Premier League Transfer News

လီဗာပူးလ္ကို ဘာလို႔ ဆာေနးမသြားႏုိင္ရမွာလဲလို႔ ေမးခြန္းထုတ္လုိက္တဲ့ ဒန္နီ ေမးလ္စ္

မန္ခ်က္စတာစီးတီးနဲ႔ လိဒ္စ္ယူႏုိက္တက္ေနာက္ခံလူေဟာင္း ဒန္နီ ေမးလ္စ္က ဂ်ာမန္ေတာင္ပံကစားသမား လီရြဳိင္း ဆာေနးအေနနဲ႔ အစ္တီဟတ္ကေန ထြက္ခြာမယ္ဆိုရင္ ဘာျဖစ္လို႔ လီဗာပူးလ္အသင္းကို ေျပာင္းေရႊ႕လို႔ မရႏိုင္မွာလဲ ေမးခြန္းထုတ္လုိက္ၿပီး ဒီအသင္းဟာ သူေရာက္ႏုိင္တဲ့ အသင္းတစ္သင္းအျဖစ္ ခန္႔မွန္းလုိက္ပါတယ္။

ေမးလ္စ္က ေဘာလုံးေလာကမွာ ကစားသမားတစ္ေယာက္ အသင္းတစ္သင္းကေန တစ္သင္းကို ေျပာင္းလဲကစားတာဟာ ဓမၼတာပဲျဖစ္ၿပီး ျပင္းထန္တဲ့ ၿပဳိင္ဆုိင္မွဳေတြနဲ႔ ၿပဳိင္ဘက္ေတြကို အားျဖည့္ေပးလုိက္သလို ျဖစ္သြားမယ္ဆုိတဲ့ အ႐ိုးစြဲေနတဲ့ အေတြးအေခၚေတြကို ထည့္မတြက္သင့္ေတာ့ဘူးလို႔လည္း ေျပာၾကားလုိက္ပါတယ္။

“တကယ္က အသင္းေတြအေနနဲ႔ သူတုိ႔ရဲ႕ ႀကီးမားတဲ့ ၿပဳိင္ဘက္ေတြဆီကို ကစားသမားေကာင္းေတြ ေရာင္းခ်မေပးခ်င္တဲ့ ျပႆနာပါ။ တကယ္လို႔ လီဗာပူးလ္ကသာ ဆာေနးကို ေခၚယူမယ္ဆုိရင္ မန္ခ်က္စတာစီးတီးအေနနဲ႔ အခြင့္အေရးေပးႏုိင္ရမွာေပါ့ဗ်ာ။ အရင္ကလည္း ဒီထက္ ဆုိးရြားတဲ့ အေျပာင္းအေရႊ႕ေတြေတာင္ ရွိခဲ့ဖူးၿပီပဲ။ မန္ခ်က္စတာယူႏုိက္တက္-လီဗာပူးလ္၊ လိဒ္စ္-မန္ခ်က္စတာယူႏုိက္တက္တို႔ေလာက္လည္း ခါးသီးတဲ့ ၿပဳိင္ဘက္ေတြမွ မဟုတ္တာ”လို႔ ေမးလ္စ္က ေျပာၾကားလိုက္ပါတယ္။

ဒါေပမယ့္ မန္ခ်က္စတာစီးတီးကြင္းလယ္ကစားသမားေဟာင္း အိုဝင္ ဟာဂရိဗ္စ္ကေတာ့ ဂ်ာမန္ကစားသမားတစ္ေယာက္အဖို႔ ဘုိင္ယန္ျမဴးနစ္ကသာ ထိပ္တန္းရည္မွန္းခ်က္ျဖစ္လိမ့္မယ္လို႔ ခန္႔မွန္းသြားခဲ့ၿပီး ဆာေနးအေနနဲ႔ မန္စီးတီးကေန ထြက္ခြာတဲ့အခါ ဘုိင္ယန္မဟုတ္ရင္ ဂ်ဴဗင္တပ္စ္၊ ဘာစီလိုနာနဲ႔ ရီးရဲလ္မက္ဒရစ္အသင္းေတြအတြက္ပဲ ျဖစ္လိမ့္မယ္လို႔ ခန္႔မွန္းထားပါတယ္။

မန္ခ်က္စတာစီးတီးနည္းျပ ပက္ပ္ ဂြါဒီယိုလာကေတာ့ သူ႕ရဲ႕ ကစားသမားကို ဆက္လက္ထိန္းသိမ္းႏုိင္ဖို႔ ေမွ်ာ္လင့္ေနၿပီး အသင္းကေန ေရာင္းခ်သြားမယ္ဆုိရင္ ဆာေနးထက္ အယ္လ္ဂ်ီးရီးယားေတာင္ပံကစားသမား ရီယက္ မာရက္ဇ္ကိုပဲ ျဖစ္ေစခ်င္တယ္လုိ႔ ပရိသတ္ေတြကလည္း ဆႏၵျပဳထားတာေၾကာင့္ ၁၂ လ က်န္စာခ်ဳပ္မွာ ဘာေတြျဖစ္လာဦးမလဲ ေစာင့္ၾကည့္သြားရဖို႔ ေဖာ္ျပလုိက္ပါတယ္။

REF: GOAL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာစီးတီးနဲ့ လိဒ်စ်ယူနိုက်တက်နောက်ခံလူဟောင်း ဒန်နီ မေးလ်စ်က ဂျာမန်တောင်ပံကစားသမား လီရွိုင်း ဆာနေးအနေနဲ့ အစ်တီဟတ်ကနေ ထွက်ခွာမယ်ဆိုရင် ဘာဖြစ်လို့ လီဗာပူးလ်အသင်းကို ပြောင်းရွှေ့လို့ မရနိုင်မှာလဲ မေးခွန်းထုတ်လိုက်ပြီး ဒီအသင်းဟာ သူရောက်နိုင်တဲ့ အသင်းတစ်သင်းအဖြစ် ခန့်မှန်းလိုက်ပါတယ်။

မေးလ်စ်က ဘောလုံးလောကမှာ ကစားသမားတစ်ယောက် အသင်းတစ်သင်းကနေ တစ်သင်းကို ပြောင်းလဲကစားတာဟာ ဓမ္မတာပဲဖြစ်ပြီး ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတွေနဲ့ ပြိုင်ဘက်တွေကို အားဖြည့်ပေးလိုက်သလို ဖြစ်သွားမယ်ဆိုတဲ့ အရိုးစွဲနေတဲ့ အတွေးအခေါ်တွေကို ထည့်မတွက်သင့်တော့ဘူးလို့လည်း ပြောကြားလိုက်ပါတယ်။

“တကယ်က အသင်းတွေအနေနဲ့ သူတို့ရဲ့ ကြီးမားတဲ့ ပြိုင်ဘက်တွေဆီကို ကစားသမားကောင်းတွေ ရောင်းချမပေးချင်တဲ့ ပြဿနာပါ။ တကယ်လို့ လီဗာပူးလ်ကသာ ဆာနေးကို ခေါ်ယူမယ်ဆိုရင် မန်ချက်စတာစီးတီးအနေနဲ့ အခွင့်အရေးပေးနိုင်ရမှာပေါ့ဗျာ။ အရင်ကလည်း ဒီထက် ဆိုးရွားတဲ့ အပြောင်းအရွှေ့တွေတောင် ရှိခဲ့ဖူးပြီပဲ။ မန်ချက်စတာယူနိုက်တက်-လီဗာပူးလ်၊ လိဒ်စ်-မန်ချက်စတာယူနိုက်တက်တို့လောက်လည်း ခါးသီးတဲ့ ပြိုင်ဘက်တွေမှ မဟုတ်တာ”လို့ မေးလ်စ်က ပြောကြားလိုက်ပါတယ်။

ဒါပေမယ့် မန်ချက်စတာစီးတီးကွင်းလယ်ကစားသမားဟောင်း အိုဝင် ဟာဂရိဗ်စ်ကတော့ ဂျာမန်ကစားသမားတစ်ယောက်အဖို့ ဘိုင်ယန်မြူးနစ်ကသာ ထိပ်တန်းရည်မှန်းချက်ဖြစ်လိမ့်မယ်လို့ ခန့်မှန်းသွားခဲ့ပြီး ဆာနေးအနေနဲ့ မန်စီးတီးကနေ ထွက်ခွာတဲ့အခါ ဘိုင်ယန်မဟုတ်ရင် ဂျူဗင်တပ်စ်၊ ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတွေအတွက်ပဲ ဖြစ်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

မန်ချက်စတာစီးတီးနည်းပြ ပက်ပ် ဂွါဒီယိုလာကတော့ သူ့ရဲ့ ကစားသမားကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့ မျှော်လင့်နေပြီး အသင်းကနေ ရောင်းချသွားမယ်ဆိုရင် ဆာနေးထက် အယ်လ်ဂျီးရီးယားတောင်ပံကစားသမား ရီယက် မာရက်ဇ်ကိုပဲ ဖြစ်စေချင်တယ်လို့ ပရိသတ်တွေကလည်း ဆန္ဒပြုထားတာကြောင့် ၁၂ လ ကျန်စာချုပ်မှာ ဘာတွေဖြစ်လာဦးမလဲ စောင့်ကြည့်သွားရဖို့ ဖော်ပြလိုက်ပါတယ်။

REF: GOAL
PHOTOS CREDIT TO OWNERS
SPORTS A2Z.