International

ရော်နယ်လ်ဒိုက ပေါ်တူဂီမှာ တန်ဖိုးအရှိဆုံး မဟုတ်ဘူးလို့ ပြောလိုက်တဲ့ ဖာနန်ဒက်စ်

ယူရို ၂၀၂၀ ပြိုင်ပွဲရဲ့ အုပ်စုအဖွင့်ပွဲစဥ်မှာ ဟန်ဂေရီအသင်းကို ၂ ဂိုးသွင်းယူကာ ဘူဒါပတ်စ်မြို့က ၃ ဂိုးပြတ်အနိုင်နဲ့ ပေါ်တူဂီအတွက် အဖိုးတန် ၃ မှတ်ရယူပေးသွားတဲ့ အသင်းခေါင်းဆောင် ရော်နယ်လ်ဒို မိမိတို့လက်ရွေးစင်အသင်းမှာ တဦးတည်းသော တန်ဖိုးအရှိဆုံးကစားသမားလို့ထင်ရင် မှားသွားမယ်လို့ ဘရူနို ဖာနန်ဒက်စ်က သတိပေးသွားခဲ့ပါတယ်။

ပေါ်တူဂီနဲ့ ယူနိုက်တက်ကွင်းလယ်ဖန်တီးရှင် ဘရူနို ဖာနန်ဒက်စ်က မိမိတို့အသင်းဟာ ရော်နယ်လ်ဒိုတဦးတည်းကို မှီခိုနေတာမဟုတ်သလို အသင်းလိုက်စုစည်းမှုအားကို တည်ဆောက်ပြီး ကစားနေတယ်ဆိုတာ ယူရိုပြိုင်ပွဲတလျှောက် ​မျက်ဝါးထင်ထင် မြင်တွေ့ကြရလိမ့်မယ်လို့ လက်ခမောင်းခတ်သွားခဲ့ခြင်းလည်း ဖြစ်ပါတယ်။

“ရော်နယ်လ်ဒိုက လွှမ်းမိုးနိုင်စွမ်းကြီးမားသူပါ။ သူက အကောင်းဆုံးတွေကို လုပ်ပြပြီး သူ့အသင်းအတွက် ခြားနားခြင်းတွေကို ယူဆောင်လာပေးချင်သူပါ။ ဒါပေမယ့် ကျွန်တော်တို့ဆီမှာ တန်ဖိုးအရှိဆုံး ကစားသမားကို ပြပါဆိုရင်တော့ ကျွန်တော်တို့အသင်းကိုယ်တိုင်ပါပဲ ရော်နယ်လ်ဒိုမဟုတ်ပါဘူး”

“ကျွန်တော့်အသင်းမှာ ငါစွဲတွေ မရှိပါဘူး။ ငါတို့အသင်းဆိုတဲ့ အသင်းလိုက်စိတ်ဓာတ်ကို အားပြုတည်ဆောက်ထားတာပါ။ ငါတို့ဆိုတာက ဒီအသင်းမှာ အရေးအပါဆုံးအရာဖြစ်ပြီး ငါတို့အသင်း ဘာလုပ်မလဲဆိုတာကသာ အရေးအကြီးဆုံးကိစ္စရပ်ပါ”လို့ သူက ​ဆိုသွားခဲ့ပါတယ်။

ဒါ့အပြင် အသက် ၃၆ နှစ်သား ရော်နယ်လ်ဒိုဟာ အရွယ်ရလို့ အကျပိုင်းရောက်လာပြီလို့ဆိုတဲ့ သတ်မှတ်မှုတွေဟာ အဓိပ္ပာယ်မရှိသလို သူဟာ အရင်လို ကြောက်မက်ဖွယ်ရာ တိုက်စစ်မှူးမဟုတ်တော့ဘူးလို့ ဆိုလာတဲ့ ပေါ့ပေါ့တန်တန် အဆိုပြုမှုတွေကိုလည်း ဖာနန်ဒက်စ်က ပယ်ချသွားခဲ့ပါတယ်။

“သူက အမြဲတမ်း ဆုံးဖြတ်ချက်အားကောင်းပါတယ်။ ဂိုးအလိုအပ်ဆုံးအခိုက်မှာ ၂ ဂိုးသွင်းခဲ့တယ်။ ‘သူက ကျား’ဆိုတာ လူတိုင်းသိပြီးသားပါ။ သူ့အရည်အသွေး၊ လုပ်ရည်ကိုင်ရည်၊ အနေအထားမျိုးစုံက ဂိုးသွင်းအားတွေက အားလုံးသတိကြီးကြီးထားရမယ့် အရည်အချင်းတွေပါ”

“ကျွန်တော်တို့ရည်ရွယ်ချက်က ပွဲတိုင်းကို အနိုင်ကစားဖို့ပဲ။ အခု ဂျာမနီနဲ့ ထိပ်တိုက်တွေ့ပါပြီ။ ဒီပွဲကို ၃ မှတ်ယူဖို့ အကောင်းဆုံး ပြင်ဆင်ထားတယ်။ ပွဲစဥ်တွေက ခြားနားသလို ပြိုင်ဘက်တွေရဲ့ အားသာချက်ချင်းကလည်း ကွဲပြားသွားတယ်။ ဒါတွေကို အနိုင်ယူကျော်ဖြတ်ဖို့ဆိုတာ ကျွန်တော်တို့အသင်းရဲ့ စည်းလုံးခြင်းကသာ အသက်သွေးကြောဖြစ်ပါတယ်”လို့ သူက ဂျာမနီနဲ့ပွဲ​ကြိုအတွက်ပါ ကြုံးဝါးသွားခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲရဲ႕ အုပ္စုအဖြင့္ပြဲစဥ္မွာ ဟန္ေဂရီအသင္းကို ၂ ဂိုးသြင္းယူကာ ဘူဒါပတ္စ္ၿမိဳ႕က ၃ ဂိုးျပတ္အႏိုင္နဲ႔ ေပၚတူဂီအတြက္ အဖိုးတန္ ၃ မွတ္ရယူေပးသြားတဲ့ အသင္းေခါင္းေဆာင္ ေရာ္နယ္လ္ဒို မိမိတို႔လက္ေ႐ြးစင္အသင္းမွာ တဦးတည္းေသာ တန္ဖိုးအရွိဆုံးကစားသမားလို႔ထင္ရင္ မွားသြားမယ္လို႔ ဘ႐ူႏို ဖာနန္ဒက္စ္က သတိေပးသြားခဲ့ပါတယ္။

ေပၚတူဂီနဲ႔ ယူႏိုက္တက္ကြင္းလယ္ဖန္တီးရွင္ ဘ႐ူႏို ဖာနန္ဒက္စ္က မိမိတို႔အသင္းဟာ ေရာ္နယ္လ္ဒိုတဦးတည္းကို မွီခိုေနတာမဟုတ္သလို အသင္းလိုက္စုစည္းမႈအားကို တည္ေဆာက္ၿပီး ကစားေနတယ္ဆိုတာ ယူ႐ိုၿပိဳင္ပြဲတေလွ်ာက္ ​မ်က္ဝါးထင္ထင္ ျမင္ေတြ႕ၾကရလိမ့္မယ္လို႔ လက္ခေမာင္းခတ္သြားခဲ့ျခင္းလည္း ျဖစ္ပါတယ္။

“ေရာ္နယ္လ္ဒိုက လႊမ္းမိုးႏိုင္စြမ္းႀကီးမားသူပါ။ သူက အေကာင္းဆုံးေတြကို လုပ္ျပၿပီး သူ႔အသင္းအတြက္ ျခားနားျခင္းေတြကို ယူေဆာင္လာေပးခ်င္သူပါ။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ဆီမွာ တန္ဖိုးအရွိဆုံး ကစားသမားကို ျပပါဆိုရင္ေတာ့ ကြၽန္ေတာ္တို႔အသင္းကိုယ္တိုင္ပါပဲ ေရာ္နယ္လ္ဒိုမဟုတ္ပါဘူး”

“ကြၽန္ေတာ့္အသင္းမွာ ငါစြဲေတြ မရွိပါဘူး။ ငါတို႔အသင္းဆိုတဲ့ အသင္းလိုက္စိတ္ဓာတ္ကို အားျပဳတည္ေဆာက္ထားတာပါ။ ငါတို႔ဆိုတာက ဒီအသင္းမွာ အေရးအပါဆုံးအရာျဖစ္ၿပီး ငါတို႔အသင္း ဘာလုပ္မလဲဆိုတာကသာ အေရးအႀကီးဆုံးကိစၥရပ္ပါ”လို႔ သူက ​ဆိုသြားခဲ့ပါတယ္။

ဒါ့အျပင္ အသက္ ၃၆ ႏွစ္သား ေရာ္နယ္လ္ဒိုဟာ အ႐ြယ္ရလို႔ အက်ပိုင္းေရာက္လာၿပီလို႔ဆိုတဲ့ သတ္မွတ္မႈေတြဟာ အဓိပၸာယ္မရွိသလို သူဟာ အရင္လို ေၾကာက္မက္ဖြယ္ရာ တိုက္စစ္မႉးမဟုတ္ေတာ့ဘူးလို႔ ဆိုလာတဲ့ ေပါ့ေပါ့တန္တန္ အဆိုျပဳမႈေတြကိုလည္း ဖာနန္ဒက္စ္က ပယ္ခ်သြားခဲ့ပါတယ္။

“သူက အၿမဲတမ္း ဆုံးျဖတ္ခ်က္အားေကာင္းပါတယ္။ ဂိုးအလိုအပ္ဆုံးအခိုက္မွာ ၂ ဂိုးသြင္းခဲ့တယ္။ ‘သူက က်ား’ဆိုတာ လူတိုင္းသိၿပီးသားပါ။ သူ႔အရည္အေသြး၊ လုပ္ရည္ကိုင္ရည္၊ အေနအထားမ်ိဳးစုံက ဂိုးသြင္းအားေတြက အားလုံးသတိႀကီးႀကီးထားရမယ့္ အရည္အခ်င္းေတြပါ”

“ကြၽန္ေတာ္တို႔ရည္႐ြယ္ခ်က္က ပြဲတိုင္းကို အႏိုင္ကစားဖို႔ပဲ။ အခု ဂ်ာမနီနဲ႔ ထိပ္တိုက္ေတြ႕ပါၿပီ။ ဒီပြဲကို ၃ မွတ္ယူဖို႔ အေကာင္းဆုံး ျပင္ဆင္ထားတယ္။ ပြဲစဥ္ေတြက ျခားနားသလို ၿပိဳင္ဘက္ေတြရဲ႕ အားသာခ်က္ခ်င္းကလည္း ကြဲျပားသြားတယ္။ ဒါေတြကို အႏိုင္ယူေက်ာ္ျဖတ္ဖို႔ဆိုတာ ကြၽန္ေတာ္တို႔အသင္းရဲ႕ စည္းလုံးျခင္းကသာ အသက္ေသြးေၾကာျဖစ္ပါတယ္”လို႔ သူက ဂ်ာမနီနဲ႔ပြဲ​ႀကိဳအတြက္ပါ ႀကဳံးဝါးသြားခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.