La Liga Other Leagues

မာကာရဲ့ အကောင်းဆုံးဆိုတဲ့ မက်ဆီက Ballon d’Or ပြိုင်ဘက်တွေကို အလဲထိုးမလား

စပိန်နိုင်ငံ၊ မက်ဒရစ်မြို့အခြေစိုက် Marca သတင်းဌာနကတော့ ဘာစီလိုနာအသင်းရဲ့ ၃၄ နှစ်အရွယ် အာဂျင်တိုင်းသားကြီး လီယွန်နယ် မက်ဆီကို “သူ့မျိုးဆက်မှာ အကောင်းဆုံးကစားသမား”ဆိုပြီး ဖော်ပြခဲ့ပြီး သူ့အနေနဲ့ ဒီနှစ်မှာသာ ဘယ်လွန်ဒေါဆုကိုရခဲ့ရင် ၇ ကြိမ်အထိ ရမှာဖြစ်ပြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုထက် ၂ ကြိမ်ထိ အသာရသွားမှာပါ။

မက်ဆီက ဘာစီလိုနာအသင်းနဲ့အတူ ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းက ကိုပါဒဲလ်ရေးဖလားကို ရခဲ့သလို လာလီဂါမှာလည်း သွင်းဂိုး ၃၀ အထိရယူပြီး ရွှေဖိနပ်ဆုရခဲ့တာပါ။ မကြာသေးမီက ကိုပါအမေရိကဖလားကိုလည်း အာဂျင်တီးနားအသင်းနဲ့အတူ ရယူခဲ့သူလည်းဖြစ်ပြီး စံချိန်တွေနဲ့အတူ တစ်ဦးချင်းဆုတံဆိပ်တွေ အများကြီးရယူခဲ့တာပါ။

Marca သတင်းစာမှာ “တခြားလူတွေကို မေ့လို့ရပြီ။ ဘယ်လွန်ဒေါဆုက မက်ဆီအတွက်ပဲ။ သူ့အနေနဲ့ ထိပ်တန်းအဆင့်မှာ ကစားနေသမျှ ဘယ်လွန်ဒေါဆုကို ရသင့်တဲ့ တခြားလူမရှိဘူး။ မက်ဆီက သူ့မျိုးဆက်မှာ အကောင်းဆုံးကစားသမားပဲ။ ပြီးတော့ ဘောလုံးသမိုင်းတစ်လျှောက်အတွက်တောင် ဖြစ်နိုင်တယ်”လို့ ဖော်ပြခဲ့တာပါ။

ဆက်လက်ပြီး “၅ ကြိမ်ရထားတဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုက မက်ဆီရဲ့ ‌၆ ကြိမ်မြောက်ကို မှီဖို့တောင် လိုနေသေးပေမယ့် ဘောလုံးသမိုင်းတစ်လျှောက်အကောင်းဆုံးဘောလုံးသမားလို့ သတ်မှတ်ထားကြတဲ့ အာဂျင်တိုင်းသားကြီးကို အကျိုးမရှိတဲ့ အပြုအမူတွေပဲလုပ်နေတယ်”လို့ ရေးသားဖော်ပြခဲ့တာပါ။

ဂျော်ဂျင်ညိုကတော့ သူ့အနေနဲ့ ဘယ်လွန်ဒေါဆုကို ရသင့်တယ်လို့ ယုံကြည်နေပြီး ချန်ပီယံလိဂ်နဲ့ ယူရိုဖလားရခဲ့တာတွေကြောင့် ရနိုင်လိမ့်မယ်လို့ ထင်နေသလို ချဲလ်ဆီးဂန္ထဝင်ကစားသမား ဂျန်ဖရန်ကို ဇိုလာကတော့ ဂျော်ဂျင်ညိုပဲ ဘယ်လွန်ဒေါဆုနဲ့ ထိုက်တန်တယ်ဆိုပြီး ထောက်ခံခဲ့တာပါ။

မနှစ်က ဘယ်လွန်ဒေါဆုရဖို့ ရေပန်းအစားဆုံးဖြစ်ခဲ့ပြီး ချန်ပီယံလိဂ်ပါ ရယူနိုင်ခဲ့တဲ့ ရောဘတ် လီဗန်ဒေါ့ဗ်စကီးက‌တော့ မက်ဆီရဲ့ အနီးဆုံးပြိုင်ဘက်ဖြစ်ပြီး မနှစ်က ကိုဗစ်ရောဂါပြန့်ပွားမှုကြောင့်မရခဲ့တဲ့ဆုကို ဒီနှစ်မှာ ရယူနိုင်ဖို့ မျှော်လင့်လို့ရနေတာပါ။

မက်ဆီနဲ့ရော်နယ်လ်ဒို ဘယ်သူပိုကောင်းလဲဆိုတာကတော့ ဘောလုံးလောကမှာ ဖြေရအခက်ဆုံးမေးခွန်းအနေနဲ့ဖြစ်ခဲ့ပြီး ဆယ်စုနှစ် ၂ ခုနီးပါးကြာတဲ့အထိကို သူတို့ ၂ ဦးကြား ပြိုင်ဆိုင်မှုတွေလည်း မလျော့ခဲ့သလို ခြေစွမ်းလည်း အမြင့်ဆုံးပုံစံမှာရှိနေခဲ့ကြပေမယ့် အခုအခါမှာတော့ အဖြေမှန်အတွက် ရုပ်လုံးပေါ်လာတော့မှာလားဆိုတာတော့…

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
စပိန္ႏိုင္ငံ၊ မက္ဒရစ္ၿမိဳ႕အေျခစိုက္ Marca သတင္းဌာနကေတာ့ ဘာစီလိုနာအသင္းရဲ႕ ၃၄ ႏွစ္အ႐ြယ္ အာဂ်င္တိုင္းသားႀကီး လီယြန္နယ္ မက္ဆီကို “သူ႔မ်ိဳးဆက္မွာ အေကာင္းဆုံးကစားသမား”ဆိုၿပီး ေဖာ္ျပခဲ့ၿပီး သူ႔အေနနဲ႔ ဒီႏွစ္မွာသာ ဘယ္လြန္ေဒါဆုကိုရခဲ့ရင္ ၇ ႀကိမ္အထိ ရမွာျဖစ္ၿပီး ခရစၥတီယာႏို ေရာ္နယ္လ္ဒိုထက္ ၂ ႀကိမ္ထိ အသာရသြားမွာပါ။

မက္ဆီက ဘာစီလိုနာအသင္းနဲ႔အတူ ၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းက ကိုပါဒဲလ္ေရးဖလားကို ရခဲ့သလို လာလီဂါမွာလည္း သြင္းဂိုး ၃၀ အထိရယူၿပီး ေ႐ႊဖိနပ္ဆုရခဲ့တာပါ။ မၾကာေသးမီက ကိုပါအေမရိကဖလားကိုလည္း အာဂ်င္တီးနားအသင္းနဲ႔အတူ ရယူခဲ့သူလည္းျဖစ္ၿပီး စံခ်ိန္ေတြနဲ႔အတူ တစ္ဦးခ်င္းဆုတံဆိပ္ေတြ အမ်ားႀကီးရယူခဲ့တာပါ။

Marca သတင္းစာမွာ “တျခားလူေတြကို ေမ့လို႔ရၿပီ။ ဘယ္လြန္ေဒါဆုက မက္ဆီအတြက္ပဲ။ သူ႔အေနနဲ႔ ထိပ္တန္းအဆင့္မွာ ကစားေနသမွ် ဘယ္လြန္ေဒါဆုကို ရသင့္တဲ့ တျခားလူမရွိဘူး။ မက္ဆီက သူ႔မ်ိဳးဆက္မွာ အေကာင္းဆုံးကစားသမားပဲ။ ၿပီးေတာ့ ေဘာလုံးသမိုင္းတစ္ေလွ်ာက္အတြက္ေတာင္ ျဖစ္ႏိုင္တယ္”လို႔ ေဖာ္ျပခဲ့တာပါ။

ဆက္လက္ၿပီး “၅ ႀကိမ္ရထားတဲ့ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုက မက္ဆီရဲ႕ ‌၆ ႀကိမ္ေျမာက္ကို မွီဖို႔ေတာင္ လိုေနေသးေပမယ့္ ေဘာလုံးသမိုင္းတစ္ေလွ်ာက္အေကာင္းဆုံးေဘာလုံးသမားလို႔ သတ္မွတ္ထားၾကတဲ့ အာဂ်င္တိုင္းသားႀကီးကို အက်ိဳးမရွိတဲ့ အျပဳအမူေတြပဲလုပ္ေနတယ္”လို႔ ေရးသားေဖာ္ျပခဲ့တာပါ။

ေဂ်ာ္ဂ်င္ညိဳကေတာ့ သူ႔အေနနဲ႔ ဘယ္လြန္ေဒါဆုကို ရသင့္တယ္လို႔ ယုံၾကည္ေနၿပီး ခ်န္ပီယံလိဂ္နဲ႔ ယူ႐ိုဖလားရခဲ့တာေတြေၾကာင့္ ရႏိုင္လိမ့္မယ္လို႔ ထင္ေနသလို ခ်ဲလ္ဆီးဂႏၴဝင္ကစားသမား ဂ်န္ဖရန္ကို ဇိုလာကေတာ့ ေဂ်ာ္ဂ်င္ညိဳပဲ ဘယ္လြန္ေဒါဆုနဲ႔ ထိုက္တန္တယ္ဆိုၿပီး ေထာက္ခံခဲ့တာပါ။

မႏွစ္က ဘယ္လြန္ေဒါဆုရဖို႔ ေရပန္းအစားဆုံးျဖစ္ခဲ့ၿပီး ခ်န္ပီယံလိဂ္ပါ ရယူႏိုင္ခဲ့တဲ့ ေရာဘတ္ လီဗန္ေဒါ့ဗ္စကီးက‌ေတာ့ မက္ဆီရဲ႕ အနီးဆုံးၿပိဳင္ဘက္ျဖစ္ၿပီး မႏွစ္က ကိုဗစ္ေရာဂါျပန႔္ပြားမႈေၾကာင့္မရခဲ့တဲ့ဆုကို ဒီႏွစ္မွာ ရယူႏိုင္ဖို႔ ေမွ်ာ္လင့္လို႔ရေနတာပါ။

မက္ဆီနဲ႔ေရာ္နယ္လ္ဒို ဘယ္သူပိုေကာင္းလဲဆိုတာကေတာ့ ေဘာလုံးေလာကမွာ ေျဖရအခက္ဆုံးေမးခြန္းအေနနဲ႔ျဖစ္ခဲ့ၿပီး ဆယ္စုႏွစ္ ၂ ခုနီးပါးၾကာတဲ့အထိကို သူတို႔ ၂ ဦးၾကား ၿပိဳင္ဆိုင္မႈေတြလည္း မေလ်ာ့ခဲ့သလို ေျခစြမ္းလည္း အျမင့္ဆုံးပုံစံမွာရွိေနခဲ့ၾကေပမယ့္ အခုအခါမွာေတာ့ အေျဖမွန္အတြက္ ႐ုပ္လုံးေပၚလာေတာ့မွာလားဆိုတာေတာ့…

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.