International Match Report

ရှုံးပွဲမရှိစံချိန်ကို ဆက်လက်တိုးမြှင့်ခဲ့ပြီး စပိန်ကို ပင်နယ်တီမှာ ကျော်ဖြတ်ခဲ့တဲ့ အီတလီ

အီတလီအသင်းအနေနဲ့ ဒီနေ့မှာလည်း နာမည်ကြီးပြိုင်ဘက် စပိန်အသင်းကို ထပ်မံကျော်ဖြတ်နိုင်ခဲ့ပြီး ချန်ပီယံဖြစ်ဖို့အတွက် ခြေစွမ်းနဲ့ လူအင်အားသာမဟုတ်ဘဲ အရေးကြီးတဲ့ ကံကပါ ကိုယ့်ဘက်မှာ ရှိနေကြောင်းကို ပြသနိုင်ခဲ့သလို ပင်နယ်တီအထိ ကစားခဲ့ရပေမယ့် ဝင်ဘလီကွင်းမှာ ဆက်လက်ကစားရဖို့ လုပ်ဆောင်နိုင်ခဲ့ပါတယ်။

အုပ်စုတွင်းက လူစာရင်းထုတ်ခဲ့တဲ့ လိုကာတယ်လီနဲ့ ဘယ်ရာဒီတို့ ဆာဆူအိုလိုအတွဲအစား ဗာရက်တီနဲ့ ခီယေဆာတို့ကို တောက်လျှောက် ထည့်ကစားနေတဲ့ အီတလီအသင်းမှာ ဒဏ်ရာရသွားတဲ့ စပင်နက်ဇိုလာနေရာမှာတော့ ချဲလ်ဆီးရဲ့ အီမာဆန်က ကစားခဲ့ပြီး အသင်းရဲ့ ပုံစံကို မပျက်အောင် ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။

စပိန်ကတော့ ခန့်မှန်းထားတဲ့ လူစာရင်းအတိုင်းပဲ ဆာရာဘီးယား မပါဝင်နိုင်ချိန်မှာ ဒါနီ အိုလ်မိုကို ထုတ်သုံးခဲ့ပြီး တိုက်စစ်မှာတော့ မိုရာတာအစား အိုယာဇာဘယ်လ်နဲ့ ပွဲထွက်လာခဲ့သလို ကျန်တဲ့ ကွင်းလယ်နဲ့ ခံစစ်သမားတွေနေရာမှာတော့ အရင်ပွဲတွေက လူစာရင်းကိုပဲ တည်ငြိမ်မှု အတွက် အသုံးပြုခဲ့တာပါ။

ပွဲချိန် ၁၂ မိနစ်မှာ ပက်ဒရီရဲ့ အကောင်းဆုံးပေးပို့မှုကို လူကျွံထောင်ချောက်ကို ဖောက်ထွက်သွားတဲ့ အိုယာဇာဘယ်လ်ရဲ့ ထိန်းသိမ်းမှုက တော်တော်လေး ဆိုးရွားလွန်းခဲ့လို့ ဂိုးရနိုင်ခွင့် ပျက်ပြယ်ခဲ့ရသလို ၂၁ မိနစ်မှာ စပိန်ခံစစ်ကို ကျော်ဖြတ်သွားတဲ့ အင်ဆီညာက ဂိုးသမားနဲ့အတွေ့မှာ အတွင်းကို ပြန်ချိုးပေးတာကို ဘာရဲလားကို အင်မိုဘီလီ စောစောစီးစီး လူပေးလိုက်ရင် ဂိုးဖြစ်နိုင်ပေမယ့် နှောင့်နှေးနေခဲ့လို့ ဖျက်ထုတ်ခံခဲ့ရပါတယ်။

အီတလီဘက်က အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့သလို စပိန်တို့ကတော့ Possession, Pressing, Breaks တွေနဲ့ ဗျူဟာကောင်းမွန်ခဲ့ပေမယ့် ရှေ့က အိုယာဇာဘယ်လ်ကတော့ တိုက်စစ်မှူးရော ဟုတ်ရဲ့လားလို့ မေးယူရလောက်အောင်ဖြစ်နေပြီး ဒလန်ဆန်နေခဲ့လို့ ပထမပိုင်းမှာ ဂိုးမရှိသရေပဲ ဖြစ်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း အိုလ်မိုရဲ့ ဖြတ်တင်ဘောတွေ ကောင်းပေမယ့် အီတလီခံစစ်က အမှားအယွင်းမရှိ ရှင်းထုတ်နိုင်ခဲ့သလို ပွဲချိန် ၅၂ မိနစ်မှာတော့ အခွင့်အရေးကောင်းကို အသင်းခေါင်းဆောင် ဘူးစကွက်စ် အသုံးမချနိုင်ခဲ့လို့ စပိန်တို့ နစ်နာခဲ့ရပြီး ဂိုးသမား ဒွန်နာရမ်မာကိုတော့ သိပ်ပြီး စိုးရိမ်ရအောင်လည်း မလုပ်နိုင်ခဲ့ကြတာပါ။

ပွဲချိန် မိနစ် ၆၀ မှာတော့ တန်ပြန်တိုက်စစ်ကနေ အင်မိုဘီလီ ထိုးဖောက်ဖို့ ကြိုးစားတာကို လာပေါ့တ် ဖျက်ထုတ်လို့ ပြန်ထွက်လာတဲ့ ဘောလုံးကို နောက်ကလိုက်လာတဲ့ ခီယေဆာက ရယူပြီး ဂိုးညာဘက်ခြမ်းကို ဝေ့ဝိုက်ကန်သွင်းခဲ့ရာမှာ စပိန်နောက်တန်းတွေနဲ့ ဂိုးသမား အူနိုင်း ဆီမွန်တို့ ငုတ်တုတ်မေ့သွားခဲ့ပြီး အီတလီတို့ စတင်ဦးဆောင်နိုင်ခဲ့ပါတယ်။

ဂိုးပေးလိုက်ရအပြီးမှာ ဖယ်ရန် တောရက်စ်အစား မိုရာတာ ဝင်ကစားလာခဲ့ပြီး အီတလီကတော့ အင်မိုဘီလီအစား မြန်ဆန်တဲ့ ဘယ်ရာဒီနဲ့ အထောင်တိုက်စစ်မှူးမပါဘဲ ကောင်တာသက်သက်ကစားဖို့ ဆုံးဖြတ်ခဲ့သလို ပွဲချိန် ၆၅ မိနစ်မှာတော့ ကိုကီရဲ့ ကောင်းမွန်လွန်းတဲ့ အနီးကပ် ဖြတ်တင်ဘောကို အိုယာဇာဘယ်လ်က ထိအောင်ခေါင်းမတိုက်နိုင်ခဲ့လို့ နည်းပြ အန်ရီကေတစ်ယောက် အလွဲကို မယုံနိုင်အောင်ဖြစ်ခဲ့ရပါတယ်။

ပွဲချိန် ၆၈ မိနစ်မှာ ခီယေဆာပေးတဲ့ ဘောလုံးကို ဘယ်ရာဒီကန်သွင်းခဲ့ပေမယ့် အူနိုင်း ဆီမွန်က ခြေထောက်နဲ့ ပိတ်ဆို့သွားနိုင်ခဲ့ပြီး ပွဲချိန် မိနစ် ၈၀ မှာလည်း လူစားဝင် ဘယ်ရာဒီကပဲ ကန်သွင်းခဲ့တာကို ဘီလ်ဘာအိုဂိုးသမားကပဲ နောက်တစ်ဂိုးထပ်မပေးရအောင် ကာကွယ်သွားနိုင်ခဲ့ပါတယ်။

စက္ကန့်ပိုင်းအတွင်းမှာပဲ ဒီကနေ စပိန်တို့ ဘောလုံးအမြန်စတင်လာခဲ့ပြီး အလယ်ကြောကနေ ထိုးဖောက်လာမှုကနေ မိုရာတာ ပြန်ရလာခဲ့ပြီး ဂိုးရှေ့မှာ ဒါနီ အိုလ်မိုနဲ့ ဝမ်းတူးရိုက်ပြီး အီတလီနောက်တန်းတွေကို ဖြတ်ကျော်ခဲ့ရာမှာ သူ့ရဲ့ ဂျူဗင်တပ်စ်အသင်းဖော်တွေဖြစ်တဲ့ ခေးလီနီနဲ့ ဘိုနူချီတို့ ကြောင်ကြည့်နေခဲ့ရပြီး ဂိုးသမား ဒွန်နာရမ်မာနဲ့ အလွတ်တွေ့ဆုံရာမှာတော့ ဘယ်ခြမ်းကို ကန်သွင်းပြီး သပ်သပ်ရပ်ရပ် ချေပနိုင်ခဲ့တာပါ။

တစ်ဂိုးစီသရေဖြစ်သွားခဲ့ချိန်မှာ နှစ်သင်းစလုံး အနိုင်ရရှိဖို့အတွက် တိုက်စစ်ကို မြှင့်တင်ခဲ့ကြပေမယ့် အဆုံးသတ်ပိုင်းတွေကတော့ အားရစရာ ရှိမနေလို့ မိနစ် ၉၀ အပြည့်မှာ အချိန်ပို ထပ်မံကစားခဲ့ကြရသလို ပင်နယ်တီ အရောက်မခံချင်တဲ့ စပိန်တို့ ပွဲချိန်အတွင်း အပြတ်ဖြတ်နိုင်ဖို့ ပိုမိုဖိကစားခဲ့ပေမယ့် အီတလီခံစစ်က မာကျောခဲ့သလို တိုက်စစ်ကလည်း ကောင်တာတွေနဲ့ ပြန်လည်ခြိမ်းခြောက်နေခဲ့ပါတယ်။

ပွဲချိန် မိနစ် ၁၂၀ အပြည့်မှာတော့ ပင်နယ်တီ ကန်သွင်းဆုံးဖြတ်ခဲ့ကြရပြီး အီတလီဘက်က လိုကာတယ်လီရဲ့ ပထမဆုံးကန်ချက်က ဂိုးသမား အူနိုင်း ဆီမွန်ရဲ့ ကာကွယ်တာ ခံခဲ့ရသလို စပိန်ဘက်က ဒါနီ အိုလ်မိုကတော့ ဂိုးဘားပေါ် ကျော်ကန်ပြီး နှစ်သင်းစလုံး အဖွင့်မလှခဲ့ကြတာပါ။

ဆက်လက်ပြီး ကန်သွင်းရာမှာတော့ လေးလုံးစီ ကန်ပြီးချိန်မှာ အီတလီဘက်က ဘယ်လော့တီ၊ ဘိုနူချီ၊ ဘာနာဒက်စ်ခီတို့ ဆက်တိုက်ဝင်ခဲ့သလို စပိန်ဘက်က ဂျရတ် မိုရီနိုနဲ့ သီယာဂိုတို့ ဝင်အောင်ကန်သွင်းနိုင်ခဲ့ပြီး မိုရာတာရဲ့ ကန်ချက်ကိုတော့ ဒွန်နာရမ်မာ ပုတ်ထုတ်သွားခဲ့အပြီးမှာ အဆုံးအဖြတ် ဖြစ်လာခဲ့တဲ့ ငါးလုံးမြောက် ပင်နယ်တီကိုတော့ ဂျော်ဂျင်ညိုက သူကန်နေကျပုံစံအတိုင်း ပါးပါးခုန်ပြီး အူနိုင်း ဆီမွန်ကို လှည့်စားသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ပင်နယ်တီမှာ လေးဂိုး-နှစ်ဂိုး(စုစုပေါင်း ငါးဂိုး-သုံးဂိုး)နဲ့ အောင်ပွဲခံနိုင်ခဲ့တဲ့ အီတလီတို့ ဗိုလ်လုပွဲကစားဖို့ အဆင်သင့်ဖြစ်နေခဲ့ပြီး ၁၁ ရက်နေ့ ဖိုင်နယ်ပွဲစဉ်အပြီး “ဖာတဲလီ ဒီတားလျာ… လီတားလျာ ဆယ်ဒက်စ်တာ…” အစချီတဲ့ “အီလ်ကန်တို ဒီဂလီ အီတာလျာနီ” နိုင်ငံတော်သီချင်းကို
မြိုင်မြိုင်ဆိုင်ဆိုင်ကြားရတော့မလားလို့ ပရိသတ်တွေအားလုံး မျှော်လင့်ချက်တွေ ကြီးထွားလာခဲ့ရကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အီတလီအသင္းအေနနဲ႔ ဒီေန႔မွာလည္း နာမည္ႀကီးၿပိဳင္ဘက္ စပိန္အသင္းကို ထပ္မံေက်ာ္ျဖတ္ႏိုင္ခဲ့ၿပီး ခ်န္ပီယံျဖစ္ဖို႔အတြက္ ေျခစြမ္းနဲ႔ လူအင္အားသာမဟုတ္ဘဲ အေရးႀကီးတဲ့ ကံကပါ ကိုယ့္ဘက္မွာ ရွိေနေၾကာင္းကို ျပသႏိုင္ခဲ့သလို ပင္နယ္တီအထိ ကစားခဲ့ရေပမယ့္ ဝင္ဘလီကြင္းမွာ ဆက္လက္ကစားရဖို႔ လုပ္ေဆာင္ႏိုင္ခဲ့ပါတယ္။

အုပ္စုတြင္းက လူစာရင္းထုတ္ခဲ့တဲ့ လိုကာတယ္လီနဲ႔ ဘယ္ရာဒီတို႔ ဆာဆူအိုလိုအတြဲအစား ဗာရက္တီနဲ႔ ခီေယဆာတို႔ကို ေတာက္ေလွ်ာက္ ထည့္ကစားေနတဲ့ အီတလီအသင္းမွာ ဒဏ္ရာရသြားတဲ့ စပင္နက္ဇိုလာေနရာမွာေတာ့ ခ်ဲလ္ဆီးရဲ႕ အီမာဆန္က ကစားခဲ့ၿပီး အသင္းရဲ႕ ပုံစံကို မပ်က္ေအာင္ ထိန္းသိမ္းထားႏိုင္ခဲ့ပါတယ္။

စပိန္ကေတာ့ ခန႔္မွန္းထားတဲ့ လူစာရင္းအတိုင္းပဲ ဆာရာဘီးယား မပါဝင္ႏိုင္ခ်ိန္မွာ ဒါနီ အိုလ္မိုကို ထုတ္သုံးခဲ့ၿပီး တိုက္စစ္မွာေတာ့ မိုရာတာအစား အိုယာဇာဘယ္လ္နဲ႔ ပြဲထြက္လာခဲ့သလို က်န္တဲ့ ကြင္းလယ္နဲ႔ ခံစစ္သမားေတြေနရာမွာေတာ့ အရင္ပြဲေတြက လူစာရင္းကိုပဲ တည္ၿငိမ္မႈ အတြက္ အသုံးျပဳခဲ့တာပါ။

ပြဲခ်ိန္ ၁၂ မိနစ္မွာ ပက္ဒရီရဲ႕ အေကာင္းဆုံးေပးပို႔မႈကို လူကြၽံေထာင္ေခ်ာက္ကို ေဖာက္ထြက္သြားတဲ့ အိုယာဇာဘယ္လ္ရဲ႕ ထိန္းသိမ္းမႈက ေတာ္ေတာ္ေလး ဆိုး႐ြားလြန္းခဲ့လို႔ ဂိုးရႏိုင္ခြင့္ ပ်က္ျပယ္ခဲ့ရသလို ၂၁ မိနစ္မွာ စပိန္ခံစစ္ကို ေက်ာ္ျဖတ္သြားတဲ့ အင္ဆီညာက ဂိုးသမားနဲ႔အေတြ႕မွာ အတြင္းကို ျပန္ခ်ိဳးေပးတာကို ဘာရဲလားကို အင္မိုဘီလီ ေစာေစာစီးစီး လူေပးလိုက္ရင္ ဂိုးျဖစ္ႏိုင္ေပမယ့္ ေႏွာင့္ေႏွးေနခဲ့လို႔ ဖ်က္ထုတ္ခံခဲ့ရပါတယ္။

အီတလီဘက္က အခြင့္အေရးေတြကို အသုံးမခ်ႏိုင္ခဲ့သလို စပိန္တို႔ကေတာ့ Possession, Pressing, Breaks ေတြနဲ႔ ဗ်ဴဟာေကာင္းမြန္ခဲ့ေပမယ့္ ေရွ႕က အိုယာဇာဘယ္လ္ကေတာ့ တိုက္စစ္မႉးေရာ ဟုတ္ရဲ႕လားလို႔ ေမးယူရေလာက္ေအာင္ျဖစ္ေနၿပီး ဒလန္ဆန္ေနခဲ့လို႔ ပထမပိုင္းမွာ ဂိုးမရွိသေရပဲ ျဖစ္ေနခဲ့ပါတယ္။

ဒုတိယပိုင္းမွာလည္း အိုလ္မိုရဲ႕ ျဖတ္တင္ေဘာေတြ ေကာင္းေပမယ့္ အီတလီခံစစ္က အမွားအယြင္းမရွိ ရွင္းထုတ္ႏိုင္ခဲ့သလို ပြဲခ်ိန္ ၅၂ မိနစ္မွာေတာ့ အခြင့္အေရးေကာင္းကို အသင္းေခါင္းေဆာင္ ဘူးစကြက္စ္ အသုံးမခ်ႏိုင္ခဲ့လို႔ စပိန္တို႔ နစ္နာခဲ့ရၿပီး ဂိုးသမား ဒြန္နာရမ္မာကိုေတာ့ သိပ္ၿပီး စိုးရိမ္ရေအာင္လည္း မလုပ္ႏိုင္ခဲ့ၾကတာပါ။

ပြဲခ်ိန္ မိနစ္ ၆၀ မွာေတာ့ တန္ျပန္တိုက္စစ္ကေန အင္မိုဘီလီ ထိုးေဖာက္ဖို႔ ႀကိဳးစားတာကို လာေပါ့တ္ ဖ်က္ထုတ္လို႔ ျပန္ထြက္လာတဲ့ ေဘာလုံးကို ေနာက္ကလိုက္လာတဲ့ ခီေယဆာက ရယူၿပီး ဂိုးညာဘက္ျခမ္းကို ေဝ့ဝိုက္ကန္သြင္းခဲ့ရာမွာ စပိန္ေနာက္တန္းေတြနဲ႔ ဂိုးသမား အူႏိုင္း ဆီမြန္တို႔ ငုတ္တုတ္ေမ့သြားခဲ့ၿပီး အီတလီတို႔ စတင္ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ဂိုးေပးလိုက္ရအၿပီးမွာ ဖယ္ရန္ ေတာရက္စ္အစား မိုရာတာ ဝင္ကစားလာခဲ့ၿပီး အီတလီကေတာ့ အင္မိုဘီလီအစား ျမန္ဆန္တဲ့ ဘယ္ရာဒီနဲ႔ အေထာင္တိုက္စစ္မႉးမပါဘဲ ေကာင္တာသက္သက္ကစားဖို႔ ဆုံးျဖတ္ခဲ့သလို ပြဲခ်ိန္ ၆၅ မိနစ္မွာေတာ့ ကိုကီရဲ႕ ေကာင္းမြန္လြန္းတဲ့ အနီးကပ္ ျဖတ္တင္ေဘာကို အိုယာဇာဘယ္လ္က ထိေအာင္ေခါင္းမတိုက္ႏိုင္ခဲ့လို႔ နည္းျပ အန္ရီေကတစ္ေယာက္ အလြဲကို မယုံႏိုင္ေအာင္ျဖစ္ခဲ့ရပါတယ္။

ပြဲခ်ိန္ ၆၈ မိနစ္မွာ ခီေယဆာေပးတဲ့ ေဘာလုံးကို ဘယ္ရာဒီကန္သြင္းခဲ့ေပမယ့္ အူႏိုင္း ဆီမြန္က ေျခေထာက္နဲ႔ ပိတ္ဆို႔သြားႏိုင္ခဲ့ၿပီး ပြဲခ်ိန္ မိနစ္ ၈၀ မွာလည္း လူစားဝင္ ဘယ္ရာဒီကပဲ ကန္သြင္းခဲ့တာကို ဘီလ္ဘာအိုဂိုးသမားကပဲ ေနာက္တစ္ဂိုးထပ္မေပးရေအာင္ ကာကြယ္သြားႏိုင္ခဲ့ပါတယ္။

စကၠန႔္ပိုင္းအတြင္းမွာပဲ ဒီကေန စပိန္တို႔ ေဘာလုံးအျမန္စတင္လာခဲ့ၿပီး အလယ္ေၾကာကေန ထိုးေဖာက္လာမႈကေန မိုရာတာ ျပန္ရလာခဲ့ၿပီး ဂိုးေရွ႕မွာ ဒါနီ အိုလ္မိုနဲ႔ ဝမ္းတူး႐ိုက္ၿပီး အီတလီေနာက္တန္းေတြကို ျဖတ္ေက်ာ္ခဲ့ရာမွာ သူ႔ရဲ႕ ဂ်ဴဗင္တပ္စ္အသင္းေဖာ္ေတြျဖစ္တဲ့ ေခးလီနီနဲ႔ ဘိုႏူခ်ီတို႔ ေၾကာင္ၾကည့္ေနခဲ့ရၿပီး ဂိုးသမား ဒြန္နာရမ္မာနဲ႔ အလြတ္ေတြ႕ဆုံရာမွာေတာ့ ဘယ္ျခမ္းကို ကန္သြင္းၿပီး သပ္သပ္ရပ္ရပ္ ေခ်ပႏိုင္ခဲ့တာပါ။

တစ္ဂိုးစီသေရျဖစ္သြားခဲ့ခ်ိန္မွာ ႏွစ္သင္းစလုံး အႏိုင္ရရွိဖို႔အတြက္ တိုက္စစ္ကို ျမႇင့္တင္ခဲ့ၾကေပမယ့္ အဆုံးသတ္ပိုင္းေတြကေတာ့ အားရစရာ ရွိမေနလို႔ မိနစ္ ၉၀ အျပည့္မွာ အခ်ိန္ပို ထပ္မံကစားခဲ့ၾကရသလို ပင္နယ္တီ အေရာက္မခံခ်င္တဲ့ စပိန္တို႔ ပြဲခ်ိန္အတြင္း အျပတ္ျဖတ္ႏိုင္ဖို႔ ပိုမိုဖိကစားခဲ့ေပမယ့္ အီတလီခံစစ္က မာေက်ာခဲ့သလို တိုက္စစ္ကလည္း ေကာင္တာေတြနဲ႔ ျပန္လည္ၿခိမ္းေျခာက္ေနခဲ့ပါတယ္။

ပြဲခ်ိန္ မိနစ္ ၁၂၀ အျပည့္မွာေတာ့ ပင္နယ္တီ ကန္သြင္းဆုံးျဖတ္ခဲ့ၾကရၿပီး အီတလီဘက္က လိုကာတယ္လီရဲ႕ ပထမဆုံးကန္ခ်က္က ဂိုးသမား အူႏိုင္း ဆီမြန္ရဲ႕ ကာကြယ္တာ ခံခဲ့ရသလို စပိန္ဘက္က ဒါနီ အိုလ္မိုကေတာ့ ဂိုးဘားေပၚ ေက်ာ္ကန္ၿပီး ႏွစ္သင္းစလုံး အဖြင့္မလွခဲ့ၾကတာပါ။

ဆက္လက္ၿပီး ကန္သြင္းရာမွာေတာ့ ေလးလုံးစီ ကန္ၿပီးခ်ိန္မွာ အီတလီဘက္က ဘယ္ေလာ့တီ၊ ဘိုႏူခ်ီ၊ ဘာနာဒက္စ္ခီတို႔ ဆက္တိုက္ဝင္ခဲ့သလို စပိန္ဘက္က ဂ်ရတ္ မိုရီႏိုနဲ႔ သီယာဂိုတို႔ ဝင္ေအာင္ကန္သြင္းႏိုင္ခဲ့ၿပီး မိုရာတာရဲ႕ ကန္ခ်က္ကိုေတာ့ ဒြန္နာရမ္မာ ပုတ္ထုတ္သြားခဲ့အၿပီးမွာ အဆုံးအျဖတ္ ျဖစ္လာခဲ့တဲ့ ငါးလုံးေျမာက္ ပင္နယ္တီကိုေတာ့ ေဂ်ာ္ဂ်င္ညိဳက သူကန္ေနက်ပုံစံအတိုင္း ပါးပါးခုန္ၿပီး အူႏိုင္း ဆီမြန္ကို လွည့္စားသြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ပင္နယ္တီမွာ ေလးဂိုး-ႏွစ္ဂိုး(စုစုေပါင္း ငါးဂိုး-သုံးဂိုး)နဲ႔ ေအာင္ပြဲခံႏိုင္ခဲ့တဲ့ အီတလီတို႔ ဗိုလ္လုပြဲကစားဖို႔ အဆင္သင့္ျဖစ္ေနခဲ့ၿပီး ၁၁ ရက္ေန႔ ဖိုင္နယ္ပြဲစဥ္အၿပီး “ဖာတဲလီ ဒီတားလ်ာ… လီတားလ်ာ ဆယ္ဒက္စ္တာ…” အစခ်ီတဲ့ “အီလ္ကန္တို ဒီဂလီ အီတာလ်ာနီ” ႏိုင္ငံေတာ္သီခ်င္းကို
ၿမိဳင္ၿမိဳင္ဆိုင္ဆိုင္ၾကားရေတာ့မလားလို႔ ပရိသတ္ေတြအားလုံး ေမွ်ာ္လင့္ခ်က္ေတြ ႀကီးထြားလာခဲ့ရေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.