Match Report Premier League

ဆိုးလ်ရှားရဲ့ ဆိုးရွားတဲ့ ပုံစံနဲ့ လက်စတာကွင်းမှာ ရှုံးပွဲတွေ့တဲ့ မန်ချက်စတာယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီနေ့ပွဲမှာ လက်စတာစီးတီးအသင်းကို အနိုင်ယူနိုင်ဖို့အတွက် ပြင်ဆင်လာခဲ့ပြီး ပုံမှန်မဟုတ်တဲ့ မာတစ်ချ်+ပေါ့ဘာ ကွင်းလယ်အတွဲကို ထုတ်သုံးခဲ့သလို တိုက်စစ်မှာတော့ ဘရူနို ဖာနန်ဒက်စ်ကို ဖန်တီးဖို့ တာဝန်ပေးခဲ့ပြီး ဆန်ချို၊ ဂရင်းဝုဒ်နဲ့ ရော်နယ်လ်ဒိုတို့က ရှေ့တန်းမှာ ပွဲထွက်ခဲ့ကြတာပါ။

လက်စတာကတော့ ၃-၅-၂ ပုံစံကိုပဲ အိမ်ကွင်းမှာ ဆက်လက်သုံးစွဲလာခဲ့ပြီး ခံစစ်အတွက် စိတ်ချနိုင်မှုနဲ့အတူ အားကိုးရမယ့် တီးလီးမန်းနဲ့ ဆူမာရေးအတွဲကို အန်ဒီဒီ မပါချိန်မှာ ပွဲထုတ်ခဲ့သလို တိုက်စစ်မှာတော့ ဗာဒီနဲ့ အီဟန်နာချိုတို့နှစ်ယောက်ကို တင်ပြီး နောက်ကနေ မက်ဒီဆန်က Link Man အဖြစ် လိုက်ပါကစားခဲ့ပါတယ်။

ပွဲစတာနဲ့ အိမ်ရှင် လက်စတာတို့ သူတို့ရဲ့ ထရိတ်မတ် ပြေးအားတွေနဲ့ ယူနိုက်တက်တို့ကို ဖိအားပေးနိုင်ခဲ့ပြီး ကွင်းလယ်ဖန်တီးရှင် မက်ဒီဆန်ကလည်း ထူးထူးခြားခြား ခြေပေါ်နေခဲ့သလို အဖျက်မပိုင်တဲ့ ပေါ့ဘာနဲ့ လေးလံတဲ့ မာတစ်ချ်တို့ကြားကနေ ကောင်းကောင်းတိုးနိုင်ခဲ့တာကို တွေ့ရပြီး နည်းပြ ဆိုးလ်ရှားရဲ့ အတွဲအဖက်က မှားပြီလို့ ဆိုရမလိုဖြစ်ခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ကတော့ ဆန်ချိုရဲ့ ဘယ်ခြမ်းက လုံးဝ အလုပ်မဖြစ်ခဲ့တာကို တွေ့ရသလို ဂရင်းဝုဒ်ရဲ့ ညာပေါက်တစ်ပေါက်တည်းကသာ ထိုးဖောက်နိုင်ချိန်မှာ ဒီတစ်နေရာကနေပဲ အဖွင့်ဂိုး စတင်ရရှိသွားခဲ့ပြီး ပွဲချိန် ၁၉ မိနစ်မှာတော့ အနီးကပ် မပိတ်ဆို့ဘဲ လွှတ်ပေးထားတဲ့ လက်စတာ နောက်တန်းတွေရှေ့က ဆွဲယူပြီး အဝေးကနေ ကန်သွင်းခဲ့ရာမှာ ရှေ့ရောက်နေတဲ့ ရှမိုက်ကယ် အငိုက်မိပြီး ဧည့်သည်တွေအတွက် အဖွင့်ဂိုးရခဲ့တာပါ။

လက်စတာတို့ကတော့ ဂိုးပေးလိုက်ရပေမယ့် ထိုးဖောက်မှုတွေက သိပ်မဟုတ်ခဲ့သလို ယူနိုက်တက်နောက်တန်းနဲ့ ဂိုးသမား ဒဟေးယားအတွက် ထရိန်နင် ဆင်းပေးသလိုလုပ်နေခဲ့ပြီး ဖြတ်တင်ဘောတွေနဲ့ ဧရိယာအတွင်း ပေးပို့မှုတွေက အကောင်းဆုံး နားလည်မှုမျိုးနဲ့ တိကျမှုမျိုး ရှိမနေခဲ့တာကိုလည်း တွေ့ခဲ့ရချိန်မှာ ၂၈ မိနစ်မှာတော့ ရော်နယ်လ်ဒိုက ဒုတိယဂိုး ရနိုင်ခွင့်ကို ရှမိုက်ကယ်တည့်တည့် ကန်ခဲ့ပါတယ်။

ပွဲချိန် ၃၁ မိနစ်မှာတော့ လက်စတာတို့ ချေပဂိုးပြန်လည်သွင်းယူသွားနိုင်ခဲ့ပြီး မက်ဂွိုင်းယားရဲ့ ပေါ့လျော့မှုကနေ အီဟန်နာချိုက လုယူသွားခဲ့ပြီး အတွင်းကို ပြန်လည်ချိုးပေးခဲ့ရာမှာ တီးလီးမန်းစ်က ပါးနပ်တဲ့ ကန်ချက်နဲ့ ဖြတ်တင်ဘော ပေးပို့ချင်ယောင်ဆောင်ပြီး အဝေးတိုင်အပေါ်ထောင့်ကို ကန်သွင်းယူခဲ့ရာမှာ ဂိုးသမား ဒဟေးယား ဘာမှမလုပ်နိုင်ဘဲ ခံလိုက်ရတာလည်းဖြစ်ပါတယ်။

ပထမပိုင်းမှာတော့ နှစ်ဖက်စလုံး ဦးဆောင်ဂိုး ရှာဖွေနိုင်ဖို့ အပြိုင်အဆိုင် ကြိုးစားနေခဲ့ကြသလို ရော်နယ်လ်ဒို၊ ဖာနန်ဒက်စ်နဲ့ အီဟန်နာချိုတို့ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့တဲ့အတွက် လက်စတာနဲ့ ယူနိုက်တက်တို့ကြား တစ်ဂိုးစီသရေ ရလဒ်နဲ့ပဲ ၄၅ မိနစ်ကို ရပ်နားခဲ့ကြရပါတယ်။

ဒုတိယပိုင်းစစချင်းမှာ အီဟန်နာချိုရဲ့ ကန်ချက်ကို ဒဟေးယား ကာကွယ်ခဲ့ရပြီး အဖြုန်းအတီးများနေခဲ့တဲ့ မိနစ်တွေမှာတော့ လက်စတာနဲ့ ယူနိုက်တက်တို့ ဂိုးပေါက်ကန်ချက်တောင် ကောင်းကောင်းမပြုလုပ်နိုင်ဘဲ အခွင့်အရေးတွေကို လွဲချော်နေခဲ့ကြသလို ဂရင်းဝုဒ်ရဲ့ အနီးကပ် ပိတ်သွင်းချက်ကိုလည်း ရှမိုက်ကယ် ကာကွယ်သွားနိုင်ခဲ့တာပါ။

ဒီနောက်ပိုင်းမှာတော့ ဆန်ချိုအစား ရက်ရှ်ဖို့ဒ် ဝင်လာခဲ့သလို လက်စတာဘက်ကလည်း မက်ဒီဆန်နဲ့ အီဟန်နာချိုတို့အစား အယိုဇေ ပီရက်ဇ်နဲ့ ဒါကာတို့ကို လဲပြီး တိုက်စစ်မြှင့်ခဲ့ပြီး ပွဲချိန် ၇၈ မိနစ်မှာတော့ ထောင့်ကန်ဘောကနေ ဒါကာရဲ့ ပိတ်သွင်းမှုကို ဒဟေးယား ကာကွယ်လို့ ပြန်ထွက်လာတာကို နောက်ခံလူ ဆိုယွန်ကျူက အနီးကပ် ကန်သွင်းပြီး လက်စတာတို့ကို ဦးဆောင်စေခဲ့ပါတယ်။

ပွဲချိန် မိနစ် ၈၀ မှာတော့ မာတစ်ချ်နဲ့ ဂရင်းဝုဒ်အစား မက်တော်မီနေးနဲ့ လင်ဂတ်တို့ကို လူစားလဲခဲ့သလို ၈၂ မိနစ်မှာတော့ ယူနိုက်တက်တို့ သရေရစေမယ့် ဂိုးကို ပြန်လည်ရှာဖွေနိုင်ခဲ့ပြီး လူစားဝင်လာတဲ့ ရက်ရှ်ဖို့ဒ်က လင်ဒီလော့ဖ် ပေးတဲ့ အဝေးဘောကို လိုက်လံရယူပြီးမှ ဂိုးသမားနဲ့အတွေ့မှာ သွေးအေးအေးနဲ့ အဆုံးသတ်သွားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ယူနိုက်တက်တို့ရဲ့ မျှော်လင့်ချက်က ကြာကြာမခံခဲ့ဘဲ ပွဲချိန် ၈၃ မိနစ်မှာတော့ တောင်ပံကနေ အယိုဇေ ပီရက်ဇ်ရဲ့ ဖြတ်တင်ဘော ပေးပို့မှုကို ဗာဒီက နောက်ခံလူ ၆ ယောက်ရှိနေတဲ့ကြားက လွတ်ထွက်သွားခဲ့ပြီး မနားတမ်း ကန်သွင်းယူခဲ့ရာမှာ လက်စတာတို့ သုံးဂိုး-နှစ်ဂိုးနဲ့ ပြန်လည် ဦးဆောင်နိုင်ခဲ့ပါတယ်။

လက်ကျန်ပွဲချိန်တွေမှာ ယူနိုက်တက်တို့ ချေပဂိုးရှာဖွေဖို့ ကြိုးစားခဲ့ပေမယ့်လည်း ရော်နယ်လ်ဒို ဦးဆောင်တဲ့ တိုက်စစ်အတွက် နည်းပြ ဆိုးလ်ရှား အဖြေမပေးနိုင်ခဲ့သလို နာကျင်အချိန်ပို ၁ မိနစ်မှာတော့ တီးလီးမန်းစ်ရဲ့ ဖရီးကစ်ကနေ အယိုဇေ ပီရက်ဇ်ကပဲ ခေါင်းတိုက်ချပေးတာကို ဒါကာက အနီးကပ် ပိတ်ခွင့်ရတဲ့ အခွင့်အရေးကို လွဲချော်ပြီးမှ ခြေထောက်ကြား ကျန်နေတဲ့ ဘောလုံးကို ဂိုးပိုက်ထဲ ထပ်မံကန်သွင်းယူနိုင်ခဲ့လို့ လက်စတာတို့ စတုတ္ထဂိုး ရရှိခဲ့တာပါ။

ပွဲချိန်အပြည့်မှာတော့ လက်စတာတို့ အိမ်ကွင်းမှာ မန်ချက်စတာယူနိုက်တက်ကို လေးဂိုး-နှစ်ဂိုးနဲ့ အနိုင်ရခဲ့ပြီး အမှတ်ပေးဇယားမှာ အဆင့် ၁၁ နေရာကို ပြန်ယူနိုင်ခဲ့ချိန်မှာ ဘယ်တောင်ပံနဲ့ ကွင်းလယ်ကို ဘယ်လိုပုံဖော်ရမှန်းမသိတဲ့ ဆိုးလ်ရှားတို့အဖွဲ့ကတော့ အသင်းရဲ့ ၂၉ ပွဲဆက်တိုက် အဝေးကွင်းရှုံးပွဲမရှိစံချိန် ရပ်တန့်ခဲ့ရသလို အဲဗာတန်နဲ့ စပါးစ်အသင်းတွေ မကန်ခင်မှာ အဆင့် ၅ နေရာကိုသာ ရပ်တည်နိုင်ခဲ့ပြီး ဆိုးရွားတဲ့ ရှုံးပွဲတစ်ပွဲကိုပဲ စာရင်းတိုးနိုင်ခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ဒီေန႔ပြဲမွာ လက္စတာစီးတီးအသင္းကို အႏိုင္ယူႏိုင္ဖို႔အတြက္ ျပင္ဆင္လာခဲ့ၿပီး ပုံမွန္မဟုတ္တဲ့ မာတစ္ခ်္+ေပါ့ဘာ ကြင္းလယ္အတြဲကို ထုတ္သုံးခဲ့သလို တိုက္စစ္မွာေတာ့ ဘ႐ူႏို ဖာနန္ဒက္စ္ကို ဖန္တီးဖို႔ တာဝန္ေပးခဲ့ၿပီး ဆန္ခ်ိဳ၊ ဂရင္းဝုဒ္နဲ႔ ေရာ္နယ္လ္ဒိုတို႔က ေရွ႕တန္းမွာ ပြဲထြက္ခဲ့ၾကတာပါ။

လက္စတာကေတာ့ ၃-၅-၂ ပုံစံကိုပဲ အိမ္ကြင္းမွာ ဆက္လက္သုံးစြဲလာခဲ့ၿပီး ခံစစ္အတြက္ စိတ္ခ်ႏိုင္မႈနဲ႔အတူ အားကိုးရမယ့္ တီးလီးမန္းနဲ႔ ဆူမာေရးအတြဲကို အန္ဒီဒီ မပါခ်ိန္မွာ ပြဲထုတ္ခဲ့သလို တိုက္စစ္မွာေတာ့ ဗာဒီနဲ႔ အီဟန္နာခ်ိဳတို႔ႏွစ္ေယာက္ကို တင္ၿပီး ေနာက္ကေန မက္ဒီဆန္က Link Man အျဖစ္ လိုက္ပါကစားခဲ့ပါတယ္။

ပြဲစတာနဲ႔ အိမ္ရွင္ လက္စတာတို႔ သူတို႔ရဲ႕ ထရိတ္မတ္ ေျပးအားေတြနဲ႔ ယူႏိုက္တက္တို႔ကို ဖိအားေပးႏိုင္ခဲ့ၿပီး ကြင္းလယ္ဖန္တီးရွင္ မက္ဒီဆန္ကလည္း ထူးထူးျခားျခား ေျခေပၚေနခဲ့သလို အဖ်က္မပိုင္တဲ့ ေပါ့ဘာနဲ႔ ေလးလံတဲ့ မာတစ္ခ်္တို႔ၾကားကေန ေကာင္းေကာင္းတိုးႏိုင္ခဲ့တာကို ေတြ႕ရၿပီး နည္းျပ ဆိုးလ္ရွားရဲ႕ အတြဲအဖက္က မွားၿပီလို႔ ဆိုရမလိုျဖစ္ခဲ့ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ကေတာ့ ဆန္ခ်ိဳရဲ႕ ဘယ္ျခမ္းက လုံးဝ အလုပ္မျဖစ္ခဲ့တာကို ေတြ႕ရသလို ဂရင္းဝုဒ္ရဲ႕ ညာေပါက္တစ္ေပါက္တည္းကသာ ထိုးေဖာက္ႏိုင္ခ်ိန္မွာ ဒီတစ္ေနရာကေနပဲ အဖြင့္ဂိုး စတင္ရရွိသြားခဲ့ၿပီး ပြဲခ်ိန္ ၁၉ မိနစ္မွာေတာ့ အနီးကပ္ မပိတ္ဆို႔ဘဲ လႊတ္ေပးထားတဲ့ လက္စတာ ေနာက္တန္းေတြေရွ႕က ဆြဲယူၿပီး အေဝးကေန ကန္သြင္းခဲ့ရာမွာ ေရွ႕ေရာက္ေနတဲ့ ရွမိုက္ကယ္ အငိုက္မိၿပီး ဧည့္သည္ေတြအတြက္ အဖြင့္ဂိုးရခဲ့တာပါ။

လက္စတာတို႔ကေတာ့ ဂိုးေပးလိုက္ရေပမယ့္ ထိုးေဖာက္မႈေတြက သိပ္မဟုတ္ခဲ့သလို ယူႏိုက္တက္ေနာက္တန္းနဲ႔ ဂိုးသမား ဒေဟးယားအတြက္ ထရိန္နင္ ဆင္းေပးသလိုလုပ္ေနခဲ့ၿပီး ျဖတ္တင္ေဘာေတြနဲ႔ ဧရိယာအတြင္း ေပးပို႔မႈေတြက အေကာင္းဆုံး နားလည္မႈမ်ိဳးနဲ႔ တိက်မႈမ်ိဳး ရွိမေနခဲ့တာကိုလည္း ေတြ႕ခဲ့ရခ်ိန္မွာ ၂၈ မိနစ္မွာေတာ့ ေရာ္နယ္လ္ဒိုက ဒုတိယဂိုး ရႏိုင္ခြင့္ကို ရွမိုက္ကယ္တည့္တည့္ ကန္ခဲ့ပါတယ္။

ပြဲခ်ိန္ ၃၁ မိနစ္မွာေတာ့ လက္စတာတို႔ ေခ်ပဂိုးျပန္လည္သြင္းယူသြားႏိုင္ခဲ့ၿပီး မက္ဂြိဳင္းယားရဲ႕ ေပါ့ေလ်ာ့မႈကေန အီဟန္နာခ်ိဳက လုယူသြားခဲ့ၿပီး အတြင္းကို ျပန္လည္ခ်ိဳးေပးခဲ့ရာမွာ တီးလီးမန္းစ္က ပါးနပ္တဲ့ ကန္ခ်က္နဲ႔ ျဖတ္တင္ေဘာ ေပးပို႔ခ်င္ေယာင္ေဆာင္ၿပီး အေဝးတိုင္အေပၚေထာင့္ကို ကန္သြင္းယူခဲ့ရာမွာ ဂိုးသမား ဒေဟးယား ဘာမွမလုပ္ႏိုင္ဘဲ ခံလိုက္ရတာလည္းျဖစ္ပါတယ္။

ပထမပိုင္းမွာေတာ့ ႏွစ္ဖက္စလုံး ဦးေဆာင္ဂိုး ရွာေဖြႏိုင္ဖို႔ အၿပိဳင္အဆိုင္ ႀကိဳးစားေနခဲ့ၾကသလို ေရာ္နယ္လ္ဒို၊ ဖာနန္ဒက္စ္နဲ႔ အီဟန္နာခ်ိဳတို႔ အခြင့္အေရးေတြကို အသုံးမခ်ႏိုင္ခဲ့တဲ့အတြက္ လက္စတာနဲ႔ ယူႏိုက္တက္တို႔ၾကား တစ္ဂိုးစီသေရ ရလဒ္နဲ႔ပဲ ၄၅ မိနစ္ကို ရပ္နားခဲ့ၾကရပါတယ္။

ဒုတိယပိုင္းစစခ်င္းမွာ အီဟန္နာခ်ိဳရဲ႕ ကန္ခ်က္ကို ဒေဟးယား ကာကြယ္ခဲ့ရၿပီး အျဖဳန္းအတီးမ်ားေနခဲ့တဲ့ မိနစ္ေတြမွာေတာ့ လက္စတာနဲ႔ ယူႏိုက္တက္တို႔ ဂိုးေပါက္ကန္ခ်က္ေတာင္ ေကာင္းေကာင္းမျပဳလုပ္ႏိုင္ဘဲ အခြင့္အေရးေတြကို လြဲေခ်ာ္ေနခဲ့ၾကသလို ဂရင္းဝုဒ္ရဲ႕ အနီးကပ္ ပိတ္သြင္းခ်က္ကိုလည္း ရွမိုက္ကယ္ ကာကြယ္သြားႏိုင္ခဲ့တာပါ။

ဒီေနာက္ပိုင္းမွာေတာ့ ဆန္ခ်ိဳအစား ရက္ရွ္ဖို႔ဒ္ ဝင္လာခဲ့သလို လက္စတာဘက္ကလည္း မက္ဒီဆန္နဲ႔ အီဟန္နာခ်ိဳတို႔အစား အယိုေဇ ပီရက္ဇ္နဲ႔ ဒါကာတို႔ကို လဲၿပီး တိုက္စစ္ျမႇင့္ခဲ့ၿပီး ပြဲခ်ိန္ ၇၈ မိနစ္မွာေတာ့ ေထာင့္ကန္ေဘာကေန ဒါကာရဲ႕ ပိတ္သြင္းမႈကို ဒေဟးယား ကာကြယ္လို႔ ျပန္ထြက္လာတာကို ေနာက္ခံလူ ဆိုယြန္က်ဴက အနီးကပ္ ကန္သြင္းၿပီး လက္စတာတို႔ကို ဦးေဆာင္ေစခဲ့ပါတယ္။

ပြဲခ်ိန္ မိနစ္ ၈၀ မွာေတာ့ မာတစ္ခ်္နဲ႔ ဂရင္းဝုဒ္အစား မက္ေတာ္မီေနးနဲ႔ လင္ဂတ္တို႔ကို လူစားလဲခဲ့သလို ၈၂ မိနစ္မွာေတာ့ ယူႏိုက္တက္တို႔ သေရရေစမယ့္ ဂိုးကို ျပန္လည္ရွာေဖြႏိုင္ခဲ့ၿပီး လူစားဝင္လာတဲ့ ရက္ရွ္ဖို႔ဒ္က လင္ဒီေလာ့ဖ္ ေပးတဲ့ အေဝးေဘာကို လိုက္လံရယူၿပီးမွ ဂိုးသမားနဲ႔အေတြ႕မွာ ေသြးေအးေအးနဲ႔ အဆုံးသတ္သြားခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္ ယူႏိုက္တက္တို႔ရဲ႕ ေမွ်ာ္လင့္ခ်က္က ၾကာၾကာမခံခဲ့ဘဲ ပြဲခ်ိန္ ၈၃ မိနစ္မွာေတာ့ ေတာင္ပံကေန အယိုေဇ ပီရက္ဇ္ရဲ႕ ျဖတ္တင္ေဘာ ေပးပို႔မႈကို ဗာဒီက ေနာက္ခံလူ ၆ ေယာက္ရွိေနတဲ့ၾကားက လြတ္ထြက္သြားခဲ့ၿပီး မနားတမ္း ကန္သြင္းယူခဲ့ရာမွာ လက္စတာတို႔ သုံးဂိုး-ႏွစ္ဂိုးနဲ႔ ျပန္လည္ ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

လက္က်န္ပြဲခ်ိန္ေတြမွာ ယူႏိုက္တက္တို႔ ေခ်ပဂိုးရွာေဖြဖို႔ ႀကိဳးစားခဲ့ေပမယ့္လည္း ေရာ္နယ္လ္ဒို ဦးေဆာင္တဲ့ တိုက္စစ္အတြက္ နည္းျပ ဆိုးလ္ရွား အေျဖမေပးႏိုင္ခဲ့သလို နာက်င္အခ်ိန္ပို ၁ မိနစ္မွာေတာ့ တီးလီးမန္းစ္ရဲ႕ ဖရီးကစ္ကေန အယိုေဇ ပီရက္ဇ္ကပဲ ေခါင္းတိုက္ခ်ေပးတာကို ဒါကာက အနီးကပ္ ပိတ္ခြင့္ရတဲ့ အခြင့္အေရးကို လြဲေခ်ာ္ၿပီးမွ ေျခေထာက္ၾကား က်န္ေနတဲ့ ေဘာလုံးကို ဂိုးပိုက္ထဲ ထပ္မံကန္သြင္းယူႏိုင္ခဲ့လို႔ လက္စတာတို႔ စတုတၳဂိုး ရရွိခဲ့တာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ လက္စတာတို႔ အိမ္ကြင္းမွာ မန္ခ်က္စတာယူႏိုက္တက္ကို ေလးဂိုး-ႏွစ္ဂိုးနဲ႔ အႏိုင္ရခဲ့ၿပီး အမွတ္ေပးဇယားမွာ အဆင့္ ၁၁ ေနရာကို ျပန္ယူႏိုင္ခဲ့ခ်ိန္မွာ ဘယ္ေတာင္ပံနဲ႔ ကြင္းလယ္ကို ဘယ္လိုပုံေဖာ္ရမွန္းမသိတဲ့ ဆိုးလ္ရွားတို႔အဖြဲ႕ကေတာ့ အသင္းရဲ႕ ၂၉ ပြဲဆက္တိုက္ အေဝးကြင္းရႈံးပြဲမရွိစံခ်ိန္ ရပ္တန႔္ခဲ့ရသလို အဲဗာတန္နဲ႔ စပါးစ္အသင္းေတြ မကန္ခင္မွာ အဆင့္ ၅ ေနရာကိုသာ ရပ္တည္ႏိုင္ခဲ့ၿပီး ဆိုး႐ြားတဲ့ ရႈံးပြဲတစ္ပြဲကိုပဲ စာရင္းတိုးႏိုင္ခဲ့ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.