Premier League

29 Sep နေ့လည်ခင်း နောက်ဆုံးရ ချဲလ်ဆီးသတင်းများ စုစည်းမှု

-ချဲလ်ဆီးကွင်းလယ်ကြယ်ပွင့် ဂျော်ဂျင်ညိုက တူရင်မှာ ဂျူဗင်တပ်အသင်းနဲ့ ကစားရမယ့် ချန်ပီယံလိဂ်ပွဲစဉ်မှာ ချဲလ်ဆီးရဲ့မြန်နှုန်းက အဓိက သော့ချက်ဖြစ်လာမယ်လို့ ဝန်ခံပြောကြားခဲ့ပြီး စီးရီးအေထိပ်သီးအသင်းကြီးဟာ ခံစစ်ပိုင်း အလွန်တောင့်တင်းတာကြောင့် လျင်လျင်မြန်မြန်နဲ့ ထိုးဖောက်တိုက်စစ်ဆင်မှသာ ရလဒ်ကောင်းရရှိနိုင်မယ်လို့ ယုံကြည်နေ။

-ချဲလ်ဆီးအသင်းဟာ နာပိုလီတိုက်စစ်မှူး ဗစ်တာ အိုဆီမန်ကို ခေါ်ယူမယ့် ပြိုင်ပွဲထဲကို ဝင်ရောက်ခဲ့ပြီလို့ သိရပြီး အသက် ၂၂ နှစ်အရွယ်ကစားသမားကို မန်စီးတီးကလည်း ခေါ်ယူဖို့ ကြိုးပမ်းနေတာဖြစ်ပြီး လိုင်လီကြယ်ပွင့်ဟောင်းဟာ ယခုရာသီ ပြိုင်ပွဲစုံ ၆ ပွဲမှာ သွင်းဂိုး ၆ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁ ကြိမ် ပြုလုပ်ထားနိုင်ခဲ့ပြီးဖြစ်။

-ချဲလ်ဆီးအသင်းနည်းပြ သောမတ်စ် တူဟယ်က မေဆန် မောင့်ရဲ့ ဒဏ်ရာအခြေအနေကို အစောပိုင်းတုန်းက အသေးစားဒဏ်ရာလို့ ပြောကြားခဲ့ပေမယ့်လည်း လက်ရှိအချိန်မှာတော့ ဂျူဗင်တပ်နဲ့ကစားရမယ့် ချန်ပီယံလိဂ်ပွဲစဉ်မှာ မေဆန် မောင့်ဟာ၊ ပူလီရှစ်၊ ရီးစ် ဂျိမ်းစ်၊ ကွန်တေတို့နဲ့အတူ လွဲချော်တော့မှာဖြစ်တယ်လို့ အတည်ပြု ပြောကြားသွားခဲ့။

-ချဲလ်ဆီးကွင်းလယ်ကြယ်ပွင့် ကွန်တေဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခြင်း ခံထားရတာကြောင့် ဂျူဗင်တပ်အသင်းနဲ့ ကစားရမယ့် ချန်ပီယံလိဂ်ပွဲစဉ်ကို လွဲချော်မှာဖြစ်တယ်လို့ ချဲလ်ဆီးအသင်းက အင်္ဂါနေ့မှာ အတည်ပြု ပြောကြားခဲ့ပြီး ကွန်တေဟာ အသင်းကို ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်နဲ့ စူပါဖလားရရှိအောင် ကူညီပေးခဲ့တဲ့ကစားသမားဖြစ်။

-ချဲလ်ဆီးအသင်းအပြောင်းအရွှေ့တာဝန်ရှိသူ မာရီနာ ဂရာနော့ဗ်စကားရာဟာ နယူးကာဆယ်ယူနိုက်တက်တောင်ပံကစားသမား စိန့်-မက်ဆီမင်ကို ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပြီးနောက် ပရိသတ်တွေက ဟာကင်း ဇီယက်ရှ်၊ ပူလီရှစ်၊ အိုဒွိုင်းတို့ ရှိနေပြီးသားဖြစ်တာကြောင့် အခြားလိုအပ်တဲ့နေရာတွေကိုသာ အင်အားဖြည့်တင်းဖို့ ပရိသတ်တွေရဲ့ သတိပေးခြင်းခံခဲ့ရ။

-နာမည်ကျော်ဂျာနယ်လစ်ဖြစ်တဲ့ ဖက်ဘရီဇီယို ရိုမာနိုက ချဲလ်ဆီးအသင်းရော ဘိုင်ယန်မြူးနစ်ပါ ပူလီရှစ်နဲ့ ဆာနေးတို့ကို အလဲအထပ်ပြုလုပ်ဖို့ စဉ်းစားနေခြင်းမရှိကြောင်း ပြောကြားခဲ့ပြီး ကောလာဟလတွေထွက်ပေါ်နေပေမယ့်လည်း လက်ရှိအချိန်အထိ ပြောဆိုဆွေးနွေးမှု ပြုလုပ်ခဲ့တာမျိုး မရှိတာကြောင့် အပြောင်းအရွှေ့ဖြစ်မြောက်ဖို့ အခွင့်အရေးအနည်းငယ်သာရှိတယ်လို့ ယုံကြည်နေ။

-ချဲလ်ဆီးအသင်းဟာ ယနေ့ည ဂျူဗင်တပ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် ချန်ပီယံလိဂ်ပွဲစဉ်အတွက် တူရင်ကို ရောက်ရှိနေပြီဖြစ်ပြီး အသင်းနဲ့ အတူ လိုက်ပါခဲ့တဲ့ ကစားသမား ၂၁ ဦး စာရင်းကို ထုတ်ပြန်ကြေညာခဲ့ရာမှာ ကီပါ၊ ဘတ်တီနယ်လီ၊ မန်ဒီ၊ ရူဒီဂါ၊ ခရစ္စတင်ဆန်၊ ဆေးလ်ဗား၊ ချာလိုဘက်၊ ဆား၊ အလွန်ဆို၊ ချေးဝဲလ်၊ အက်ဇ်ပလီကူတာ၊ ဂျော်ဂျင်ညို၊ ကိုဗာချစ်၊ လော့ဖ်တက်-ချိခ်၊ ဆာအူးလ်၊ ဘာကာလေ၊ လူကာကူ၊ ဗာနာ၊ အိုဒွိုင်း၊ ဇီယက်ရှ်၊ ဟားဗတ်ဇ်တို့ ဖြစ်။

-ဂျူဗင်တပ်ဝါရင့်နောက်ခံကစားသမား ချီလီနီက ဗုဒ္ဓဟူးနေ့ည ချန်ပီယံလိဂ်ပွဲစဉ်မတိုင်မီ ချဲလ်ဆီးကွင်းလယ်ကြယ်ပွင့် ဂျော်ဂျင်ညိုရဲ့ အရည်အသွေးနဲ့ပတ်သက်ပြီး ချီးကျူး ပြောဆိုခဲ့ပြီး နည်းစနစ်ပိုင်းအရည်အသွေးအလွန်ကောင်းမွန်သူဖြစ်သလို ရောက်လေရာအသင်းမှာ ပုံမှန်ပွဲထွက်ခွင့် ရရှိသူဖြစ်တာကြောင့် ဘယ်လွန်ဒေါဆုကို ရရှိလိမ့်မယ်လို့ မျှော်လင့်မိကြောင်း ပြောကြားခဲ့။

-ချဲလ်ဆီးတိုက်စစ်မှူးဟောင်း အိုလီဗီယေး ဂျီရူးက ချဲလ်ဆီးအသင်းက ၎င်းရဲ့ ကစားသမားဘဝအဆုံးသတ်ဟာ အလွန်ခက်ခဲခဲ့ပြီး နည်းပြ သောမတ်စ် တူဟယ် လက်အောက်မှာ အသင်းကို စွန့်ခွာမှ ရတော့မယ်လို့ ခံစားခဲ့ရပြီး အကောင်းအဆိုး ဒွန်တွဲနေတဲ့ အချိန်တွေရှိခဲ့ပေမယ့် အလွန်ကောင်းမွန်တဲ့ ဆုဖလား ၃ လုံး အနိုင်ရရှိခဲ့တယ်လို့ ပြောကြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:-ခ်ဲလ္ဆီးကြင္းလယ္ၾကယ္ပြင့္ ေဂ်ာ္ဂ်င္ညိဳက တူရင္မွာ ဂ်ဴဗင္တပ္အသင္းနဲ႔ ကစားရမယ့္ ခ်န္ပီယံလိဂ္ပြဲစဥ္မွာ ခ်ဲလ္ဆီးရဲ့ျမန္ႏႈန္းက အဓိက ေသာ့ခ်က္ျဖစ္လာမယ္လို႔ ဝန္ခံေျပာၾကားခဲ့ၿပီး စီးရီးေအထိပ္သီးအသင္းႀကီးဟာ ခံစစ္ပိုင္း အလြန္ေတာင့္တင္းတာေၾကာင့္ လ်င္လ်င္ျမန္ျမန္နဲ႔ ထိုးေဖာက္တိုက္စစ္ဆင္မွသာ ရလဒ္ေကာင္းရရွိနိုင္မယ္လို႔ ယုံၾကည္ေန။

-ခ်ဲလ္ဆီးအသင္းဟာ နာပိုလီတိုက္စစ္မႉး ဗစ္တာ အိုဆီမန္ကို ေခၚယူမယ့္ ၿပိဳင္ပြဲထဲကို ဝင္ေရာက္ခဲ့ၿပီလို႔ သိရၿပီး အသက္ ၂၂ ႏွစ္အရြယ္ကစားသမားကို မန္စီးတီးကလည္း ေခၚယူဖို႔ ႀကိဳးပမ္းေနတာျဖစ္ၿပီး လိုင္လီၾကယ္ပြင့္ေဟာင္းဟာ ယခုရာသီ ၿပိဳင္ပြဲစုံ ၆ ပြဲမွာ သြင္းဂိုး ၆ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁ ႀကိမ္ ျပဳလုပ္ထားနိုင္ခဲ့ၿပီးျဖစ္။

-ခ်ဲလ္ဆီးအသင္းနည္းၿပ ေသာမတ္စ္ တူဟယ္က ေမဆန္ ေမာင့္ရဲ့ ဒဏ္ရာအေျခအေနကို အေစာပိုင္းတုန္းက အေသးစားဒဏ္ရာလို႔ ေျပာၾကားခဲ့ေပမယ့္လည္း လက္ရွိအခ်ိန္မွာေတာ့ ဂ်ဴဗင္တပ္နဲ႔ကစားရမယ့္ ခ်န္ပီယံလိဂ္ပြဲစဥ္မွာ ေမဆန္ ေမာင့္ဟာ၊ ပူလီရွစ္၊ ရီးစ္ ဂ်ိမ္းစ္၊ ကြန္ေတတို႔နဲ႔အတူ လြဲေခ်ာ္ေတာ့မွာျဖစ္တယ္လို႔ အတည္ျပဳ ေျပာၾကားသြားခဲ့။

-ခ်ဲလ္ဆီးကြင္းလယ္ၾကယ္ပြင့္ ကြန္ေတဟာ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ျခင္း ခံထားရတာေၾကာင့္ ဂ်ဴဗင္တပ္အသင္းနဲ႔ ကစားရမယ့္ ခ်န္ပီယံလိဂ္ပြဲစဥ္ကို လြဲေခ်ာ္မွာျဖစ္တယ္လို႔ ခ်ဲလ္ဆီးအသင္းက အဂၤါေန႔မွာ အတည္ျပဳ ေျပာၾကားခဲ့ၿပီး ကြန္ေတဟာ အသင္းကို ခ်န္ပီယံလိဂ္၊ ယူရိုပါလိဂ္နဲ႔ စူပါဖလားရရွိေအာင္ ကူညီေပးခဲ့တဲ့ကစားသမားျဖစ္။

-ခ်ဲလ္ဆီးအသင္းအေျပာင္းအေရႊ႕တာဝန္ရွိသူ မာရီနာ ဂရာေနာ့ဗ္စကားရာဟာ နယူးကာဆယ္ယူနိုက္တက္ေတာင္ပံကစားသမား စိန႔္-မက္ဆီမင္ကို ေခၚယူဖို႔ ျပင္ဆင္ေနတယ္လို႔ သတင္းေတြထြက္ေပၚလာခဲ့ၿပီးေနာက္ ပရိသတ္ေတြက ဟာကင္း ဇီယက္ရွ္၊ ပူလီရွစ္၊ အိုဒြိဳင္းတို႔ ရွိေနၿပီးသားျဖစ္တာေၾကာင့္ အျခားလိုအပ္တဲ့ေနရာေတြကိုသာ အင္အားျဖည့္တင္းဖို႔ ပရိသတ္ေတြရဲ့ သတိေပးျခင္းခံခဲ့ရ။

-နာမည္ေက်ာ္ဂ်ာနယ္လစ္ျဖစ္တဲ့ ဖက္ဘရီဇီယို ရိုမာနိုက ခ်ဲလ္ဆီးအသင္းေရာ ဘိုင္ယန္ျမဴးနစ္ပါ ပူလီရွစ္နဲ႔ ဆာေနးတို႔ကို အလဲအထပ္ျပဳလုပ္ဖို႔ စဥ္းစားေနျခင္းမရွိေၾကာင္း ေျပာၾကားခဲ့ၿပီး ေကာလာဟလေတြထြက္ေပၚေနေပမယ့္လည္း လက္ရွိအခ်ိန္အထိ ေျပာဆိုေဆြးေႏြးမႈ ျပဳလုပ္ခဲ့တာမ်ိဳး မရွိတာေၾကာင့္ အေျပာင္းအေရႊ႕ျဖစ္ေျမာက္ဖို႔ အခြင့္အေရးအနည္းငယ္သာရွိတယ္လို႔ ယုံၾကည္ေန။

-ခ်ဲလ္ဆီးအသင္းဟာ ယေန႔ည ဂ်ဴဗင္တပ္အသင္းနဲ႔ ယွဥ္ၿပိဳင္ကစားရမယ့္ ခ်န္ပီယံလိဂ္ပြဲစဥ္အတြက္ တူရင္ကို ေရာက္ရွိေနၿပီျဖစ္ၿပီး အသင္းနဲ႔ အတူ လိုက္ပါခဲ့တဲ့ ကစားသမား ၂၁ ဦး စာရင္းကို ထုတ္ျပန္ေၾကညာခဲ့ရာမွာ ကီပါ၊ ဘတ္တီနယ္လီ၊ မန္ဒီ၊ ႐ူဒီဂါ၊ ခရစၥတင္ဆန္၊ ေဆးလ္ဗား၊ ခ်ာလိုဘက္၊ ဆား၊ အလြန္ဆို၊ ေခ်းဝဲလ္၊ အက္ဇ္ပလီကူတာ၊ ေဂ်ာ္ဂ်င္ညိဳ၊ ကိုဗာခ်စ္၊ ေလာ့ဖ္တက္-ခ်ိခ္၊ ဆာအူးလ္၊ ဘာကာေလ၊ လူကာကူ၊ ဗာနာ၊ အိုဒြိဳင္း၊ ဇီယက္ရွ္၊ ဟားဗတ္ဇ္တို႔ ျဖစ္။

-ဂ်ဴဗင္တပ္ဝါရင့္ေနာက္ခံကစားသမား ခ်ီလီနီက ဗုဒၶဟူးေန႔ည ခ်န္ပီယံလိဂ္ပြဲစဥ္မတိုင္မီ ခ်ဲလ္ဆီးကြင္းလယ္ၾကယ္ပြင့္ ေဂ်ာ္ဂ်င္ညိဳရဲ့ အရည္အေသြးနဲ႔ပတ္သက္ၿပီး ခ်ီးက်ဴး ေျပာဆိုခဲ့ၿပီး နည္းစနစ္ပိုင္းအရည္အေသြးအလြန္ေကာင္းမြန္သူျဖစ္သလို ေရာက္ေလရာအသင္းမွာ ပုံမွန္ပြဲထြက္ခြင့္ ရရွိသူျဖစ္တာေၾကာင့္ ဘယ္လြန္ေဒါဆုကို ရရွိလိမ့္မယ္လို႔ ေမၽွာ္လင့္မိေၾကာင္း ေျပာၾကားခဲ့။

-ခ်ဲလ္ဆီးတိုက္စစ္မႉးေဟာင္း အိုလီဗီေယး ဂ်ီ႐ူးက ခ်ဲလ္ဆီးအသင္းက ၎ရဲ့ ကစားသမားဘဝအဆုံးသတ္ဟာ အလြန္ခက္ခဲခဲ့ၿပီး နည္းၿပ ေသာမတ္စ္ တူဟယ္ လက္ေအာက္မွာ အသင္းကို စြန႔္ခြာမွ ရေတာ့မယ္လို႔ ခံစားခဲ့ရၿပီး အေကာင္းအဆိုး ဒြန္တြဲေနတဲ့ အခ်ိန္ေတြရွိခဲ့ေပမယ့္ အလြန္ေကာင္းမြန္တဲ့ ဆုဖလား ၃ လုံး အနိုင္ရရွိခဲ့တယ္လို႔ ေျပာၾကားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.