Premier League

ကြင္းလယ္လူ ဖေရဆာကို ရာသီကုန္ခ်ိန္မွာ ေခၚယူႏုိင္ဖို႔ အာဆင္နယ္ ေမွ်ာ္လင့္

အာဆင္နယ္အသင္းအေနနဲ႔ ၿပီးခဲ့တဲ့ ရာသီအစက ေဆြးေႏြးမွဳေတြ ျပဳလုပ္ခဲ့ဖူးေပမယ့္ ဘုန္းေမာက္အသင္းဘက္က ေတာင္းဆုိတဲ့ ေငြေၾကးမ်ဳိး သုံးစြဲႏိုင္ျခင္းမရွိလုိ႔ မေခၚယူႏုိင္ခဲ့တဲ့ ကြင္းလယ္လူ ႐ိုင္ယန္ ဖေရဆာကို လာမယ့္ရာသီကုန္ခ်ိန္မွာ အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူႏုိင္ဖို႔ ေမွ်ာ္လင့္ေနပါတယ္။

အသက္ ၂၆ ႏွစ္အရြယ္ စေကာ့တလန္လက္ေရြးစင္ဟာ ပရီးမီးယားလိဂ္ရဲ႕ စီနီယာကစားသမားေတြထဲမွာ အရပ္အပုဆုံး ကစားသမားအျဖစ္ပါ မွတ္တမ္းဝင္ထားခဲ့ၿပီး သူ႕ကို ေသးေကြးတယ္လို႔ မထင္ေစဘဲ အထင္ႀကီးေစမယ့္အခ်က္ကေတာ့ ၂၀၁၈-၁၉ ရာသီမွာ ဘုန္းေမာက္အသင္းအတြက္ တစ္ရာသီလုံးမွာ ၁၄ ဂိုး ဖန္တီးေပးခဲ့တဲ့ အခ်က္လည္းျဖစ္ပါတယ္။

အာဆင္နယ္အသင္းအေနနဲ႔ ဒီေျခစြမ္းကို သေဘာက်ၿပီး ေဆြးေႏြးခဲ့ဖူးေပမယ့္ ဘုန္းေမာက္ဘက္ကေတာ့ တစ္ႏွစ္သာ စာခ်ဳပ္က်န္ေတာ့တဲ့ ေတာင္ပံနဲ႔ ကြင္းလယ္ေတြမွာ ကစားႏုိင္တဲ့ ကစားသမားကို ထိန္းသိမ္းႏုိင္မယ္လို႔ ယူဆၿပီး ခပ္တင္းတင္းပဲ ေတာင္းဆုိခဲ့ေပမယ့္ လက္ရွိမွာေတာ့ ဖေရဆာအေနနဲ႔ စာခ်ဳပ္သက္တမ္းတုိးဖို႔ စိတ္မဝင္စားတဲ့ အေနအထားလည္းျဖစ္ေနပါတယ္။

ဖေရဆာအေနနဲ႔ အာဆင္နယ္ကို မေျပာင္းႏုိင္ခဲ့တာကိုလည္း စိတ္ပ်က္ေနပုံေပၚၿပီး ရာသီကုန္မွာေတာ့ အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ထြက္ခြာခြင့္ရွိခ်ိန္မွာ အခြင့္အေရးကို အျပည့္အဝ အသုံးခ်သြားဖို႔ စီစဥ္ေနသလို ေျမာက္လန္ဒန္အသင္းဘက္ကလည္း စိတ္ဝင္တစားနဲ႔ ေခၚယူသြားဖို႔ ပစ္မွတ္ထားေနခဲ့ပါတယ္။

ဘုန္းေမာက္အသင္းမွာ တစ္ပတ္လုပ္ခ ေပါင္ ၂၇၀၀၀ သာ ရရွိေနတဲ့ စေကာ့တလန္သားအေနနဲ႔ အာဆင္နယ္အသင္းမွာ ဒီထက္ အနည္းဆုံး ႏွစ္ဆျဖစ္မယ့္ လုပ္ခေငြကို ရရွိႏုိင္မွာျဖစ္ၿပီး နည္းျပ မုိက္ကယ္ အာတီတာအတြက္ေတာ့ နည္းစနစ္ပုိင္းအရ အလြန္အသုံးအဝင္မယ့္ ကစားသမားတစ္ဦး ျဖစ္လာမယ္လို႔လည္း ကၽြမ္းက်င္သူေတြက ခန္႔မွန္းထားၾကေၾကာင္း သိရွိရပါတယ္။

REF: THE BOOT ROOM
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အာဆင်နယ်အသင်းအနေနဲ့ ပြီးခဲ့တဲ့ ရာသီအစက ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ဖူးပေမယ့် ဘုန်းမောက်အသင်းဘက်က တောင်းဆိုတဲ့ ငွေကြေးမျိုး သုံးစွဲနိုင်ခြင်းမရှိလို့ မခေါ်ယူနိုင်ခဲ့တဲ့ ကွင်းလယ်လူ ရိုင်ယန် ဖရေဆာကို လာမယ့်ရာသီကုန်ချိန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့ မျှော်လင့်နေပါတယ်။

အသက် ၂၆ နှစ်အရွယ် စကော့တလန်လက်ရွေးစင်ဟာ ပရီးမီးယားလိဂ်ရဲ့ စီနီယာကစားသမားတွေထဲမှာ အရပ်အပုဆုံး ကစားသမားအဖြစ်ပါ မှတ်တမ်းဝင်ထားခဲ့ပြီး သူ့ကို သေးကွေးတယ်လို့ မထင်စေဘဲ အထင်ကြီးစေမယ့်အချက်ကတော့ ၂၀၁၈-၁၉ ရာသီမှာ ဘုန်းမောက်အသင်းအတွက် တစ်ရာသီလုံးမှာ ၁၄ ဂိုး ဖန်တီးပေးခဲ့တဲ့ အချက်လည်းဖြစ်ပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ ဒီခြေစွမ်းကို သဘောကျပြီး ဆွေးနွေးခဲ့ဖူးပေမယ့် ဘုန်းမောက်ဘက်ကတော့ တစ်နှစ်သာ စာချုပ်ကျန်တော့တဲ့ တောင်ပံနဲ့ ကွင်းလယ်တွေမှာ ကစားနိုင်တဲ့ ကစားသမားကို ထိန်းသိမ်းနိုင်မယ်လို့ ယူဆပြီး ခပ်တင်းတင်းပဲ တောင်းဆိုခဲ့ပေမယ့် လက်ရှိမှာတော့ ဖရေဆာအနေနဲ့ စာချုပ်သက်တမ်းတိုးဖို့ စိတ်မဝင်စားတဲ့ အနေအထားလည်းဖြစ်နေပါတယ်။

ဖရေဆာအနေနဲ့ အာဆင်နယ်ကို မပြောင်းနိုင်ခဲ့တာကိုလည်း စိတ်ပျက်နေပုံပေါ်ပြီး ရာသီကုန်မှာတော့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ရှိချိန်မှာ အခွင့်အရေးကို အပြည့်အဝ အသုံးချသွားဖို့ စီစဉ်နေသလို မြောက်လန်ဒန်အသင်းဘက်ကလည်း စိတ်ဝင်တစားနဲ့ ခေါ်ယူသွားဖို့ ပစ်မှတ်ထားနေခဲ့ပါတယ်။

ဘုန်းမောက်အသင်းမှာ တစ်ပတ်လုပ်ခ ပေါင် ၂၇၀၀၀ သာ ရရှိနေတဲ့ စကော့တလန်သားအနေနဲ့ အာဆင်နယ်အသင်းမှာ ဒီထက် အနည်းဆုံး နှစ်ဆဖြစ်မယ့် လုပ်ခငွေကို ရရှိနိုင်မှာဖြစ်ပြီး နည်းပြ မိုက်ကယ် အာတီတာအတွက်တော့ နည်းစနစ်ပိုင်းအရ အလွန်အသုံးအဝင်မယ့် ကစားသမားတစ်ဦး ဖြစ်လာမယ်လို့လည်း ကျွမ်းကျင်သူတွေက ခန့်မှန်းထားကြကြောင်း သိရှိရပါတယ်။

REF: THE BOOT ROOM
PHOTOS CREDIT TO OWNERS
SPORTS A2Z.