကွာဟမှုကို လျှော့ချနိုင်မယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်တို့ အဲဒီအချိန်မှာ ဘယ်ရောက်နေမလဲ၊ ဘယ်ကစားသမားတွေ ကျွန်တော်တို့မှာ ရှိနေမလဲ၊ ဘယ်ကစားသမားတွေက အဲဒီအချိန်မှာ အတိအကျ ရှိနေမလဲနဲ့ ဘယ်လောက်ကြာကြာ သွားနိုင်မလဲဆိုတာကို ကြည့်ကြတာပေါ့။ ဘာလို့လဲဆိုတော့ မေးခွန်းထုတ်စရာအချို့ကလည်း ရှိနေလို့ပါ။ ကျွန်တော်တို့ အဖြေကို ရှာဖွေရပါလိမ့်မယ်”

“သူတို့ ထွက်ခွာသွားရမယ်ဆိုရင် သူတို့တွေ ထွက်ခွာရမှာပါ။ ကျွန်တော်တို့ကတော့ သူတို့နေရာအတွက် မှန်ကန်တဲ့ အစားထိုးခေါ်ယူမှုကို ရှာဖွေရမှာပါ”လို့ ပြောကြားခဲ့ပါတယ်။ အာတီတာက ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွက် အာဆင်နယ်ရဲ့အဓိက ထိပ်တန်းဦးစားပေးဟာ ကွင်းလယ်ကစားသမားနဲ့ နောက်ထပ် နောက်ခံတောင်ပံကစားသမား ခေါ်ယူဖို့ ဖြစ်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

အာဆင်နယ်အသင်းရဲ့ တိုက်စစ်မှူးသစ် ရှာဖွေနေမှုကတော့ လာကာဇက်နဲ့ နကီးတီးယားတို့ စာချုပ်သက်တမ်းကုန်ဆုံးမယ့် လာမယ့်နှစ် နွေရာသီအထိ နှောင့်နှေးကြန့်ကြာသွားဖွယ်ရှိနေတာဖြစ်ပါတယ်။ ဂါဘရီယယ်လ် မာတီနယ်လီဟာ ပွဲကစားချိန်ရရှိဖို့အတွက် ရုန်းကန်နေရတဲ့ တိုက်စစ်မှူးဖြစ်ပြီး ယခုရာသီ ဒုတိယပွဲစဉ်ပြီးကတည်းက အရန်ခုံမှာသာ ထိုင်နေခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့် အာတီတာက လာမယ့်ဇန်နဝါရီလမှာ ဘရာဇီးလ်တိုက်စစ်မှူးကို အသင်းကနေ ထွက်ခွာခွင့် ပြုသွားဖို့ ဆန္ဒမရှိဘူးလို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။ “ဟင့်အင်း။ သူ အသင်းကနေ ထွက်ခွာရမှာမဟုတ်ပါဘူး။ သူနဲ့ပတ်သက်ပြီး ကျွန်တော် အရမ်းပျော်ရွှင်နေပါတယ်။ ကျွန်တော်တို့ အဲဒီလိုမျိုးအတွေး ဘာမှ တွေးမနေပါဘူး”လို့ တုံ့ပြန်ခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အာဆင္နယ္အသင္းနည္းၿပ အာတီတာက ၎ရဲ့ လူစာရင္းထဲက သိသာေနတဲ့ ကြင္းလယ္ျပႆနာကို အေျဖရွာဖို႔ လိုအပ္ေနၿပီလို႔ ဝန္ခံေျပာၾကားခဲ့ၿပီး အာဆင္နယ္ဟာ ေႏြရာသီအေျပာင္းအေရႊ႕ကာလအတြင္း ကစားသမား ၆ ဦးကို ေပါင္သန္း ၁၅၀ နီးပါးသုံးစြဲၿပီး ေခၚယူခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္အသင္းရဲ့ ေငြေၾကးအမ်ားအျပား သုံးစြဲမႈက ခ်က္ခ်င္းလက္ငင္း အက်ိဳးသက္ေရာက္မႈ မရွိခဲ့ေပမယ့္ ယခုရာသီ ၃ ပြဲဆက္တိုက္ နိုင္ပြဲရရွိခဲ့ၿပီးေနာက္ အာတီတာရဲ့အသင္းဟာ ၁၂ မွတ္ ရနိုင္ေျခထဲက ၁၀ မွတ္အထိ ရယူနိုင္ခဲ့တာကို ျမင္ေတြ႕ခဲ့ရပါတယ္။

အာဆင္နယ္ရဲ့ ၂၀၂၀ ခုႏွစ္ ေႏြရာသီမွာ အဓိကေခၚယူမႈျဖစ္ခဲ့တဲ့ ေသာမတ္စ္ ပါေတး ေျခခ်င္းဝတ္ ဒဏ္ရာကေန ျပန္လည္သက္သာၿပီး ပါဝင္ကစားေပးနိုင္ခဲ့တာက အသင္းရဲ့နိုင္ပြဲေတြနဲ႔ တိုက္ဆိုင္မႈေတာ့ မဟုတ္ခဲ့ဘဲ အက္သလက္တီကို ၾကယ္ပြင့္ေဟာင္း ရာသီႀကိဳမွာ ဒဏ္ရာရရွိၿပီးေနာက္ ကစားခဲ့တဲ့အဖြင့္ပြဲစဥ္ ၃ ပြဲစလုံးမွာ ရလဒ္ေတြ ဆိုးရြားခဲ့တာက သက္ေသခံေနတာျဖစ္ပါတယ္။

အာတီတာက အာဆင္နယ္ကြင္းလယ္ရဲ့ ေက်ာက္ဆူးအျဖစ္ ခ်ီးက်ဴးျခင္းခံခဲ့ရတဲ့ ပါေတးဟာ ဒဏ္ရာကေန ျပန္လည္သက္သာလာၿပီးကတည္းက အာဆင္နယ္အသင္း ရႈံးပြဲမရွိခဲ့တဲ့ပြဲစဥ္တိုင္းမွာ ပါဝင္ကစားေပးခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း နည္းၿပ အာတီတာက ဂါနာလက္ေရြးစင္ကြင္းလယ္ၾကယ္ပြင့္ကို ယခုရာသီထဲမွာ ေနာက္ထပ္ ကာလရွည္ ဆုံးရႈံးရမယ့္ အလားအလာနဲ႔ ရင္ဆိုင္ေနရၿပီးျဖစ္ၿပီး ပါေတးဟာ ဇန္နဝါရီလ ၉ ရက္ေန႔မွာ ကစားရမယ့္ အာဖရိကဖလားၿပိဳင္ပြဲအတြက္ ယခုႏွစ္ကုန္မွာ ကင္မရြန္းကို ထြက္ခြာဖို႔ ျပင္ဆင္ေနတာျဖစ္ပါတယ္။

ေသာမတ္စ္ ပါေတးဟာ ဂါနာ လက္ေရြးစင္အသင္းအတြက္ ေဖေဖာ္ဝါရီလ ၉ ရက္ေန႔အထိ ပါဝင္ကစားေပးသြားရမွာျဖစ္ၿပီး အာဆင္နယ္အသင္းအေနနဲ႔ အနည္းဆုံး ပရီးမီးယားလိဂ္ ၃ ပြဲမွာ ကြင္းလယ္ၾကယ္ပြင့္ကစားသမား မပါဝင္ဘဲ ကစားသြားရမယ္ဆိုတဲ့ အဓိပၸာယ္ျဖစ္ပါတယ္။

ပါေတးရဲ့ ကြင္းလယ္ကစားသမားေဖာ္ျဖစ္တဲ့ မိုဟာမက္ အယ္လ္နန္နီကလည္း အလားတူပဲ အာဖရိကဖလားၿပိဳင္ပြဲမွာ အီဂ်စ္အသင္းအတြက္ ကိုယ္စားျပဳ ပါဝင္ကစားေပးသြားရမွာျဖစ္တာေၾကာင့္ အာဆင္နယ္အသင္းရဲ့ကြင္းလယ္မွာ ေရြးခ်ယ္စရာအကန႔္အသတ္ေတြရွိလာမယ့္ အဓိပၸာယ္ျဖစ္ၿပီး အထူးသျဖင့္ ခ်ာကာကလည္း လာမယ့္ႏွစ္သစ္မတိုင္မီအထိ ျပန္လည္သက္သာလာဖြယ္မရွိေသးတဲ့ ဒူးဒဏ္ရာ ရရွိထားတာျဖစ္ပါတယ္။

အဲလ္ဘတ္ ဆမ္ဘီ လိုကြန္ဂါနဲ႔ မိတ္လန္းနိုင္းလ္စ္တို႔ဟာ ျဖစ္နိုင္ဖြယ္ ေရြးခ်ယ္စရာျဖစ္လာေပမယ့္ နည္းၿပ အာတီတာက ဇန္နဝါရီအေျပာင္းအေရႊ႕ကာလမွာ ကစားသမားသစ္ ေရာက္ရွိလာမွသာ ကြင္းလယ္ ကစားသမားေတြၾကားက ကြာဟမႈကို ေလၽွာ့ခ်နိုင္မယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ကၽြန္ေတာ္တို႔ အဲဒီအခ်ိန္မွာ ဘယ္ေရာက္ေနမလဲ၊ ဘယ္ကစားသမားေတြ ကၽြန္ေတာ္တို႔မွာ ရွိေနမလဲ၊ ဘယ္ကစားသမားေတြက အဲဒီအခ်ိန္မွာ အတိအက် ရွိေနမလဲနဲ႔ ဘယ္ေလာက္ၾကာၾကာ သြားနိုင္မလဲဆိုတာကို ၾကည့္ၾကတာေပါ့။ ဘာလို႔လဲဆိုေတာ့ ေမးခြန္းထုတ္စရာအခ်ိဳ႕ကလည္း ရွိေနလို႔ပါ။ ကၽြန္ေတာ္တို႔ အေျဖကို ရွာေဖြရပါလိမ့္မယ္”

“သူတို႔ ထြက္ခြာသြားရမယ္ဆိုရင္ သူတို႔ေတြ ထြက္ခြာရမွာပါ။ ကၽြန္ေတာ္တို႔ကေတာ့ သူတို႔ေနရာအတြက္ မွန္ကန္တဲ့ အစားထိုးေခၚယူမႈကို ရွာေဖြရမွာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။ အာတီတာက ဇန္နဝါရီအေျပာင္းအေရႊ႕ကာလအတြက္ အာဆင္နယ္ရဲ့အဓိက ထိပ္တန္းဦးစားေပးဟာ ကြင္းလယ္ကစားသမားနဲ႔ ေနာက္ထပ္ ေနာက္ခံေတာင္ပံကစားသမား ေခၚယူဖို႔ ျဖစ္လိမ့္မယ္လို႔ ေျပာၾကားခဲ့ပါတယ္။

အာဆင္နယ္အသင္းရဲ့ တိုက္စစ္မႉးသစ္ ရွာေဖြေနမႈကေတာ့ လာကာဇက္နဲ႔ နကီးတီးယားတို႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးမယ့္ လာမယ့္ႏွစ္ ေႏြရာသီအထိ ေႏွာင့္ေႏွးၾကန႔္ၾကာသြားဖြယ္ရွိေနတာျဖစ္ပါတယ္။ ဂါဘရီယယ္လ္ မာတီနယ္လီဟာ ပြဲကစားခ်ိန္ရရွိဖို႔အတြက္ ႐ုန္းကန္ေနရတဲ့ တိုက္စစ္မႉးျဖစ္ၿပီး ယခုရာသီ ဒုတိယပြဲစဥ္ၿပီးကတည္းက အရန္ခုံမွာသာ ထိုင္ေနခဲ့ရတာျဖစ္ပါတယ္။

ဒါေပမယ့္ အာတီတာက လာမယ့္ဇန္နဝါရီလမွာ ဘရာဇီးလ္တိုက္စစ္မႉးကို အသင္းကေန ထြက္ခြာခြင့္ ျပဳသြားဖို႔ ဆႏၵမရွိဘူးလို႔ ထပ္ေလာင္း ေျပာၾကားခဲ့ပါတယ္။ “ဟင့္အင္း။ သူ အသင္းကေန ထြက္ခြာရမွာမဟုတ္ပါဘူး။ သူနဲ႔ပတ္သက္ၿပီး ကၽြန္ေတာ္ အရမ္းေပ်ာ္ရႊင္ေနပါတယ္။ ကၽြန္ေတာ္တို႔ အဲဒီလိုမ်ိဳးအေတြး ဘာမွ ေတြးမေနပါဘူး”လို႔ တုံ႔ျပန္ခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.