Premier League

ကလော့ပ်ရဲ့ ငိုချင်းချပွဲ (သို့) ယူနိုက်တက် 1-2လက်စတာ ပွဲအပြီး ထူးထူးခြားခြား ထုတ်နုတ်ပြောစရာ ၇ ချက်

မန်စီးတီးကို ချန်ပီယံသရဖူဆောင်းပေးခဲ့တဲ့ ယူနိုက်တက်
ပွဲမကစားရတဲ့ညမှာ ချန်ပီယံအဖြေပေါ်ပြီး သရဖူဆောင်းခံခဲ့ရတာက ပရီးမီးယားလိဂ်ရဲ့ ၂ နှစ်ဆက်တိုက် အခြေအနေဖြစ်လာခဲ့ပြီး ဒီနေ့ ယူနိုက်တက်ရှုံးပွဲမှာ မြို့ခံပြိုင်ဘက် မန်ချက်စတာမြို့ကို အပြာရောင်လွှမ်းသွားစေခဲ့တယ်။

မန်စီးတီးအသင်းက ဒီနှစ်ပရီးမီးယားလိဂ်ရဲ့ တရားဝင်ချန်ပီယံဖြစ်လာခဲ့ပါ​ပြီ။ ဒါက ၇ မှတ်အကွာ လက်ကျန် ၃ ပွဲကို ဆက်မျှော်လင့်ချင်နေမယ့် ဆိုးလ်ရှားအတွက် ခါးသီးမှုစစ်စစ်လို့လည်း မှတ်ချက်ချက်ရမယ်။

နောက်ဆုံး ၁၁ ပွဲမှာ ၉ ဂိုးသွင်းတဲ့ သစ်သားစိမ်း
ထိပ်တန်းအဆုံးသတ်ပုံနဲ့ ယူနိုက်တက်ရဲ့ ချေပဂိုးကို ပွဲချိန် ၁၅ မိနစ်မှာ သွင်းယူခဲ့တဲ့ ဂရင်းဝုဒ်က ဒီရာသီ ပြိုင်ပွဲစုံ ၁၂ ဂိုးပြည့်ခဲ့တာဖြစ်သလို နောက်ဆုံး ၁၁ ပွဲမှာ ၉ ဂိုးအထိ သွင်းယူခဲ့တာက ရာသီကုန်ချိန်မှာ လွတ်လွတ်လပ်လပ်ခြေစွမ်းပြလာတာကိုလည်း တွေ့ရပြီး ယူရိုပြိုင်ပွဲနဲ့ ထိုက်တန်ကြောင်း သက်သေပြလိုစိတ် ပြင်းထန်ခဲ့တာပါ။ အာမက် ဂျယ်လို၊ အီလန်ဂါတို့နဲ့ တွဲကစားခဲ့တဲ့ ယူနိုက်တက်အနာဂတ်တိုက်စစ်ကိုလည်း လှစ်ဟပြခဲ့တယ်။

ချန်ပီယံလိဂ်တနေရာစာနဲ့ နီးစပ်လာတဲ့ မြေခွေ
လက်စတာက ယူနိုက်တက်ကို အိုးထရက်ဖို့ဒ်မှာ ထိုက်တန်တဲ့ခြေစွမ်းနဲ့ အနိုင်ယူခဲ့ပြီး ဒီနိုင်ပွဲမှာ တကယ် အထိနာခဲ့ရသူက လီဗာပူးလ်နည်းပြကလော့ပ်ဖြစ်လာခဲ့သလို မြေခွေးကြီးတွေက ချန်ပီယံလိဂ်တနေရာစာအတွက် ပိုပြီးနီးစပ်လာခဲ့တယ်။

လက်စတာကို ကျော်ဖြတ်ဖို့ ​​ကြိုးစားနေချိန်မှာ ယူနိုက်တက်ရဲ့ အရန်လူ ၁၀ ဦးအထိ ထုတ်သုံးလာခဲ့တဲ့ ဆုံးဖြတ်ချက်က ကလော့ပ်ကို ငိုချင်းချစေခဲ့တာဖြစ်သလို နောက်လာမယ့်ယူနိုက်တက်နဲ့ပွဲမှာ အတော်လေးခြေကုန်ထုတ်ရုန်းရဦးမှာပါ။

ဆိုးလ်ရှားပွဲထုတ်လာတဲ့ ၁၄ ဦးမြောက် အကယ်ဒမီလူငယ်
ဒီနေ့ပွဲမှာ ပြီးခဲ့တဲ့ဗီလာနဲ့လူစာရင်းကို ၁၀ နေရာအထိ အစုလိုက်အပြုံလိုက် အပြောင်းအလဲလုပ်လာခဲ့ခြင်းအားဖြင့် သူ့လက်ထက်မှာ ၁၄ ဦးမြောက် အကယ်ဒမီလူငယ်ကို ပွဲထုတ်လာခဲ့တဲ့ အန်သော်နီ အီလန်ဂါဟာ သက်သောင့်သက်သာခြေစွမ်းနဲ့အတူ ယူနိုက်တက်ရဲ့တိုက်စစ်မှာ မိနစ် ၆၀ ဝန်းကျင်အထိ ကစားခွင့်ရခဲ့ပြီး ဒါက သူ့အတွက် မမေ့ဖျောက်နိုင်တဲ့ အမှတ်တရညတညဖြစ်လာမှာပါ။

ကလော့ပ်ရဲ့ ငိုချင်းချပွဲ / သူ့ထိုက်နဲ့သူကံခံပေရော့
ယူနိုက်တက်က ၅ ရက် ၃ ပွဲကစားရချိန်မှာ လက်စတာနဲ့ပွဲမှာ အဓိကလူစာရင်းအကုန် အနားပေးသွားမယ်ဆိုတဲ့ ဆိုးလ်ရှားရဲ့ဆုံးဖြတ်ချက်ဟာ မတရားဘူးလို့ မှတ်ချက်ပေးခဲ့တဲ့ ကလော့ပ်အတွက်တော့ လက်စတာရဲ့နိုင်ပွဲရလဒ်က သူ့ထိုက်နဲ့သူကံခံပေရော့ဆိုသလို ငိုချင်းချစရာဖြစ်ခဲ့ပြီး လီဗာပူးလ်ထက် ၂ ပွဲပိုကစား၊ ၉ မှတ်အထိ ဖြတ်တောက်သွားခဲ့တယ်။ ဆိုးလ်ရှားရဲ့ လူထုတ်ပုံကလည်း ကလော့ပ်ရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ကို ထိခိုက်သွားစေခဲ့တာအမှန်ပါ။

လူကြီးတယောက်လိုကစားသွားတဲ့ အာမက်ရဲ့ဘောလုံးဗီဇ
ယူနိုက်တက်မှာ ရရှိတဲ့ ပထမဆုံးဂိုးအခွင့်အရေးမှာပဲ ပထမဆုံးဂိုးသွင်းယူသွားခဲ့တဲ့ အာမက် ဂျယ်လိုရဲ့ အေစီမီလန်နဲ့ပွဲက ယူရိုပါလိဂ်ခေါင်းတိုက်ဂိုးက ပြောစမှတ်ဖြစ်ခဲ့တဲ့နည်းတူ ဒီနေ့ပွဲမှာလည်း ယူနိုက်တက်ရဲ့ချေပဂိုးကို သူ့ရဲ့ဂိုးဖန်တီးမှုနဲ့အတူ တွဲမြင်ခဲ့ရတာဖြစ်တယ်။ လူကြီးတယောက်လိုကစားသွားပြီး ဘောလုံးဗီဇပြင်းပြတဲ့သူ့အတွက် လ​က်ခုပ်သံတွေလည်းဆူညံနေခဲ့ပါတယ်။

ရွှေလိုရှားတဲ့နိုင်ပွဲ
လက်စတာက ယူနိုက်တက်နဲ့ နောက်ဆုံးပရီးမီးယားလိဂ် ၂၉ ပွဲမှာ ၂ ပွဲသာ အနိုင်ရထားသလို အိုးထရက်ဖို့ဒ်ကွင်းထဲက နောက်ဆုံး ၂၂ ပွဲမှာလည်း နိုင်ပွဲတပွဲသာရှိတဲ့မှတ်တမ်းက ရော့ဂျားစ်ရဲ့စိုးရိမ်မှုတခု ဖြစ်ခဲ့ပေမယ့် သူ့အသင်းအတွက် ချန်ပီယံလိဂ်တွန်းအားက ရွှေလိုရှားတဲ့နိုင်ပွဲတပွဲကို သိမ်းပိုက်ပြီး အဖိုးတန် ၃ မှတ်ကို စုဆောင်းသွားနိုင်ခဲ့တယ်။

REF: TWITTER
PHOTOS AND TWEETS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္စီးတီးကို ခ်န္ပီယံသရဖူေဆာင္းေပးခဲ့တဲ့ ယူႏိုက္တက္
ပြဲမကစားရတဲ့ညမွာ ခ်န္ပီယံအေျဖေပၚၿပီး သရဖူေဆာင္းခံခဲ့ရတာက ပရီးမီးယားလိဂ္ရဲ႕ ၂ ႏွစ္ဆက္တိုက္ အေျခအေနျဖစ္လာခဲ့ၿပီး ဒီေန႔ ယူႏိုက္တက္ရႈံးပြဲမွာ ၿမိဳ႕ခံၿပိဳင္ဘက္ မန္ခ်က္စတာၿမိဳ႕ကို အျပာေရာင္လႊမ္းသြားေစခဲ့တယ္။

မန္စီးတီးအသင္းက ဒီႏွစ္ပရီးမီးယားလိဂ္ရဲ႕ တရားဝင္ခ်န္ပီယံျဖစ္လာခဲ့ပါ​ၿပီ။ ဒါက ၇ မွတ္အကြာ လက္က်န္ ၃ ပြဲကို ဆက္ေမွ်ာ္လင့္ခ်င္ေနမယ့္ ဆိုးလ္ရွားအတြက္ ခါးသီးမႈစစ္စစ္လို႔လည္း မွတ္ခ်က္ခ်က္ရမယ္။

ေနာက္ဆုံး ၁၁ ပြဲမွာ ၉ ဂိုးသြင္းတဲ့ သစ္သားစိမ္း
ထိပ္တန္းအဆုံးသတ္ပုံနဲ႔ ယူႏိုက္တက္ရဲ႕ ေခ်ပဂိုးကို ပြဲခ်ိန္ ၁၅ မိနစ္မွာ သြင္းယူခဲ့တဲ့ ဂရင္းဝုဒ္က ဒီရာသီ ၿပိဳင္ပြဲစုံ ၁၂ ဂိုးျပည့္ခဲ့တာျဖစ္သလို ေနာက္ဆုံး ၁၁ ပြဲမွာ ၉ ဂိုးအထိ သြင္းယူခဲ့တာက ရာသီကုန္ခ်ိန္မွာ လြတ္လြတ္လပ္လပ္ေျခစြမ္းျပလာတာကိုလည္း ေတြ႕ရၿပီး ယူ႐ိုၿပိဳင္ပြဲနဲ႔ ထိုက္တန္ေၾကာင္း သက္ေသျပလိုစိတ္ ျပင္းထန္ခဲ့တာပါ။ အာမက္ ဂ်ယ္လို၊ အီလန္ဂါတို႔နဲ႔ တြဲကစားခဲ့တဲ့ ယူႏိုက္တက္အနာဂတ္တိုက္စစ္ကိုလည္း လွစ္ဟျပခဲ့တယ္။

ခ်န္ပီယံလိဂ္တေနရာစာနဲ႔ နီးစပ္လာတဲ့ ေျမေခြ
လက္စတာက ယူႏိုက္တက္ကို အိုးထရက္ဖို႔ဒ္မွာ ထိုက္တန္တဲ့ေျခစြမ္းနဲ႔ အႏိုင္ယူခဲ့ၿပီး ဒီႏိုင္ပြဲမွာ တကယ္ အထိနာခဲ့ရသူက လီဗာပူးလ္နည္းျပကေလာ့ပ္ျဖစ္လာခဲ့သလို ေျမေခြးႀကီးေတြက ခ်န္ပီယံလိဂ္တေနရာစာအတြက္ ပိုၿပီးနီးစပ္လာခဲ့တယ္။

လက္စတာကို ေက်ာ္ျဖတ္ဖို႔ ​​ႀကိဳးစားေနခ်ိန္မွာ ယူႏိုက္တက္ရဲ႕ အရန္လူ ၁၀ ဦးအထိ ထုတ္သုံးလာခဲ့တဲ့ ဆုံးျဖတ္ခ်က္က ကေလာ့ပ္ကို ငိုခ်င္းခ်ေစခဲ့တာျဖစ္သလို ေနာက္လာမယ့္ယူႏိုက္တက္နဲ႔ပြဲမွာ အေတာ္ေလးေျခကုန္ထုတ္႐ုန္းရဦးမွာပါ။

ဆိုးလ္ရွားပြဲထုတ္လာတဲ့ ၁၄ ဦးေျမာက္ အကယ္ဒမီလူငယ္
ဒီေန႔ပြဲမွာ ၿပီးခဲ့တဲ့ဗီလာနဲ႔လူစာရင္းကို ၁၀ ေနရာအထိ အစုလိုက္အၿပဳံလိုက္ အေျပာင္းအလဲလုပ္လာခဲ့ျခင္းအားျဖင့္ သူ႔လက္ထက္မွာ ၁၄ ဦးေျမာက္ အကယ္ဒမီလူငယ္ကို ပြဲထုတ္လာခဲ့တဲ့ အန္ေသာ္နီ အီလန္ဂါဟာ သက္ေသာင့္သက္သာေျခစြမ္းနဲ႔အတူ ယူႏိုက္တက္ရဲ႕တိုက္စစ္မွာ မိနစ္ ၆၀ ဝန္းက်င္အထိ ကစားခြင့္ရခဲ့ၿပီး ဒါက သူ႔အတြက္ မေမ့ေဖ်ာက္ႏိုင္တဲ့ အမွတ္တရညတညျဖစ္လာမွာပါ။

ကေလာ့ပ္ရဲ႕ ငိုခ်င္းခ်ပြဲ / သူ႔ထိုက္နဲ႔သူကံခံေပေရာ့
ယူႏိုက္တက္က ၅ ရက္ ၃ ပြဲကစားရခ်ိန္မွာ လက္စတာနဲ႔ပြဲမွာ အဓိကလူစာရင္းအကုန္ အနားေပးသြားမယ္ဆိုတဲ့ ဆိုးလ္ရွားရဲ႕ဆုံးျဖတ္ခ်က္ဟာ မတရားဘူးလို႔ မွတ္ခ်က္ေပးခဲ့တဲ့ ကေလာ့ပ္အတြက္ေတာ့ လက္စတာရဲ႕ႏိုင္ပြဲရလဒ္က သူ႔ထိုက္နဲ႔သူကံခံေပေရာ့ဆိုသလို ငိုခ်င္းခ်စရာျဖစ္ခဲ့ၿပီး လီဗာပူးလ္ထက္ ၂ ပြဲပိုကစား၊ ၉ မွတ္အထိ ျဖတ္ေတာက္သြားခဲ့တယ္။ ဆိုးလ္ရွားရဲ႕ လူထုတ္ပုံကလည္း ကေလာ့ပ္ရဲ႕ ခ်န္ပီယံလိဂ္ဝင္ခြင့္ကို ထိခိုက္သြားေစခဲ့တာအမွန္ပါ။

လူႀကီးတေယာက္လိုကစားသြားတဲ့ အာမက္ရဲ႕ေဘာလုံးဗီဇ
ယူႏိုက္တက္မွာ ရရွိတဲ့ ပထမဆုံးဂိုးအခြင့္အေရးမွာပဲ ပထမဆုံးဂိုးသြင္းယူသြားခဲ့တဲ့ အာမက္ ဂ်ယ္လိုရဲ႕ ေအစီမီလန္နဲ႔ပြဲက ယူ႐ိုပါလိဂ္ေခါင္းတိုက္ဂိုးက ေျပာစမွတ္ျဖစ္ခဲ့တဲ့နည္းတူ ဒီေန႔ပြဲမွာလည္း ယူႏိုက္တက္ရဲ႕ေခ်ပဂိုးကို သူ႔ရဲ႕ဂိုးဖန္တီးမႈနဲ႔အတူ တြဲျမင္ခဲ့ရတာျဖစ္တယ္။ လူႀကီးတေယာက္လိုကစားသြားၿပီး ေဘာလုံးဗီဇျပင္းျပတဲ့သူ႔အတြက္ လ​က္ခုပ္သံေတြလည္းဆူညံေနခဲ့ပါတယ္။

ေ႐ႊလိုရွားတဲ့ႏိုင္ပြဲ
လက္စတာက ယူႏိုက္တက္နဲ႔ ေနာက္ဆုံးပရီးမီးယားလိဂ္ ၂၉ ပြဲမွာ ၂ ပြဲသာ အႏိုင္ရထားသလို အိုးထရက္ဖို႔ဒ္ကြင္းထဲက ေနာက္ဆုံး ၂၂ ပြဲမွာလည္း ႏိုင္ပြဲတပြဲသာရွိတဲ့မွတ္တမ္းက ေရာ့ဂ်ားစ္ရဲ႕စိုးရိမ္မႈတခု ျဖစ္ခဲ့ေပမယ့္ သူ႔အသင္းအတြက္ ခ်န္ပီယံလိဂ္တြန္းအားက ေ႐ႊလိုရွားတဲ့ႏိုင္ပြဲတပြဲကို သိမ္းပိုက္ၿပီး အဖိုးတန္ ၃ မွတ္ကို စုေဆာင္းသြားႏိုင္ခဲ့တယ္။

REF: TWITTER
PHOTOS AND TWEETS CREDIT TO OWNERS
SPORTS A2Z.