Premier League UCL&UEL

အန်ထော်နီ တေလာနဲ့ ပရီးမီးယားလိဂ်ဒိုင်တွေ ချန်ပီယံလိဂ်မှာ ဂွမ်းခဲ့ပြန်တဲ့ UCL Day 1

ပရီးမီးယားလိဂ်ရဲ့ ဒိုင်လူကြီးတစ်ဦးဖြစ်တဲ့ အန်ထော်နီ တေလာဟာ ချန်ပီယံလိဂ်ပွဲစဉ်(၁)အဖြစ် မနေ့ညက ကျင်းပခဲ့တဲ့ အုပ်စု(E)ပွဲစဉ်မှာ ကစားခဲ့တဲ့ ဒီနာမိုကိဗ်နဲ့ ဘင်ဖီကာတို့ရဲ့ ပွဲစဉ်မှာ မှားယွင်းတဲ့ အနီကတ်ပြ ထုတ်ပယ်မှုကို ပြုလုပ်ခဲ့ပြီး အင်္ဂလန်ဒိုင်တွေရဲ့ နိုင်ငံတကာမှာ လူတောမတိုးမှုကို ပိုမိုဆိုးရွားအောင် လုပ်ခဲ့မိတယ်လို့ သိရပါတယ်။

ယူကရိန်းနိုင်ငံ၊ ကိဗ်မှာ ကစားခဲ့တဲ့ ပွဲစဉ်ရဲ့ ပွဲချိန် ၈၂ မိနစ်အရောက်မှာ လူချခံလိုက်ရပြီး ဘာပြစ်ဒဏ်ဘောမှ မပေးလို့ ဒေါသထွက်နေခဲ့တဲ့ ဒီနာမိုကိဗ်ကွင်းလယ်လူ ဒီနစ် ဂါမက်ရှ်က ခြေထောက်မြှောက်ဝင်ခဲ့ရာမှာ ဒိုင်လူကြီး တေလာက အဝါကတ်ပြခဲ့တာဖြစ်ပြီး နှစ်ဝါတစ်နီဆိုတဲ့ သဘောနဲ့ အိတ်ထဲက အနီကတ်ကိုပါ ဆွဲထုတ်ပြသွားခဲ့တာဖြစ်ပါတယ်။

အသက် ၄၂ နှစ်အရွယ် မန်ချက်စတာသား ဒိုင်လူကြီးဟာ ပရီးမီးယားလိဂ်မှာလည်း ဘက်လိုက်တတ်သလို အဝါ၊ အနီ၊ ပင်နယ်တီပေးတာ လက်လွယ်ရက်ရောလွန်းလို့ နာမည်ကြီးသူတစ်ဦးဖြစ်ပြီး အင်္ဂလန်ဒိုင်တွေရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေတယ်လို့ ဝေဖန်ခံထားရချိန်မှာ သူ့အနေနဲ့ မှတ်တမ်းကို မကြည့်ဘဲ တစ်ဝါမှ အပြမခံရသေးတဲ့ ယူကရိန်းကွင်းလယ်လူကို နှစ်ဝါတစ်နီနဲ့ ထုတ်မိလို့ အရှက်ကွဲခဲ့ရတာပါ။

သူ့အနေနဲ့ ကစားသမားတွေရဲ့ ဝိုင်းဝန်းစောဒကတက်မှုအပြီးမှာ မှားယွင်းမှုကို အဝါကတ်တစ်ကတ်ထုတ်ပြရင်း ပြန်လည်ပြင်ဆင်သွားခဲ့ရပြီး ပရိသတ်တွေကြားမှာတော့ လှောင်ပြောင်စရာဖြစ်ခဲ့ရသလို ဒီလို ဒိုင်လူကြီးမျိုးက ပရီးမီးယားလိဂ်မှာ ပုံမှန်ကိုင်တွယ်ခွင့်ရနေတာကို အံ့ဩမိတယ်လို့လည်း တွစ်တာပေါ်မှာ ဝေဖန်နေကြပြီး ၂၀၁၈ ကမ္ဘာ့ဖလားမှာ အင်္ဂလန်ဒိုင်တွေ မပါဝင်ခဲ့တာကိုလည်း ပြန်လည်တူးဆွခဲ့ကြပါတယ်။

ဒိုင်လူကြီး တေလာဟာ ပြီးခဲ့တဲ့ ဒိန်းမတ်နဲ့ ဖင်လန်တို့ရဲ့ ပွဲစဉ်မှာ ကွင်းလယ်လူ ခရစ္စတီယန် အဲရစ်ဆန် နှလုံးဖောက်ပြီး ကွင်းထဲ လဲကျခဲ့တာကို ပွဲကို ရပ်နားပြီး အလျင်အမြန် ပြုစုကုသစေခဲ့တာကြောင့် ချီးကျူးမှုတွေကို ရရှိခဲ့ဖူးပေမယ့် တကယ့်အရည်အချင်းဖြစ်တဲ့ ပွဲကို ကိုင်တွယ်မှုတွေမှာတော့ အခုလိုမျိုး အိုးနင်းခွက်နင်း ကြုံခဲ့ရပြန်တာလည်းဖြစ်ပါတယ်။

ချန်ပီယံလိဂ်အုပ်စု(E)ရဲ့ တခြားပွဲစဉ်တစ်ပွဲမှာလည်း ပရီးမီးယားလိဂ်ရဲ့ အင်္ဂလန်ဒိုင်တစ်ဦးပဲဖြစ်တဲ့ မိုက်ကယ် အိုလီဗာဟာလည်း ဝေဖန်ခံခဲ့ရပြီး ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ရဲ့ ပွဲစဉ်မှာ ဧည့်သည်တိုက်စစ်မှူး လီဗန်ဒေါ့ဗ်စကီးကို နောက်ကနေ သိသိသာသာ ဆောင့်တွန်းခဲ့တဲ့ အိမ်ရှင် နောက်ခံလူ အာရော်ဂျိုရဲ့ လုပ်ရပ်ကို မျက်ကွယ်ပြုသွားခဲ့တာအတွက် အပြောအဆိုခံခဲ့ရပေမယ့် ပွဲက ဂျာမန်ကလပ်ဘက်က အနိုင်ရသွားခဲ့လို့ ထင်သလောက် အမှုမကြီးခဲ့ရတာလည်းဖြစ်ပါတယ်။

အန်ထော်နီ တေလာနဲ့ မိုက်ကယ် အိုလီဗာတို့လို့ အင်္ဂလန်ဒိုင်တွေအနေနဲ့ ပရီးမီးယားလိဂ်မှာတင်မကဘဲ ဥရောပအဆင့်မှာ ရမ်းကားနေတာကတော့ ဘောလုံးလောကအတွက် စိတ်ပျက်စရာလည်းဖြစ်ခဲ့ပြီး ပရိသတ်တွေအတွက်တော့ အမျိုးမျိုး လှောင်ပြောင်စရာလည်းဖြစ်နေခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ပရီးမီးယားလိဂ္ရဲ႕ ဒိုင္လူႀကီးတစ္ဦးျဖစ္တဲ့ အန္ေထာ္နီ ေတလာဟာ ခ်န္ပီယံလိဂ္ပြဲစဥ္(၁)အျဖစ္ မေန႔ညက က်င္းပခဲ့တဲ့ အုပ္စု(E)ပြဲစဥ္မွာ ကစားခဲ့တဲ့ ဒီနာမိုကိဗ္နဲ႔ ဘင္ဖီကာတို႔ရဲ႕ ပြဲစဥ္မွာ မွားယြင္းတဲ့ အနီကတ္ျပ ထုတ္ပယ္မႈကို ျပဳလုပ္ခဲ့ၿပီး အဂၤလန္ဒိုင္ေတြရဲ႕ ႏိုင္ငံတကာမွာ လူေတာမတိုးမႈကို ပိုမိုဆိုး႐ြားေအာင္ လုပ္ခဲ့မိတယ္လို႔ သိရပါတယ္။

ယူကရိန္းႏိုင္ငံ၊ ကိဗ္မွာ ကစားခဲ့တဲ့ ပြဲစဥ္ရဲ႕ ပြဲခ်ိန္ ၈၂ မိနစ္အေရာက္မွာ လူခ်ခံလိုက္ရၿပီး ဘာျပစ္ဒဏ္ေဘာမွ မေပးလို႔ ေဒါသထြက္ေနခဲ့တဲ့ ဒီနာမိုကိဗ္ကြင္းလယ္လူ ဒီနစ္ ဂါမက္ရွ္က ေျခေထာက္ေျမႇာက္ဝင္ခဲ့ရာမွာ ဒိုင္လူႀကီး ေတလာက အဝါကတ္ျပခဲ့တာျဖစ္ၿပီး ႏွစ္ဝါတစ္နီဆိုတဲ့ သေဘာနဲ႔ အိတ္ထဲက အနီကတ္ကိုပါ ဆြဲထုတ္ျပသြားခဲ့တာျဖစ္ပါတယ္။

အသက္ ၄၂ ႏွစ္အ႐ြယ္ မန္ခ်က္စတာသား ဒိုင္လူႀကီးဟာ ပရီးမီးယားလိဂ္မွာလည္း ဘက္လိုက္တတ္သလို အဝါ၊ အနီ၊ ပင္နယ္တီေပးတာ လက္လြယ္ရက္ေရာလြန္းလို႔ နာမည္ႀကီးသူတစ္ဦးျဖစ္ၿပီး အဂၤလန္ဒိုင္ေတြရဲ႕ ဂုဏ္သိကၡာကို က်ဆင္းေစတယ္လို႔ ေဝဖန္ခံထားရခ်ိန္မွာ သူ႔အေနနဲ႔ မွတ္တမ္းကို မၾကည့္ဘဲ တစ္ဝါမွ အျပမခံရေသးတဲ့ ယူကရိန္းကြင္းလယ္လူကို ႏွစ္ဝါတစ္နီနဲ႔ ထုတ္မိလို႔ အရွက္ကြဲခဲ့ရတာပါ။

သူ႔အေနနဲ႔ ကစားသမားေတြရဲ႕ ဝိုင္းဝန္းေစာဒကတက္မႈအၿပီးမွာ မွားယြင္းမႈကို အဝါကတ္တစ္ကတ္ထုတ္ျပရင္း ျပန္လည္ျပင္ဆင္သြားခဲ့ရၿပီး ပရိသတ္ေတြၾကားမွာေတာ့ ေလွာင္ေျပာင္စရာျဖစ္ခဲ့ရသလို ဒီလို ဒိုင္လူႀကီးမ်ိဳးက ပရီးမီးယားလိဂ္မွာ ပုံမွန္ကိုင္တြယ္ခြင့္ရေနတာကို အံ့ဩမိတယ္လို႔လည္း တြစ္တာေပၚမွာ ေဝဖန္ေနၾကၿပီး ၂၀၁၈ ကမာၻ႔ဖလားမွာ အဂၤလန္ဒိုင္ေတြ မပါဝင္ခဲ့တာကိုလည္း ျပန္လည္တူးဆြခဲ့ၾကပါတယ္။

ဒိုင္လူႀကီး ေတလာဟာ ၿပီးခဲ့တဲ့ ဒိန္းမတ္နဲ႔ ဖင္လန္တို႔ရဲ႕ ပြဲစဥ္မွာ ကြင္းလယ္လူ ခရစၥတီယန္ အဲရစ္ဆန္ ႏွလုံးေဖာက္ၿပီး ကြင္းထဲ လဲက်ခဲ့တာကို ပြဲကို ရပ္နားၿပီး အလ်င္အျမန္ ျပဳစုကုသေစခဲ့တာေၾကာင့္ ခ်ီးက်ဴးမႈေတြကို ရရွိခဲ့ဖူးေပမယ့္ တကယ့္အရည္အခ်င္းျဖစ္တဲ့ ပြဲကို ကိုင္တြယ္မႈေတြမွာေတာ့ အခုလိုမ်ိဳး အိုးနင္းခြက္နင္း ႀကဳံခဲ့ရျပန္တာလည္းျဖစ္ပါတယ္။

ခ်န္ပီယံလိဂ္အုပ္စု(E)ရဲ႕ တျခားပြဲစဥ္တစ္ပြဲမွာလည္း ပရီးမီးယားလိဂ္ရဲ႕ အဂၤလန္ဒိုင္တစ္ဦးပဲျဖစ္တဲ့ မိုက္ကယ္ အိုလီဗာဟာလည္း ေဝဖန္ခံခဲ့ရၿပီး ဘာစီလိုနာနဲ႔ ဘိုင္ယန္ျမဴးနစ္အသင္းတို႔ရဲ႕ ပြဲစဥ္မွာ ဧည့္သည္တိုက္စစ္မႉး လီဗန္ေဒါ့ဗ္စကီးကို ေနာက္ကေန သိသိသာသာ ေဆာင့္တြန္းခဲ့တဲ့ အိမ္ရွင္ ေနာက္ခံလူ အာေရာ္ဂ်ိဳရဲ႕ လုပ္ရပ္ကို မ်က္ကြယ္ျပဳသြားခဲ့တာအတြက္ အေျပာအဆိုခံခဲ့ရေပမယ့္ ပြဲက ဂ်ာမန္ကလပ္ဘက္က အႏိုင္ရသြားခဲ့လို႔ ထင္သေလာက္ အမႈမႀကီးခဲ့ရတာလည္းျဖစ္ပါတယ္။

အန္ေထာ္နီ ေတလာနဲ႔ မိုက္ကယ္ အိုလီဗာတို႔လို႔ အဂၤလန္ဒိုင္ေတြအေနနဲ႔ ပရီးမီးယားလိဂ္မွာတင္မကဘဲ ဥေရာပအဆင့္မွာ ရမ္းကားေနတာကေတာ့ ေဘာလုံးေလာကအတြက္ စိတ္ပ်က္စရာလည္းျဖစ္ခဲ့ၿပီး ပရိသတ္ေတြအတြက္ေတာ့ အမ်ိဳးမ်ိဳး ေလွာင္ေျပာင္စရာလည္းျဖစ္ေနခဲ့ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.