Other UCL&UEL

ဒီရာသီ ချန်ပီယံလိဂ်စည်းမျဉ်းအသစ်တွေက ဘယ်လိုတွေ ပြောင်းလဲသွားခဲ့ပြီလဲ

ဒီနေ့ညမှာတော့ အခုရာသီသစ်ရဲ့ ချန်ပီယံလိဂ်ပွဲစဥ်ကို ပြန်လည်ဖွင့်လှစ်လို့ ယှဥ်ပြိုင်ကစားတော့မှာဖြစ်ပြီး UEFA ကတော့ သူတို့ရဲ့ စည်းမျဥ်းအသစ်တွေကို ပြောင်းလဲလိုက်ရာမှာ လူစားလဲမှု၊ အဝေးဂိုးစည်းမျဥ်းနဲ့ ပရိသတ်တွေကို ဘောလုံးကွင်းထဲ ပြန်လည်ဝင်ရောက်ခွင့်ပြုခဲ့ခြင်း အစရှိတဲ့အချက်တွေလည်း ပါဝင်လာခဲ့ပါတယ်။

ပထမဆုံးအဖြစ် ကြီးမားတဲ့ အပြောင်းအလဲကတော့ အဝေးဂိုးစည်းမျဥ်းကို ပယ်ဖျက်လိုက်ခြင်းဖြစ်ပါတယ်။ နှစ်ကျော့ပေါင်းသွင်းဂိုးတူနေရင် အဝေးဂိုးပိုသွင်းထားတဲ့အသင်းက နောက်တဆင့်ကို တက်ရောက်နိုင်တော့မှာမဟုတ်ဘဲ ၁၉၆၅ ခုနှစ်က သတ်မှတ်ခဲ့တဲ့ ဒီစည်းမျဥ်းဟောင်းမှာ ဝေဖန်မှုတွေကို UEFA က တရားဝင်ကိုင်တွယ်ဖြေရှင်းသွားခဲ့တာလည်း ဖြစ်ပါတယ်။

အိမ်ကွင်းအသင်းတွေက ဂိုးမပေးရဖို့ ပိုအာရုံစိုက်စေခဲ့ရတဲ့ စည်းမျဥ်းဟောင်းရဲ့ အကျိုးဆက်ကို ထိန်းချုပ်သွားခဲ့ချိန်မှာ စည်းမျဥ်းအသစ်အရ ဒုတိယအကျော့အထိ ဂိုးပေါင်းသရေကျနေရင် အချိန်ပိုပွဲကစားချိန်ကနေတဆင့် အဆုံးအဖြတ်လိုအပ်လာရင် ပင်နယ်တီအထိ ဆက်ကစားသွားကြရမှာပါ။

“အခုစည်းမျဥ်းအသစ်ရဲ့ သက်ရောက်မှုကတော့ နဂိုမူလပုံစံဖြစ်တဲ့ အိမ်ကွင်းကစားရတဲ့အသင်းတွေအတွက် အဝေးဂိုးမပေးရဖို့ အဓိကထားပြီး ရဲရဲတိုက်စစ်ဆင်မှုကို တားမြစ်ထားသလို ဖြစ်တာကြောင့် အဝေးအသင်းတွေအတွက် အားသာချက်တခုဖြစ်ခဲ့တာပါ။ အထူးသဖြင့် ပထမအကျော့ပွဲစဥ်တွေမှာပါ။ ဒါဟာ မမျှတမှုဖြစ်တယ်လို့ ဝေဖန်မှုတွေ ရှိခဲ့သလို နောက်တချက်က အချိန်ပိုကစားရချိန်မှာ အဝေးအသင်းက တဂိုးသွင်းရင် အိမ်ကွင်းအသင်းက နှစ်ဂိုးသွင်းဖို့ တာဝန်ကြီးသွားခဲ့တာပါ”လို့ UEFA ဥက္ကဌ အလက်ဆန်ဒါ ဆီဖာရင်က စည်းမျဥ်းဟောင်းဖျက်သိမ်းမှုရဲ့ ရည်ရွယ်ချက်ကို ပြောကြားသွားခဲ့တာပါ။

နောက်ထပ်တချက်ကတော့ ဇူလိုင်လ၊ ၂၀၂၀ ခုနှစ်က သတ်မှတ်ခဲ့တဲ့ လူစားလဲခွင့်အရေအတွက် အခုအတိုင်း ၆ ဦးအသုံးပြုခွင့်ရရှိသွားမှာဖြစ်ပြီး ပွဲချိန်မိနစ် ၉၀ အတွင်းမှာ ၅ ဦးလူစားလဲခွင့်နဲ့ အချိန်ပိုမှာ ၁ ဦးလူစားခွင့်ကြောင့် လူစာရင်းတောင့်တင်းတဲ့ အသင်းကြီးတွေအတွက်တော့ အသင်းငယ်လေးတွေထက် အားသာချက်ပိုများခဲ့ပြီဖြစ်ပေမယ့် တဖက်မှာ ဒဏ်ရာပြဿနာကို ထိန်းသိမ်းနိုင်ဖို့လည်း ရည်ရွယ်ခဲ့တာပါ။

ကွင်းထဲမှာအားပေးမယ့် ပရိသတ်အတွက်တော့ ချန်ပီယံလိဂ်ခြေစစ်ပွဲအဆင့်မှာ အဝေးကွင်းပရိသတ်တွေကို ခွင့်မပြုခဲ့ပေမယ့် အခုစတင်ကစားမယ့် အုပ်စုအဆင့်မှာတော့ အဝေးကွင်းပရိသတ်တွေကို လာရောက်အားပေးခွင့်ပြုလိုက်တာကြောင့် ဒီညကစားမယ့် မန်ယူနိုက်တက်နဲ့ BSC ယန်းဘွိုင်းစ်ပွဲစဥ်အတွက် ဆွစ်ဇာလန်မှာရောက်ရှိနေပြီလည်းဖြစ်သလို ယူရို ၂၀၂၀ ပြိုင်ပွဲကြီးနဲ့ ဥရောပစူပါလိဂ်ဖိုင်နယ်ကို တက်ရောက်ကြည့်ရှုထားတဲ့ ပရိသတ်တွေကတော့ ကိုဗစ်ပိုးသတ်ဆေးထိုးနှံပြီးကြောင်း သို့မဟုတ် ဆေးစစ်ချက် Negative အထောက်အထားကို ပြသရပြီးမှ ကွင်းထဲဝင်ခွင့်ရမှာဖြစ်ကြောင်း သိရှိရပါတယ်။

ယခုလို UEFA ကတော့ သူတို့ရဲ့ စည်းမျဉ်းအသစ်တွေကို ပြောင်းလဲလိုက်တဲ့အတွက် အိမ်ကွင်းအသင်းတွေအနေနဲ့ အဝေးဂိုးမပေးရအောင် အရင်လို ခံစစ်ကို အာရုံစိုက် ပြင်ဆင်စရာမလိုတော့ပဲ တိုက်စစ်ကို အားထည့်နိုင်ပြီဖြစ်တဲ့အတွက် ယနေ့ညမှာ အိမ်ရှင်အဖြစ် ဇင်းနစ်ကိုလက်ခံကစားရမယ့် လက်ရှိချန်ပီယံချဲလ်ဆီးနှင့် ဧည့်သည်ဘိုင်ယန်မြူးနစ်ကို ဧည့်ခံကစားရင်း ၈-၂ အရှုံးကို လက်စားချေဖို့ ကြိုးစားမယ့် ဘာစီလိုနာအသင်းတို့အနေနဲ့ တိုက်စစ်အားသန်တဲ့ ကစားကွက်ကို ပြောင်းလဲ ကစားနိုင်ပြီဖြစ်တဲ့အတွက် ယနေ့ညပွဲတွေမှာ သွင်းဂိုးတွေ ပိုမြူးလာမည်လားဆိုတာ စိတ်ဝင်စားစရာ ကောင်းကြောင်း တင်ဆက်လိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဒီေန႔ညမွာေတာ့ အခုရာသီသစ္ရဲ႕ ခ်န္ပီယံလိဂ္ပြဲစဥ္ကို ျပန္လည္ဖြင့္လွစ္လို႔ ယွဥ္ၿပိဳင္ကစားေတာ့မွာျဖစ္ၿပီး UEFA ကေတာ့ သူတို႔ရဲ႕ စည္းမ်ဥ္းအသစ္ေတြကို ေျပာင္းလဲလိုက္ရာမွာ လူစားလဲမႈ၊ အေဝးဂိုးစည္းမ်ဥ္းနဲ႔ ပရိသတ္ေတြကို ေဘာလုံးကြင္းထဲ ျပန္လည္ဝင္ေရာက္ခြင့္ျပဳခဲ့ျခင္း အစရွိတဲ့အခ်က္ေတြလည္း ပါဝင္လာခဲ့ပါတယ္။

ပထမဆုံးအျဖစ္ ႀကီးမားတဲ့ အေျပာင္းအလဲကေတာ့ အေဝးဂိုးစည္းမ်ဥ္းကို ပယ္ဖ်က္လိုက္ျခင္းျဖစ္ပါတယ္။ ႏွစ္ေက်ာ့ေပါင္းသြင္းဂိုးတူေနရင္ အေဝးဂိုးပိုသြင္းထားတဲ့အသင္းက ေနာက္တဆင့္ကို တက္ေရာက္ႏိုင္ေတာ့မွာမဟုတ္ဘဲ ၁၉၆၅ ခုႏွစ္က သတ္မွတ္ခဲ့တဲ့ ဒီစည္းမ်ဥ္းေဟာင္းမွာ ေဝဖန္မႈေတြကို UEFA က တရားဝင္ကိုင္တြယ္ေျဖရွင္းသြားခဲ့တာလည္း ျဖစ္ပါတယ္။

အိမ္ကြင္းအသင္းေတြက ဂိုးမေပးရဖို႔ ပိုအာ႐ုံစိုက္ေစခဲ့ရတဲ့ စည္းမ်ဥ္းေဟာင္းရဲ႕ အက်ိဳးဆက္ကို ထိန္းခ်ဳပ္သြားခဲ့ခ်ိန္မွာ စည္းမ်ဥ္းအသစ္အရ ဒုတိယအေက်ာ့အထိ ဂိုးေပါင္းသေရက်ေနရင္ အခ်ိန္ပိုပြဲကစားခ်ိန္ကေနတဆင့္ အဆုံးအျဖတ္လိုအပ္လာရင္ ပင္နယ္တီအထိ ဆက္ကစားသြားၾကရမွာပါ။

“အခုစည္းမ်ဥ္းအသစ္ရဲ႕ သက္ေရာက္မႈကေတာ့ နဂိုမူလပုံစံျဖစ္တဲ့ အိမ္ကြင္းကစားရတဲ့အသင္းေတြအတြက္ အေဝးဂိုးမေပးရဖို႔ အဓိကထားၿပီး ရဲရဲတိုက္စစ္ဆင္မႈကို တားျမစ္ထားသလို ျဖစ္တာေၾကာင့္ အေဝးအသင္းေတြအတြက္ အားသာခ်က္တခုျဖစ္ခဲ့တာပါ။ အထူးသျဖင့္ ပထမအေက်ာ့ပြဲစဥ္ေတြမွာပါ။ ဒါဟာ မမွ်တမႈျဖစ္တယ္လို႔ ေဝဖန္မႈေတြ ရွိခဲ့သလို ေနာက္တခ်က္က အခ်ိန္ပိုကစားရခ်ိန္မွာ အေဝးအသင္းက တဂိုးသြင္းရင္ အိမ္ကြင္းအသင္းက ႏွစ္ဂိုးသြင္းဖို႔ တာဝန္ႀကီးသြားခဲ့တာပါ”လို႔ UEFA ဥကၠဌ အလက္ဆန္ဒါ ဆီဖာရင္က စည္းမ်ဥ္းေဟာင္းဖ်က္သိမ္းမႈရဲ႕ ရည္႐ြယ္ခ်က္ကို ေျပာၾကားသြားခဲ့တာပါ။

ေနာက္ထပ္တခ်က္ကေတာ့ ဇူလိုင္လ၊ ၂၀၂၀ ခုႏွစ္က သတ္မွတ္ခဲ့တဲ့ လူစားလဲခြင့္အေရအတြက္ အခုအတိုင္း ၆ ဦးအသုံးျပဳခြင့္ရရွိသြားမွာျဖစ္ၿပီး ပြဲခ်ိန္မိနစ္ ၉၀ အတြင္းမွာ ၅ ဦးလူစားလဲခြင့္နဲ႔ အခ်ိန္ပိုမွာ ၁ ဦးလူစားခြင့္ေၾကာင့္ လူစာရင္းေတာင့္တင္းတဲ့ အသင္းႀကီးေတြအတြက္ေတာ့ အသင္းငယ္ေလးေတြထက္ အားသာခ်က္ပိုမ်ားခဲ့ၿပီျဖစ္ေပမယ့္ တဖက္မွာ ဒဏ္ရာျပႆနာကို ထိန္းသိမ္းႏိုင္ဖို႔လည္း ရည္႐ြယ္ခဲ့တာပါ။

ကြင္းထဲမွာအားေပးမယ့္ ပရိသတ္အတြက္ေတာ့ ခ်န္ပီယံလိဂ္ေျခစစ္ပြဲအဆင့္မွာ အေဝးကြင္းပရိသတ္ေတြကို ခြင့္မျပဳခဲ့ေပမယ့္ အခုစတင္ကစားမယ့္ အုပ္စုအဆင့္မွာေတာ့ အေဝးကြင္းပရိသတ္ေတြကို လာေရာက္အားေပးခြင့္ျပဳလိုက္တာေၾကာင့္ ဒီညကစားမယ့္ မန္ယူႏိုက္တက္နဲ႔ BSC ယန္းဘြိဳင္းစ္ပြဲစဥ္အတြက္ ဆြစ္ဇာလန္မွာေရာက္ရွိေနၿပီလည္းျဖစ္သလို ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲႀကီးနဲ႔ ဥေရာပစူပါလိဂ္ဖိုင္နယ္ကို တက္ေရာက္ၾကည့္ရႈထားတဲ့ ပရိသတ္ေတြကေတာ့ ကိုဗစ္ပိုးသတ္ေဆးထိုးႏွံၿပီးေၾကာင္း သို႔မဟုတ္ ေဆးစစ္ခ်က္ Negative အေထာက္အထားကို ျပသရၿပီးမွ ကြင္းထဲဝင္ခြင့္ရမွာျဖစ္ေၾကာင္း သိရွိရပါတယ္။

ယခုလို UEFA ကေတာ့ သူတို႔ရဲ႕ စည္းမ်ဥ္းအသစ္ေတြကို ေျပာင္းလဲလိုက္တဲ့အတြက္ အိမ္ကြင္းအသင္းေတြအေနနဲ႔ အေဝးဂိုးမေပးရေအာင္ အရင္လို ခံစစ္ကို အာ႐ုံစိုက္ ျပင္ဆင္စရာမလိုေတာ့ပဲ တိုက္စစ္ကို အားထည့္ႏိုင္ၿပီျဖစ္တဲ့အတြက္ ယေန႔ညမွာ အိမ္ရွင္အျဖစ္ ဇင္းနစ္ကိုလက္ခံကစားရမယ့္ လက္ရွိခ်န္ပီယံခ်ဲလ္ဆီးႏွင့္ ဧည့္သည္ဘိုင္ယန္ျမဴးနစ္ကို ဧည့္ခံကစားရင္း ၈-၂ အရႈံးကို လက္စားေခ်ဖို႔ ႀကိဳးစားမယ့္ ဘာစီလိုနာအသင္းတို႔အေနနဲ႔ တိုက္စစ္အားသန္တဲ့ ကစားကြက္ကို ေျပာင္းလဲ ကစားႏိုင္ၿပီျဖစ္တဲ့အတြက္ ယေန႔ညပြဲေတြမွာ သြင္းဂိုးေတြ ပိုျမဴးလာမည္လားဆိုတာ စိတ္ဝင္စားစရာ ေကာင္းေၾကာင္း တင္ဆက္လိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.