Premier League

ရီးရဲလ္နဲ႔ သေဘာတူညီမွဳ မရွိေၾကာင္းဆိုတဲ့ ဗန္ဒီဘိခ္ေၾကာင့္ ယူႏုိက္တက္ အားတက္ဖြယ္

ရီးရဲလ္မက္ဒရစ္အသင္းနဲ႔ အေျပာင္းအေရႊ႕အတြက္ ဘာသေဘာတူညီမွဳမွ မရွိဘူးလို႔ အုိင္းယက္စ္ကြင္းလယ္လူ ဒြန္နီ ဗန္ဒီဘိခ္ရဲ႕ ေျပာၾကားမွဳ ထြက္ေပၚလာခဲ့တာေၾကာင့္ ေခၚယူခ်င္လို႔ ေစာင့္ၾကည့္ေနတဲ့ မန္ခ်က္စတာယူႏုိက္တက္အတြက္ အားတက္စရာျဖစ္လာခဲ့တယ္လို႔ သိရပါတယ္။

ေႏြရာသီက ေနာက္ခံလူ မက္သစ္ ဒီလစ္ခ်္ကို ဂ်ဴဗင္တပ္စ္အသင္းကို ေရာင္းထုတ္အၿပီးမွာ အုိင္းယက္စ္အသင္းအေနနဲ႔ ဗန္ဒီဘိခ္အတြက္ပါ ရီးရဲလ္မက္ဒရစ္အသင္းနဲ႔ သေဘာတူညီခဲ့တယ္လို႔ သတင္းထြက္ခဲ့ေပမယ့္ မဟုတ္ဘူးဆုိတဲ့အေၾကာင္း ကစားသမားကိုယ္တုိင္က ျပန္လည္ရွင္းလင္းလိုက္ပါတယ္။

“ရီးရဲလ္မက္ဒရစ္အသင္းနဲ႔ ဘာမွ တရားဝင္သေဘာတူညီထားတာမ်ဳိး မရွိပါဘူး။ အသင္းေျပာင္းဖို႔ စဥ္းစားရင္ေတာ့ ကၽြန္ေတာ့္ကို တန္ဖိုးထားတာရယ္၊ သူတုိ႔ရဲ႕ ကစားပုံမွာ ကၽြန္ေတာ္ဟာ အံဝင္ခြင္က်နဲ႔ ကစားႏုိင္တာရယ္က အဓိက စဥ္းစားရမွာျဖစ္သလို ဘယ္ေလာက္ပြဲကစားခြင့္ ရမလဲဆုိတာကလည္း အေရးပါပါတယ္”လို႔ ဗန္ဒီဘိခ္က ဟယ္လ္ဒ္မဂၢဇင္းနဲ႔ အင္တာဗ်ဴးမွာ ေျပာပါတယ္။

ဒါ့အျပင္ သူ႕အေနနဲ႔ ဘယ္အသင္းရဲ႕ ကမ္းလွမ္းမွဳကိုမွ ေခါင္းညိတ္ရေသးျခင္းမရွိေၾကာင္းနဲ႔ အုိင္းယက္စ္အသင္းရဲ႕ ခ်စ္ျမတ္ႏုိးခံရတာနဲ႔ သူကိုယ္တုိင္ ခ်စ္ျမတ္ႏိုးတဲ့အသင္းမွာ အျပန္အလွန္တန္ဖိုးထားၿပီး ကစားရေနတာကိုပဲ ေက်နပ္မိေၾကာင္းလည္း အသက္ ၂၂ ႏွစ္အရြယ္ ဒတ္ခ်္ကြင္းလယ္လူက ေျဖၾကားသြားပါတယ္။

အသင္းရဲ႕ ကြင္းလယ္လူတစ္ဦးျဖစ္တဲ့ ေပါလ္ ေပါ့ဘာ ထြက္ခြာႏုိင္ေျခရွိတာေၾကာင့္ ျပန္လည္အားျဖည့္မွဳအတြက္ စဥ္းစားေနတဲ့ မန္ခ်က္စတာ ယူႏုိက္တက္အသင္းအေနနဲ႔ စပိန္သား ဆာအူးလ္ ညီးရက္ဇ္ထက္ အသက္ငယ္ရြယ္ၿပီး ေဈးသက္သာႏိုင္တဲ့ ဗန္ဒီဘိခ္ဟာ ဆြဲေဆာင္မွဳအရွိဆုံး ပစ္မွတ္ တစ္ခုလည္းျဖစ္ၿပီး နည္းျပ အုိလီဂန္နာ ဆုိးလ္ရွားနဲ႔ အမွဳေဆာင္ဒုဥကၠဌ အက္ဒ္ ဝုဒ္ဝဒ္တုိ႔ရဲ႕ လွဳပ္ရွားမွဳကို ေစာင့္ၾကည့္ရႏိုင္ေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ရီးရဲလ်မက်ဒရစ်အသင်းနဲ့ အပြောင်းအရွှေ့အတွက် ဘာသဘောတူညီမှုမှ မရှိဘူးလို့ အိုင်းယက်စ်ကွင်းလယ်လူ ဒွန်နီ ဗန်ဒီဘိခ်ရဲ့ ပြောကြားမှု ထွက်ပေါ်လာခဲ့တာကြောင့် ခေါ်ယူချင်လို့ စောင့်ကြည့်နေတဲ့ မန်ချက်စတာယူနိုက်တက်အတွက် အားတက်စရာဖြစ်လာခဲ့တယ်လို့ သိရပါတယ်။

နွေရာသီက နောက်ခံလူ မက်သစ် ဒီလစ်ချ်ကို ဂျူဗင်တပ်စ်အသင်းကို ရောင်းထုတ်အပြီးမှာ အိုင်းယက်စ်အသင်းအနေနဲ့ ဗန်ဒီဘိခ်အတွက်ပါ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ သဘောတူညီခဲ့တယ်လို့ သတင်းထွက်ခဲ့ပေမယ့် မဟုတ်ဘူးဆိုတဲ့အကြောင်း ကစားသမားကိုယ်တိုင်က ပြန်လည်ရှင်းလင်းလိုက်ပါတယ်။

“ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ဘာမှ တရားဝင်သဘောတူညီထားတာမျိုး မရှိပါဘူး။ အသင်းပြောင်းဖို့ စဉ်းစားရင်တော့ ကျွန်တော့်ကို တန်ဖိုးထားတာရယ်၊ သူတို့ရဲ့ ကစားပုံမှာ ကျွန်တော်ဟာ အံဝင်ခွင်ကျနဲ့ ကစားနိုင်တာရယ်က အဓိက စဉ်းစားရမှာဖြစ်သလို ဘယ်လောက်ပွဲကစားခွင့် ရမလဲဆိုတာကလည်း အရေးပါပါတယ်”လို့ ဗန်ဒီဘိခ်က ဟယ်လ်ဒ်မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာ ပြောပါတယ်။

ဒါ့အပြင် သူ့အနေနဲ့ ဘယ်အသင်းရဲ့ ကမ်းလှမ်းမှုကိုမှ ခေါင်းညိတ်ရသေးခြင်းမရှိကြောင်းနဲ့ အိုင်းယက်စ်အသင်းရဲ့ ချစ်မြတ်နိုးခံရတာနဲ့ သူကိုယ်တိုင် ချစ်မြတ်နိုးတဲ့အသင်းမှာ အပြန်အလှန်တန်ဖိုးထားပြီး ကစားရနေတာကိုပဲ ကျေနပ်မိကြောင်းလည်း အသက် ၂၂ နှစ်အရွယ် ဒတ်ချ်ကွင်းလယ်လူက ဖြေကြားသွားပါတယ်။

အသင်းရဲ့ ကွင်းလယ်လူတစ်ဦးဖြစ်တဲ့ ပေါလ် ပေါ့ဘာ ထွက်ခွာနိုင်ခြေရှိတာကြောင့် ပြန်လည်အားဖြည့်မှုအတွက် စဉ်းစားနေတဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းအနေနဲ့ စပိန်သား ဆာအူးလ် ညီးရက်ဇ်ထက် အသက်ငယ်ရွယ်ပြီး ဈေးသက်သာနိုင်တဲ့ ဗန်ဒီဘိခ်ဟာ ဆွဲဆောင်မှုအရှိဆုံး ပစ်မှတ် တစ်ခုလည်းဖြစ်ပြီး နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားနဲ့ အမှုဆောင်ဒုဥက္ကဌ အက်ဒ် ဝုဒ်ဝဒ်တို့ရဲ့ လှုပ်ရှားမှုကို စောင့်ကြည့်ရနိုင်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.