Bundesliga La Liga Match Report UCL&UEL

ဘာစီလိုနာကို နူးကမ့်မှာ သုံးဂိုးသွင်းပြီး အဆင့်အတန်းကွာခြားမှုကို ပြခဲ့တဲ့ ဘိုင်ယန်

ဘာစီလိုနာအသင်းအနေနဲ့ ဒီနေ့ပွဲမှာ ဘိုင်ယန်မြူးနစ်အသင်းကို အိမ်ကွင်းမှာ လက်ခံကစားခဲ့ရပေမယ့် ဒီလိုအသင်းမျိုးမှာ ကစားခွင့်ရမယ်လို့ ဘောလုံးပရိသတ်တွေ ဘယ်တုန်းကမှ မထင်ခဲ့တဲ့ ကစားသမားတွေနဲ့အတူ ကစားပြီး ဂျာမန်ချန်ပီယံအသင်းကို နူးကမ့်မှာ မရှုမလှ အရှုံးပေးခဲ့ရသလို သူတို့နှစ်သင်းကြားက အဆင့်အတန်းချင်း ကွာခြားမှုကိုပါ လက်ခံသွားခဲ့ရတာပဲဖြစ်ပါတယ်။

အိမ်ရှင်နည်းပြ ကိုးမန်းအနေနဲ့ ၃-၅-၂ ကစားကွက်နဲ့ ပွဲထွက်ခဲ့သလို ခံစစ်မှာ ပီကေး၊ အဲရစ် ဂါစီယာနဲ့ အာရော်ဂျို၊ ကွင်းလယ်မှာ ဘူးစကွက်စ်၊ ဖရင်ကီ ဒီယုံး၊ ပက်ဒရီ၊ ဆာဂျီ ရော်ဘတ်တိုနဲ့ ဂျော်ဒီ အယ်လ်ဘာ၊ တိုက်စစ်မှာတော့ ဒတ်ချ်အတွဲဖြစ်တဲ့ ဒီပိုင်းနဲ့ လုခ် ဒီယုံးတို့ကို သုံးစွဲခဲ့ပြီး ဒီအသင်းကို ကြည့်နေကျ လူတွေအတွက်တော့ မက်ဆီလည်း မရှိတော့ချိန်မှာ စိတ်ပျက်စရာလိုဖြစ်နေခဲ့တာပါ။

ဘိုင်ယန်ကတော့ လီဗန်ဒေါ့ဗ်စကီးကို အထောင်ထားပြီး တိုက်စစ်မှာ ဆာနေး၊ မူစီယာလာနဲ့ မူလာတို့ ကစားခဲ့သလို ကင်းမစ်ချ်နဲ့ ဂိုရက်ဇ်ကာတို့ ကတော့ ကွင်းလယ်မှာ ကစားခဲ့ပြီး ခံစစ်မှာတော့ ဆူးလား၊ အူပါမီကာနို၊ ပါဗတ်နဲ့ ဒေးဗီးစ်တို့ကို သုံးစွဲခဲ့ချိန်မှာ နည်းပြ နာဂဲလ်စ်မန်းရဲ့ လူစာရင်းကတော့ မော်ဒန်အင်အားနဲ့ သာလွန်ခဲ့တာလည်းဖြစ်ပါတယ်။

ပွဲချိန် ၁၀ မိနစ်မှာ လီဗန်ဒေါ့ဗ်စကီးကို အာရော်ဂျို တွန်းပစ်ခဲ့တာကို ဒိုင်လူကြီး မိုက်ကယ် အိုလီဗာ သက်ညှာခဲ့လို့ ပင်နယ်တီ မပေးရဘဲ ဘာစီလိုနာတို့ ကံကောင်းခဲ့သလို ပွဲချိန် ၁၉ မိနစ်မှာတော့ ဖြတ်တင်ဘောက ပြန်ကျလာတာကို ဆာနေးကန်ရာမှာ ဂိုးသမား တာစတီဂန် ပုတ်ထုတ်နိုင်ခဲ့လို့ ဘိုင်ယန်တို့ အဖွင့်ဂိုးနဲ့ ဝေးခဲ့ရပါတယ်။

ပွဲချိန် ၃၄ မိနစ်မှာတော့ ဘိုင်ယန်တို့ ကွင်းလယ်ကနေ အပေးအယူလုပ်လာခဲ့ပြီး ဆာနေး ပေးခဲ့တဲ့ ဘောလုံးကို တိုက်စစ်မှူး မူလာက အဝေးကနေ လှမ်းကန်သွင်းခဲ့ရာမှာ နောက်ခံလူ အဲရစ် ဂါစီယာနဲ့ထိပြီး လမ်းကြောင်းပြောင်းသွားခဲ့လို့ တာစတီဂန် မကာကွယ်နိုင်ခဲ့ဘဲ ဘာစီလိုနာတို့ ဂိုးစပေးခဲ့ရတာပါ။

ပထမပိုင်းမှာတော့ တစ်ဂိုး-ဂိုးမရှိနဲ့ ဘိုင်ယန်တို့ ဦးဆောင်ခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှုကိုလည်း အသာစီးရယူနိုင်ခဲ့သလို လူငယ်နဲ့ လူအိုသာ များနေတဲ့ ကာတာလန်သားတွေအနေနဲ့ ဒုတိယပိုင်းမှာလည်း အိမ်ကွင်းမှာ ထိထိရောက်ရောက် တုံ့ပြန်နိုင်ခြင်းမရှိခဲ့တာကိုလည်း တွေ့ရပြီး ရင်ခုန်စရာ မကောင်းတဲ့ ပေးပို့မှု တချို့နဲ့သာ အချိန်ကုန်နေခဲ့ပါတယ်။

ပွဲချိန် ၅၆ မိနစ်မှာတော့ ဒေးဗီးစ် ကန်သွင်းတဲ့ ဘောလုံးက ဘာဆာနောက်တန်းက အဲရစ် ဂါစီယာနဲ့ထိပြီး ပြန်ထွက်လာခဲ့တာကို မူစီယာလာက အပြင်းထပ်မံကန်သွင်းရာမှာ တိုင်နဲ့ထိပြီး ထွက်လာခဲ့တာကို လီဗန်ဒေါ့ဗ်စကီးက အနီးကပ်ပြေးပိတ်နိုင်ခဲ့ပြီး ဘိုင်ယန်မြူးနစ်တို့အတွက် ဒုတိယ ဦးဆောင်ဂိုးကို ရယူပေးနိုင်ခဲ့ပါတယ်။

ပွဲချိန် ၈၅ မိနစ်မှာတော့ ဘိုင်ယန်တို့ အနိုင်ပြတ်သားစေမယ့် တတိယဂိုးကို သွင်းယူနိုင်ခဲ့ပြီး ညာခြမ်းမှာ ဒီမီယာဆီကနေ ဘောလုံးလုယူသွားခဲ့တဲ့ ကိုမွန်က ဖြတ်ပို့ပေးတာကို ဂနာဘရီရဲ့ ကန်သွင်းချက်က တိုင်မှန်ပြီး ထွက်လာခဲ့တာကို ဒီတစ်ခါမှာလည်း လီဗန်ဒေါ့ဗ်စကီးကပဲ နောက်ခံလူတွေကြားက စိမ်ပြေနပြေ လိမ်ခေါက်ပြီးမှ ကန်သွင်းရယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ မက်ဆီလိုနာလို့ ခေါ်ခဲ့ကြဖူးပြီး အာဂျင်တီးနားသားကြီး မရှိတော့တဲ့နောက်မှာ ဘာအရှိန်အဝါ ဩဇာမှ မရှိတော့တဲ့ နူးကမ့်မှာ ဘိုင်ယန်မြူးနစ်တို့ သုံးဂိုး-ဂိုးမရှိနဲ့ ပြတ်ပြတ်သားသား အောင်ပွဲခံနိုင်ခဲ့ကြပြီး တစ်ခေတ်ပြောင်းလဲချိန်မှာ တစ်ပွဲလုံး ဂိုးပေါက်တစ်ခါမှ မတည့်ခဲ့တဲ့ ဘာစီလိုနာဆိုတာဟာ ဥရောပရဲ့ ထိပ်တန်းအဆင့်မှာ မရှိတော့တာကို ပရိသတ်တွေ ဝမ်းနည်းစွာနဲ့ လက်ခံကြရတော့မှာပဲဖြစ်ကြောင်း သုံးသပ်ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဘာစီလိုနာအသင္းအေနနဲ႔ ဒီေန႔ပြဲမွာ ဘိုင္ယန္ျမဴးနစ္အသင္းကို အိမ္ကြင္းမွာ လက္ခံကစားခဲ့ရေပမယ့္ ဒီလိုအသင္းမ်ိဳးမွာ ကစားခြင့္ရမယ္လို႔ ေဘာလုံးပရိသတ္ေတြ ဘယ္တုန္းကမွ မထင္ခဲ့တဲ့ ကစားသမားေတြနဲ႔အတူ ကစားၿပီး ဂ်ာမန္ခ်န္ပီယံအသင္းကို ႏူးကမ့္မွာ မရႈမလွ အရႈံးေပးခဲ့ရသလို သူတို႔ႏွစ္သင္းၾကားက အဆင့္အတန္းခ်င္း ကြာျခားမႈကိုပါ လက္ခံသြားခဲ့ရတာပဲျဖစ္ပါတယ္။

အိမ္ရွင္နည္းျပ ကိုးမန္းအေနနဲ႔ ၃-၅-၂ ကစားကြက္နဲ႔ ပြဲထြက္ခဲ့သလို ခံစစ္မွာ ပီေကး၊ အဲရစ္ ဂါစီယာနဲ႔ အာေရာ္ဂ်ိဳ၊ ကြင္းလယ္မွာ ဘူးစကြက္စ္၊ ဖရင္ကီ ဒီယုံး၊ ပက္ဒရီ၊ ဆာဂ်ီ ေရာ္ဘတ္တိုနဲ႔ ေဂ်ာ္ဒီ အယ္လ္ဘာ၊ တိုက္စစ္မွာေတာ့ ဒတ္ခ်္အတြဲျဖစ္တဲ့ ဒီပိုင္းနဲ႔ လုခ္ ဒီယုံးတို႔ကို သုံးစြဲခဲ့ၿပီး ဒီအသင္းကို ၾကည့္ေနက် လူေတြအတြက္ေတာ့ မက္ဆီလည္း မရွိေတာ့ခ်ိန္မွာ စိတ္ပ်က္စရာလိုျဖစ္ေနခဲ့တာပါ။

ဘိုင္ယန္ကေတာ့ လီဗန္ေဒါ့ဗ္စကီးကို အေထာင္ထားၿပီး တိုက္စစ္မွာ ဆာေနး၊ မူစီယာလာနဲ႔ မူလာတို႔ ကစားခဲ့သလို ကင္းမစ္ခ်္နဲ႔ ဂိုရက္ဇ္ကာတို႔ ကေတာ့ ကြင္းလယ္မွာ ကစားခဲ့ၿပီး ခံစစ္မွာေတာ့ ဆူးလား၊ အူပါမီကာႏို၊ ပါဗတ္နဲ႔ ေဒးဗီးစ္တို႔ကို သုံးစြဲခဲ့ခ်ိန္မွာ နည္းျပ နာဂဲလ္စ္မန္းရဲ႕ လူစာရင္းကေတာ့ ေမာ္ဒန္အင္အားနဲ႔ သာလြန္ခဲ့တာလည္းျဖစ္ပါတယ္။

ပြဲခ်ိန္ ၁၀ မိနစ္မွာ လီဗန္ေဒါ့ဗ္စကီးကို အာေရာ္ဂ်ိဳ တြန္းပစ္ခဲ့တာကို ဒိုင္လူႀကီး မိုက္ကယ္ အိုလီဗာ သက္ညႇာခဲ့လို႔ ပင္နယ္တီ မေပးရဘဲ ဘာစီလိုနာတို႔ ကံေကာင္းခဲ့သလို ပြဲခ်ိန္ ၁၉ မိနစ္မွာေတာ့ ျဖတ္တင္ေဘာက ျပန္က်လာတာကို ဆာေနးကန္ရာမွာ ဂိုးသမား တာစတီဂန္ ပုတ္ထုတ္ႏိုင္ခဲ့လို႔ ဘိုင္ယန္တို႔ အဖြင့္ဂိုးနဲ႔ ေဝးခဲ့ရပါတယ္။

ပြဲခ်ိန္ ၃၄ မိနစ္မွာေတာ့ ဘိုင္ယန္တို႔ ကြင္းလယ္ကေန အေပးအယူလုပ္လာခဲ့ၿပီး ဆာေနး ေပးခဲ့တဲ့ ေဘာလုံးကို တိုက္စစ္မႉး မူလာက အေဝးကေန လွမ္းကန္သြင္းခဲ့ရာမွာ ေနာက္ခံလူ အဲရစ္ ဂါစီယာနဲ႔ထိၿပီး လမ္းေၾကာင္းေျပာင္းသြားခဲ့လို႔ တာစတီဂန္ မကာကြယ္ႏိုင္ခဲ့ဘဲ ဘာစီလိုနာတို႔ ဂိုးစေပးခဲ့ရတာပါ။

ပထမပိုင္းမွာေတာ့ တစ္ဂိုး-ဂိုးမရွိနဲ႔ ဘိုင္ယန္တို႔ ဦးေဆာင္ခဲ့ၿပီး ေဘာလုံးပိုင္ဆိုင္မႈကိုလည္း အသာစီးရယူႏိုင္ခဲ့သလို လူငယ္နဲ႔ လူအိုသာ မ်ားေနတဲ့ ကာတာလန္သားေတြအေနနဲ႔ ဒုတိယပိုင္းမွာလည္း အိမ္ကြင္းမွာ ထိထိေရာက္ေရာက္ တုံ႔ျပန္ႏိုင္ျခင္းမရွိခဲ့တာကိုလည္း ေတြ႕ရၿပီး ရင္ခုန္စရာ မေကာင္းတဲ့ ေပးပို႔မႈ တခ်ိဳ႕နဲ႔သာ အခ်ိန္ကုန္ေနခဲ့ပါတယ္။

ပြဲခ်ိန္ ၅၆ မိနစ္မွာေတာ့ ေဒးဗီးစ္ ကန္သြင္းတဲ့ ေဘာလုံးက ဘာဆာေနာက္တန္းက အဲရစ္ ဂါစီယာနဲ႔ထိၿပီး ျပန္ထြက္လာခဲ့တာကို မူစီယာလာက အျပင္းထပ္မံကန္သြင္းရာမွာ တိုင္နဲ႔ထိၿပီး ထြက္လာခဲ့တာကို လီဗန္ေဒါ့ဗ္စကီးက အနီးကပ္ေျပးပိတ္ႏိုင္ခဲ့ၿပီး ဘိုင္ယန္ျမဴးနစ္တို႔အတြက္ ဒုတိယ ဦးေဆာင္ဂိုးကို ရယူေပးႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၈၅ မိနစ္မွာေတာ့ ဘိုင္ယန္တို႔ အႏိုင္ျပတ္သားေစမယ့္ တတိယဂိုးကို သြင္းယူႏိုင္ခဲ့ၿပီး ညာျခမ္းမွာ ဒီမီယာဆီကေန ေဘာလုံးလုယူသြားခဲ့တဲ့ ကိုမြန္က ျဖတ္ပို႔ေပးတာကို ဂနာဘရီရဲ႕ ကန္သြင္းခ်က္က တိုင္မွန္ၿပီး ထြက္လာခဲ့တာကို ဒီတစ္ခါမွာလည္း လီဗန္ေဒါ့ဗ္စကီးကပဲ ေနာက္ခံလူေတြၾကားက စိမ္ေျပနေျပ လိမ္ေခါက္ၿပီးမွ ကန္သြင္းရယူသြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ မက္ဆီလိုနာလို႔ ေခၚခဲ့ၾကဖူးၿပီး အာဂ်င္တီးနားသားႀကီး မရွိေတာ့တဲ့ေနာက္မွာ ဘာအရွိန္အဝါ ဩဇာမွ မရွိေတာ့တဲ့ ႏူးကမ့္မွာ ဘိုင္ယန္ျမဴးနစ္တို႔ သုံးဂိုး-ဂိုးမရွိနဲ႔ ျပတ္ျပတ္သားသား ေအာင္ပြဲခံႏိုင္ခဲ့ၾကၿပီး တစ္ေခတ္ေျပာင္းလဲခ်ိန္မွာ တစ္ပြဲလုံး ဂိုးေပါက္တစ္ခါမွ မတည့္ခဲ့တဲ့ ဘာစီလိုနာဆိုတာဟာ ဥေရာပရဲ႕ ထိပ္တန္းအဆင့္မွာ မရွိေတာ့တာကို ပရိသတ္ေတြ ဝမ္းနည္းစြာနဲ႔ လက္ခံၾကရေတာ့မွာပဲျဖစ္ေၾကာင္း သုံးသပ္ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.