Premier League

နည်းပြဟောင်းလမ်းပတ်ရဲ့ အုတ်မြစ်ချပေးမှု ကျေးဇူးကို ဂုဏ်ပြုပြောသွားခဲ့တဲ့ တူဟယ်လ်

ချယ်လ်ဆီးအသင်းကို စတင်ကိုင်တွယ်ခဲ့တဲ့ ၄ လအတွင်းမှာပဲ ချန်ပီယံလိဂ်ဖိုင်နယ်ကို ပို့ဆောင်ပေးခဲ့တဲ့ တူဟယ်လ်ဟာ နည်းပြဟောင်းလမ်းပတ်ရဲ့ကျေးဇူးနဲ့ အခုလိုအောင်​မြင်ခဲ့တာလို့ ထုတ်ဖော်ချီးကျူးသွားခဲ့ပြီး သူအုတ်မြစ်ချခဲ့တဲ့ ဘောလုံးအမွေကို မိမိအသင်းက ခံစားခွင့်ရခဲ့တာဖြစ်ကြောင်း လူကြီးလူကောင်းဆန်ဆန် ဂုဏ်ပြုသွားခဲ့ပါတယ်။

လမ်းပတ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီက ၅ ပွဲမှာ ၁ ပွဲသာ အနိုင်ရခဲ့တဲ့ ရလဒ်ဆိုးရွားမှုအပြီးမှာ စတမ်းဖို့ဒ်ဘရစ်ချ်ကနေ ထုတ်ပတ်ခံခဲ့ရတဲ့နောက် သူ့နေရာကို အစားထိုးခဲ့တဲ့ တူဟယ်လ်က အပြာရောင်လန်ဒန်တို့ကို FA နဲ့ ချန်ပီယံလိဂ် ဖိုင်နယ်ဆီ တွန်းတင်ခဲ့ပြီး ဖလား ၂ လုံးလမ်းကြောင်းကို ထုဆစ်နိုင်ခဲ့တယ်။

တူဟယ်လ် လမ်းပတ်အနေနဲ့ ချယ်လ်​ဆီးကို ချန်ပီယံလိဂ်အုပ်စုအဆင့်ကနေ ရှုံးပွဲမရှိအနေအထားနဲ့ လွတ်လွတ်ကျွတ်ကျွတ် နောက်တဆင့်တက်ရောက်စေခဲ့လို့သာ မိမိအနေနဲ့ အခုလို အချိန်တိုတိုနဲ့ အရာထင်အောင် ကိုယ့်အလုပ်ကိုယ်ဆက်လုပ်နိုင်ခဲ့တာကို ဘယ်တော့မှမေ့မှာမဟုတ်ဘူးလို့ ဆိုခဲ့တာပါ။

” ချန်ပီယံလိဂ်ဖိုင်နယ်ကို တက်ဖို့ဆိုရင် ခင်ဗျားအသင်းက အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်ဖို့ လိုပါတယ်။ ဒီအလုပ်ကိုတော့ လမ်းပတ်က စွမ်းဆောင်ခဲ့တာပါ။ ဒါက ချယ်လ်ဆီးအတွက် သူ့ရဲ့အုတ်မြစ်ချမှုဖြစ်ပြီး ကျွန်တော့်ကို ဖိုင်နယ်တက်စေခဲ့တဲ့ သူ့ရဲ့စွမ်းဆောင်ရည်ကို အမြဲအမှတ်ရနေမှာပါ ”

” ကျွန်တော်က ရာသီဝက်မှာ ရောက်လာခဲ့တာဖြစ်ပြီး သူချန်ရစ်ခဲ့တဲ့ ဘောလုံးအမွေကို ဆက်ခံခဲ့ခြင်းဖြစ်ပါတယ်။ ချယ်လ်ဆီးလို့ဆိုလိုက်ရင် ခင်ဗျားတို့ လမ်းပတ်နဲ့ ဘယ်တော့မှ ခွဲခြားထားလို့ မရပါဘူး။ ဒီအသင်းရဲ့ အဓိကကျတဲ့ သမိုင်းလှလွန်းတဲ့ ပုဂ္ဂိုလ်ပါ။ ”

” ကျွန်တော်တာဝန်ယူပြီး တရက်နှစ်ရက်အကြာမှာ သူက မက်ဆေ့ချ်ပို့ခဲ့တယ်။ ကျွန်တော့်အတွက် အစစအရာရာအဆင်ပြေပါစေလို့ ဆန္ဒပြုခဲ့တယ်။ ကျွန်တော်သိပ်ပျော်ရွှင်ခဲ့ရတယ်။ သိပ်ကိုရည်မွန်ယဥ်ကျေးတဲ့ လူကြီးလူကောင်းဆန်တဲ့ လုပ်ရပ်ပါ ” လို့ တူဟယ်လ်က လမ်းပတ်ရဲ့အရေးပါပုံနဲ့ ကျေးဇူးတရားအကြောင်း လှိုက်လှိုက်လှဲလှဲပြောသွားခဲ့တယ်။

ချယ်လ်ဆီးဟာ မေလ ၂၉ ရက်နေ့မှာတော့ မန်စီးတီးနဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ကစားရတော့မှာဖြစ်ပြီး အစ္စတန်ဘူလ်ဖိုင်နယ်ဆိုပေမယ့် ကိုရိုနာကပ်ဘေးမှာ အနီရောင်အဆင့်အန္တရာယ်ရှိနေတဲ့ တူရကီကို သွားရောက်တော့မှာမဟုတ်ဘဲ ဝင်ဘလေကွင်းမှာ ပြောင်းလဲကစားသွားရဖို့လည်း ရှိနေကြောင်း သိရပါတယ်။

ဒါ့အပြင် ချယ်လ်ဆီးဟာ လာမယ့်ရက်သတ္တပတ်မှာ လက်စတာအသင်းနဲ့ FA ဖလားဗိုလ်လုပွဲကိုလည်း ဝင်ဘလေကွင်းမှာပဲ ကစားရမှာဖြစ်လို့ တူဟယ်အနေနဲ့ လန်ဒန်မြေအတွက် ငါးလတာအတွင်း ဝင်ဘလေကွင်းက ဖလား ၂ လုံးကို သိမ်းပိုက်ပြီး ချယ်ဆီးမှာ သမိုင်းသစ်ရေးဖို့ အထူးစိတ်အားထက်သန်နေကြောင်းလည်း သိထားရတာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ခ်ယ္လ္ဆီးအသင္းကို စတင္ကိုင္တြယ္ခဲ့တဲ့ ၄ လအတြင္းမွာပဲ ခ်န္ပီယံလိဂ္ဖိုင္နယ္ကို ပို႔ေဆာင္ေပးခဲ့တဲ့ တူဟယ္လ္ဟာ နည္းျပေဟာင္းလမ္းပတ္ရဲ႕ေက်းဇူးနဲ႔ အခုလိုေအာင္​ျမင္ခဲ့တာလို႔ ထုတ္ေဖာ္ခ်ီးက်ဴးသြားခဲ့ၿပီး သူအုတ္ျမစ္ခ်ခဲ့တဲ့ ေဘာလုံးအေမြကို မိမိအသင္းက ခံစားခြင့္ရခဲ့တာျဖစ္ေၾကာင္း လူႀကီးလူေကာင္းဆန္ဆန္ ဂုဏ္ျပဳသြားခဲ့ပါတယ္။

လမ္းပတ္ဟာ ၿပီးခဲ့တဲ့ ဇန္နဝါရီက ၅ ပြဲမွာ ၁ ပြဲသာ အႏိုင္ရခဲ့တဲ့ ရလဒ္ဆိုး႐ြားမႈအၿပီးမွာ စတမ္းဖို႔ဒ္ဘရစ္ခ်္ကေန ထုတ္ပတ္ခံခဲ့ရတဲ့ေနာက္ သူ႔ေနရာကို အစားထိုးခဲ့တဲ့ တူဟယ္လ္က အျပာေရာင္လန္ဒန္တို႔ကို FA နဲ႔ ခ်န္ပီယံလိဂ္ ဖိုင္နယ္ဆီ တြန္းတင္ခဲ့ၿပီး ဖလား ၂ လုံးလမ္းေၾကာင္းကို ထုဆစ္ႏိုင္ခဲ့တယ္။

တူဟယ္လ္ လမ္းပတ္အေနနဲ႔ ခ်ယ္လ္​ဆီးကို ခ်န္ပီယံလိဂ္အုပ္စုအဆင့္ကေန ရႈံးပြဲမရွိအေနအထားနဲ႔ လြတ္လြတ္ကြၽတ္ကြၽတ္ ေနာက္တဆင့္တက္ေရာက္ေစခဲ့လို႔သာ မိမိအေနနဲ႔ အခုလို အခ်ိန္တိုတိုနဲ႔ အရာထင္ေအာင္ ကိုယ့္အလုပ္ကိုယ္ဆက္လုပ္ႏိုင္ခဲ့တာကို ဘယ္ေတာ့မွေမ့မွာမဟုတ္ဘူးလို႔ ဆိုခဲ့တာပါ။

” ခ်န္ပီယံလိဂ္ဖိုင္နယ္ကို တက္ဖို႔ဆိုရင္ ခင္ဗ်ားအသင္းက အုပ္စုအဆင့္ကို ေက်ာ္ျဖတ္ႏိုင္ဖို႔ လိုပါတယ္။ ဒီအလုပ္ကိုေတာ့ လမ္းပတ္က စြမ္းေဆာင္ခဲ့တာပါ။ ဒါက ခ်ယ္လ္ဆီးအတြက္ သူ႔ရဲ႕အုတ္ျမစ္ခ်မႈျဖစ္ၿပီး ကြၽန္ေတာ့္ကို ဖိုင္နယ္တက္ေစခဲ့တဲ့ သူ႔ရဲ႕စြမ္းေဆာင္ရည္ကို အၿမဲအမွတ္ရေနမွာပါ ”

” ကြၽန္ေတာ္က ရာသီဝက္မွာ ေရာက္လာခဲ့တာျဖစ္ၿပီး သူခ်န္ရစ္ခဲ့တဲ့ ေဘာလုံးအေမြကို ဆက္ခံခဲ့ျခင္းျဖစ္ပါတယ္။ ခ်ယ္လ္ဆီးလို႔ဆိုလိုက္ရင္ ခင္ဗ်ားတို႔ လမ္းပတ္နဲ႔ ဘယ္ေတာ့မွ ခြဲျခားထားလို႔ မရပါဘူး။ ဒီအသင္းရဲ႕ အဓိကက်တဲ့ သမိုင္းလွလြန္းတဲ့ ပုဂၢိဳလ္ပါ။ ”

” ကြၽန္ေတာ္တာဝန္ယူၿပီး တရက္ႏွစ္ရက္အၾကာမွာ သူက မက္ေဆ့ခ်္ပို႔ခဲ့တယ္။ ကြၽန္ေတာ့္အတြက္ အစစအရာရာအဆင္ေျပပါေစလို႔ ဆႏၵျပဳခဲ့တယ္။ ကြၽန္ေတာ္သိပ္ေပ်ာ္႐ႊင္ခဲ့ရတယ္။ သိပ္ကိုရည္မြန္ယဥ္ေက်းတဲ့ လူႀကီးလူေကာင္းဆန္တဲ့ လုပ္ရပ္ပါ ” လို႔ တူဟယ္လ္က လမ္းပတ္ရဲ႕အေရးပါပုံနဲ႔ ေက်းဇူးတရားအေၾကာင္း လႈိက္လႈိက္လွဲလွဲေျပာသြားခဲ့တယ္။

ခ်ယ္လ္ဆီးဟာ ေမလ ၂၉ ရက္ေန႔မွာေတာ့ မန္စီးတီးနဲ႔ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကို ကစားရေတာ့မွာျဖစ္ၿပီး အစၥတန္ဘူလ္ဖိုင္နယ္ဆိုေပမယ့္ ကို႐ိုနာကပ္ေဘးမွာ အနီေရာင္အဆင့္အႏၲရာယ္ရွိေနတဲ့ တူရကီကို သြားေရာက္ေတာ့မွာမဟုတ္ဘဲ ဝင္ဘေလကြင္းမွာ ေျပာင္းလဲကစားသြားရဖို႔လည္း ရွိေနေၾကာင္း သိရပါတယ္။

ဒါ့အျပင္ ခ်ယ္လ္ဆီးဟာ လာမယ့္ရက္သတၱပတ္မွာ လက္စတာအသင္းနဲ႔ FA ဖလားဗိုလ္လုပြဲကိုလည္း ဝင္ဘေလကြင္းမွာပဲ ကစားရမွာျဖစ္လို႔ တူဟယ္အေနနဲ႔ လန္ဒန္ေျမအတြက္ ငါးလတာအတြင္း ဝင္ဘေလကြင္းက ဖလား ၂ လုံးကို သိမ္းပိုက္ၿပီး ခ်ယ္ဆီးမွာ သမိုင္းသစ္ေရးဖို႔ အထူးစိတ္အားထက္သန္ေနေၾကာင္းလည္း သိထားရတာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.