Bundesliga La Liga Ligue1 Premier League UCL&UEL

ဥရောပအသင်းကြီးတွေထဲက လူအင်အားအတောင့်တင်းဆုံး Big Six ၆ သင်း

၂၀၂၁-၂၂ ရာသီအတွက် ချန်ပီယံလိဂ်ပွဲစဉ်တွေ ရောက်ရှိလာချိန်မှာ ဗိုလ်စွဲနိုင်ဖို့ ပြင်ဆင်နေတဲ့ အသင်းတွေကြားမှာ ရေပန်းစားသူတွေလည်း ပေါ်ထွက်လာခဲ့ပြီး ကစားသမားကောင်းတွေ အင်အားဖြည့်တင်းထားတဲ့ အတောင့်တင်းဆုံးသူတွေကြားက ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့ မပါဝင်တဲ့ အသင်းကြီး ၆ သင်းကို ဖော်ပြပေးလိုက်ပါတယ်။

၆။ ဘိုင်ယန်မြူးနစ်
ဂျာမန်ချန်ပီယံဟာ နောက်ပိုင်းနှစ်တွေမှာ အရှိန်အဝါကျဆင်းလာခဲ့ပြီး ဒီနှစ်နွေရာသီမှာတော့ ဟာဗီ မာတီနက်ဇ်၊ ဒေးဗစ် အလာဘာနဲ့ ဂျရုမ်း ဘိုတန်းတို့လို ကစားသမားတွေ ထွက်ခွာသွားခဲ့တဲ့အတွက် အသင်းရဲ့ ဝါရင့်အင်အား လျော့ကျသွားခဲ့ပြီး ပြန်လည်တည်ဆောက်ဆဲ အနေအထားကို ရောက်ရှိသွားခဲ့တာပါ။ ရောဘတ် လီဗန်ဒေါ့ဗ်စကီးလို တိုက်စစ်မှူးရှိနေတဲ့အတွက် ဂိုးရဖို့ ပူစရာမလိုပေမယ့် အသက်အရွယ်ထောက်လာတဲ့ ဂိုးသမား နွိုင်ယာနဲ့ ခံစစ်က လူသစ်ကစားသမားတွေ အသားကျဖို့တော့ လိုအပ်နေပြီး ပြည်တွင်းမှာ ကိစ္စမရှိတဲ့ နောက်တန်းက ဥရောပမှာတော့ ဗျာများသွားရနိုင်ပါတယ်။

၅။ အက်သလက်တီကို မက်ဒရစ်
သောမတ်စ် ပါတေးနဲ့ ဆာအူးလ် ညီးရက်ဇ်တို့ကို နှစ်ရာသီဆက်တိုက် ဆုံးရှုံးထားခဲ့ရပေမယ့်လည်း တည်ငြိမ်တဲ့ လူစာရင်း မာကျောတဲ့ ကစားဟန်က လာလီဂါမှာ ထိပ်တန်းအသင်းကြီးတစ်သင်းဖြစ်စေပါတယ်။ လိုအပ်ချက်တွေအသီးသီးရှိနေတဲ့ ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်ကို နောက်ထပ် တစ်ရာသီ ထပ်မံကျော်ဖြတ်နိုင်ဖို့ အခြေအနေကောင်းနေတဲ့ လက်ရှိစပိန်ချန်ပီယံဟာ ဥရောပမှာလည်း ဒီထက်ပိုပြီး မှတ်ကျောက်တင်ခံနိုင်ဖို့ ကြိုးစားနေပြီး နည်းပြ ဒီယေဂို ဆီမီယွန်နီရဲ့ အစွမ်းနဲ့ နောက်ပိုင်းအဆင့်တွေဆီ အလွယ်တကူ သွားရောက်နိုင်စွမ်းလည်းရှိနေတာပါ။

၄။ မန်ချက်စတာယူနိုက်တက်
နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားရဲ့ ဘယ်သူ့ကို ပွဲထုတ်မလဲဆိုပြီး ခေါင်းကိုက်ရတော့မယ့် လူစာရင်းက ပြိုင်ဘက်နည်းပြတွေကို အားကျစေမှာပါ၊ ခံစစ်မှာ ရာဖေးလ် ဗာရွန်းနဲ့ တိုက်စစ်မှာ ခရစ္စတီယာနို ရော်နယ်လ်ဒို၊ ဂျေဒန် ဆန်ချိုတို့ ရောက်လာတဲ့ အသင်းဟာ ဘယ်အသင်းကိုမဆို ယှဉ်ပြိုင်နိုင်စွမ်းရှိနေပြီး ပြီးခဲ့တဲ့ ရာသီကထက် ပိုကောင်းလာဖို့လည်း ရှိနေပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီရာသီမှာ တော်တော်လေး မျှော်လင့်ခံထားရပေမယ့် အရှိကို အရှိအတိုင်း အားလုံးမကြိုက်ကြတဲ့ အချက်က ကွင်းလယ်အထိုင်ဖြစ်နေသလို ဝါသိပ်မရင့်သေးတဲ့ စကော့ မက်တော်မီနေး၊ ပျာယာခတ်ဆဲ ဖရက်ဒ်နဲ့ ကျဆင်းလာပြီး ပွဲကြီးမတိုးနိုင်တော့တဲ့ နီမန်ဂျာ မာတစ်ချ်တို့အဖွဲ့က အသင်းရဲ့ အားနည်းချက်ဖြစ်နေပြီး ဇန်နဝါရီမှာ ပြင်ဆင်သွားနိုင်မလားတော့ စောင့်ကြည့်ရမှာပါ။

၃။ ချဲလ်ဆီး
ဂျော်ဂျင်ညိုနဲ့ အန်ဂိုလို ကွန်တေတို့ရဲ့ ကွင်းလယ်အထိုင်မှာ ကူညီအားဖြည့်ပေးမယ့် ဆာအူးလ် ညီးရက်ဇ်ကို အက်သလက်တီကိုကနေ ရလိုက်တာက သောမတ်စ် တူဟယ်လ်ရဲ့အသင်းကို တော်တော်လေး တောင့်တင်းသွားစေပါတယ်။ ဒေါင်ဒေါင်မြည် ကွင်းလယ်လူ ၄ ယောက်ရှိသွားခဲ့တဲ့ ကွင်းလယ်နဲ့ တစ်ယောက်ထုတ်ခံရတာတောင် ပုံမပျက်တဲ့ ခံစစ်က ချဲလ်ဆီးအသင်းရဲ့ အမှတ်အသားလည်းဖြစ်နေပြီး ဒီရာသီမှာ မနှစ်ကထက် ပိုကောင်းအောင် လုပ်ပြနိုင်မယ်လို့ တစ်ပေးခံထားရပါတယ်။

တိုက်စစ်မှာ ကစားသမားဘဝ အမြင့်ဆုံးပုံစံကို ရောက်ရှိနေတဲ့ ရိုမီလူ လူကာကူးကို အားဖြည့်ထားသလို ဂိုးပေါက် ပြန်ရှာတွေ့နေတဲ့ တီမို ဗာနာ၊ မနှစ်ကထက် အမြင်ပိုကျယ်လာတဲ့ ခိုင်ဟားဗတ်ဇ်တို့က အသင်းရဲ့ အပေါင်းလက္ခဏာတွေဖြစ်ပေမယ့် တောင်ပံတိုက်စစ်က ခရစ္စတီယန် ပူလီရှစ်ချ်နဲ့ ဟာကင်းမ် ဇီးယက်ရှ်တို့ ဘတ်လဘိုင်လိုက်သွားခဲ့တာကတော့ ဆိုးပါတယ်။ ချန်ပီယံလိဂ်ကို ရပြီးပြီမို့ ပရီးမီးယားလိဂ်ကို ပြန်လိုချင်နေတဲ့ အသင်းရဲ့ ရည်မှန်းချက်ကြောင့် သူတို့ကို ထိပ်ဆုံးနေရာမှာ ထားတွက်ဖို့တော့ ခက်ခဲနေတာပါ။

၂။ မန်ချက်စတာစီးတီး
ခံစစ်နဲ့ ကွင်းလယ်မှာ အပြောင်းအလဲမရှိတဲ့ ဂွါဒီယိုလာရဲ့ မန်ချက်စတာစီးတီးက ဒီရာသီမှာ ချန်ပီယံလိဂ်ကို မရရအောင် ယူလိမ့်မယ်လို့လည်း တချို့က ထင်ကြေးပေးနေပြီး ၂၀၂၂ နွေဟာ စပိန်သား ပက်ပ်တစ်ယောက် အစ်တီဟတ်မှာ ရှိမယ့် နောက်ဆုံးအချိန်ဖြစ်လာမယ်လို့ ခန့်မှန်းနေကြသလို ပရီးမီးယားလိဂ် လက်ရှိချန်ပီယံအနေနဲ့ ချဲလ်ဆီးတို့ တွေးသလိုပဲ ပိုင်ဆိုင်မထားတဲ့ ဖလားအတွက် ပစ်မှတ်ထားနေကြမှာပါ။

အပြောင်းအလဲ မရှိခဲ့တာကြောင့် မနှစ်ကလိုပဲ ညံ့မြဲညံ့ဆဲ ဘယ်တောင်ပံခံစစ် ဘင်ဂျမင် မန်ဒီနဲ့ အိုလက်ဇန်ဒါ ဇင်ချန်ကိုတို့ကြောင့် ညာခြမ်းက ဂျာအို ကန်ဆယ်လိုကို ဘယ်ပို့ကစားခဲ့ရတာနဲ့ အထောင်တိုက်စစ်မှူးကောင်း မဝယ်နိုင်ခဲ့တာက မန်စီးတီးတို့ရဲ့ အားနည်းချက်တွေဖြစ်နေပြီး ဒါကို ရှိတဲ့လူနဲ့ ကျားကန်နိုင်မလား၊ ဆောင်းရာသီမှာ ထပ်မံအားဖြည့်ဦးမလားတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

၁။ ပီအက်စ်ဂျီ
လီယွန်နယ် မက်ဆီ၊ ဆာဂျီယို ရာမို့စ်၊ အက်ရှ်ရက်ဖ် ဟာကီမီ၊ ဂျော်ဂျီနီယို ဗိုင်နယ်လ်ဒွမ်၊ ဂျန်လွီဂီ ဒွန်နာရမ်မာနဲ့ နူနို မန်ဒက်စ်တို့ကို ခေါ်ယူထားတဲ့ အသင်းကမှ အင်အားအတောင့်တင်းဆုံးလို့ မပြောနိုင်ရင် ဘယ်အသင်းကို ပြောနိုင်မလဲလို့ မေးကြမှာပါ။ ပီအက်စ်ဂျီရဲ့ ကစားပုံမှာ အသက်တွေဖြစ်နေတဲ့ ဘယ်ညာတောင်ပံခံစစ်သမားတွေက ပြီးခဲ့တဲ့နှစ်မှာ ဆေးထိုးခဲ့တာကို ဒီနှစ်မှာ နှစ်နေရာစလုံးအတွက် တစ်ယောက်စီ အားဖြည့်ထားမှုက အမြော်အမြင်ရှိမှုကို ပြသနေတာလည်းဖြစ်ပြီး အထင်ကြီးချင်စရာဖြစ်ပါတယ်။

အသက်အရွယ်ကြောင့် အတွေ့အကြုံကို ပညာသားပါပါ ဆရာကျကျ နည်းစနစ်ပိုင်းနဲ့ အသုံးချလာမယ့် မက်ဆီအတွက် ဘေးက ရံပေးမယ့်သူက ဟာကီမီဆိုတာကတော့ ရင်ခုန်စရာကောင်းနေသလို အဖက်ဖက်က တောင့်တင်းနေတဲ့ အသင်းမှာ အဓိကကျလာမယ့် ကွင်းလယ်လူ မာကို ဗာရက်တီ ခြေစွမ်းပြပြီး နေမာနဲ့ ခီလီယန် အမ်ဘာပေတို့သာ ပွဲကြီးတိုးခဲ့မယ်ဆိုရင်တော့ ကြော်ငြာထဲကလို “ကဲ… ဦးကြီး၊ ဘာလိုသေးလဲဗျာ”လို့ မေးရတော့မှာပဲဖြစ်ပြီး ချန်ပီယံလိဂ်က သူတို့ဖလားလည်းဖြစ်လာနိုင်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ၂၀၂၁-၂၂ ရာသီအတြက္ ခ်န္ပီယံလိဂ္ပြဲစဥ္ေတြ ေရာက္ရွိလာခ်ိန္မွာ ဗိုလ္စြဲႏိုင္ဖို႔ ျပင္ဆင္ေနတဲ့ အသင္းေတြၾကားမွာ ေရပန္းစားသူေတြလည္း ေပၚထြက္လာခဲ့ၿပီး ကစားသမားေကာင္းေတြ အင္အားျဖည့္တင္းထားတဲ့ အေတာင့္တင္းဆုံးသူေတြၾကားက ရီးရဲလ္မက္ဒရစ္နဲ႔ ဘာစီလိုနာတို႔ မပါဝင္တဲ့ အသင္းႀကီး ၆ သင္းကို ေဖာ္ျပေပးလိုက္ပါတယ္။

၆။ ဘိုင္ယန္ျမဴးနစ္
ဂ်ာမန္ခ်န္ပီယံဟာ ေနာက္ပိုင္းႏွစ္ေတြမွာ အရွိန္အဝါက်ဆင္းလာခဲ့ၿပီး ဒီႏွစ္ေႏြရာသီမွာေတာ့ ဟာဗီ မာတီနက္ဇ္၊ ေဒးဗစ္ အလာဘာနဲ႔ ဂ်႐ုမ္း ဘိုတန္းတို႔လို ကစားသမားေတြ ထြက္ခြာသြားခဲ့တဲ့အတြက္ အသင္းရဲ႕ ဝါရင့္အင္အား ေလ်ာ့က်သြားခဲ့ၿပီး ျပန္လည္တည္ေဆာက္ဆဲ အေနအထားကို ေရာက္ရွိသြားခဲ့တာပါ။ ေရာဘတ္ လီဗန္ေဒါ့ဗ္စကီးလို တိုက္စစ္မႉးရွိေနတဲ့အတြက္ ဂိုးရဖို႔ ပူစရာမလိုေပမယ့္ အသက္အ႐ြယ္ေထာက္လာတဲ့ ဂိုးသမား ႏြိဳင္ယာနဲ႔ ခံစစ္က လူသစ္ကစားသမားေတြ အသားက်ဖို႔ေတာ့ လိုအပ္ေနၿပီး ျပည္တြင္းမွာ ကိစၥမရွိတဲ့ ေနာက္တန္းက ဥေရာပမွာေတာ့ ဗ်ာမ်ားသြားရႏိုင္ပါတယ္။

၅။ အက္သလက္တီကို မက္ဒရစ္
ေသာမတ္စ္ ပါေတးနဲ႔ ဆာအူးလ္ ညီးရက္ဇ္တို႔ကို ႏွစ္ရာသီဆက္တိုက္ ဆုံးရႈံးထားခဲ့ရေပမယ့္လည္း တည္ၿငိမ္တဲ့ လူစာရင္း မာေက်ာတဲ့ ကစားဟန္က လာလီဂါမွာ ထိပ္တန္းအသင္းႀကီးတစ္သင္းျဖစ္ေစပါတယ္။ လိုအပ္ခ်က္ေတြအသီးသီးရွိေနတဲ့ ဘာစီလိုနာနဲ႔ ရီးရဲလ္မက္ဒရစ္ကို ေနာက္ထပ္ တစ္ရာသီ ထပ္မံေက်ာ္ျဖတ္ႏိုင္ဖို႔ အေျခအေနေကာင္းေနတဲ့ လက္ရွိစပိန္ခ်န္ပီယံဟာ ဥေရာပမွာလည္း ဒီထက္ပိုၿပီး မွတ္ေက်ာက္တင္ခံႏိုင္ဖို႔ ႀကိဳးစားေနၿပီး နည္းျပ ဒီေယဂို ဆီမီယြန္နီရဲ႕ အစြမ္းနဲ႔ ေနာက္ပိုင္းအဆင့္ေတြဆီ အလြယ္တကူ သြားေရာက္ႏိုင္စြမ္းလည္းရွိေနတာပါ။

၄။ မန္ခ်က္စတာယူႏိုက္တက္
နည္းျပ အိုလီဂန္နာ ဆိုးလ္ရွားရဲ႕ ဘယ္သူ႔ကို ပြဲထုတ္မလဲဆိုၿပီး ေခါင္းကိုက္ရေတာ့မယ့္ လူစာရင္းက ၿပိဳင္ဘက္နည္းျပေတြကို အားက်ေစမွာပါ၊ ခံစစ္မွာ ရာေဖးလ္ ဗာ႐ြန္းနဲ႔ တိုက္စစ္မွာ ခရစၥတီယာႏို ေရာ္နယ္လ္ဒို၊ ေဂ်ဒန္ ဆန္ခ်ိဳတို႔ ေရာက္လာတဲ့ အသင္းဟာ ဘယ္အသင္းကိုမဆို ယွဥ္ၿပိဳင္ႏိုင္စြမ္းရွိေနၿပီး ၿပီးခဲ့တဲ့ ရာသီကထက္ ပိုေကာင္းလာဖို႔လည္း ရွိေနပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ဒီရာသီမွာ ေတာ္ေတာ္ေလး ေမွ်ာ္လင့္ခံထားရေပမယ့္ အရွိကို အရွိအတိုင္း အားလုံးမႀကိဳက္ၾကတဲ့ အခ်က္က ကြင္းလယ္အထိုင္ျဖစ္ေနသလို ဝါသိပ္မရင့္ေသးတဲ့ စေကာ့ မက္ေတာ္မီေနး၊ ပ်ာယာခတ္ဆဲ ဖရက္ဒ္နဲ႔ က်ဆင္းလာၿပီး ပြဲႀကီးမတိုးႏိုင္ေတာ့တဲ့ နီမန္ဂ်ာ မာတစ္ခ်္တို႔အဖြဲ႕က အသင္းရဲ႕ အားနည္းခ်က္ျဖစ္ေနၿပီး ဇန္နဝါရီမွာ ျပင္ဆင္သြားႏိုင္မလားေတာ့ ေစာင့္ၾကည့္ရမွာပါ။

၃။ ခ်ဲလ္ဆီး
ေဂ်ာ္ဂ်င္ညိဳနဲ႔ အန္ဂိုလို ကြန္ေတတို႔ရဲ႕ ကြင္းလယ္အထိုင္မွာ ကူညီအားျဖည့္ေပးမယ့္ ဆာအူးလ္ ညီးရက္ဇ္ကို အက္သလက္တီကိုကေန ရလိုက္တာက ေသာမတ္စ္ တူဟယ္လ္ရဲ႕အသင္းကို ေတာ္ေတာ္ေလး ေတာင့္တင္းသြားေစပါတယ္။ ေဒါင္ေဒါင္ျမည္ ကြင္းလယ္လူ ၄ ေယာက္ရွိသြားခဲ့တဲ့ ကြင္းလယ္နဲ႔ တစ္ေယာက္ထုတ္ခံရတာေတာင္ ပုံမပ်က္တဲ့ ခံစစ္က ခ်ဲလ္ဆီးအသင္းရဲ႕ အမွတ္အသားလည္းျဖစ္ေနၿပီး ဒီရာသီမွာ မႏွစ္ကထက္ ပိုေကာင္းေအာင္ လုပ္ျပႏိုင္မယ္လို႔ တစ္ေပးခံထားရပါတယ္။

တိုက္စစ္မွာ ကစားသမားဘဝ အျမင့္ဆုံးပုံစံကို ေရာက္ရွိေနတဲ့ ႐ိုမီလူ လူကာကူးကို အားျဖည့္ထားသလို ဂိုးေပါက္ ျပန္ရွာေတြ႕ေနတဲ့ တီမို ဗာနာ၊ မႏွစ္ကထက္ အျမင္ပိုက်ယ္လာတဲ့ ခိုင္ဟားဗတ္ဇ္တို႔က အသင္းရဲ႕ အေပါင္းလကၡဏာေတြျဖစ္ေပမယ့္ ေတာင္ပံတိုက္စစ္က ခရစၥတီယန္ ပူလီရွစ္ခ်္နဲ႔ ဟာကင္းမ္ ဇီးယက္ရွ္တို႔ ဘတ္လဘိုင္လိုက္သြားခဲ့တာကေတာ့ ဆိုးပါတယ္။ ခ်န္ပီယံလိဂ္ကို ရၿပီးၿပီမို႔ ပရီးမီးယားလိဂ္ကို ျပန္လိုခ်င္ေနတဲ့ အသင္းရဲ႕ ရည္မွန္းခ်က္ေၾကာင့္ သူတို႔ကို ထိပ္ဆုံးေနရာမွာ ထားတြက္ဖို႔ေတာ့ ခက္ခဲေနတာပါ။

၂။ မန္ခ်က္စတာစီးတီး
ခံစစ္နဲ႔ ကြင္းလယ္မွာ အေျပာင္းအလဲမရွိတဲ့ ဂြါဒီယိုလာရဲ႕ မန္ခ်က္စတာစီးတီးက ဒီရာသီမွာ ခ်န္ပီယံလိဂ္ကို မရရေအာင္ ယူလိမ့္မယ္လို႔လည္း တခ်ိဳ႕က ထင္ေၾကးေပးေနၿပီး ၂၀၂၂ ေႏြဟာ စပိန္သား ပက္ပ္တစ္ေယာက္ အစ္တီဟတ္မွာ ရွိမယ့္ ေနာက္ဆုံးအခ်ိန္ျဖစ္လာမယ္လို႔ ခန႔္မွန္းေနၾကသလို ပရီးမီးယားလိဂ္ လက္ရွိခ်န္ပီယံအေနနဲ႔ ခ်ဲလ္ဆီးတို႔ ေတြးသလိုပဲ ပိုင္ဆိုင္မထားတဲ့ ဖလားအတြက္ ပစ္မွတ္ထားေနၾကမွာပါ။

အေျပာင္းအလဲ မရွိခဲ့တာေၾကာင့္ မႏွစ္ကလိုပဲ ညံ့ၿမဲညံ့ဆဲ ဘယ္ေတာင္ပံခံစစ္ ဘင္ဂ်မင္ မန္ဒီနဲ႔ အိုလက္ဇန္ဒါ ဇင္ခ်န္ကိုတို႔ေၾကာင့္ ညာျခမ္းက ဂ်ာအို ကန္ဆယ္လိုကို ဘယ္ပို႔ကစားခဲ့ရတာနဲ႔ အေထာင္တိုက္စစ္မႉးေကာင္း မဝယ္ႏိုင္ခဲ့တာက မန္စီးတီးတို႔ရဲ႕ အားနည္းခ်က္ေတြျဖစ္ေနၿပီး ဒါကို ရွိတဲ့လူနဲ႔ က်ားကန္ႏိုင္မလား၊ ေဆာင္းရာသီမွာ ထပ္မံအားျဖည့္ဦးမလားေတာ့ ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

၁။ ပီအက္စ္ဂ်ီ
လီယြန္နယ္ မက္ဆီ၊ ဆာဂ်ီယို ရာမို႔စ္၊ အက္ရွ္ရက္ဖ္ ဟာကီမီ၊ ေဂ်ာ္ဂ်ီနီယို ဗိုင္နယ္လ္ဒြမ္၊ ဂ်န္လြီဂီ ဒြန္နာရမ္မာနဲ႔ ႏူႏို မန္ဒက္စ္တို႔ကို ေခၚယူထားတဲ့ အသင္းကမွ အင္အားအေတာင့္တင္းဆုံးလို႔ မေျပာႏိုင္ရင္ ဘယ္အသင္းကို ေျပာႏိုင္မလဲလို႔ ေမးၾကမွာပါ။ ပီအက္စ္ဂ်ီရဲ႕ ကစားပုံမွာ အသက္ေတြျဖစ္ေနတဲ့ ဘယ္ညာေတာင္ပံခံစစ္သမားေတြက ၿပီးခဲ့တဲ့ႏွစ္မွာ ေဆးထိုးခဲ့တာကို ဒီႏွစ္မွာ ႏွစ္ေနရာစလုံးအတြက္ တစ္ေယာက္စီ အားျဖည့္ထားမႈက အေျမာ္အျမင္ရွိမႈကို ျပသေနတာလည္းျဖစ္ၿပီး အထင္ႀကီးခ်င္စရာျဖစ္ပါတယ္။

အသက္အ႐ြယ္ေၾကာင့္ အေတြ႕အႀကဳံကို ပညာသားပါပါ ဆရာက်က် နည္းစနစ္ပိုင္းနဲ႔ အသုံးခ်လာမယ့္ မက္ဆီအတြက္ ေဘးက ရံေပးမယ့္သူက ဟာကီမီဆိုတာကေတာ့ ရင္ခုန္စရာေကာင္းေနသလို အဖက္ဖက္က ေတာင့္တင္းေနတဲ့ အသင္းမွာ အဓိကက်လာမယ့္ ကြင္းလယ္လူ မာကို ဗာရက္တီ ေျခစြမ္းျပၿပီး ေနမာနဲ႔ ခီလီယန္ အမ္ဘာေပတို႔သာ ပြဲႀကီးတိုးခဲ့မယ္ဆိုရင္ေတာ့ ေၾကာ္ျငာထဲကလို “ကဲ… ဦးႀကီး၊ ဘာလိုေသးလဲဗ်ာ”လို႔ ေမးရေတာ့မွာပဲျဖစ္ၿပီး ခ်န္ပီယံလိဂ္က သူတို႔ဖလားလည္းျဖစ္လာႏိုင္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.