Analysis International

အင်္ဂလန်နဲ့ ဒိန်းမတ်တို့ပွဲမှာ စောင့်ကြည့်ချင်စရာအကောင်းဆုံး တစ်ဦးချင်းတိုက်ပွဲ ၅ ပွဲ

ဒီနေ့ည မြန်မာစံတော်ချိန် ၁ နာရီခွဲမှာ ကစားမယ့် အင်္ဂလန်နဲ့ ဒိန်းမတ်တို့ရဲ့ပွဲစဥ်ထက်ကို ဒီပွဲမှာ ထိပ်တိုက်တွေ့ဆုံကြမယ့် လျင်သူစားစတမ်းဆိုတဲ့ ပြိုင်ပွဲရဲ့ သဘောကို ဖော်ဆောင်လာမယ့်၊ တစ်ဦးချင်းတိုက်ပွဲကို ဘုရင့်နောင် ဖောင်ဖျက်တိုက်ကြတော့မယ့် အင်္ဂလန်နဲ့ ဒိန်းမတ်ကစားသမားတွေထဲက အပြင်းထန်ဆုံး ပေါက်ကွဲကြမယ့် ပြိုင်ဘက် ၅ တွဲအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

၅။ ကက်စပါ ဒိုးလ်ဘာ့ဂ် Vs ဟာရီ မက်ဂွိုင်းယား
အုပ်စုအဖွင့် ၂ ပွဲကို လွဲချော်ခဲ့ပေမယ့် ဒိန်းမတ်ရဲ့ ပင်တိုင်အထောင်တိုက်စစ်မှူးဖြစ်တဲ့ ဒိုးလ်ဘာ့ဂ်က ဝေးလ်စ်ကို ၂ ဂိုးသွင်းပြီး ချက်အသင်းကို ၁ ဂိုးသွင်းထားသလို သူ့ရဲ့ အသက် ၂၃ နှစ်အရွယ် ပါးနပ်မှုကို အင်္ဂလန်အသင်းမှာ ပေးဂိုးမရှိအောင် မာကျောနေတဲ့ မက်ဂွိုင်းယားက ဘယ်လိုကိုင်တွယ်နိုင်မလဲဆိုတာလည်း စိတ်ဝင်စားဖို့ကောင်းဦးမှာပါ။ အင်္ဂလန်တို့ ပေးဂိုးမရှိစံချိန် ကျိုးပျက်သွားနိုင်ဖို့ ဒိန်းမတ်တိုက်စစ်က ခြေကုန်ထုတ်လာဖို့ ရှိနေပါတယ်။

၄။ ရာဟင်းမ် စတာလင် Vs အန်ဒရီးယက်စ် ခရစ္စတင်ဆန်
ပရီးမီးယားလိဂ်မှာ တယောက်အထာ တယောက်နပ်ပြီးသား ကစားသမားနှစ်ဦးရဲ့ ထိပ်တိုက်တွေ့ဆုံမှုမှာ ဘယ်သူက ဘယ်သူ့ကို ကျောနိုင်မလဲဆိုတာက ဒီပွဲရဲ့အဖြေလည်း ဖြစ်လာမှာပါ။ ချန်ပီယံလိဂ်ဗိုလ်ဖြစ်ခဲ့တဲ့ ချယ်လ်ဆီးကစားသမား ခရစ္စတင်ဆန်ရဲ့ ကစားဟန်ကို မေဆန်မောင့်ကလည်း ကောင်းကောင်းသိထားဖို့ ရှိနေပြီး အင်္ဂလန်တိုက်စစ်မှာ စတာလင်နဲ့ တွဲဖက်ပြီး ဘယ်လိုဒုက္ခပေးလာမလဲဆိုတာလည်း စိတ်လှုပ်ရှားဖွယ်ရာပါ။

၃။ လုခ်ရှော Vs ယန် စတိုင်ဂါ လာဆန်
အင်္ဂလန်အသင်းရဲ့ ဘယ်နောက်ခံလူ လုခ်ရှောက အကောင်းဆုံးခြေစွမ်းနဲ့ လက်ရှိယူရိုပြိုင်ပွဲရဲ့ အချွန်ထွက်ဆုံး စွမ်းဆောင်ရည်မျိုးကို ပိုင်ဆိုင်ထားသလို ၃ ဂိုးဖန်တီးထားပြီး တိုက်စစ်မှူး စတာလင်၊ ကိန်းတို့ကို သေသေချာချာပံ့ပိုးနေပါတယ်။ ဧရိယာထဲ သူ့ရဲ့ဖြတ်တင်ဘောတွေက ကြောက်ဖို့ကောင်းနေချိန်မှာ ဒိန်းမတ်ညာနောက်ခံအစွန်လူ လာဆန်ကတော့ လုခ်ရှော+စတာလင်အတွဲရဲ့ ကောင်းကောင်းမွှေနှောက်ခံရပြီး အလုပ်ရှုပ်ရဦးမှာပါ။

၂။ ဟွိုင်ဘယာ့ဂ် Vs ဒက်ကလန် ရိုက်စ်
အားကောင်းမောင်းသန် ကွင်းလယ်အဖျက်ကစားသမားနှစ်ဦးရဲ့ တိုက်ပွဲကိုပါ မျှော်လင့်ထားရမှာဖြစ်ပြီး တဂိုးမှ မပေးထားရတဲ့ အင်္ဂလန်ခံစစ်မှာ ရိုက်စ်နဲ့ ဖီးလ်တို့အတွဲရဲ့ အခန်းကဏ္ဍက အတော်လေးတောက်ပနေချိန်မှာ ရိုက်စ်ရဲ့ အကောင်းဆုံးခြေစွမ်းကို ယူကရိန်းကို ၄ ဂိုးပြတ်တဲ့ပွဲမှာ ဟွိုင်ဘယာ့ဂ် မြင်တွေ့ခဲ့ပြီးဖြစ်သလို မာကျောတဲ့ ဒိန်းမတ်ကွင်းလယ်လူနဲ့ အင်္ဂလန်ကွင်းလယ်ပိုင်း ဘယ်သူကပိုစွမ်းမလဲ လက်ခမောင်းခတ်ကြတော့မှာပါ။

၁။ ဟာရီကိန်း Vs ဆိုင်မွန် ကေယာ
ဂျာမန်ကြီးကို ၁ ဂိုးသွင်းပြီး ယူကရိန်းကို ၂ ဂိုးသွင်းခဲ့တဲ့ အင်္ဂလန်တိုက်စစ်မှူး ဟာရီကိန်းဟာ အ​ကောင်းဆုံးပုံစံနဲ့ ပြန်လာနေတာကို တွေ့ရပြီး သူ့ကို ဧရိယာထဲမှာ အပိုင်ထိန်းချုပ်မယ့် ဒိန်းမတ်ဗဟိုခံစစ်မှူး ဆိုင်မွန် ကေယာအနေနဲ့ လုခ်ရှောရဲ့ ဖြတ်တင်ဘောတွေကို အမြင့်ဘောစွမ်းရည်ကောင်းတဲ့ ကိန်းတစ်ယောက် ဘယ်လိုအသုံးချသွားမလဲဆိုတဲ့အပိုင်းကို အထူးသတိထားရမှာပါ။

ဒိန်းမတ်ရဲ့အသင်းခေါင်းဆောင်တဖြစ်လဲ ကျောက်ဆောင်ကြီးသဖွယ် အသင်းခံစစ်ကြောင်းကို ဦး​ဆောင်နေတဲ့ ကေယာအနေနဲ့ အင်္ဂလန်ရဲ့ ညာတောင်ပံမှာ ဂျေဒန် ဆန်ချို ပွဲထွက်လာမလားဆိုတာလည်း စိတ်ဝင်စားစရာကောင်းနေမှာဖြစ်ပြီး အင်္ဂလန်တိုက်စစ်မှူးတွေကို လှုပ်မရအောင် သူကြီးစိုးနိုင်မလား စောင့်ကြည့်ချင်စရာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဒီေန႔ည ျမန္မာစံေတာ္ခ်ိန္ ၁ နာရီခြဲမွာ ကစားမယ့္ အဂၤလန္နဲ႔ ဒိန္းမတ္တို႔ရဲ႕ပြဲစဥ္ထက္ကို ဒီပြဲမွာ ထိပ္တိုက္ေတြ႕ဆုံၾကမယ့္ လ်င္သူစားစတမ္းဆိုတဲ့ ၿပိဳင္ပြဲရဲ႕ သေဘာကို ေဖာ္ေဆာင္လာမယ့္၊ တစ္ဦးခ်င္းတိုက္ပြဲကို ဘုရင့္ေနာင္ ေဖာင္ဖ်က္တိုက္ၾကေတာ့မယ့္ အဂၤလန္နဲ႔ ဒိန္းမတ္ကစားသမားေတြထဲက အျပင္းထန္ဆုံး ေပါက္ကြဲၾကမယ့္ ၿပိဳင္ဘက္ ၅ တြဲအေၾကာင္းကို ေဖာ္ျပေပးလိုက္ပါတယ္။

၅။ ကက္စပါ ဒိုးလ္ဘာ့ဂ္ Vs ဟာရီ မက္ဂြိဳင္းယား
အုပ္စုအဖြင့္ ၂ ပြဲကို လြဲေခ်ာ္ခဲ့ေပမယ့္ ဒိန္းမတ္ရဲ႕ ပင္တိုင္အေထာင္တိုက္စစ္မႉးျဖစ္တဲ့ ဒိုးလ္ဘာ့ဂ္က ေဝးလ္စ္ကို ၂ ဂိုးသြင္းၿပီး ခ်က္အသင္းကို ၁ ဂိုးသြင္းထားသလို သူ႔ရဲ႕ အသက္ ၂၃ ႏွစ္အ႐ြယ္ ပါးနပ္မႈကို အဂၤလန္အသင္းမွာ ေပးဂိုးမရွိေအာင္ မာေက်ာေနတဲ့ မက္ဂြိဳင္းယားက ဘယ္လိုကိုင္တြယ္ႏိုင္မလဲဆိုတာလည္း စိတ္ဝင္စားဖို႔ေကာင္းဦးမွာပါ။ အဂၤလန္တို႔ ေပးဂိုးမရွိစံခ်ိန္ က်ိဳးပ်က္သြားႏိုင္ဖို႔ ဒိန္းမတ္တိုက္စစ္က ေျခကုန္ထုတ္လာဖို႔ ရွိေနပါတယ္။

၄။ ရာဟင္းမ္ စတာလင္ Vs အန္ဒရီးယက္စ္ ခရစၥတင္ဆန္
ပရီးမီးယားလိဂ္မွာ တေယာက္အထာ တေယာက္နပ္ၿပီးသား ကစားသမားႏွစ္ဦးရဲ႕ ထိပ္တိုက္ေတြ႕ဆုံမႈမွာ ဘယ္သူက ဘယ္သူ႔ကို ေက်ာႏိုင္မလဲဆိုတာက ဒီပြဲရဲ႕အေျဖလည္း ျဖစ္လာမွာပါ။ ခ်န္ပီယံလိဂ္ဗိုလ္ျဖစ္ခဲ့တဲ့ ခ်ယ္လ္ဆီးကစားသမား ခရစၥတင္ဆန္ရဲ႕ ကစားဟန္ကို ေမဆန္ေမာင့္ကလည္း ေကာင္းေကာင္းသိထားဖို႔ ရွိေနၿပီး အဂၤလန္တိုက္စစ္မွာ စတာလင္နဲ႔ တြဲဖက္ၿပီး ဘယ္လိုဒုကၡေပးလာမလဲဆိုတာလည္း စိတ္လႈပ္ရွားဖြယ္ရာပါ။

၃။ လုခ္ေရွာ Vs ယန္ စတိုင္ဂါ လာဆန္
အဂၤလန္အသင္းရဲ႕ ဘယ္ေနာက္ခံလူ လုခ္ေရွာက အေကာင္းဆုံးေျခစြမ္းနဲ႔ လက္ရွိယူ႐ိုၿပိဳင္ပြဲရဲ႕ အခြၽန္ထြက္ဆုံး စြမ္းေဆာင္ရည္မ်ိဳးကို ပိုင္ဆိုင္ထားသလို ၃ ဂိုးဖန္တီးထားၿပီး တိုက္စစ္မႉး စတာလင္၊ ကိန္းတို႔ကို ေသေသခ်ာခ်ာပံ့ပိုးေနပါတယ္။ ဧရိယာထဲ သူ႔ရဲ႕ျဖတ္တင္ေဘာေတြက ေၾကာက္ဖို႔ေကာင္းေနခ်ိန္မွာ ဒိန္းမတ္ညာေနာက္ခံအစြန္လူ လာဆန္ကေတာ့ လုခ္ေရွာ+စတာလင္အတြဲရဲ႕ ေကာင္းေကာင္းေမႊေႏွာက္ခံရၿပီး အလုပ္ရႈပ္ရဦးမွာပါ။

၂။ ဟြိဳင္ဘယာ့ဂ္ Vs ဒက္ကလန္ ႐ိုက္စ္
အားေကာင္းေမာင္းသန္ ကြင္းလယ္အဖ်က္ကစားသမားႏွစ္ဦးရဲ႕ တိုက္ပြဲကိုပါ ေမွ်ာ္လင့္ထားရမွာျဖစ္ၿပီး တဂိုးမွ မေပးထားရတဲ့ အဂၤလန္ခံစစ္မွာ ႐ိုက္စ္နဲ႔ ဖီးလ္တို႔အတြဲရဲ႕ အခန္းက႑က အေတာ္ေလးေတာက္ပေနခ်ိန္မွာ ႐ိုက္စ္ရဲ႕ အေကာင္းဆုံးေျခစြမ္းကို ယူကရိန္းကို ၄ ဂိုးျပတ္တဲ့ပြဲမွာ ဟြိဳင္ဘယာ့ဂ္ ျမင္ေတြ႕ခဲ့ၿပီးျဖစ္သလို မာေက်ာတဲ့ ဒိန္းမတ္ကြင္းလယ္လူနဲ႔ အဂၤလန္ကြင္းလယ္ပိုင္း ဘယ္သူကပိုစြမ္းမလဲ လက္ခေမာင္းခတ္ၾကေတာ့မွာပါ။

၁။ ဟာရီကိန္း Vs ဆိုင္မြန္ ေကယာ
ဂ်ာမန္ႀကီးကို ၁ ဂိုးသြင္းၿပီး ယူကရိန္းကို ၂ ဂိုးသြင္းခဲ့တဲ့ အဂၤလန္တိုက္စစ္မႉး ဟာရီကိန္းဟာ အ​ေကာင္းဆုံးပုံစံနဲ႔ ျပန္လာေနတာကို ေတြ႕ရၿပီး သူ႔ကို ဧရိယာထဲမွာ အပိုင္ထိန္းခ်ဳပ္မယ့္ ဒိန္းမတ္ဗဟိုခံစစ္မႉး ဆိုင္မြန္ ေကယာအေနနဲ႔ လုခ္ေရွာရဲ႕ ျဖတ္တင္ေဘာေတြကို အျမင့္ေဘာစြမ္းရည္ေကာင္းတဲ့ ကိန္းတစ္ေယာက္ ဘယ္လိုအသုံးခ်သြားမလဲဆိုတဲ့အပိုင္းကို အထူးသတိထားရမွာပါ။

ဒိန္းမတ္ရဲ႕အသင္းေခါင္းေဆာင္တျဖစ္လဲ ေက်ာက္ေဆာင္ႀကီးသဖြယ္ အသင္းခံစစ္ေၾကာင္းကို ဦး​ေဆာင္ေနတဲ့ ေကယာအေနနဲ႔ အဂၤလန္ရဲ႕ ညာေတာင္ပံမွာ ေဂ်ဒန္ ဆန္ခ်ိဳ ပြဲထြက္လာမလားဆိုတာလည္း စိတ္ဝင္စားစရာေကာင္းေနမွာျဖစ္ၿပီး အဂၤလန္တိုက္စစ္မႉးေတြကို လႈပ္မရေအာင္ သူႀကီးစိုးႏိုင္မလား ေစာင့္ၾကည့္ခ်င္စရာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.