International Match Report

စကော့တလန် ညံ့ခဲ့လို့ အင်္ဂလန်တို့ သရေရခဲ့ပြီး အားလုံးကို စိတ်ပျက်စေခဲ့တဲ့ ဆောက်ဂိတ်

အင်္ဂလန်နည်းပြ ဆောက်ဂိတ်ရဲ့ ညာနောက်ခံလူ ၄ ယောက်အထိ ရွေးခဲ့တဲ့ တစ်ယူသန်ခေါင်းမာမှုမျိုးနဲ့ နည်းဗျူဟာပိုင်း မကြွယ်ဝမှုတွေက အသင်းကို နောက်ပြန်ဆွဲချနေသလိုဖြစ်ခဲ့ချိန်မှာ တိုက်စစ်ပိုင်းရဲ့ အခွင့်အရေးဖန်တီးမှု အားနည်းချက်တွေက အင်္ဂလန်အသင်းကို ၈ ပွဲအကြာမှာ ပထမဆုံး နိုင်ပွဲပျောက်ဆုံးစေခဲ့ပါတယ်။

ဘယ်လ်ဂျီယမ်ကို ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် ကမ္ဘာ့ဖလားခြေစစ်ပွဲတွေမှာ ပြန်ရုန်းပြနိုင်ခဲ့တဲ့ အင်္ဂလန်ဟာ ယူရိုအတွက် အကြိုပြင်ဆင်မှုနှစ်ပွဲနဲ့ အုပ်စုအဖွင့်ပွဲစဉ်တစ်ပွဲ၊ စုစုပေါင်း ၃ ပွဲမှာ တစ်ပွဲကို တစ်ဂိုးစီသာ သွင်းယူနိုင်ခဲ့ပြီး အသင်းကြီးတစ်သင်းရဲ့ တိုက်စစ်လို့ ထင်စရာမရှိခဲ့ချိန်မှာ ဂိုးမရလျှင် နိုင်ပွဲမရဆိုတဲ့ အီကွေးရှင်းကို ဖော်ဆောင်မိသွားခဲ့တာလည်းဖြစ်ပါတယ်။

၄-၃-၃ ပုံစံမှာ မန်စီးတီးကစားသမားတွေဖြစ်တဲ့ စတာလင်နဲ့ ဖိုဒန်တို့ကို ဘယ်ညာတောင်ပံတွေမှာ ထားခဲ့ပြီး ဟာရီကိန်းဦးဆောင်ခဲ့တဲ့ တိုက်စစ်ကို ပံ့ပိုးပေးဖို့ မေဆန်မောင့်တစ်ယောက်တည်းကို မှီခိုနေရတဲ့ ကွင်းလယ်မှာ ဘယ်ကစားသမားကမှ တိုက်စစ်ကို ထိထိရောက်ရောက် လိုက်ပါကူညီဖို့ မလုပ်နိုင်ခဲ့ဘဲ အင်္ဂလန်တို့ ဇွန်လအတွင်းမှာ ရုန်းကန်မြဲတိုင်း ရုန်းကန်ခဲ့ရတာပါ။

စကော့တလန်ကတော့ ၃-၅-၂ ပုံစံမှာ တောင်ပံခံစစ်နှစ်ထပ်ပုံစံနဲ့ ကစားခဲ့တာကြောင့် Half Space တွေကို အသုံးချရတာ အားသန်တဲ့ ဂွါဒီယိုလာလက်ထွက် တောင်ပံသမားနှစ်ယောက် မလုပ်တတ်မကိုင်တတ်ချိန်မှာ အင်္ဂလန်တို့ တခြားတိုက်စစ်လမ်းကြောင်းတွေကို ရှာဖွေဖို့ ပျက်ကွက်ခဲ့ပြီး အလုပ်မဖြစ်တဲ့ ဘောလုံးပိုင်ဆိုင်မှုတွေကိုပဲ ရရှိထားခဲ့တာလည်းဖြစ်ပါတယ်။

၂၀၀၂ ကမ္ဘာ့ဖလားတုန်းက ပြင်သစ်အကြောင်း ကောင်းကောင်းသိတဲ့ ဆီနီဂေါက လီဂူးဝမ်းကစားသမားတွေနဲ့ ကိုင်တွယ်သွားခဲ့သလိုမျိုးပဲ အင်္ဂလန်အကြောင်းကို ကောင်းကောင်းသိတဲ့ အစဉ်အလာပြိုင်ဘက် စကော့တလန်ရဲ့ ပရီးမီးယားလိဂ်နဲ့ အင်္ဂလန်မှာ ကစားနေကြတဲ့ ကစားသမားတွေက ဂျာမန်အခြေစိုက်ကစားသမားတွေကို မသုံးတဲ့ နာမည်ကြီးအသင်းကို အပိုင်ကိုင်တွယ်ခဲ့ကြသလို အဆုံးသတ်ညံ့ဖျင်းခဲ့လို့သာ နိုင်ပွဲနဲ့ ဝေးခဲ့ရတာပါ။

စောစောစီးစီးကတည်းက ဆောက်သမ်တန်ရဲ့ ရှေအက်ဒမ်စ်က သွေးတိုးစမ်းခဲ့သလို ဗီလာရဲ့ မက်ဂင်း ဦးဆောင်တဲ့ ကွင်းလယ်ကလည်း တိုးအားတွေကို ပြသသွားခဲ့ပြီး ပွဲချိန် ၁၁ မိနစ်မှာတော့ ထောင့်ကန်ဘောကနေ ဂျွန်စတုန်းစ်ရဲ့ ခေါင်းတိုက်ချက်က တိုင်ထိပြီး လွဲချော်ခဲ့တာကြောင့် အင်္ဂလန်တို့ စိတ်ပျက်ခဲ့ရပါတယ်။

ဗဟိုနောက်ခံလူ မဟုတ်ဘဲ သုံးယောက်တန်းအစွန်မှာ ကစားနေခဲ့တဲ့ မြို့ခံပြိုင်ဘက် မက်တော်မီနေးရဲ့ အထနှေးမှုတွေကို စတာလင် အခွင့်အရေး မယူတတ်ခဲ့တာက ပွဲရဲ့ အလှည့်အပြောင်းနဲ့ လွဲချော်ခဲ့ရပြီး နာမည်ကြီးတိုက်စစ်မှူးမပါတဲ့ စကော့တလန်တို့ကတော့ ဂိုးရှေ့မှာ အလုပ်မဖြစ်ခဲ့ချိန်မှာ ဟာရီကိန်း ဘာကြိုက်တတ်သလဲဆိုတာကို အင်္ဂလန်အသင်းဖော်တွေက လုံးဝမသိသလိုမျိုး ဖြစ်နေခဲ့တာကတော့ အံ့ဩစရာ ကောင်းလွန်းခဲ့တာပါ။

နောက်ခံလူ အိုဒွန်းနဲလ်ရဲ့ ကန်ချက်ကို ပစ်ခ်ဖို့ဒ် ကာကွယ်နိုင်ခဲ့တာကို ရှေအက်ဒမ်စ် ထပ်မပိတ်နိုင်ခဲ့တာကြောင့် စကော့တလန်တို့ အဖွင့်ဂိုးနဲ့ လွဲခဲ့ရသလို တိုက်စစ်ပိုင်းကတော့ မန်စီးတီးကစားသမားနှစ်ယောက်က ပိတ်ကစားရင် မဖြည်တတ်တာနဲ့ သူတို့ကို နောက်ခံအစွန်လူတွေက ကူညီဖို့ ပျက်ကွက်နေတာနဲ့တင် အချိန်ကုန်ခဲ့ပြီး ပထမပိုင်းက ဂိုးမရှိသရေပဲဖြစ်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ စကော့တလန်တို့ ခံစစ်ပိုဆန်လာခဲ့ပြီး ညာနောက်ခံလူ အိုဒွန်းနဲလ်က ရှေ့မလိုက်တော့သလို Solid 4 Backs ဆန်ဆန် ဖြစ်သွားခဲ့ပြီး ဘယ်ခြမ်းက အသင်းခေါင်းဆောင် ရောဘတ်ဆန်ဆီကနေပဲ ဘောလုံးစတာ များခဲ့တဲ့အတွက် အင်္ဂလန်တို့ အသက်ရှူချောင်ခဲ့ရပေမယ့် တိုက်စစ်မှာတော့ ဘာမှ ထူးမလာခဲ့ဘဲ ဘယ်လိုမှ လမ်းကြောင်းမရှာဖွေတတ်ဘဲဖြစ်ခဲ့တာပါ။

မန်စီးတီးမှာ ကစားကွက်ဦးဆောင်သူတွေ မဟုတ်ကြတဲ့ စတာလင်နဲ့ ဖိုဒန်တို့နေရာမှာ ဂရီးလစ်ရှ်ကို စောစောစီးစီး သုံးစွဲဖို့ ပျက်ကွက်ခဲ့လို့ ဟာရီကိန်းကိုပဲ လူစားလဲထုတ်လိုက်ရတဲ့အထိ ရုပ်ပျက်ခဲ့ပြီး ၆၁ မိနစ်မှာ လင်ဒန် ဒိုက်ခ်စ်ရဲ့ ကန်ချက်ကို ရီးစ်ဂျိမ်းစ်က စည်းပေါ်ကနေ ကာကွယ်နိုင်ခဲ့လို့သာ ဂိုးမပေးခဲ့ရတာလည်းဖြစ်ပါတယ်။

အင်္ဂလန်ဘက်က လူစားငါးယောက်လဲခွင့်ရှိချိန်မှာ ဂရီးလစ်ရှ်နဲ့ ရက်ရှ်ဖို့ဒ်တို့ကိုသာ ဖိုဒန်နဲ့ ကိန်းအစား လူစားလဲသွားခဲ့ပြီး စတာလင်နေရာမှာ ဆန်ချို၊ ကဲလ်ဗတ်-လူဝင်၊ (အရန်ခုံပေါ်တောင် မမြင်ခဲ့ရတဲ့) ဆာကာတို့လို ကစားသမားတွေကို မထည့်နိုင်ခဲ့တာကတော့ စိတ်ပျက်စရာဖြစ်ခဲ့ပြီး ဆောက်ဂိတ်ကတော့ အရည်အချင်းက ဒါအကုန်ပဲလားလို့ မေးချင်စရာလည်းဖြစ်ခဲ့ရပါတယ်။

ပွဲချိန်အပြည့်မှာတော့ စကော့တလန်တို့က ဂိုးကန်ခွင့် ၁၁ ကြိမ်နဲ့ ၉ ကြိမ်သာ ရတဲ့ အင်္ဂလန်ကို သရေကျပေမယ့် ဦးဆောင်နိုင်ခဲ့တယ်လို့ ဂုဏ်ယူသွားနိုင်ခဲ့ပြီး အုပ်စု(D)မှာတော့ ချက်အသင်းက ဦးဆောင်သွားခဲ့သလို ကမ္ဘာ့ဖလားဒုတိယ ခရိုအေးရှားကတော့ အုပ်စုကပဲ လှည့်ပြန်ရဖို့ များသွားခဲ့ပြီဖြစ်ပါတယ်။

ဆောက်ဂိတ်ရဲ့ အင်္ဂလန်ကတော့ ဆွဲဆောင်မှု မရှိဘဲ ရိုးရှင်းတုံးအလွန်းတဲ့ သူ့ရဲ့ မစ်ဒယ်ဘရော့နေ့ရက်တွေကိုပဲ အမှတ်ရစေပြီး ထိပ်တန်းအဆင့်မှာ ကစားဖို့ လက်ရှိယူရိုပြိုင်ပွဲရဲ့ အီတလီ၊ ပေါ်တူဂီ၊ နယ်သာလန်၊ ပြင်သစ်တို့ထက် တစ်ဆင့်မက နိမ့်နေတာကို မြင်ခဲ့ရချိန်မှာ ဒီနည်းပြနဲ့တော့ ဖိုင်နယ် ဝင်ဘလီဆီ သွားရာလမ်းဟာ ဖြစ်နိုင်ခြေ နည်းလွန်းတယ်လို့ပဲ သုံးသပ်မိရကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အဂၤလန္နည္းျပ ေဆာက္ဂိတ္ရဲ႕ ညာေနာက္ခံလူ ၄ ေယာက္အထိ ေ႐ြးခဲ့တဲ့ တစ္ယူသန္ေခါင္းမာမႈမ်ိဳးနဲ႔ နည္းဗ်ဴဟာပိုင္း မႂကြယ္ဝမႈေတြက အသင္းကို ေနာက္ျပန္ဆြဲခ်ေနသလိုျဖစ္ခဲ့ခ်ိန္မွာ တိုက္စစ္ပိုင္းရဲ႕ အခြင့္အေရးဖန္တီးမႈ အားနည္းခ်က္ေတြက အဂၤလန္အသင္းကို ၈ ပြဲအၾကာမွာ ပထမဆုံး ႏိုင္ပြဲေပ်ာက္ဆုံးေစခဲ့ပါတယ္။

ဘယ္လ္ဂ်ီယမ္ကို ရႈံးနိမ့္ခဲ့ၿပီးတဲ့ေနာက္ ကမာၻ႔ဖလားေျခစစ္ပြဲေတြမွာ ျပန္႐ုန္းျပႏိုင္ခဲ့တဲ့ အဂၤလန္ဟာ ယူ႐ိုအတြက္ အႀကိဳျပင္ဆင္မႈႏွစ္ပြဲနဲ႔ အုပ္စုအဖြင့္ပြဲစဥ္တစ္ပြဲ၊ စုစုေပါင္း ၃ ပြဲမွာ တစ္ပြဲကို တစ္ဂိုးစီသာ သြင္းယူႏိုင္ခဲ့ၿပီး အသင္းႀကီးတစ္သင္းရဲ႕ တိုက္စစ္လို႔ ထင္စရာမရွိခဲ့ခ်ိန္မွာ ဂိုးမရလွ်င္ ႏိုင္ပြဲမရဆိုတဲ့ အီေကြးရွင္းကို ေဖာ္ေဆာင္မိသြားခဲ့တာလည္းျဖစ္ပါတယ္။

၄-၃-၃ ပုံစံမွာ မန္စီးတီးကစားသမားေတြျဖစ္တဲ့ စတာလင္နဲ႔ ဖိုဒန္တို႔ကို ဘယ္ညာေတာင္ပံေတြမွာ ထားခဲ့ၿပီး ဟာရီကိန္းဦးေဆာင္ခဲ့တဲ့ တိုက္စစ္ကို ပံ့ပိုးေပးဖို႔ ေမဆန္ေမာင့္တစ္ေယာက္တည္းကို မွီခိုေနရတဲ့ ကြင္းလယ္မွာ ဘယ္ကစားသမားကမွ တိုက္စစ္ကို ထိထိေရာက္ေရာက္ လိုက္ပါကူညီဖို႔ မလုပ္ႏိုင္ခဲ့ဘဲ အဂၤလန္တို႔ ဇြန္လအတြင္းမွာ ႐ုန္းကန္ၿမဲတိုင္း ႐ုန္းကန္ခဲ့ရတာပါ။

စေကာ့တလန္ကေတာ့ ၃-၅-၂ ပုံစံမွာ ေတာင္ပံခံစစ္ႏွစ္ထပ္ပုံစံနဲ႔ ကစားခဲ့တာေၾကာင့္ Half Space ေတြကို အသုံးခ်ရတာ အားသန္တဲ့ ဂြါဒီယိုလာလက္ထြက္ ေတာင္ပံသမားႏွစ္ေယာက္ မလုပ္တတ္မကိုင္တတ္ခ်ိန္မွာ အဂၤလန္တို႔ တျခားတိုက္စစ္လမ္းေၾကာင္းေတြကို ရွာေဖြဖို႔ ပ်က္ကြက္ခဲ့ၿပီး အလုပ္မျဖစ္တဲ့ ေဘာလုံးပိုင္ဆိုင္မႈေတြကိုပဲ ရရွိထားခဲ့တာလည္းျဖစ္ပါတယ္။

၂၀၀၂ ကမာၻ႔ဖလားတုန္းက ျပင္သစ္အေၾကာင္း ေကာင္းေကာင္းသိတဲ့ ဆီနီေဂါက လီဂူးဝမ္းကစားသမားေတြနဲ႔ ကိုင္တြယ္သြားခဲ့သလိုမ်ိဳးပဲ အဂၤလန္အေၾကာင္းကို ေကာင္းေကာင္းသိတဲ့ အစဥ္အလာၿပိဳင္ဘက္ စေကာ့တလန္ရဲ႕ ပရီးမီးယားလိဂ္နဲ႔ အဂၤလန္မွာ ကစားေနၾကတဲ့ ကစားသမားေတြက ဂ်ာမန္အေျခစိုက္ကစားသမားေတြကို မသုံးတဲ့ နာမည္ႀကီးအသင္းကို အပိုင္ကိုင္တြယ္ခဲ့ၾကသလို အဆုံးသတ္ညံ့ဖ်င္းခဲ့လို႔သာ ႏိုင္ပြဲနဲ႔ ေဝးခဲ့ရတာပါ။

ေစာေစာစီးစီးကတည္းက ေဆာက္သမ္တန္ရဲ႕ ေရွအက္ဒမ္စ္က ေသြးတိုးစမ္းခဲ့သလို ဗီလာရဲ႕ မက္ဂင္း ဦးေဆာင္တဲ့ ကြင္းလယ္ကလည္း တိုးအားေတြကို ျပသသြားခဲ့ၿပီး ပြဲခ်ိန္ ၁၁ မိနစ္မွာေတာ့ ေထာင့္ကန္ေဘာကေန ဂြၽန္စတုန္းစ္ရဲ႕ ေခါင္းတိုက္ခ်က္က တိုင္ထိၿပီး လြဲေခ်ာ္ခဲ့တာေၾကာင့္ အဂၤလန္တို႔ စိတ္ပ်က္ခဲ့ရပါတယ္။

ဗဟိုေနာက္ခံလူ မဟုတ္ဘဲ သုံးေယာက္တန္းအစြန္မွာ ကစားေနခဲ့တဲ့ ၿမိဳ႕ခံၿပိဳင္ဘက္ မက္ေတာ္မီေနးရဲ႕ အထေႏွးမႈေတြကို စတာလင္ အခြင့္အေရး မယူတတ္ခဲ့တာက ပြဲရဲ႕ အလွည့္အေျပာင္းနဲ႔ လြဲေခ်ာ္ခဲ့ရၿပီး နာမည္ႀကီးတိုက္စစ္မႉးမပါတဲ့ စေကာ့တလန္တို႔ကေတာ့ ဂိုးေရွ႕မွာ အလုပ္မျဖစ္ခဲ့ခ်ိန္မွာ ဟာရီကိန္း ဘာႀကိဳက္တတ္သလဲဆိုတာကို အဂၤလန္အသင္းေဖာ္ေတြက လုံးဝမသိသလိုမ်ိဳး ျဖစ္ေနခဲ့တာကေတာ့ အံ့ဩစရာ ေကာင္းလြန္းခဲ့တာပါ။

ေနာက္ခံလူ အိုဒြန္းနဲလ္ရဲ႕ ကန္ခ်က္ကို ပစ္ခ္ဖို႔ဒ္ ကာကြယ္ႏိုင္ခဲ့တာကို ေရွအက္ဒမ္စ္ ထပ္မပိတ္ႏိုင္ခဲ့တာေၾကာင့္ စေကာ့တလန္တို႔ အဖြင့္ဂိုးနဲ႔ လြဲခဲ့ရသလို တိုက္စစ္ပိုင္းကေတာ့ မန္စီးတီးကစားသမားႏွစ္ေယာက္က ပိတ္ကစားရင္ မျဖည္တတ္တာနဲ႔ သူတို႔ကို ေနာက္ခံအစြန္လူေတြက ကူညီဖို႔ ပ်က္ကြက္ေနတာနဲ႔တင္ အခ်ိန္ကုန္ခဲ့ၿပီး ပထမပိုင္းက ဂိုးမရွိသေရပဲျဖစ္ေနခဲ့ပါတယ္။

ဒုတိယပိုင္းမွာေတာ့ စေကာ့တလန္တို႔ ခံစစ္ပိုဆန္လာခဲ့ၿပီး ညာေနာက္ခံလူ အိုဒြန္းနဲလ္က ေရွ႕မလိုက္ေတာ့သလို Solid 4 Backs ဆန္ဆန္ ျဖစ္သြားခဲ့ၿပီး ဘယ္ျခမ္းက အသင္းေခါင္းေဆာင္ ေရာဘတ္ဆန္ဆီကေနပဲ ေဘာလုံးစတာ မ်ားခဲ့တဲ့အတြက္ အဂၤလန္တို႔ အသက္ရႉေခ်ာင္ခဲ့ရေပမယ့္ တိုက္စစ္မွာေတာ့ ဘာမွ ထူးမလာခဲ့ဘဲ ဘယ္လိုမွ လမ္းေၾကာင္းမရွာေဖြတတ္ဘဲျဖစ္ခဲ့တာပါ။

မန္စီးတီးမွာ ကစားကြက္ဦးေဆာင္သူေတြ မဟုတ္ၾကတဲ့ စတာလင္နဲ႔ ဖိုဒန္တို႔ေနရာမွာ ဂရီးလစ္ရွ္ကို ေစာေစာစီးစီး သုံးစြဲဖို႔ ပ်က္ကြက္ခဲ့လို႔ ဟာရီကိန္းကိုပဲ လူစားလဲထုတ္လိုက္ရတဲ့အထိ ႐ုပ္ပ်က္ခဲ့ၿပီး ၆၁ မိနစ္မွာ လင္ဒန္ ဒိုက္ခ္စ္ရဲ႕ ကန္ခ်က္ကို ရီးစ္ဂ်ိမ္းစ္က စည္းေပၚကေန ကာကြယ္ႏိုင္ခဲ့လို႔သာ ဂိုးမေပးခဲ့ရတာလည္းျဖစ္ပါတယ္။

အဂၤလန္ဘက္က လူစားငါးေယာက္လဲခြင့္ရွိခ်ိန္မွာ ဂရီးလစ္ရွ္နဲ႔ ရက္ရွ္ဖို႔ဒ္တို႔ကိုသာ ဖိုဒန္နဲ႔ ကိန္းအစား လူစားလဲသြားခဲ့ၿပီး စတာလင္ေနရာမွာ ဆန္ခ်ိဳ၊ ကဲလ္ဗတ္-လူဝင္၊ (အရန္ခုံေပၚေတာင္ မျမင္ခဲ့ရတဲ့) ဆာကာတို႔လို ကစားသမားေတြကို မထည့္ႏိုင္ခဲ့တာကေတာ့ စိတ္ပ်က္စရာျဖစ္ခဲ့ၿပီး ေဆာက္ဂိတ္ကေတာ့ အရည္အခ်င္းက ဒါအကုန္ပဲလားလို႔ ေမးခ်င္စရာလည္းျဖစ္ခဲ့ရပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ စေကာ့တလန္တို႔က ဂိုးကန္ခြင့္ ၁၁ ႀကိမ္နဲ႔ ၉ ႀကိမ္သာ ရတဲ့ အဂၤလန္ကို သေရက်ေပမယ့္ ဦးေဆာင္ႏိုင္ခဲ့တယ္လို႔ ဂုဏ္ယူသြားႏိုင္ခဲ့ၿပီး အုပ္စု(D)မွာေတာ့ ခ်က္အသင္းက ဦးေဆာင္သြားခဲ့သလို ကမာၻ႔ဖလားဒုတိယ ခ႐ိုေအးရွားကေတာ့ အုပ္စုကပဲ လွည့္ျပန္ရဖို႔ မ်ားသြားခဲ့ၿပီျဖစ္ပါတယ္။

ေဆာက္ဂိတ္ရဲ႕ အဂၤလန္ကေတာ့ ဆြဲေဆာင္မႈ မရွိဘဲ ႐ိုးရွင္းတုံးအလြန္းတဲ့ သူ႔ရဲ႕ မစ္ဒယ္ဘေရာ့ေန႔ရက္ေတြကိုပဲ အမွတ္ရေစၿပီး ထိပ္တန္းအဆင့္မွာ ကစားဖို႔ လက္ရွိယူ႐ိုၿပိဳင္ပြဲရဲ႕ အီတလီ၊ ေပၚတူဂီ၊ နယ္သာလန္၊ ျပင္သစ္တို႔ထက္ တစ္ဆင့္မက နိမ့္ေနတာကို ျမင္ခဲ့ရခ်ိန္မွာ ဒီနည္းျပနဲ႔ေတာ့ ဖိုင္နယ္ ဝင္ဘလီဆီ သြားရာလမ္းဟာ ျဖစ္ႏိုင္ေျခ နည္းလြန္းတယ္လို႔ပဲ သုံးသပ္မိရေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.