Match Report Premier League

ရှက်ဖီးကို အပြတ်တီးချင်ပေမယ့် စေတနာပိုတဲ့ ဘရက်ဒ်လေကြောင့် 3in1 တိုက်လိုက်ရတဲ့ လီဗာပူးလ်

ညက ကစားခဲ့တဲ့ လီဗာပူးလ်နဲ့ ရှက်ဖီးယူနိုက်တက်တို့ပွဲမှာ အိမ်ရှင်တွေက ၃-၁ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် အမှတ်ပေးဇယားထိပ်ဆုံးနေရာကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

အမှတ်ပေးဇယားအောက်ခြေက ရှက်ဖီးဟာ အန်းဖီးမှာ အံ့အားသင့်ဖွယ် သရေ ၁ မှတ် ရယူနိုင်မယ့် လမ်းကြောင်းပေါ်မှာ ရှိခဲ့ပေမယ့်လည်း မက္ကယ်လစ္စတာက ကိုက် ၂၀ အကွာကနေ ဂိုးအပေါ်ထောင့်ထဲကို အလွန်ကောင်းမွန်တဲ့ ကန်ချက်နဲ့ အဆုံးသတ် သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။

ကိုဒီ ဂတ်ခ်ပိုက မိနစ် ၉၀ မှာ လီဗာပူးလ်တို့ အနိုင်သေချာစေမယ့် နောက်ထပ် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပြီး အမှတ်ပေးဇယားထိပ်ဆုံးမှာ ဒုတိယနေရာက အာဆင်နယ်နဲ့ ၂ မှတ်အကွာမှာ ပြန်လည်ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ ပထမပိုင်း ၁၇ မိနစ်မှာ အိမ်ရှင်တွေဟာ ဒါဝင် နူးညက်ဇ်က ရှက်ဖီး ဂိုးသမား ဂါဘစ်ရဲ့ ကန်တင်မှုကို ပိတ်ဆို့ခဲ့ရာမှာ ဘောလုံးက ဥရုဂွေးတိုက်စစ်မှူးနဲ့ ထိပြီး ဂိုးပေါက်ထဲကို ဝင်သွားခဲ့တာကြောင့် ဦးဆောင်ဂိုး လက်ဆောင်ရရှိခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းမှာ လီဗာပူးလ်ဟာ ဘောလုံးပိုင်ဆိုင်မှု ၈၄ ရာခိုင်နှုန်းအထိ ရှိခဲ့ပေမယ့်လည်း အခွင့်အရေးအများအပြားကို ဖြုန်းတီးခဲ့ပြီး ၅၈ မိနစ်မှာတော့ ဂူစတာဗို ဟာမာရဲ့ ခေါင်းတိုက်ချက်က ကော်နာ ဘရက်ဒ်လေနဲ့ ထိမှန်ပြီး ကိုယ့်ဂိုးကိုယ်ပြန်သွင်းမိခဲ့လို့ ရှက်ဖီးတို့ ချေပဂိုး ရသွားခဲ့ပါတယ်။

ဒါပေမယ့်လည်း မက္ကယ်လစ္စတာက ပွဲကစားချိန် ၁၄ မိနစ်သာ ကျန်တော့တဲ့အချိန်မှာ အိမ်ရှင်တွေအတွက် ဦးဆောင်ဂိုးကို ပြန်လည်သွင်းယူပေးခဲ့ပြီး လူစားဝင်လာတဲ့ ဂတ်ခ်ပိုက မိနစ် ၉၀ မှာ ရောဘတ်ဆန်ရဲ့ ဖြတ်တင်ပေးပို့မှုကို ခေါင်းတိုက်ပြီး အဆုံးသတ်ပေးခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်ဟာ လက်ကျန်ပွဲစဉ်တွေမှာ မန်ယူနိုက်တက်၊ ခရစ္စတယ် ပဲလေ့စ်၊ ဖူလ်ဟမ်၊ အဲဗာတန်၊ ဝက်စ်ဟမ်း၊ စပါးစ်၊ အက်စတန် ဗီလာ၊ ဝုဗ်တို့ကို အမှားအယွင်းမရှိ အနိုင်ကစားနိုင်မယ်ဆိုရင် ဒုတိယမြောက် ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်နိုင်မှာဖြစ်ပြီး အကြိမ် ၂၀ မြောက် အင်္ဂလိပ်ချန်ပီယံတွေ ဖြစ်လာမှာဖြစ်ပါတယ်။

SportsA2Z

ZAWGYI:
ညက ကစားခဲ့တဲ့ လီဗာပူးလ္နဲ႔ ရွက္ဖီးယူႏိုက္တက္တို႔ပြဲမွာ အိမ္ရွင္ေတြက ၃-၁ နဲ႔ အႏိုင္ရရွိခဲ့ၿပီးေနာက္ အမွတ္ေပးဇယားထိပ္ဆုံးေနရာကို ျပန္လည္သိမ္းပိုက္ႏိုင္ခဲ့ပါတယ္။

အမွတ္ေပးဇယားေအာက္ေျခက ရွက္ဖီးဟာ အန္းဖီးမွာ အံ့အားသင့္ဖြယ္ သေရ ၁ မွတ္ ရယူႏိုင္မယ့္ လမ္းေၾကာင္းေပၚမွာ ရွိခဲ့ေပမယ့္လည္း မကၠယ္လစၥတာက ကိုက္ ၂၀ အကြာကေန ဂိုးအေပၚေထာင့္ထဲကို အလြန္ေကာင္းမြန္တဲ့ ကန္ခ်က္နဲ႔ အဆုံးသတ္ သြင္းယူေပးသြားခဲ့တာျဖစ္ပါတယ္။

ကိုဒီ ဂတ္ခ္ပိုက မိနစ္ ၉၀ မွာ လီဗာပူးလ္တို႔ အႏိုင္ေသခ်ာေစမယ့္ ေနာက္ထပ္ ဦးေဆာင္ဂိုးကို သြင္းယူေပးခဲ့ၿပီး အမွတ္ေပးဇယားထိပ္ဆုံးမွာ ဒုတိယေနရာက အာဆင္နယ္နဲ႔ ၂ မွတ္အကြာမွာ ျပန္လည္ဦးေဆာင္ႏိုင္ခဲ့တာျဖစ္ပါတယ္။ ပထမပိုင္း ၁၇ မိနစ္မွာ အိမ္ရွင္ေတြဟာ ဒါဝင္ ႏူးညက္ဇ္က ရွက္ဖီး ဂိုးသမား ဂါဘစ္ရဲ႕ ကန္တင္မႈကို ပိတ္ဆို႔ခဲ့ရာမွာ ေဘာလုံးက ဥ႐ုေဂြးတိုက္စစ္မႉးနဲ႔ ထိၿပီး ဂိုးေပါက္ထဲကို ဝင္သြားခဲ့တာေၾကာင့္ ဦးေဆာင္ဂိုး လက္ေဆာင္ရရွိခဲ့တာျဖစ္ပါတယ္။

ပထမပိုင္းမွာ လီဗာပူးလ္ဟာ ေဘာလုံးပိုင္ဆိုင္မႈ ၈၄ ရာခိုင္ႏႈန္းအထိ ရွိခဲ့ေပမယ့္လည္း အခြင့္အေရးအမ်ားအျပားကို ျဖဳန္းတီးခဲ့ၿပီး ၅၈ မိနစ္မွာေတာ့ ဂူစတာဗို ဟာမာရဲ႕ ေခါင္းတိုက္ခ်က္က ေကာ္နာ ဘရက္ဒ္ေလနဲ႔ ထိမွန္ၿပီး ကိုယ့္ဂိုးကိုယ္ျပန္သြင္းမိခဲ့လို႔ ရွက္ဖီးတို႔ ေခ်ပဂိုး ရသြားခဲ့ပါတယ္။

ဒါေပမယ့္လည္း မကၠယ္လစၥတာက ပြဲကစားခ်ိန္ ၁၄ မိနစ္သာ က်န္ေတာ့တဲ့အခ်ိန္မွာ အိမ္ရွင္ေတြအတြက္ ဦးေဆာင္ဂိုးကို ျပန္လည္သြင္းယူေပးခဲ့ၿပီး လူစားဝင္လာတဲ့ ဂတ္ခ္ပိုက မိနစ္ ၉၀ မွာ ေရာဘတ္ဆန္ရဲ႕ ျဖတ္တင္ေပးပို႔မႈကို ေခါင္းတိုက္ၿပီး အဆုံးသတ္ေပးခဲ့တာျဖစ္ပါတယ္။

လီဗာပူးလ္ဟာ လက္က်န္ပြဲစဥ္ေတြမွာ မန္ယူႏိုက္တက္၊ ခရစၥတယ္ ပဲေလ့စ္၊ ဖူလ္ဟမ္၊ အဲဗာတန္၊ ဝက္စ္ဟမ္း၊ စပါးစ္၊ အက္စတန္ ဗီလာ၊ ဝုဗ္တို႔ကို အမွားအယြင္းမရွိ အႏိုင္ကစားႏိုင္မယ္ဆိုရင္ ဒုတိယေျမာက္ ပရီးမီးယားလိဂ္ဖလားကို ကိုင္ေျမႇာက္ႏိုင္မွာျဖစ္ၿပီး အႀကိမ္ ၂၀ ေျမာက္ အဂၤလိပ္ခ်န္ပီယံေတြ ျဖစ္လာမွာျဖစ္ပါတယ္။

SportsA2Z