Premier League Transfer News

၁၀.၁၁.၂၀၂၀ – နောက်ဆုံးရ မန်ချက်စတာစီးတီးသတင်းများ စုစည်းမှု

– မန်ချက်စတာစီးတီးအသင်းနောက်ခံလူ အေးမရစ် လာပေါ့တ်အနေနဲ့ သူ့ရဲ့ ယှဉ်ပြိုင်ကစားခဲ့သမျှထဲက အခက်ခဲဆုံးတိုက်စစ်မှူးစာရင်းမှာ လီယွန်နယ် မက်ဆီကို ထည့်သွင်းမထားခဲ့တဲ့အတွက် အစ်တီဟတ်ကို ရောက်မှာမို့ ပြိုင်ဘက်မဟုတ်တော့ဘူးလို့ ယူဆလို့ဖြစ်မယ်လို့ ပရိသတ်တွေ ထင်ကြေးပေးနေကြ။

– အသက် ၃၂ နှစ်အရွယ်မှာ ဒဏ်ရာတွေနဲ့ နပမ်းလုံးနေခဲ့ရတဲ့ တိုက်စစ်မှူး ဆာဂျီယို အဂွေရိုရဲ့ စာချုပ်က ဒီရာသီကုန်မှာ ကုန်ဆုံးမှာဖြစ်ပြီး လက်ရှိအနေအထားအရ သက်တမ်းတိုးဖို့ မသင့်တော်ဘူးလို့ ပရိသတ်တွေက ရှုမြင်နေကြချိန်မှာ ဂျူဗင်တပ်စ်က ထွက်ခွာနိုင်တဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုကို မက်ဆီအစားခေါ်ယူဖို့ Talk Sport တိုက်တွန်း။

– မန်စီးတီးနောက်ခံလူ ခိုင် ဝေါ်လ်ကာကို ငတုံးလို့ ပုဂ္ဂိုလ်ရေးဆန်ဆန် ဝေဖန်ခဲ့တဲ့ ရွိုင်းကီးန်ရဲ့ မှတ်ချက်ဟာ ဆန်းတော့ မဆန်းကြောင်းနဲ့ ဒီလိုလူစားမျိုးအနေနဲ့ ဒီစကားပဲ ပြောမှာဖြစ်တယ်လို့ စပါးစ်အသင်းမှာ ဝေါ်လ်ကာနဲ့ အတူတွဲကစားခဲ့ဖူးတဲ့ အန်းဒရို့စ် တောင်းဆန်းက ပြန်လည်ပြစ်တင်သွားခဲ့။

– ဘိုင်ယန်မြူးနစ်မှာ ဂွါဒီယိုလာလက်ထက်က ကောင်းကောင်းလေ့ကျင့်ပေးထားခဲ့တဲ့ ကွင်းလယ်လူ ပျယ်-အီမီးလ် ဟွိုင်ဘယာ့ဂ်ကြောင့် လိုချင်တဲ့ ပုံစံကို လက်ရှိစပါးစ်ကွင်းလယ်မှာ တည်ဆောက်နိုင်ခဲ့တဲ့အတွက် မော်ရင်ညို ကျေးဇူးတင်နေလိမ့်မယ်လို့ သတင်းတွေ ဖော်ပြ။

– လီရွိုင်း ဆာနေးကို မရအရ ခေါ်ယူသွားခဲ့လို့ စိတ်ကွက်စရာတွေ ရှိနေခဲ့တဲ့ ဘိုင်ယန်မြူးနစ်နဲ့ ဆက်ဆံရေးကတော့ ထပ်မံဆိုးရွားလာဖို့ ရှိနေပြီး မန်စီးတီးတို့ စိတ်ဝင်စားနေတဲ့ မွန်ချန်ဂလာဘက်ချ်ကွင်းလယ်လူ ဒင်းနစ် ဇာကာရီယာရဲ့ အေးဂျင့်တွေကို ဂျာမန်ချန်ပီယံတို့ ချဉ်းကပ်နေ။

– ကွင်းလယ်လူ ဖီးလ် ဖိုဒန်ကို ရက်ရက်ရောရော ချီးကျူးနေခဲ့တဲ့ မန်ချက်စတာစီးတီးနည်းပြ ပက်ပ် ဂွါဒီယိုလာအနေနဲ့ တကယ်တမ်း သဘောကျတယ်ဆိုရင် စကားနဲ့ ပြသနေမယ့်အစား ပွဲထွက်ခွင့်နဲ့ ကစားခွင့် ပိုမိုပေးဖို့ စောင့်ကြည့်သူတွေ ဝေဖန်ခဲ့ကြ။

– နယူးကာဆယ်လ်ကိစ္စနဲ့ တရားရင်ဆိုင်ရဖို့ ရှိနေတဲ့ ပရီးမီးယားလိဂ်အမှုဆောင်ချုပ် ရစ်ချတ် မာစတာစ်အနေနဲ့ နောက်ထပ် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ရဖို့ ရှိနေပြီး ဥရောပနိုင်ငံတိုင်းမှာ လူစား ၅ ဦးလဲခွင့်ရှိနေတာကို အများနည်းတူလုပ်ဆောင်ဖို့ ဂွါဒီယိုလာနဲ့ ယာဂန် ကလော့ပ်တို့ရဲ့ တောင်းဆိုမှုတွေကို မလိုအပ်ကြောင်းနဲ့ ပယ်ချမယ့်သဘောဆိုသွားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:





– လီရွိုင်း ဆာနေးကို မရအရ ခေါ်ယူသွားခဲ့လို့ စိတ်ကွက်စရာတွေ ရှိနေခဲ့တဲ့ ဘိုင်ယန်မြူးနစ်နဲ့ ဆက်ဆံရေးကတော့ ထပ်မံဆိုးရွားလာဖို့ ရှိနေပြီး မန်စီးတီးတို့ စိတ်ဝင်စားနေတဲ့ မွန်ချန်ဂလာဘက်ခ်ျကွင်းလယ်လူ ဒင်းနစ် ဇာကာရီယာရဲ့ အေးဂျင့်တွေကို ဂျာမန်ချန်ပီယံတို့ ချဉ်းကပ်နေ။



REF: INTERNET SOURCES
SPORTS A2Z.