Premier League

သရဲနီတွေကို စတမ်းဖို့ဒ်ဘရစ်ချ်မှာ အနိုင်ယူပြီး ပရိသတ်တွေကို အပျော်တွေပေးသွားမယ့် ချဲလ်ဆီး

ချဲလ်ဆီးဟာ ယနေ့ည စတမ်းဖို့ဒ် ဘရစ်ချ်မှာ မန်ချက်စတာယူနိုက်တက်ကို လက်ခံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး နှစ်သင်းစလုံးဟာ ပြီးခဲ့တဲ့ပွဲတွေမှာ တန်းဆင်းဇုန်က အသင်းတွေကို အနိုင်မယူနိုင်ခဲ့ဘဲ သရေကျခဲ့ပါတယ်။

Opta စူပါကွန်ပျူတာကတော့ ချဲလ်ဆီးက ဒီပွဲမှာ အနိုင်ရဖို့ အနည်းငယ်ပိုမိုရေပန်းစားတဲ့အသင်းလို့ ထောက်ခံထားပြီး မန်ချက်စတာယူနိုက်တက်က အနိုင်ရဖို့ ၃၂.၁ ရာခိုင်နှုန်းသာ ရှိနေချိန်မှာ အိမ်ရှင်တွေက ၃၈.၇ ရာခိုင်နှုန်းရှိနေတာဖြစ်ပါတယ်။

နှစ်ဖက်အသင်း သတင်းများ

ချဲလ်ဆီးဘက်မှာ ဒူးဒဏ်ရာကနေ ပြန်လည် သက်သာလာဖို့ လုပ်ဆောင်နေရဆဲဖြစ်တဲ့ ချေးဝဲလ် ပါဝင်နိုင်မှာမဟုတ်ဘဲ ချာလိုဘက်၊ မာလို ဂူစတိုနဲ့ ရောဘတ် ဆန်းချက်ဇ်တို့ ပြန်ပါလာနိုင်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဘက်မှာ လင်ဒီလော့ဖ်နဲ့ မာတီနက်ဇ်တို့ဟာ ချဲလ်ဆီးနဲ့ ပွဲကို လွဲချော်မယ့် ကစားသမားတွေအဖြစ် နောက်ဆုံးသတင်းထွက်လာခဲ့သူတွေဖြစ်ပြီး အာမက် ဒီရယ်လိုကတော့ အက်ဖ်အေဖလားကွာတားဖိုင်နယ်ပွဲက ၂ ဝါ ၁ နီကြောင့် ပွဲပယ်ပြည့်ပြီဖြစ်လို့ ပြန်ပါလာမှာဖြစ်ပါတယ်။

ဖြစ်နိုင်ဖွယ် ပွဲထွက်လူစာရင်း

ချဲလ်ဆီး-ပက်ထရိုဗစ်၊ ဒီဆာဆီ၊ ဘာဒီယာရှီလေ၊ ကူကူရယ်လာ၊ ဂေးလ်ခရစ္စ၊ ကိုင်ဆေဒို၊ အန်ဇို၊ ပါလ်မာ၊ ဂယ်လေဂါ၊ စတားလင်း၊ ဂျက်ခ်ဆင်။


မန်ယူနိုက်တက်-အိုနာနာ၊ အီဗန်စ်၊ မက်ဂွိုင်းယား၊ ဘစ်ဆာကာ၊ ဒါလော့တ်၊ ကက်စမီရို၊ မိန်းနူး၊ ဂါနာချို၊ ဖာနန်ဒက်စ်၊ ရက်ရှ်ဖို့ဒ်၊ ဟွိုင်လန်း။

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံးပွဲရလဒ်များ

ဒီနှစ်သင်းကြား ၃၈ ကြိမ်တွေ့ဆုံခဲ့ရာမှာ ချဲလ်ဆီးက ၁၁ ကြိမ်နိုင် ၁၃ ကြိမ်သရေ မန်ယူနိုက်တက်က ၁၄ ကြိမ်အနိုင်ရခဲ့ပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ၅ ပွဲမှာ ချဲလ်ဆီးက ၃ ပွဲနိုင် ၂ ပွဲသရေ၊ မန်ယူနိုက်တက်က ၃ ပွဲနိုင် ၁ ပွဲသရေ ၁ ပွဲရှုံးခဲ့ပါတယ်။

ပွဲကြိုသုံးသပ်ချက်

မန်ယူနိုက်တက်ဟာ အခုအချိန်မှာ ခြေစွမ်းအနည်းငယ်ကျဆင်းနေပြီး ပြီးခဲ့တဲ့အပတ် ဘရန့်တ်ဖို့ဒ်နဲ့ပွဲမှာ တော်တော်လေး ခြေစွမ်းဆိုးရွားခဲ့ပါတယ်။ ဂါနာချိုနဲ့ ဟွိုင်လန်းတို့လို ကစားသမားတွေက ဒီရာသီမှာ ခြေစွမ်းပြသနေခဲ့ပေမယ့်လည်း ဒီအပတ်မှာတော့ အကောင်းဆုံးပုံစံမှာ ရှိနေဖို့ လိုအပ်မှာဖြစ်ပါတယ်။ ချဲလ်ဆီးကလည်း လက်ရှိအချိန်အထိ ရုန်းကန်နေရပြီး ဒီပွဲမှာတော့ နောက်ထပ် အမှတ်လျော့လို့ မဖြစ်နိုင်တော့တာဖြစ်ပါတယ်။ နှစ်သင်းစလုံးက အခုအချိန်မှာ ခြေစွမ်းချင်း အတူတူလောက်ဖြစ်နေကြတာကြောင့် နောက်ထပ်သရေပွဲတစ်ပွဲကို မြင်တွေ့ရဖို့ များနေပေမယ့်လည်း စတမ်းဖို့ဒ်ဘရစ်ချ်မှာ နောက်ဆုံးကစားခဲ့တဲ့ ၇ ပွဲအထိ နိုင်ပွဲပျောက်ဆုံးနေမှုကို ပိုချက်တီနိုရဲ့အသင်းက ကျဉ်းမြောင်းတဲ့ရလဒ်နဲ့ အဆုံးသတ်သွားဖွယ်ရှိပါတယ်။

ခန့်မှန်းပွဲပြီးရလဒ် ချဲလ်ဆီး ၂-၁ မန်ယူနိုက်တက်

SportsA2Z

ZAWGYI:
ခ်ဲလ္ဆီးဟာ ယေန႔ည စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ မန္ခ်က္စတာယူႏိုက္တက္ကို လက္ခံယွဥ္ၿပိဳင္သြားရမွာျဖစ္ၿပီး ႏွစ္သင္းစလုံးဟာ ၿပီးခဲ့တဲ့ပြဲေတြမွာ တန္းဆင္းဇုန္က အသင္းေတြကို အႏိုင္မယူႏိုင္ခဲ့ဘဲ သေရက်ခဲ့ပါတယ္။

Opta စူပါကြန္ပ်ဴတာကေတာ့ ခ်ဲလ္ဆီးက ဒီပြဲမွာ အႏိုင္ရဖို႔ အနည္းငယ္ပိုမိုေရပန္းစားတဲ့အသင္းလို႔ ေထာက္ခံထားၿပီး မန္ခ်က္စတာယူႏိုက္တက္က အႏိုင္ရဖို႔ ၃၂.၁ ရာခိုင္ႏႈန္းသာ ရွိေနခ်ိန္မွာ အိမ္ရွင္ေတြက ၃၈.၇ ရာခိုင္ႏႈန္းရွိေနတာျဖစ္ပါတယ္။

ႏွစ္ဖက္အသင္း သတင္းမ်ား

ခ်ဲလ္ဆီးဘက္မွာ ဒူးဒဏ္ရာကေန ျပန္လည္ သက္သာလာဖို႔ လုပ္ေဆာင္ေနရဆဲျဖစ္တဲ့ ေခ်းဝဲလ္ ပါဝင္ႏိုင္မွာမဟုတ္ဘဲ ခ်ာလိုဘက္၊ မာလို ဂူစတိုနဲ႔ ေရာဘတ္ ဆန္းခ်က္ဇ္တို႔ ျပန္ပါလာႏိုင္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဘက္မွာ လင္ဒီေလာ့ဖ္နဲ႔ မာတီနက္ဇ္တို႔ဟာ ခ်ဲလ္ဆီးနဲ႔ ပြဲကို လြဲေခ်ာ္မယ့္ ကစားသမားေတြအျဖစ္ ေနာက္ဆုံးသတင္းထြက္လာခဲ့သူေတြျဖစ္ၿပီး အာမက္ ဒီရယ္လိုကေတာ့ အက္ဖ္ေအဖလားကြာတားဖိုင္နယ္ပြဲက ၂ ဝါ ၁ နီေၾကာင့္ ပြဲပယ္ျပည့္ၿပီျဖစ္လို႔ ျပန္ပါလာမွာျဖစ္ပါတယ္။

ျဖစ္ႏိုင္ဖြယ္ ပြဲထြက္လူစာရင္း

ခ်ဲလ္ဆီး-ပက္ထ႐ိုဗစ္၊ ဒီဆာဆီ၊ ဘာဒီယာရွီေလ၊ ကူကူရယ္လာ၊ ေဂးလ္ခရစၥ၊ ကိုင္ေဆဒို၊ အန္ဇို၊ ပါလ္မာ၊ ဂယ္ေလဂါ၊ စတားလင္း၊ ဂ်က္ခ္ဆင္။


မန္ယူႏိုက္တက္-အိုနာနာ၊ အီဗန္စ္၊ မက္ဂြိဳင္းယား၊ ဘစ္ဆာကာ၊ ဒါေလာ့တ္၊ ကက္စမီ႐ို၊ မိန္းႏူး၊ ဂါနာခ်ိဳ၊ ဖာနန္ဒက္စ္၊ ရက္ရွ္ဖို႔ဒ္၊ ဟြိဳင္လန္း။

ထိပ္တိုက္ေတြ႕ဆုံမႈနဲ႔ ေနာက္ဆုံးပြဲရလဒ္မ်ား

ဒီႏွစ္သင္းၾကား ၃၈ ႀကိမ္ေတြ႕ဆုံခဲ့ရာမွာ ခ်ဲလ္ဆီးက ၁၁ ႀကိမ္ႏိုင္ ၁၃ ႀကိမ္သေရ မန္ယူႏိုက္တက္က ၁၄ ႀကိမ္အႏိုင္ရခဲ့ပါတယ္။ ေနာက္ဆုံးကစားခဲ့တဲ့ ၅ ပြဲမွာ ခ်ဲလ္ဆီးက ၃ ပြဲႏိုင္ ၂ ပြဲသေရ၊ မန္ယူႏိုက္တက္က ၃ ပြဲႏိုင္ ၁ ပြဲသေရ ၁ ပြဲရႈံးခဲ့ပါတယ္။

ပြဲႀကိဳသုံးသပ္ခ်က္

မန္ယူႏိုက္တက္ဟာ အခုအခ်ိန္မွာ ေျခစြမ္းအနည္းငယ္က်ဆင္းေနၿပီး ၿပီးခဲ့တဲ့အပတ္ ဘရန႔္တ္ဖို႔ဒ္နဲ႔ပြဲမွာ ေတာ္ေတာ္ေလး ေျခစြမ္းဆိုး႐ြားခဲ့ပါတယ္။ ဂါနာခ်ိဳနဲ႔ ဟြိဳင္လန္းတို႔လို ကစားသမားေတြက ဒီရာသီမွာ ေျခစြမ္းျပသေနခဲ့ေပမယ့္လည္း ဒီအပတ္မွာေတာ့ အေကာင္းဆုံးပုံစံမွာ ရွိေနဖို႔ လိုအပ္မွာျဖစ္ပါတယ္။ ခ်ဲလ္ဆီးကလည္း လက္ရွိအခ်ိန္အထိ ႐ုန္းကန္ေနရၿပီး ဒီပြဲမွာေတာ့ ေနာက္ထပ္ အမွတ္ေလ်ာ့လို႔ မျဖစ္ႏိုင္ေတာ့တာျဖစ္ပါတယ္။ ႏွစ္သင္းစလုံးက အခုအခ်ိန္မွာ ေျခစြမ္းခ်င္း အတူတူေလာက္ျဖစ္ေနၾကတာေၾကာင့္ ေနာက္ထပ္သေရပြဲတစ္ပြဲကို ျမင္ေတြ႕ရဖို႔ မ်ားေနေပမယ့္လည္း စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ ေနာက္ဆုံးကစားခဲ့တဲ့ ၇ ပြဲအထိ ႏိုင္ပြဲေပ်ာက္ဆုံးေနမႈကို ပိုခ်က္တီႏိုရဲ႕အသင္းက က်ဥ္းေျမာင္းတဲ့ရလဒ္နဲ႔ အဆုံးသတ္သြားဖြယ္ရွိပါတယ္။

ခန႔္မွန္းပြဲၿပီးရလဒ္ ခ်ဲလ္ဆီး ၂-၁ မန္ယူႏိုက္တက္

SportsA2Z